← Chapters

ဘယ်သူက အတောက်ပဆုံးလဲ

Vol. 99 Ch. 1363

ဘယ်သူက အတောက်ပဆုံးလဲ

Vol. 99 Ch. 1363

သူ့ဘေးနားရှိ အင်မော်တယ်များ၏စကားသံများကို ကြားပြီး တာလာက ထန်ရှုအား လှည့်ကြည့်ကာ အသံပို့လျက် မေးလိုက်၏ “မင်းက အနက်ရောင်လေပြေဆီ အသံပို့ပြီး လမ်းညွှန်ပေးခဲ့တာလား”

“ဟုတ်တယ်”ထန်ရှုက အသံပို့လျက် ပြန်ဖြေသည် “ဒါပေမယ့် ဖိအားအောက်မှာ ချိုးဖြတ်နိုင်တယ်ဆိုတာကတော့ အနက်ရောင်လေပြေရဲ့အလားအလာက အပြည့်အဝမနိုးဆွရသေးဘူးလို့ ဆိုလိုတာပဲ”

“မင်းက တကယ်အံ့အားသင့်စရာပဲ၊ ရောင်းရင်းအင်မော်တယ်”တာလာက ရှုံ့မဲ့လျက် ပြောလိုက်၏ “ကြည့်ရတာ အနက်ရောင်လေပြေက မင်းဆီမှာ ကြီးမားတဲ့မျက်နှာသာပေးမှုတစ်ခု တင်သွားပုံပဲ”

“အနက်ရောင်လေပြေက ဘယ်ဂိုဏ်းနဲ့မှ မသက်ဆိုင်ဘဲ တစ်ကိုယ်တော် ကျင့်ကြံနေတာ”ထန်ရှုက ပြုံးကာ ပြော၏ “သူဖြတ်သန်းခဲ့ရတဲ့ခက်ခဲမှုတွေက လုံလောက်တယ်၊ ဒါကြောင့် သူက အခုလို‌တောက်ပနိုင်တာ။ ဒီလိုလူတစ်ယောက်အတွက်၊ ဒီလိုအခွင့်အရေးတစ်ခုရဖို့ ထိုက်တန်ပါတယ်လေ”

တာလာက ထန်ရှုအား နက်ရှိုင်းသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ မေးလိုက်၏ “ရောင်းရင်းအင်မော်တယ်က ဘယ်နေရာက လာတာလဲ။ ဒီလူအိုကြီးလဲ မင်းဆီမှာ အကြွေးတစ်ခု တင်ထားတယ်။ အနာဂတ်မှာ ဒီကျေးဇူးကို ပြန်ဆပ်ဖို့ ဘယ်သူလဲဆိုတာ သိဖို့ လိုတယ်”

ခဏစဉ်းစားပြီးနောက် ထန်ရှုက ရုတ်တရက် ပြုံးလိုက်၏ “စီနီယာက တကယ်ပဲ အကြွေးပြန်ဆပ်ချင်တယ်ဆိုရင် အန္တိမအဆင့်ကို တက်လှမ်းပြီးတဲ့အခါ မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီပေးပါ။ လက်ရှိအင်မော်တယ်ကမ္ဘာက မငြိမ်းချမ်းနေဘူး၊ လူအချို့ရဲ့အပြုအမူတွေက ငါ့အကြိုက်မဟုတ်ဘူး၊ ဒါကြောင့် ဒီအကျိုးကျေးဇူးကို မြင့်မြတ်ငှက်ဂိုဏ်းကို ငါ ပေးလိုက်မယ်”

တာလာက မျက်လုံးမှိတ်လျက် အချိန်အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အသံပို့လိုက်၏ “ဒါနဲ့ ပတ်သက်ပြီး မစိုးရိမ်ပါနဲ့၊ ရောင်းရင်းအင်မော်တယ်”

စတုတ္ထအသုတ်စမ်းသပ်ချက်၏ဆယ့်ခုနှစ်ရက်မြောက်နေ့တွင် အနက်ရောင်လေပြေက ၉၉၉၉ခုမြောက်လှေကားထစ်ထိ ရောက်ရှိနေပြီး တံတားကို ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

