← Chapters

ပြဿနာများကို ဆွပေးခြင်း

Vol. 99 Ch. 1368

ပြဿနာများကို ဆွပေးခြင်း

Vol. 99 Ch. 1368

အနီးနားတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသော ဘုရင်မိုကို တစ်ချက်ကြည့်ပြီးနောက် ထန်ရှုက ပေါ့ပေါ့ပါးပါးဖြင့် ပြန်ဖြေသည် “ငါ့မှာ အကြောင်းပြချက်နှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ မင်းက လူကောင်းတစ်ယောက်ဖြစ်တယ်။ အဆုံးမဲ့တောင်တန်းမှာ မင်း တိုက်ခိုက်ခံနေရချိန်မှာ ထွက်လာပြီး မင်းအတွက် ရပ်တည်ပေးခဲ့တဲ့မိတ်ဆွေတွေအများကြီးရှိတယ်။ ဒါက မင်းက မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်သူတစ်ယောက်ဆိုတာ သက်သေပြခဲ့တာပဲ။ ပြီးတော့ ငါ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ဒီလိုလူတွေနဲ့ မိတ်ဆွေဖွဲ့ရတာကို နှစ်သက်တယ်”

“ဒုတိယတစ်ခုကတော့ ငါက သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တာအိုသခင်ကွိုက်နှင့် ဆက်ဆံရေးတစ်ခုရှိတယ်။ သူ့အတွက်တော့ မဟုတ်ပေမယ့် သူနှင့် ဆက်နွယ်တဲ့တစ်ယောက်အတွက် ငါ လုပ်ပေးခဲ့တာပဲ၊ မင်းက သူ့ရဲ့စီနီယာအကိုဆိုတော့၊ ငါက ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်မှာလဲ”

“အသက်ကယ်တဲ့ကျေးဇူးကို ဒီတာအိုသခင်ချင်ဖုန်းက အမြဲတမ်း မှတ်ထားပါ့မယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”တာအိုသခင်ချင်ဖုန်းက အလေးအနက်ထားလျက် ပြောလိုက်သည် “အခုကစပြီး မင်းက ငါ့ရဲ့သူငယ်ချင်းဖြစ်သွားပြီ။ အနာဂတ်မှာ မင်း အကူအညီလိုတဲ့အခါ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။ မင်းရဲ့တောင်းဆိုမှုက ဒီတာအိုသခင်ရဲ့လုပ်နိုင်စွမ်းအတွင်း ရှိနေသေးသရွေ့ ဒီတစ်ယောက်က သေချာပေါက် ထမ်းဆောင်ပါ့မယ်။ ပြီးတော့ မင်းနဲ့ငါ့ရဲ့ဂျူနီယာညီလေးက တစ်ယောက်ကို တစ်ယောက် သိလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမယ့် မင်းနဲ့ မိတ်ဆွေဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သူ ပြောတာ ငါ တစ်ခါမှ မကြားဖူးပါဘူး။ ဒါက ငါ့အတွက် အတော်လေးထူးဆန်းတယ်”

ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ကောင်းပြီလေ၊ သူက ဒါကို ပြောဖို့ မလိုအပ်ဘူးလို့ တွေးတာ ဖြစ်နိုင်တာပဲ။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ဆိုတဲ့မိတ်ဆွေတစ်ယောက်က ဘယ်နေရာက ထွက်ပေါ်လာသလဲဆိုတာတောင် သူ မသိတာ ဖြစ်နိုင်တယ်။ ဟားဟားဟား…”

တာအိုသခင်ချင်ဖုန်းက မှင်တက်သွားလျက် ခေါင်းရှုပ်သွား၏။

“ဒါနဲ့ ဒီပဟေဠိလိုကိစ္စကို ထားလိုက်ကြရအောင်၊ ဟုတ်လား”ထန်ရှုက လက်ဝှေ့ယမ်းလိုက်သည် “ဒါနဲ့ မင်းတို့က ဘယ်သွားကြမှာလဲ၊ တာအိုသခင်ချင်ဖုန်း။ မင်းတို့ရဲ့ပန်းတိုင်က ငါတို့နဲ့တူတယ်ဆိုရင် အတူတူသွားလို့ရတယ်။ မဟုတ်ရင် လမ်းတစ်လျှောက်က အင်မော်တယ်ပိုင်နက်အချို့ဆီ မင်းတို့ကို လိုက်ပို့ပေးမယ်လေ”

