အနက်ရောင်လေပြေလူထူးဆန်း
Vol. 99 Ch. 1362
နောက်နှစ်ရက်အတွင်း ထန်ရှုနှင့်ကြယ်မျက်ရည်တို့က တံတားပေါ်ရှိ လူကိုးရာကို လေ့လာစောင့်ကြည့်ပြီး အခြေအနေများကို အပြည့်အဝဖော်ထုတ်နိုင်ခဲ့သည်။ တစ်ယောက်ချင်းစီ၏ကျင့်ကြံခြင်းအဆင့်အရ တံတားပေါ်ရှိ ဖိအားက မတူညီပေ။ ဉပမာအားဖြင့် ရွှေအင်မော်တယ်တစ်ယောက်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်နှင့် ယှဉ်လျှင် ဖိအားနည်းပေလိမ့်မည်။
ဤမှော်ဆန်သောနေရာလပ်ဖိအားက ကျင့်ကြံခြင်းအဆင့်ကို လိုက်ပြီး ပြောင်းလဲသည်။ ထို့ကြောင့် လူတစ်ယောက်က ရွှေအင်မော်တယ်သို့မဟုတ်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ပဲဖြစ်ဖြစ်၊ သူတို့အားလုံးက တူညီသောဖိအားကို ရင်ဆိုင်ရပေလိမ့်မည်။
“အရှုံးပေးဖို့ ငါ ငြင်းဆန်တယ်…”
လူတိုင်း၏အကြည့်များအောက်တွင် ရွှေအင်မော်တယ်တစ်ယောက်က သွေးအန်ပြီး သူ့ခန္ဓာကိုယ်က အနောက်သို့ လွင့်ထွက်ကာ ပြုတ်ကျသွား၏။
“တတိယအသုတ်ရဲ့ပထမဆုံးကန်ထုတ်ခံရတဲ့သူပဲ။ နောက်ကျရင် ကန်ထုတ်ခံရတဲ့သူတွေ ပိုများလာမှာကို ငါ ကြောက်တယ်”သူတော်စင်နှင့်တူသောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က သက်ပြင်းချလိုက်သည်။
ကန်ထုတ်ခံရသောရွှေအင်မော်တယ်က အရှက်ရသွားပုံပေါ်သည်။ ကြမ်းပြင်မှ ထပြီးနောက် သူက လျင်မြန်စွာ ထွက်ခွာသွား၏။
ဆယ့်ငါးမိနစ်ကြာပြီးနောက် နောက်ထပ်အင်မော်တယ်တစ်ယောက်ကလည်း သွေးအန်ကာ အနောက်သို့ လွင့်ထွက်လျက် လူအုပ်ကြီးထဲသို့ ပြုတ်ကျသွား၏။
နောက်လေးရက်အတွင်း တံတားပေါ်ရှိ အင်မော်တယ်ကိုးရာထဲမှ ခုနှစ်ယောက်သာ ကျန်တော့သည်။ အစိမ်းရောင်ငှက်ပုတီးဂိုဏ်း၏ပါရမီရှင်က ဆက်တက်နေတုန်းပင်။ ထက်ရှသောမျက်လုံးများရှိသည့်မည်သူမဆို သူက အကန့်အသတ်ကို ရောက်ရှိနေပြီး အချိန်မရွေး ကန်ထုတ်ခံရနိုင်သည်ကို ပြောနိုင်ပေ၏။
မျှော်လင့်ထားသလိုပင် နောက်ထပ်လေးနာရီကြာပြီးနောက် အစိမ်းရောင်ငှက်ပုတီးဂိုဏ်း၏ပါရမီရှင်က နောက်သို့ လွင့်ထွက်ကာ ပြုတ်ကျသွား၏။ သို့သော် အင်မော်တယ်ကြည့်ရှုသူထောင်ချီထဲမှ တစ်ယောက်ကမှ သူ့အား အထင်သေးစွာ မကြည့်ကြပေ။ အခြားတစ်ဖက်တွင် အနည်းငယ်နှမြောသလို ခံစားရသည်ကလွဲပြီး သူတို့အားလုံးက သူ့ကို လေးစားနေကြသည်။
“တံတားပေါ်က လှေကားထစ်၉၉၉၉ခုထဲမှာ သူက ၇၃၂၀အထိ တက်နိုင်ပြီး ဒုတိယနေရာကလူက ၆၉၀၀ထိပဲ တက်နိုင်ခဲ့တာ။ ပထမဆုံးနှစ်သုတ်ထဲမှာ အကောင်းဆုံးလူက ၇၂၅၀ထိပဲ တက်နိုင်ခဲ့တာမလား”ထန်ရှုမှ မီတာရာအနည်းငယ်အကွာတွင် ရှိသော ရွှေအင်မော်တယ်တစ်ယောက်က ခါးသီးစွာ သက်ပြင်းချလျက် ရေရွတ်လိုက်သည်။
