← Chapters

တန်ဖိုးမရှိသောအသက်များ

Vol. 99 Ch. 1365

တန်ဖိုးမရှိသောအသက်များ

Vol. 99 Ch. 1365

ဆယ့်ရှစ်ရက်မြောက်နေ့တွင် သူရဲကောင်းဓားအုပ်ချုပ်သူက တံတားစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့သည်။

ပဉ္ဓမအသုတ်ထဲရှိ လူကိုးရာထဲမှ စုစုပေါင်းငါးယောက်က တံတားကို ဖြတ်ကျော်ခဲ့ပြီး အောက်ဘက်ရှိ အင်မော်တယ်ထောင်ချီကို တုန်လှုပ်စေခဲ့သည်။ ထို့နောက် ဆဠမ၊ သတ္တမ၊ အဠမနှင့် နဝမအသုတ်တို့က ဆက်လိုက်လာ၏။

နောက်ဆုံးတွင် နဝမအသုတ်၏စမ်းသပ်ချက်ပြီးဆုံးသွားပြီးနောက် နောက်ဆုံးသုံးယောက်က တံတားကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့သည်၊ ထို့ကြောင့် အရက်မူးအင်မော်တယ်နန်းတော်အပြင်ဘက်ရှိလူအရေအတွက်က ကိုးယောက်ရှိပြီဖြစ်၏။ လူကိုးယောက်က အနက်ရောင်လေပြေလူထူးဆန်း၊ သူရဲကောင်းဓားအုပ်ချုပ်သူ၊ သိမ်းငှက်နက်အုပ်ချုပ်သူ၊ တိမ်နှင်းဆီအုပ်ချုပ်သူ၊ သံအမာရွတ်မဲ့နှင့် ထန်ရှုတို့လေးယောက်ဖြစ်သည်။

“အားလုံးပဲ၊ အခု လူစုံပြီဆိုတော့ ကြယ်ကိုးပွင့်အစီအရင်ကို အသက်သွင်းနိုင်ပြီ။ အရက်မူးအင်မော်တယ်နန်းတော်ထဲကို ဝင်ပြီးရင်တော့ ငါတို့က ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်။ ဘယ်သူက နောက်ဆုံးမှာ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေဆက်ခံသူဖြစ်လာမလဲ။ ဒီအတွက် တိုက်ခိုက်ကြရအောင်…” ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံခြင်းအမြင့်ဆုံးဖြစ်သည့် သိမ်းငှက်နက်အုပ်ချုပ်သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အင်း…”

ကျန်လူများက ခေါင်းညိတ်ကာ ကြယ်ကိုးပွင့်အစီအရင်၏ဆုံမှတ်ကိုးခုအထက်၌ ရပ်လိုက်ကြသည်။ လူကိုးယောက်က သူတို့၏အင်မော်တယ်စွမ်းအားကို ထည့်သွင်းလိုက်ရာ ကြယ်ကိုးပွင့်အစီအရင်က ချက်ချင်းအသက်ဝင်သွားပြီး မီတာရာချီမြင့်မားသောအရက်မူးအင်မော်တယ်နန်းတော်ဝင်ပေါက်က ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

“ဝင်ကြစို့…”

သူတို့ကိုးယောက်က အထဲသို့ ပြေးဝင်သွားကြပြီး အရက်မူးအင်မော်တယ်နန်းတော်အတွင်းထဲ၌ လျင်မြန်စွာ ထွက်ပေါ်လာကြ၏။ အထဲရှိ ရတနာများနှင့်ကျင့်ကြံခြင်းအရင်းအမြစ်များစွာကို မြင်ပြီးနောက် သူတို့အားလုံးနီးပါးက မျက်လုံးနီရဲသွားကြတော့၏။

“သတ်…”