…သူ ကျရှုံးရမယ်…

လက်ရှိတွင် အင်မော်တယ်များ၏ကိုးဆယ်ရာခိုင်နှုန်းက စိတ်ထဲ၌ တိတ်တဆိတ် ဆုတောင်းနေလေတော့သည်။

ကံမကောင်းစွာနှင့် အနက်ရောင်လေပြေက ထိုလူများကို စိတ်ပျက်စေခဲ့သည်။ သူက နောက်ဆုံးခြေလှမ်းကို လှမ်းပြီးနောက် ကြီးမားသောနေရာလပ်ဖိအားက ပျောက်ကွယ်သွား၏။ ထို့နောက် ချက်ချင်းလျှင်ပင် သူက ထန်ရှုအား နက်ရှိုင်းစွာ တစ်ချက်ကြည့်ကာ အသံပို့လိုက်၏ “ဒီအနက်ရောင်လေပြေက ဒီကျေးဇူးကို မှတ်ထားပါ့မယ်။ အနာဂတ်မှာ ရောင်းရင်းအင်မော်တယ်ရဲ့တောင်းဆိုမှုကို ငါ လက်ခံဖို့ ကျိန်ဆိုတယ်”

ထိုသို့ပြောပြီးနောက် သူက ပြန်လှည့်ကာ အရှေ့မြေကွက်လပ်၏ဆန့်ကျင်ဘက်ရှိ အရက်မူးအင်မော်တယ်နန်းတော်ဂိတ်ဝဆီသို့ ပြေးသွားသည်။

တာလာက ထွက်သွားရန် အလျင်မလိုပေ၊ ထန်ရှုနှင့် ပတ်သက်၍ သူက အလွန်သိချင်သည်၊ ထို့ကြောင့် ထန်ရှုက လှေကားထစ်ဘယ်လောက်ထိ ရောက်ရှိနိုင်မည်ကို သူက မြင်ချင်၏။

“မင်း အခု သွားမှာလား”တာလာက မေးလိုက်သည်။

ထန်ရှုက ခဏစဉ်းစားပြီး သူ့ဘေးနားရှိ လေးယောက်ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက သူတို့ထံ ပြောလိုက်သည် “စတုတ္ထအသုတ်က ပြီးသွားပြီ၊ ဒါကြောင့် ပဉ္စမအသုတ်မှာ ငါတို့ ဝင်ပါမယ်။ မင်းတို့က ဒီကြီးမားတဲ့ဖိအားကို လက်ခံနိုင်မယ်ဆိုရင် အဆင့်ချိုးဖြတ်ရာမှာ ပိုလွယ်ကူလိမ့်မယ်”

“နားလည်ပါပြီ…”ကြယ်မျက်ရည်တို့လေးယောက်က ခေါင်းညိတ်လိုက်သည်။

သူ့စွမ်းရည်နှင့် သူတို့လေးယောက်အား တံတား၏အခြားအဆုံးတစ်ဖက်သို့ အလွယ်တကူ ပို့ဆောင်နိုင်သည်ကို ထန်ရှုက မပြောခဲ့ပေ။ ထိုသိုလုပ်ရန်လည်း သူ့တွင် ရည်ရွယ်ချက်မရှိပေ၊ ဤစမ်းသပ်ချက်က ဆိုးဝါးသောအရာတစ်ခုမဟုတ်ဘဲ သူတို့အတွက် အလွန်အကျိုးရှိစေသောကြောင့်ပင်ဖြစ်သည်။

ခြောက်နာရီကြာပြီးနောက် ပုံရိပ်များစွာက တံတားဆီသို့ လျင်မြန်စွာ ရွေ့လျားသွား၏။ လျှပ်တစ်ပြက်အတွင်း လူတိုင်းက ပထမဆုံးလှေကားထစ်သို့ ရောက်ရှိလာကြသည်။

သူ၏အလားအလာနှင့် ပတ်သက်၍ သိချင်သောကြောင့် ထန်ရှုက လျှို့ဝှက်နန်းတော်နှင့် ပတ်သက်၍ သူ၏အသိများကို အသုံးမချခဲ့ပေ၊ ဤစမ်းသပ်ချက်ကို ကြိုးစားရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးမရင်ဆိုင်နိုင်တော့မှသာ တံတားကို ဖြတ်ကျော်ရန်အတွက် သူက ဤနည်းလမ်းကို အသုံးချရမည်။