သူ၏ရေရွတ်မှုကို ကြားပြီး လူတိုင်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားပြီး ဤနေရာသို့ ထန်ရှုက ရောက်ရှိနေသည်မှာ ဆယ်ရက်မြောက်ရှိပြီဖြစ်၏။ တတိယအသုတ်၏အင်မော်တယ်ကိုးရာလုံးကို နေရာလပ်ဖိအားက ကန်ထုတ်ခဲ့ပြီဖြစ်သည်။ သူတို့ထဲမှ အကောင်းဆုံးက အစိမ်းရောင်ငှက်ပုတီးဂိုဏ်း၏ပါရမီရှင်ဖြစ်ပြီး သူက ပထမဆုံးအသုတ်သုံးသုတ်ထဲမှ အင်မော်တယ်၂၇၀၀ကြားထဲတွင် အကောင်းဆုံးပါရမီရှိသည့်အင်မော်တယ်တစ်ယောက်ဟု ဆိုလိုသည်။
“အသင့်ပြင်ထားကြတော့”
တာလာက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ့ဘေးနားရှိ လူသုံးယောက်အား အမိန့်ပေးလိုက်သည်။
တံတားပေါ်သို့ တက်သည်နှင့် ပတ်သက်၍ စည်းမျဉ်းတစ်ခုမှ ထန်ရှုက မသိသေးပေ၊ ထို့ကြောင့် သူက လျင်မြန်စွာ မေးလိုက်၏ “စီနီယာ၊ လူကိုးရာလုံးက ကန်ထုတ်ခံရလို့ ပြန်ရောက်လာပြီ။ အတူတကွ တက်ရောက်ဖို့အတွက် စတုတ္တအသုတ်လဲ လူကိုးရာလိုအပ်တာလား”
တာလာက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ်။ တစ်သုတ်စီမှာ လူကိုးရာပါပြီး ဆယ့်ရှစ်ရက်ထိ ကြိုးစားလို့ရတယ်”
Tang Xiu immediately understood and asked again, “Is Senior perhaps preparing to climb the bridge in this fourth batch now?”
ထန်ရှုက ချက်ချင်းနားလည်ကာ ထပ်မေး၏ “စီနီယာက စတုတ္ထအသုတ်မှာ တံတားပေါ် တက်ဖို့ ပြင်ဆင်နေတာများလား”
တာလာ၏အမူအရာက အနည်းငယ်တည်ငြိမ်သွားလျက် သူက သက်ပြင်းချလိုက်သည် “ဟူး၊ ဒီလူအိုကြီးက အကန့်အသတ်ကို ချဉ်းကပ်နေပြီ။ ဒါကြောင့် ထွက်ပေါ်လာတဲ့အင်မော်တယ်ကံကြမ္မာမှန်သမျှကို လုယူဖို့ အခွင့်အရေးတစ်ခုမှ လက်လွှတ်ခံလို့မရဘူး။ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရနိုင်မယ်ဆိုရင် အန္တိမအရှင်အဆင့်ကို ချိုးဖြတ်ဖို့ ငါ့ရဲ့အခွင့်အရေးက အများကြီးတိုးလာလိမ့်မယ်။ အင်မော်တယ်မိတ်ဆွေ၊ မင်းလဲ ငါနဲ့အတူ လာလေ”
ခဏစဉ်းစားပြီးနောက် ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ဒီတစ်ကြိမ်တော့ ငါ ကျော်အုံးမယ်။ သူတို့ရဲ့အလှည့်ကို စောင့်နေတဲ့ ကျွမ်းကျင်သူတွေအများကြီးရှိတယ်။ စတုတ္တအသုတ်မှာ နေရာရဖို့ ပိုခက်ခဲလောက်မယ်။ နောက်အသုတ်တွေမှပဲ ငါ ကြိုးစားကြည့်တော့မယ်”
“မင်းက အတွေးလွန်နေတာပဲ၊ ရောင်းရင်းအင်မော်တယ်မဟာထန်”တာလာက ပြော၏ “ခြေတစ်လှမ်း ပိုဉီးတော့ အင်မော်တယ်နန်းတော်ကို တစ်လှမ်း ကြိုပြီး ဝင်နိုင်တာပေါ့”
ထန်ရှုက ခေါင်းညိတ်ပြလိုက်သည် “မင်းပြောတာကို ငါ နားလည်ပါတယ်၊ ဒါပေမယ့် လောလောဆယ်တော့ ငါ မစမ်းချင်သေးဘူး။ ထပ်လေ့လာမှာပဲ ငါ့အတွက် ပိုကောင်းတဲ့ရလဒ်တွေ ရစေနိုင်မယ်”