တာအိုသခင်ချင်ဖုန်းက တုံ့ဆိုင်းသွားပြီးနောက် အားတင်းပြုံးလိုက်သည် “လောလောဆယ် ဘုရင်မိုနဲ့ငါက ဒဏ်ရာအပြင်းအထန်ရထားတယ်။ ဒီပိုင်နက်က အသင်္ချေဓားဂိုဏ်းရဲ့တပည့်တစ်ယောက်နဲ့ သက်ဆိုင်တာကြောင့် မင်းတို့နဲ့အတူသွားရင် မင်းတို့ကိုပါ ရှုပ်ထွေးစေမှာကို ငါ စိုးရိမ်တယ်”

ထန်ရှုက မျက်မှောင်ကြုတ်လျက် ပြုံးလိုက်သည် “အဆင်ပြေပါတယ်။ ငါ့ရဲ့ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ဝင်လိုက်မယ်ဆိုရင် မင်းတို့က အသင်္ချေဓားဂိုဏ်းရဲ့လိုက်လံမှုကို ရှောင်ရှားနိုင်ပါတယ်။ ငါတို့အတွက်ကတော့ အဲဂိုဏ်းက ငါတို့ကို ဂရုစိုက်လိမ့်မယ်လို့ ငါတော့ မထင်ဘူး”

ခဏတုံ့ဆိုင်းသွားပြီးနောက် တာအိုသခင်ချင်ဖုန်းက သဘောတူလိုက်သည်။ မဟာထန်အကောင်းကင်ဘုံဧကရာဇ်က သူတို့အား ထိခိုက်လိုသောရည်ရွယ်ချက်မရှိသည်ကို သူက မြင်နိုင်သည်။ မဟုတ်လျှင် သူက သူတို့ကို ကယ်ဆယ်လိမ့်မည်မဟုတ်ပေ။

နောက်အခိုက်အတန့်တွင် ထန်ရှုက တာအိုသခင်ချင်ဖုန်းနှင့်ဘုရင်မိုတို့ကို ကောင်းကင်ဘုံစံအိမ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူက စေဘယ်မိစ္ဆာကင်းမြီးကောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည် “လျှို့ဝှက်နန်းတော်အဖြစ်အပျက်ပြီးနောက် ညတွင်းချင်း ကျော်ကြားလာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရရှိခဲ့တဲ့သူက ငါ ဖြစ်တယ်လို့တောင် သံသယဝင်နေကြတယ်။ ကြည့်ရတာ ပိုကျော်ကြားဖို့အတွက် ပြဿနာအချို့ ဖန်တီးဖို့ လိုအပ်ပုံပဲ”

စေဘယ်မိစ္ဆာကင်းမြီးကောက်က ခေါင်းညိတ်ပြကာ ပြောလိုက်သည် “မင်း ပြောခဲ့သလိုပါပဲ၊ သခင်။ ဒါပေမယ့် လျှို့ဝှက်နန်းတော်က အဲနေရာမှာ ရှိနေသေးတယ်။ ဒီအချိန်မှာ သခင်က အထဲမှာ မရှိတာကို သက်သေပြနိုင်သရွေ့ အမွေအနှစ်ရရှိခဲ့တဲ့ကောလဟာလကို ချိုးဖျက်နိုင်ပါတယ်လေ။ မဟုတ်ရင် ငါတို့သာမက မဟာထန်အင်ပါယာကလဲ အင်မော်တယ်ကမ္ဘာရဲ့အဖွဲ့များစွာရဲ့စောင့်ကြည့်မှုကို ပစ်မှတ်ထားခံရလိမ့်မယ်”

ခဏစဉ်းစားပြီးနောက် ထန်ရှုက မေးလိုက်သည် “ဒီအင်မော်တယ်ပိုင်နက်ဒါမှမဟုတ်အနီးနားကအင်မော်တယ်ပိုင်နက်တချို့နဲ့ မင်း ရင်းနှီးလား”