ကြိုတင်သဘောတူညီချက်ပြုထားသည့်အတိုင်း ထန်ရှု၊ ကြယ်မျက်ရည်၊ စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်ကြယ်တောက်ပတို့က သူရဲကောင်းဓားအုပ်ချုပ်သူကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ အတိအကျအားဖြင့် ထန်ရှုထုတ်ဖော်ခဲ့သောသက်တံအိပ်မက်ပုံရိပ်စွမ်းရည်၏လွှမ်းမိုးမှုကြောင့် သူရဲကောင်းဓားအုပ်ချုပ်သူက ချက်ချင်း ထိုင်းမှိုင်းတွေဝေသွားပြီး ကျန်သုံးယောက်အတွက် လွယ်ကူသောပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။

ရွှမ်း…

သူက ထန်ရှုအား သတိထားနေသော်ငြား စွမ်းအားရှင်လေးယောက်၏ပစ်မှတ်ဖြစ်လာလိမ့်မည်ဟု သူရဲကောင်းဓားအုပ်ချုပ်သူက မတွေးထားပေ။ အဝေးသို့ လွင့်ထွက်သွားကာ နတ်ဘုရားဓားတစ်လက်က သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းလိုက်၏။

အနက်ရောင်လေပြေ၊ သိမ်းငှက်နက်အုပ်ချုပ်သူ၊ တိမ်နှင်းဆီအုပ်ချုပ်သူနှင့် သံအမာရွတ်မဲ့တို့၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ ထန်ရှုတို့လေးယောက်က အသင်္ချေဓားဂိုဏ်း၏ပြိုင်ဘက်ကင်းပါရမီရှင်အား သတ်ဖြတ်လိမ့်မည်ဟု သူတို့က မထင်ထားပေ။ ထန်ရှုက သူ့ကို မတိုက်ခိုက်လောက်ဟု တွေးထားသော အနက်ရောင်လေပြေကလွဲပြီး အခြားသုံးယောက်က သူတို့လေးယောက်အား သတိအပြည့်ထားလိုက်ကြ၏။

“ငါတို့တွေပူးပေါင်းပြီး ကျန်တဲ့သူတွေကို သတ်ကြရအောင်၊ အနက်ရောင်လေပြေ။ သူတို့ကို သတ်မှပဲ ဒီအင်မော်တယ်ကံကြမ္မာကို လုယူတဲ့အခါမှာ ငါတို့အတွက် ပြိုင်ဘက်နည်းသွားလိမ့်မယ်”ထန်ရှုက အနက်ရောင်လေပြေထံ လျင်မြန်စွာ အသံပို့လိုက်၏ “ဘာပဲဖြစ်ဖြစ် သိမ်းငှက်နက်၊ တိမ်နှင်းဆီနှင့်သံအမာရွတ်မဲ့တို့က ဒီနေရာမှာ သေရမယ်”

အနက်ရောင်လေပြေက သက်ပြင်းတစ်ချက်ရှိုက်လျက် အသံပြန်ပို့လိုက်၏ “တိမ်နှင်းဆီက အော်ရစ်အလင်းကျွန်းရဲ့ပထမဆုံးတပည့်ပဲ၊ သူမရဲ့ဆရာနဲ့ ငါက နက်ရှိုင်းတဲ့ခင်မင်ရင်းနှီးမှုတစ်ခုရှိတယ်။ မင်း သူမကို ချမ်းသာပေးနိုင်မလား”

ခဏစဉ်းစားပြီးနောက် ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည် “ငါက ပြဿနာမရှိပါဘူး၊ ဒါပေမယ့် သူမက ငါ့ရဲ့တောင်းဆိုချက်ကို သဘောတူရမယ်”

“မင်းက သူမကို ဘာလုပ်စေချင်လို့လဲ”အနက်ရောင်လေပြေက မေးလိုက်၏။

ငါတို့တွေပူးပေါင်းပြီး ရန်သူတွေကို သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး အခြားတစ်ယောက်ကို မပြောရဘူး၊ အထူးသဖြင့် သူရဲကောင်းဓားအုပ်ချုပ်သူနဲ့ ပတ်သက်ပြီးတော့ပေါ့”ထန်ရှုက ပြော၏ “ဒါနဲ့ ပတ်သက်ပြီး သူမကို အင်မော်တယ်ကျမ်းကျိန်ချက်တစ်ခု ပြုလုပ်စေချင်တယ်”