“ဒါဆိုလဲ သဘောပါပဲလေ”တာလာက ထန်ရှုအား ထပ်မဖျောင်းဖျတော့ပေ။
ခြောက်နာရီကြာပြီးနောက် ပုံရိပ်များစွာက တံတားရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွား၏။ ပထမဆုံးလှေကားထစ်အပေါ်ကို ခြေချလိုက်တိုင်း အင်မော်တယ်တစ်ယောက်ချင်းစီ၏ခန္ဓာကိုယ်က တုန်ယင်နေလေသည်။
ထန်ရှု၏အကြည့်က လူကိုးရာပေါ်သို့ ဝေ့ဝဲသွားနေပြီး နောက်ဆုံးတွင် တာလာ၏နောက်ကျောပေါ်သို့ ရောက်ရှိသွားသည်။ သူက ဘာတစ်ခုမှ မခံစားရသော်လည်း သူ၏လေ့လာမှုအရ ခြေတစ်လှမ်းလှမ်းတိုင်း တာလာက သတိအပြည့်ထားနေပုံထောက်လျှင် ထိုလူရင်ဆိုင်ရသည့်နေရာလပ်ဖိအားက ကြီးမားမည်ဟု ပြောနိုင်သည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်း ကိုးရက်မြောက်နေ့ကို ရောက်ရှိလာပြီး တံတားပေါ်ရှိ နေရာလပ်ဖိအားကို မခံနိုင်သည့် ပထမဆုံးပုဂ္ဂိုလ်က နောက်သို့ လွင့်ထွက်သွား၏၊ သူ့နောက်မှ တစ်ယောက်ပြီးတစ်ယောက် ဆက်လိုက်လာသည်။
“အခု လူ၆၅၀ပဲ ကျန်တော့တယ်”
ထန်ရှုက ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့အား ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ဆင့်ခေါ်ထားသည်၊ ကြယ်တောက်၏မျက်လုံးများက လက်လျက် သူက ရေရွတ်လိုက်၏။
ကြယ်ပင်ဂွင်က ချက်ချင်းခေါင်းညိတ်လိုက်၏ “ဟုတ်တယ်။ ဒါနဲ့ အဲဒီအနက်ရောင်လေပြေလူထူးဆန်းက ကြီးမားတဲ့အလားအလာရှိပုံပဲ။ သူက လှေကားထစ်၇၅၀၀ကို ရောက်ရှိနေပေမယ့် အခုထိ သူ့အကန့်အသတ်ကို မရောက်သေးဘူး။ သူက လှေကားထစ်ရှစ်ထောင်အထိ စိန်ခေါ်နိုင်မယ်ထင်တယ်”
“သူက လှေကားထစ်ရှစ်ထောင်ကို ရောက်ရှိပြီး လှေကားထစ်ကိုးထောင်ကိုတောင် ဖြတ်ကျော်သွားနိုင်တယ်”ထန်ရှုက တည်ငြိမ်စွာ မှတ်ချက်ပေးလိုက်၏ “သူ့ရဲ့ခြေလှမ်းတွေကို ဂရုစိုက်ကြည့်ပါ။ ခြေတစ်လှမ်းစီက နှေးကွေးပြီး အချိန်အချို့ယူတယ်ဆိုပေမယ့် တစ်လှမ်းစီက အရမ်းတည်ငြိမ်တယ်”
ရုတ်တရက် တာလာက သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားသည်ကို မြင်ပြီး ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက ချက်ချင်း ရှုံ့မဲ့ပြုံးလိုက်၏။ တာလာက နှစ်ပေါင်းတစ်သောင်းခြောက်ထောင်ကြာသည့်အထိ အန္တိမအရှင်သို့ မတက်လှမ်းနိုင်ခဲ့ပေ၊ သို့သော် သူက ၆၃၂၀မြောက်လှေကားထစ်ကို ရောက်ရှိနိုင်သေးကာ ရှားပါးသောအောင်မြင်မှုတစ်ခုပင်ဖြစ်၏။
“အဆင်ပြေရဲ့လား”ထန်ရှုက ရှေ့တက်ကာ မေးလိုက်၏။