“ငါ့နောက်ကနေ ကပ်လိုက်လာပါ၊ ဒေါ်လေးကြယ်မျက်ရည်”ထန်ရှုက အသံပို့ကာ အမိန့်ပေးလိုက်ပြီး ရှေ့သို့ တစ်လှမ်းချင်းစီ စတက်သွား၏။

နေ့တစ်ဝက်ကြာပြီးနောက် ထန်ရှုက ရပ်ကာ နောက်လှည့်ကြည့်လိုက်သည်။ ရုတ်တရက် သူ့အမူအရာက ထူးဆန်းသွားသည်။ တစ်ယောက်မှ သူ့အရှေ့တွင် မရှိသလို ဒုတိယနေရာရှိလူကလည်း သူနှင့် လှေကားထစ်ရာအနည်းငယ်အကွာတွင် ရှိသည်ကို တွေ့လိုက်ရ၏။

“ဒီလောက်တောင် လွယ်တာလား”

ထန်ရှုက မျက်မှောင်ကြုတ်ကာ ပဟေဠိဖြစ်သွားသည်။ တုံ့ဆိုင်းပြီးနောက် ၆၀၀၀မြောက်လှေကားထစ်ထိ ဆက်တက်ပြီး စောင့်ရန် သူက ဆုံးဖြတ်ခဲ့သည်။

တစ်ရက်နှင့်ဆယ့်နှစ်နာရီကြာပြီးနောက် ထန်ရှုက ၆၀၀၀မြောက်လှေကားထစ်သို့ တက်နိုင်ခဲ့သည်။ သူ၏ကြောက်စရာကောင်းသောလုပ်ဆောင်ချက်များကြောင့် အင်မော်တယ်ထောင်ချီက ထိတ်လန့်တုန်လှုပ်နေသည်ကို မသိကြပေ။

“သူက လူသားတစ်ယောက်ရော ဟုတ်ရဲ့လား။ နေ့တစ်ဝက်နဲ့တစ်ရက်ပဲ ရှိသေးတယ်၊ သူက လှေကားထစ်ခြောက်ထောင်မြောက်ကို ရောက်ရှိခဲ့တယ်။ ဘာလို့ ဒီတံတားက သူ့ရဲ့ကိုယ်ပိုင်နောက်ဖေးဉယျာဉ်လို့ ငါ ခံစားနေရတာလဲ”

“ဒီကောင်က ဘယ်က လာတာလဲ။ သူ့အရှိန်က မြန်လွန်းတယ်။ ဒီလောက် မြန်မြန်တက်နေတာ၊ သူ့စွမ်းအင်တွေအားလုံးကုန်ဆုံးသွားမှာကို မကြောက်ဘူးလား”

“သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဘာလဲ။ ဘာလို့ နေရာလပ်ဖိအားက သူ့အပေါ် သက်ရောက်မှုတစ်ခုမှ မရှိရတာလဲ။ ဘာဖြစ်နေတာလဲ”

“ဒါက ကြောက်စရာကောင်းလွန်းတယ်။ ဒီကောင်က တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။ ဒါပေမယ့် သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။ သူက ဘယ်က လာတာလဲ”

“ဘယ်လိုပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်လဲ…”

“…”

ယခု တာလာက လုံးဝတုန်လှုပ်နေသည်၊ သူ့ဘေးနားရှိ တောင့်တင်းသန်မာသောလူလည်း အတူတူပင်။ သူ့မာစတာနှင့်စကားပြောခဲ့သောကောင်လေးက ဒီလောက်ကြောက်စရာကောင်းလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။

အချိန်အတန်ကြာပြီးနောက် ထန်ရှုက ရှေ့ဆက်မသွားသည်ကို မြင်ပြီး သူက ပင့်သက်ရှိုက်ကာ သက်ပြင်းချလိုက်သည် “မာစတာ၊ အဲဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က တကယ်ကို အံ့အားသင့်စရာကောင်းတာပဲ။ ဒီလောက်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအလားအလာရှိနေတာ။ သူကသာ အနာဂတ်မှာ မသေဆုံးခဲ့ရင် အန္တိမအရှင်တစ်ယောက်ဖြစ်လာဖို့ အရမ်းများတယ်”