“သူမကို ငါ ပြောလိုက်မယ်”အနက်ရောင်လေပြေက ပြော၏။

ထို့နောက် ထန်ရှုတို့ငါးယောက်က သိမ်းငှက်နက်နှင့်သံအမာရွတ်တို့ကို ဝိုင်းလိုက်ကြ၏။ သိမ်းငှက်နက်က အားကောင်းသောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း အားကောင်းသောရန်သူလေးယောက်၏ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရသည်။ သက်တံအိပ်မက်ပုံရိပ်လောကတန်ခိုးစွမ်းရည်၏လွှမ်းမိုးမှုအောက်တွင် သူက အသတ်ခံလိုက်ရသည်၊ သံအမာရွတ်မဲ့ကမူ ရွှေအင်မော်တယ်အဆင့်သာ ရှိသောကြောင့် အလွယ်တကူ အသတ်ခံခဲ့ရ၏။

“အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်အတွက် ယှဉ်ပြိုင်တာကို ငါ လက်လျော့မယ်”အလွန်ဆန္ဒမရှိသော်ငြား အသက်ရှင်ရန်အတွက် တိမ်နှင်းဆီက အပေးအယူလုပ်ရန် ရွေးချယ်လိုက်သည်။ သူမက ထန်ရှုတို့ငါးယောက်အား သတိထားလျက် ကြည့်ကာ ပြောလိုက်၏။

“သူက မင်းရဲ့ဆရာနဲ့ နက်ရှိုင်းတဲ့ခင်မင်ရင်းနှီးမှုတစ်ခုရှိတယ်လို့ အနက်ရောင်လေပြေက ငါ့ကို ပြောတယ်၊ ဒါကြောင့် ငါတို့က မင်းကို မသတ်ဘူး”ထန်ရှုက ပြော၏ “ဒါပေမယ့် အရက်မူးအင်မော်တယ်နန်းတော်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို အခြားတစ်ယောက်ကို မပြောဖို့ မင်းက အင်မော်တယ်ကျမ်းကျိန်ပေးရမယ်”

တိမ်နှင်းဆီက အနက်ရောင်လေပြေကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကာ ချက်ချင်း ကျမ်းကျိန်ပေးလိုက်သည်။

“မင်းက ကျမ်းကျိန်ပြီးပြီဆိုတော့ ပြဿနာမရှိတော့ပါဘူး”ထန်ရှုက ပြော၏ “အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်အတွက်ကတော့ မင်းက ရနိုင်မလားဆိုတာက မင်းရဲ့စွမ်းရည်အပေါ်ပဲ မူတည်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က မင်းကို နှောင့်ယှက်မှာ မဟုတ်ဘူး”

“ဟမ်”တိမ်နှင်းဆီက အံ့အားသင့်စွာ ပြော၏ “ရှင်ဆိုလိုတာက…ငါက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်အတွက် ယှဉ်ပြိုင်နိုင်သေးတယ်ပေါ့။ ရှင်…”

“ဟုတ်တယ်၊ မင်း ယှဉ်ပြိုင်နိုင်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “နောက်ထပ်စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်သရွေ့ မင်းက အဆုံးသတ်မှာ အနိုင်ရသူဖြစ်လာရင်တောင် ငါတို့က မင်းကို ဂုဏ်ပြုအုံးမှာပါ”

တိမ်နှင်းဆီ၏နှလုံးသားထဲရှိ ဆန္ဒမရှိမှုနှင့်ဒေါသတို့က ရုတ်ချည်း ပျောက်ကွယ်သွားပြီး သူက ထန်ရှုကို ကျေးဇူးတင်သောမျက်နှာနှင့် ကြည့်လိုက်၏ “ကျွန်မက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရပြီး ဒီလျှို့ဝှက်နန်းတော်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် ရှင့်အတွက် ဒီနေရာက ကြွယ်ဝမှုတွေရဲ့တစ်ဝက်ကို ထုတ်ပေးမယ်လို့ ကတိပေးပါတယ်”