“ဒီနေရာမှာ အင်မော်တယ်ကံကြမ္မာကို ရနိုင်မယ်လို့ ငါ ထင်ထားတာ”တာလာက ခါးသီးသောအပြုံးဖြင့် ပြန်ပြော၏ “စမ်းသပ်ချက်ကို ကျရှုံးလိမ့်မယ်လို့ ငါ မထင်ထားဘူး။ အရက်မူးအင်မော်တယ်အန္တိမအရှင်ချန်ထားခဲ့တဲ့စမ်းသပ်ချက်က တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ”
“ဒါက ပုံမှန်မဟုတ်ဘူးဆိုရင် သူက ပါရမီကောင်းတဲ့ဆက်ခံသူတစ်ယောက်ကို ဘယ်လိုလုပ် ရွေးချယ်နိုင်မှာလဲ”ထန်ရှုက ပြုံးလိုက်၏ “ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်မယ့် အရွေးချယ်ခံက တဖြည်းဖြည်း ထွက်ပေါ်လာနိုင်မှာပါ”
“ဟုတ်ပါတယ်”တာလာက ခေါင်းညိတ်လိုက်သည် “ဒီတံတားကို တစ်ယောက်မှ မဖြတ်ကျော်နိုင်ဘဲ အရက်မူးအင်မော်တယ်နန်းတော်အပြင်ဘက်ကို ရောက်ရှိမယ့် အခွင့်အလမ်းတစ်ခုလဲ ရှိတယ်”
“မဖြစ်လာနိုင်ဘူး။ အဲဒီအနက်ရောင်လေပြလူထူးဆန်းက သူ့ရဲ့အလားအလာအကုန်လုံးကို ထုတ်ဖော်နိုင်မယ်ဆိုရင် ဒီတံတားကို ဖြတ်ကျော်နိုင်လိမ့်မယ်”
တာလာက အနည်းငယ် အံ့အားသင့်လျက် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည် “အနက်ရောင်လေပြေလူထူးဆန်းလား။ သူ့ရဲ့ကျင့်ကြံခြင်းအရှိန်က အရမ်းမြန်တယ်။ သူ့အသက်က နှစ်ငါးထောင်ကျော်လောက်ပဲ ရှိအုံးမှာ၊ ဒါပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိထားတယ်။ ဒီလိုကျင့်ကြံခြင်းအရှိန်နဲ့ဆိုရင် နှစ်ဆယ်သန်းအတွင်းမှာ သူက အန္တိမအဆင့်ကို တက်လှမ်းနိုင်လောက်တယ်”
သေချာသည်ကတော့ အနက်ရောင်လေပြေက ကိုးထောင်မြောက်လှေကားထစ်ကို အမှန်တကယ် ရောက်ရှိနိုင်သည်။ သို့သော် ယခု မူလက တည်ငြိမ်နေသော သူ၏ခြေလှမ်းများက အနည်းငယ် ယိမ်းယိုင်လာသည်၊ သူက အချိန်မရွေး နောက်သို့ လွင့်ထွက်သွားနိုင်သကဲ့သို့ပင်။ သို့သော် ထိုလူကသာ တံတားပေါ်တွင် တစ်ဉီးတည်းကျန်ရှိနေသူဖြစ်၏။
တာလာက အနည်းငယ် နောင်တရလျက် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်၏ “ဟူး၊ သူ့မှာ ကြီးမားတဲ့ပါရမီရှိတယ်။ ဒီတံတားစမ်းသပ်ချက်က ပုံမှန်မဟုတ်တာ စိတ်မကောင်းစရာပဲ။ သူလဲ စမ်းသပ်ချက်ကို ကျရှုံးမှာကို ငါ ကြောက်တယ်”
“ငါတော့ အဲလိုမထင်ဘူး”ထန်ရှုက အနက်ရောင်လေပြေ၏နောက်ကျောကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အသံပို့လိုက်၏ “မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ဒီတံတားကို ဖြတ်နိုင်လိမ့်မှာ မဟုတ်ဘူး။ မင်းက ချိုးဖြတ်ဖို့ ကြိုးစားရမယ်။ မင်းက အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် မင်းရဲ့အလားအလာကို ထပ်မံနှိုးဆွနိုင်ပြီး နောက်လာမယ့်လှေကားထစ်တွေက မင်းအတွက် ခက်ခဲမှုတစ်ခုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး”
လှေကားထစ်ပေါ်တွင်။