“ဟူး၊ သူက အန္တိမအရှင်တစ်ယောက်ဖြစ်လာမလားဆိုတာတော့ ငါ မပြောနိုင်ဘူး၊ ဒါပေမယ့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ရောက်ဖို့ကတော့ သူ့အတွက် အရမ်းလွယ်တယ်။ ဒီလူငယ်က အရမ်းဆန်းကြယ်ပြီး အလွန်စိတ်ဝင်စားစရာကောင်းတယ်။ ဒီလူအိုကြီးက ဂိုဏ်းကနေ ထွက်လာတာ ခဏလောက်ပဲ ရှိတယ်ဆိုပေမယ့် ငါ မဖော်ထုတ်နိုင်တဲ့လူငယ်တစ်ယောက်ကိုမှ မတွေ့ခဲ့ဘူး”

ထိုတောင့်တင်းသန်မာသောလူက မှင်တက်သွားသည်။ သူ့မာစတာက ဤမဟာထန်ကောင်းကင်ဘုံဧကရာဇ်အား ဒီလိုမြင့်မြင့်မားမားအကဲဖြတ်ထားမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ခဏတုံ့ဆိုင်းပြီးနောက် သူက မေးလိုက်သည် “လျှို့ဝှက်နန်းတော်က ထွက်သွားပြီးရင် သူ့အကြောင်း စုံစမ်းစေချင်လား၊ မာစတာ”

“မလိုဘူး”တာလာက ခေါင်းခါယမ်းကာ ပြော၏ “သူ့ရဲ့ဒေါသကို မဆွပေးနဲ့။ ဒီလူငယ်အပေါ် ငါ အကြွေးတစ်ခု တင်ထားတယ်”

“အကြွေးလား”တောင့်တင်းသန်မာသောလူက အံ့အားသင့်သွားသည်။

တာလာက ထပ်မပြောတော့ပေ။ ထို့အစား သူက ထန်ရှု၏လုပ်ဆောင်ချက်ကို စောင့်မျှော်နေသည်၊ ထန်ရှုက တံတားကို ဖြတ်ကျော်ရန် သူက မျှော်လင့်ထားသည်။ ထန်ရှုနှင့် သူ၏ဆက်ဆံရေးအရ သူလည်း အကျိုးအမြတ်အချို့ရရှိနိုင်မည်ဖြစ်သောကြောင့်ထန်ရှုက အရက်မူးအင်မော်တယ်အန္တိမအရှင်၏အ‌မွေအနှစ်ကို ရရှိရန်ပင် သူက မျှော်လင့်ထားသည်။

တံတားပေါ်တွင်။

သူရဲကောင်ဓားအုပ်ချုပ်သူ၏မျက်လုံးများက အေးစက်စွာ တောက်ပလျက် လှေကားထစ်၆၀၀၀မြောက်ပေါ်ရှိထန်ရှုကို မော့ကြည့်လိုက်သည်။ အစကတော့ သူက ပဉ္စမအသုတ်၏အထူးချွန်ဆုံးနှင့်အတောက်ပဆုံးပါရမီရှင်ဖြစ်နိုင်သည်ဟု အလွန်ယုံကြည်ချက်ရှိခဲ့သည်။ သို့သော် ဆန်းကြယ်သောလူတစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာပြီး သူပိုင်ဆိုင်သင့်သည့်အောင်မြင်မှုအားလုံးကို ဆွဲယူသွားလိမ့်မည်ဟု ဘယ်သူက မျှော်လင့်ထားမိပါနည်း။

ဒုတိယလူဖြစ်ခြင်းက သူ သူရဲကောင်းဓားအုပ်ချုပ်သူလက်မခံနိုင်သောအရာပင်။ သို့သော် ထိုအကောင်က လှေကားထစ်၆၀၀၀မြောက်တွင် ရပ်ပြီး ဆက်မတက်သည်ကို မြင်ပြီး သူက သေချာပေါက် ကျော်လွှားနိုင်လိမ့်မည်ဟု တွေးလိုက်၏။