“ဟားဟားဟား၊ ဒါဆို ငါ မင်းကို ကြိုတင်ကျေးဇူးတင်စကားပြောလိုက်ပါ့မယ်”ထန်ရှုက ရယ်လိုက်သည်။

ထို့နောက် လျင်မြန်စွာနှင့် အနက်ရောင်လေပြေနှင့်တိမ်နှင်းဆီတို့က အလျင်စလို ထွက်လာခဲ့သည်။ ဤအရက်မူးအင်မော်တယ်နန်းတော်က အလွန်ကြီးပြီး အမွေအနှစ်က ဘယ်နေရာတွင် ရှိသည်ကို တစ်ယောက်မှ မသိကြပေ၊ ထို့ကြောင့် သူတို့က ခွဲကာ ကိုယ်တိုင်ရှာရန် ဆုံးဖြတ်ခဲ့ကြ၏။

ကြယ်တောက်ပက သက်ပြင်းတစ်ချက်ရှိုက်ကာ ထန်ရှုထံ ပြောလိုက်သည် “စီနီယာမဟာထန်၊ သူတို့က ထွက်သွားပြီ။ ငါလဲ ငါ့ရဲ့ကိုယ်ပိုင်အင်မော်တယ်ကံကြမ္မာကို လိုက်ရှာလိုက်အုံးမယ်။ နောက်ဆုံးမှာ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရနိုင်မယ်ဆိုရင် ငါလဲ ဒီနေရာက ကြွယ်ဝမှုရဲ့တစ်ဝက်ကို မင်းကို ပေးမယ်”

“ငါ့စကားကို မှတ်ထားပါ။ အသက်ရှင်နေသေးသရွေ့ မင်းမှာ အခြားအခွင့်အရေးတွေ ရှိတယ်”ထန်ရှုက ပြုံးကာ လက်ဝှေ့ယမ်းပြလိုက်၏ “အဆုံးမှာ မင်းက အမွေအနှစ်ကို မရရင်တောင် မင်းရဲ့အသက်ကို ဒီနေရာမှာ မဆုံးရှုံးစေပါနဲ့။ အနာဂတ်မှာ မြင့်မြတ်ငှက်ဂိုဏ်းက မင်းကို လိုအပ်တယ်”

“နားလည်ပါပြီ။ ဒီဂျူနီယာက မင်းရဲ့အကြံဉာဏ်ကို စိတ်ထဲမှာ မှတ်ထားပါမယ်” ကြယ်တောက်ပက ရိုသေလေးစားစွာ ပြောလျက် လျင်မြန်စွာ ထွက်ခွာသွား၏။

ကြယ်မျက်ရည်က ထွက်ခွာသွားသောကြယ်တောက်ပကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်၏ “သူက တော်တယ်။ အနာဂတ်မှာ သူက မသေခဲ့ရင် မြင့်မြတ်ငှက်ဂိုဏ်းမှာ အန္တိမအရှင်တစ်ယောက်ရှိလာဖို့ မျှော်လင့်နိုင်တယ်”

“အင်မော်တယ်တွေရဲ့လမ်းခရီးက အလွန်ဝေးလံပြီး အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ တစ်ယောက်မှ မသိဘူး”ထန်ရှုက ပြော၏ “သူက အန္တိမအရှင်ဖြစ်မယ့်နေ့ကို ငါလဲ စောင့်မျှော်နေမှာပါ”

ကြယ်မျက်ရည်က တိတ်တဆိတ် ခေါင်းညိတ်ကာ မေးလိုက်၏ “ဒါဆို ငါတို့ နောက်ထပ်ဘာလုပ်ကြမလဲ”