အနက်ရောင်လေပြေ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဤအချိန်တွင် တစ်စုံတစ်ယောက်က သူ့ထံ အသံပို့လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက နောက်သို့ လှည့်လိုက်ပြီး သူ့မျက်လုံးများက လူထောင်ချီ၏မျက်လုံးများထံ ရိုက်ခတ်သွား၏။ ထို့နောက် သူ့မျက်လုံးများက သူ့အား ခေါင်းညိတ်ပြသောထန်ရှုကို ရှာတွေ့လိုက်၏။ ထို့နောက် သူ့မျက်လုံးများက လင်းလက်သွားလေသည်။
ဒီအထိတောင် ငါ ရောက်လာပြီ၊ ဒါကြောင့် ငါ ဆက်ကြိုးစားရမယ်။
သူပြောတာ မှန်ရင် အမွေအနှစ်ကို ဆက်ခံဖို့ ငါ့မှာ အခွင့်အရေးရှိလာလိမ့်မယ်။
အနက်ရောင်လေပြေက သက်ပြင်းတစ်ချက်ရှိုက်ကာ အင်မော်တယ်စွမ်းအားကို စတင်လည်ပတ်ပြီး ချိုးဖြတ်ရန် ကြိုးစားလိုက်သည်။
တစ်ရက်လုံး သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းရန် မကြိုးစားခဲ့ပေ။
လူအများစုက စတင်ကာ စိတ်မရှည်ဖြစ်လာချိန်တွင် အနက်ရောင်လေပြေ၏ခန္ဓာကိုယ်က ရုတ်တရက်တုန်ယင်သွားပြီး ကြီးမားသောအရှိန်အဝါတစ်ခုက သူ့ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ နေရာလပ်ဖိအားက ရုတ်ချည်း အားလျော့သွားသလို သူက ခံစားလိုက်ရသည်။
ငါ အောင်မြင်သွားတာလား။
အနက်ရောင်လေပြေက ဝမ်းသာသွား၏။ ထို့နောက် သူက ထန်ရှုဘက်သို့ လှည့်ကာ လက်သီးဆုပ်လျက် အသံပို့လိုက်၏ “ကျေးဇူးတင်ပါတယ်”
ထန်ရှုက ဘာမှ ပြန်မဖြေဘဲ အနည်းငယ် ပြုံးပြလိုက်၏။
နောက်အခိုက်အတန့်တွင် အနက်ရောင်လေပြေက ရှေ့သို့ ဆက်သွားနေလေသည်၊ သူ့ခြေလှမ်းများကပင် ယခင်ကထက် ပိုမြန်ဆန်လာသည်။
“ကောင်းကင်ဘုံ…သူက တံတားပေါ်မှာ အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မောတယ်အဆင့်ကို တကယ်ပဲ ချိုးဖြတ်ခဲ့တာလဲ။ ပြီးတော့ လက်ရှိသူ့ရဲ့အရှိန်အရ အလယ်ဆင့်ကို ချိုးဖြတ်ပြီးနောက် သူ့အပေါ်ကျရောက်နေတဲ့နေရာလပ်ဖိအားက အရင်ကနဲ့ အတူတူပဲဖြစ်နေသေးတာလား”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျင့်ကြံခြင်းအဆင့်မြင့်တက်သွားတာနဲ့ သူက ရှေ့ကို အလွယ်တကူ ရွေ့လျားသွားနိုင်တာလား”
“ဘယ်လိုလူထူးဆန်းလဲ။ သူ့အသက်က နှစ်ငါးထောင်ပဲ ရှိသေးတယ်ဆိုပေမယ့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အလယ်ဆင့်ကို အလွယ်တကူ တက်လှမ်းနိုင်ခဲ့တယ်။ ငါ့မှတ်ဉာဏ်တွေအရ အသက်နှစ်ငါးထောင်ပတ်လည်မှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိခဲ့တဲ့သူတွေက အရမ်းနည်းတယ်မလား”
“ဒီတံတားစမ်းသပ်ချက်ရဲ့အခက်အခဲက သူ့အတွက် ခက်ခဲလွန်းတော့မှာ မဟုတ်လောက်ဘူး”
“တောက်၊ ငါတောင် သူ့ကို မနာလိုဖြစ်လာပြီ”