“အတောက်ပဆုံးပြိုင်ဘက်ကင်းပါရမီရှင်က ငါပဲ ဖြစ်ရမယ်။ အသင်္ချေဓားဂိုဏ်းရဲ့နှစ်တစ်သောင်းမှာ တစ်ခါသာ ပေါ်တဲ့ ပါရမီရှင်အနေနဲ့ ငါက ဒီတံတားစမ်းသပ်ချက်ကို ပထမဆုံး ပြီးမြောက်ရမယ်။ ဒီစမ်းသပ်ချက်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီး အရက်မူးအင်မော်တယ်နန်းတော်ကို ရောက်ရှိရမယ်။ ဒါ့အပြင် အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ငါပဲ ရရလိမ့်မယ်၊ ဒီလျှို့ဝှက်နန်းတော်တစ်ခုလုံးရဲ့ရတနာတွေက ငါ့အပိုင်ဖြစ်လာလိမ့်မယ်”

ခြောက်ရက်မြောက်နေ့တွင်။

နောက်ဆုံးတွင် သူရဲကောင်းဓားအုပ်ချုပ်သူက ၆၀၀၀မြောက်လှေကားထစ်သို့ ရောက်ရှိလာသည်။ သူက ထန်ရှုအား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ ချက်ချင်း ပြောလိုက်၏ “မင်းမှာ ခွန်အားတွေ ရှိသေးတယ်ဆိုရင် ငါ့ရဲ့ခြေလှမ်းတွေနောက်ကို လိုက်လာပါ။ ပဉ္ဓမအသုတ်စမ်းသပ်သူတွေထဲမှာ ငါက အတောက်ပဆုံးပါရမီရှင်ဖြစ်တယ်ဆိုတာ မင်း သဘောပေါက်လိမ့်မယ်”

ထိုသို့ပြောပြီးနောက် သူက ထန်ရှုအား ပြန်ပြောရန် အခွင့်အရေးပင် မပေးဘဲ ၆၀၀၁မြောက်လှေကားထစ်ပေါ်သို့ ခြေချလိုက်၏။

ထန်ရှုက သူ့နောက်ကျောကို နှာခေါင်းရှုံ့လျက်သာ ကြည့်၏။ ထို့နောက် ချက်ချင်းလျှင်ပင် သူက အောက်သို့ ကြည့်လိုက်သည်၊ ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က ခြောက်ထောင်မြောက်လှေကားထစ်မှ နှစ်ရာခန့်အကွာသို့ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။ စေဘယ်မိစ္ဆာကင်းမြီးကောင်က သုံးရာခန့်အကွာတွင် ရှိပြီး ကြယ်မျက်ရည်က လှေကားထစ်ငါးထောင်မြောက်သို့သာ ရောက်ရှိနေပြီး ခြောက်ထောင်မြောက်လှေကားထစ်သို့ ရောက်ရန် အချိန်အကြာကြီး လိုပေလိမ့်မည်။

ရုတ်တရက် ကြယ်မျက်ရည်၏ခြေလှမ်းများက မြန်ဆန်လာသည်ကို ထန်ရှုက တွေ့လိုက်ရ၏။ ခြောက်ထောင်မြောက်လှေကားထစ်သို့ ရောက်ရန် သူမက နေ့တစ်ဝက်သာ ကြာပြီး ဤအချိန်တွင် ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က ခြောက်ထောင်မြောက်လှေကားထစ်မှ ခြေလှမ်းအနည်းငယ်အကွာတွင်သာ ရှိနေသေးသည်။

“စိတ်ဝင်စားစရာကောင်းတာတစ်ခုကို ငါ တွေ့ခဲ့တယ်”ထန်ရှု၏ဘေးသို့ ရောက်လာပြီးနောက် ကြယ်မျက်ရည်က ပြုံးကာ ပြောလိုက်၏။