ထန်ရှုက ပြုံးပြကာ ပြော၏ “စေဘယ်မိစ္ဆာကင်းမြီးကောက်၊ မင်းက ငါ့နောက်လိုက်ဆိုပေမယ့် ငါက မင်းကို ဒီနေရာကို ခေါ်လာခဲ့ပြီးဆိုမှတော့ မင်းရဲ့ကံကြမ္မာကို ရှာဖွေနိုင်တယ်။ မင်းက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရနိုင်မယ်ဆိုရင် မင်းရဲ့စိတ်ဝိညာဉ်ချပ်ပြားကို ချက်ချင်း ပြန်ပေးမယ်။ အနာဂတ်မှာ မင်းက အန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်ဖြစ်လာမယ့်နေ့ရက်ကို ငါ စောင့်မျှော်နေမယ်”

စေဘယ်မိစ္ဆာကင်းမြီးကောက်က ခဏအေးခဲသွားသည်၊ ထို့နောက် နက်ရှိုင်းသောကျေးဇူးတင်ခြင်းတို့ကို သူမ၏မျက်လုံးများထဲ၌ မြင်တွေ့ရ၏။ သူမက ထန်ရှုနောက်မှ လျှို့ဝှက်နန်းတော်သို့ လိုက်လာခဲ့သည်၊ ဤမတိုင်ခင်တုန်းက သူမ၏ကျင့်ကြံခြင်းကို အထောက်အပံ့ဖြစ်ရန်အတွက် ကြွယ်ဝမှုအချို့သာ ရရှိနိုင်မည်ဟု တွေးထားခဲ့သည်။ ယခုလိုအခွင့်အရေးတစ်ခုက သူမထံ ရောက်ရှိလာလိမ့်မည်ဟု အကြိမ်ပေါင်းများစွာ တွေးထားခဲ့သော်လည်း ထန်ရှုက သူမအား ဘယ်တော့မှ ခွင့်မပြုဟု ထင်ထားခဲ့သည်။

သို့သော် ယခု သူမက လုံးဝမှားသွားသည်ကို သဘောပေါက်ခဲ့သည်။ သူမ၏သခင်က သူမအား အပြန်အလှန်လေးစားမှုပေးရုံသာမက နောက်လိုက်သို့မဟုတ်ကျွန်တစ်ယောက်အဖြစ်လည်း မဆက်ဆံပေ။

သူက ငါ့ရဲ့သစ္စာရှိမှုကို ရဖို့ ထိုက်တန်တယ်။ သူက ငါ့အသက်ကို အကျဉ်းသားပြိုင်ကွင်းကနေ ကယ်ခဲ့တယ်။ ငါက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရမယ်ဆိုရင် သူက ငါ့ရဲ့စိတ်ဝိညာဉ်ချပ်ပြားကို ပြန်ပေးအုံးမှာ။ သူ့အတွက် နှစ်ငါးထောင်တိတိ အလုပ်လုပ်ပေးမယ်လို့ ငါ ကျိန်ဆိုတယ်။ ဒါက…သူ့ကို ငါ လုပ်ပေးနိုင်တဲ့အရာပဲ။ စိတ်ထဲ၌ တွေးပြီးနောက် စေဘယ်မိစ္ဆာကင်းမြီးကောက်က လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ ထွက်သွား၏။

လက်ရှိတွင် ထန်ရှုနှင့်ကြယ်မျက်ရည်တို့သာ ကျန်တော့သည်။ ထို့နောက် ထန်ရှုက ပြုံးကာ ပြောလိုက်၏ “ဒါနဲ့ ဒေါ်လေးကြယ်မျက်ရည်၊ ခင်ဗျားရဲ့လက်ရှိပါရမီအရ အန္တိမအဆင့်ကို တက်လှမ်းဖို့က အရမ်းခက်ခဲလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားမှာ ကျုပ်ရှိနေသေးတယ်၊ ဒါကြောင့် အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရယူဖို့က ခင်ဗျားအတွက် လွယ်ကူပါလိမ့်မယ်။ အရက်မူးအင်မော်တယ်စမ်းကို သွားကြရအောင်”

“ဟမ်”ကြယ်မျက်ရည်က ခေါင်းရှုပ်သွားကာ မေးလိုက်၏ “မင်းက ဘာဆိုလိုတာလဲ”

“ကျွန်တော့်နောက်လိုက်လာပါ၊ နောက်ကျရင် သိပါလိမ့်မယ်”ထန်ရှုက ပြုံးကာ ပြန်ဖြေ၏။

နေ့တစ်ဝက်ကြာပြီးနောက် ထန်ရှုက ကြယ်မျက်ရည်ကို အရက်မူးအင်မော်တယ်နန်းတော်၏အလယ်ဗဟိုရှိ အရက်မူးအင်မော်တယ်စမ်းရှိရာသို့ ခေါ်ဆောင်လာသည်။ လမ်းတစ်လျှောက်တွင် အတားအဆီးများနှင့်ထောင်ချောက်များအားလုံးက သူတို့နှစ်ယောက်အတွက် ခြိမ်းခြောက်မှုဖြစ်ပုံမရပေ။

“ဒေါ်လေးကြယ်မျက်ရည်၊ အရက်မူးအင်မော်တယ်စမ်းတစ်ဝိုက်မှာရှိတဲ့အတားအဆီးတွေအားလုံးကို ငါ ချိုးဖျက်ပြီးပြီ။ အမွေအနှစ်ကို လက်ခံပါ။ အရက်မူးအင်မော်တယ်နန်းတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်မလားဆိုတာတော့ ဒေါ်လေးရဲ့ကံကြမ္မာပေါ်မှာပဲ မူတည်တယ်”ထိုသို့ပြောပြီးနောက် ထန်ရှုက ပင်လယ်တစ်ထောင်ကို ဆက်တိုက်ထုတ်ဖော်လိုက်သည်။ စွမ်းအင်ဒိုင်းကာတစ်ခုက မြင့်တက်လာပြီး မီတာဝက်ကျယ်ကာနှစ်မီတာမြင့်သည့်အပေါက်တစ်ခုက ပွင့်ထွက်လာကာ ကြယ်မျက်ရည်က အထဲသို့ တိုက်ရိုက်ဝင်သွား၏။

“ဒါက အမွေအနှစ်ကို လက်ခံနိုင်တဲ့ အရက်မူးအင်မော်တယ်စမ်းလား”

ကြယ်မျက်ရည်က ထန်ရှုကို အပြည့်အဝယုံကြည်သည်။ သူမက အထဲရှိ နေရာလပ်ကို လေ့လာခဲ့ပြီး စိတ်ဝိညာဉ်စမ်းထဲရှိ အစိမ်းရောင်အရည်ကို မြင်ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွား၏။ ထို့နောက် ချက်ချင်းလျှင်ပင် သူမက အရက်မူးအင်မော်တယ်စမ်းထဲသို့ ချက်ချင်း ထိုးဆင်းလိုက်သည်။

“ဘုရားရေ…ဒီအစိမ်းရင့်ရောင်အရက်က အသက်အဆီအနှစ်တွေလား”

ကြီးမားသောအသက်အားက သူမ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်ကို ကြယ်မျက်ရည်က ခံစားနေရသည်၊ သူမ၏ရုပ်ရည်ပင် မူလအသွင်အပြင်သို့ ပြန်ပြောင်းသွား၏။ အသက်အဆီအနှစ်အရည်က သူမခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးနောက် သူမ၏ရုပ်ရည်တွင် ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာပြီး သူမက ပိုတောင် ငယ်ရွယ်လာသည်။