“ဘာစိတ်ဝင်စားစရာကောင်းတဲ့အရာလဲ”ထန်ရှုက သိချင်စိတ်နှင့် မေးလိုက်၏။

“ငါ့ရဲ့ကောက်ချက်ချမှုက မှန်တယ်ဆိုရင် ဒီနေရာက နေရာလပ်ဖိအားကို ရင်ဆိုင်ပြီးနောက် ချိုးဖြတ်သွားတဲ့အင်မော်တယ်တွေအားလုံးက အပြင်ကမ္ဘာမှာ သူတို့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းကို အဆက်မပြတ်အားထုတ်နေတဲ့သူတွေပဲ။ ဒီနေရာက ဖိအားကို တောင့်ခံပြီးနောက် ငါက ချိုးဖြတ်နိုင်ခဲ့တယ်”

“မင်းက ချိုးဖြတ်သွားတာလား”ထန်ရှုက အံ့အားသင့်လျက် မေးလိုက်သည်။

“ဟုတ်တယ်၊ ငါ ချိုးဖြတ်ခဲ့တယ်”ကြယ်မျက်ရည်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် လျင်မြန်စွာပင် ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က ခြောက်ထောင်မြောက်လှေကားထစ်သို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာကြသည်။ သူတို့က ထန်ရှု၏နောက်လိုက်များထက် ပိုကောင်းသည်ဟု တွေးထားခဲ့သော်လည်း သူတို့ဘေးနားရှိ ပုံရိပ်တစ်ခုကလည်း ခြောက်ထောင်မြောက်လှေကားထစ်သို့ ခြေချခဲ့သည်ကို သူတို့နှစ်ယောက်လုံးက သတိပြုမိလိုက်၏။

“အာ၊ ငါက နည်းနည်းနှေးသွားတာပဲ”စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြုံးလျက် ပြော၏။

ကြယ်တောက်ပက အံ့အားသင့်သွား၏ “အစပိုင်းမှာ မင်းက အရမ်းနှေးတာမလား။ မင်းက ငါတို့နဲ့ အတော်လေးဝေးပါတယ်…”

စေဘဘ်မိစ္ဆာကင်းမြီးကောက်က ကြယ်မျက်ရည်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်၏ “ဒါက ငါ့ရဲ့အလားအလာက မင်းတို့ထက် မဆိုးဘူးလို့ ဆိုလိုတာပဲ”

“ကောင်းပြီ၊ အားလုံးပဲ၊ စကားမပြောကြနဲ့တော့”ထန်ရှုက အနည်းငယ် ပြုံးကာ ပြောလိုက်၏ “ငါတို့အားလုံးက လှောကားထစ်ခြောက်ထောင်မြောက်ကို ရောက်ရှိထားပြီးပြီ၊ ဒါကြောင့် ရှစ်ထောင်မြောက်ထိ သွားရမယ်။ မင်းတို့အားလုံးက လှေကားထစ်ရှစ်ထောင်ထိ ရောက်နိုင်မယ်ဆိုရင် ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ငါ အာမခံတယ်။ ဒါပေမယ့် မင်းတို့က မရောက်နိုင်ရင်တော့ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်နဲ့ ပတ်သက်ပြီး မစဉ်းစားနဲ့တော့”

“ဒီတစ်ချိန်လုံး ငါတို့အားလုံးက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ၊ ဒါကြောင့် ငါတို့က ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်ရမယ်”ကြယ်တောက်ပက နက်ရှိုင်းသောအသံနှင့် ပြော၏ “ပိုသန်မာလာပြီး အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်မှပဲ အိမ်က ကပ်ဘေးကို ငါတို့က ဖြေရှင်းနိုင်လိမ့်မယ်”

“မင်းရဲ့မိသားစုက ကပ်ဆိုက်နေတာလား”ထန်ရှုက ပေါ့ပေါ့ပါးပါးဖြင့် မေး၏ “မင်းက ငါ့ကို မင်းကို ကူညီစေချင်လား”

“မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်”ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က တစ်ချိန်တည်း ဖြေလိုက်ကြသည်။ ထန်ရှုက သူတို့ဘက်မှ ဖြစ်သည်ကိ ခန့်မှန်းမိသော်လည်း တစ်ရာရာခိုင်နှုန်းမသေချာသောကြောင့် သူတို့က တိုက်ရိုက်ငြင်းပယ်လိုက်၏။

All Chapters