အသက်အဆီအနှစ်အရည်ကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးနောက် စမ်းအောက်ခြေရှိ ရွှေရောင်အလင်းတစ်ခုက ကြယ်မျက်ရည်၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်၊ မရေမတွက်နိုင်လောက်သောရှေးဟောင်းအက္ခရာစာလုံးများက အားကောင်းသောလေဆင်နှာမောင်းများအဖြစ် ကြယ်မျက်ရည်၏အသိပင်လယ်ထဲသို့ စီးဝင်လာ၏။

အချိန်က တရွေ့ရွေ့နှင့် နှစ်ဝက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

ဤခြောက်လအတွင်း အနက်ရောင်လေပြေကလည်း ဤဧရိယာကို ရှာတွေ့သည်၊ သို့သော် ထန်ရှုက ဤနေရာတွင် အတားအဆီးအချို့ကို ချထားခဲ့သောကြောင့် အနက်ရောင်လေပြေက အထဲသို့ ဝင်ရန် ခက်ခဲသွား၏။

ဝှီ…

လက်ရှိတွင် လျှို့ဝှက်နန်းတော်တစ်ခုလုံးက တုန်ခါသွားပြီး အသက်ရှင်နေသေးသောအင်မော်တယ်များ၏အသားအရောင်က ပြောင်းလဲသွားသည်။ လျို့ဝှက်နန်းတော်က ဘာဖြစ်ခဲ့သည်ကို သူတို့က နားမလည်သော်လည်း ဆိုးဝါးသောအတိတ်နိမိတ်တစ်ခုက သူတို့၏နှလုံးသားထဲ၌ မွေးဖွားလာ၏။

“ထွက်…”

ကြယ်မျက်ရည်က မျက်လုံးဖွင့်လိုက်သည့်အခိုက်တွင် မမြင်နိုင်သောစွမ်းအားတစ်ခုက ထိုအင်မော်တယ်သိန်းချီကို ရစ်ပတ်သွားပြီး လျှို့ဝှက်နန်းတော်မှ တိုက်ရိုက် ဖယ်ထုတ်လိုက်၏။ သို့သော် ချွင်းချက်နှစ်ခုရှိကာ သူတို့က စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်ကြယ်တောက်ပတို့ဖြစ်ကြ၏။ ကြယ်မျက်ရည်၏စီစဉ်မှုနှင့်အတူ သူတို့နှစ်ယောက်က ထန်ရှုအရှေ့၌ တိုက်ရိုက်ထွက်ပေါ်လာကြ၏။

“ဘာဖြစ်နေတာလဲ”

စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်ကြယ်တောက်ပတို့က အကြည့်များဖလှယ်လိုက်ကြသည်။ သူတို့က ထန်ရှုကို တစ်ချက်သာ ကြည့်ပြီးနောက် အရက်မူးအင်မော်တယ်စမ်းအထက်တွင် လွင့်မျောနေသော ကြည်မျက်ရည်ထံ အကြည့်ပြောင်းလိုက်၏။ သူမထံမှ တုန်လှုပ်စရာကောင်းသည့်စွမ်းအင်အတက်အကျကို သူတို့နှစ်ယောက်က ခံစားမိလေသည်။

“ဒါ…ဒါ…မဟာကြယ်မျက်ရည်လား”

ကြယ်မျက်ရည်၏မျက်နှာကို မြင်ပြီးနောက် ကြယ်တောက်ပက သူမအရှေ့၌ ချက်ချင်း ဒူးထောက်ကာ စိတ်လှုပ်ရှားစွာ အော်ငိုလိုက်သည်။

ကြယ်မျက်ရည်က ပြုံးပြလျက် စွမ်းအင်စီးကြောင်းတစ်ခုလွှတ်ကာ သူ့ကို ဆွဲထူလိုက်သည်။ ထို့နောက် သူမက ပေါ့ပေါ့ပါးပါးနှင့် ပြော၏ “မင်းက ငါ့ကို မှတ်မိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ကလေး”

“ဒါက အရမ်းကောင်းတယ်…”

ကြယ်တောက်ပ၏မျက်လုံးများက မျက်ရည်များဖြင့် ပြည့်လျက် သူက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

All Chapters