“ဒီနေရာရဲ့အဝေးမှာ ငါ ရင်းနှီးကျွမ်းဝင်တဲ့အင်မော်တယ်ပိုင်နက်တစ်ခုရှိတယ်”စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြော၏ “သိမ်မွေ့အင်မော်တယ်ပိုင်နက်ပဲ၊ သိမ်မွေ့မြို့ရဲ့မြို့အရှင်က ငါ့ရဲ့သူငယ်ချင်းပဲ”

“ဒါဆို အဲကို သွားကြတာပေါ့”ထန်ရှုက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်၏။

ရုတ်တရက် သူ့အမူအရာက‌ ပြောင်းလဲသွားသည်၊ အားကောင်းသောအရှိန်အဝါဆယ်ခုကျော်က သူတို့ဘက်သို့ လျင်မြန်စွာ လာနေသည်ကို သူက အာရုံခံမိသည်၊ ထိုအရှိန်အဝါများက ရွှေအင်မော်တယ်များနှင့် သက်ဆိုင်ပေသည်။

“သူတို့က အသင်္ချေဓားဂိုဏ်းရဲ့လူတွေဖြစ်ရမယ်။ သူတို့တွေ အများကြီးတွေ ရှိတဲ့အတွက် ငါတို့ တိုက်ခိုက်လို့မရဘူး၊ ဒါကြောင့် အရင်ဆုံးထွက်သွားကြရအောင်။ အချိန်ခဏ စောင့်ပြီးမှ သူတို့ကို ရှင်းလင်းကြတာပေါ့”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။

စေဘယ်မိစ္ဆာကင်းမြီးကောက်က ခဏစဉ်းစားပြီးနောက် ရုတ်တရက် ပြော၏ “သခင်၊ ငါတို့မထွက်ခွာခင် ဘာလို့ သူတို့ကို သတ်ခွင့်မပြုတာလဲ။ ငါတို့က သူတို့ကို မသုတ်သင်နိုင်ရင်တောင် သူတို့ကို ပြဿနာအနည်းငယ်ဖြစ်အောင် လုပ်နိုင်တာပဲ”

ခဏစဉ်းစားပြီးနောက် ထန်ရှုက သူမထံ မိုးကြိုးလုံးတစ်ခုကို ပေးကာ ပြောလိုက်၏ “ဒါဆို ငါ အရင်သွားပြီး နောက်အင်မော်တယ်ပိုင်နက်မှာ မင်းကို စောင့်နေမယ်။ အဲက မြို့တော်မှာ ငါ့ကို လာရှာပါ”

“နားလည်ပါပြီ”

မိုးကြိုးလုံးကို မြင်ပြီး စေဘယ်မိစ္ဆာကင်းမြီးကောက်က အံ့ဩသွားသည်။ ဤပစ္စည်းနှင့် ဆိုလျှင် ရန်သူများအား ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်မည်မှာ သေချာသည်။

ထန်ရှုထွက်သွားပြီး ဆယ့်ငါးမိနစ်ကြာပြီးနောက် ရွှေအင်မော်တယ်ဆယ်ယောက်ကျော်က ပျံသန်းလာသည်။ တိုက်ပွဲအရိပ်အယောင်များကို မြင်ပြီး သူတို့က သတိကပ်လိုက်ကြသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်နှင့်သဘောတူချက်အရ ထိုလေးယောက်က တာအိုသခင်ချင်ဖုန်းနှင့်ဘုရင်မိုတို့ကို သတ်ဖြတ်ပြီးနောက် သူတို့က ဤနေရာတွင် ဆုံရန်ဖြစ်သည်။ သို့သော် ထိုပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်၏အရိပ်အယောင်တစ်ခုမှ ဤနေရာတွင် မရှိပေ။ တာအိုသခင်ချင်ဖုန်းနှင့်ဘုရင်မိုတို့ကပင် ခြေရာလက်ရာတစ်ခုမှမကျန်ဘဲ ပျောက်ကွယ်နေသည်။

တိုက်ပွဲက ဘယ်လိုလုပ်ပြီးသွားတာလဲ။

သူတို့၏စိတ်ထဲတွင် ရှိသည့် မေးခွန်းပင်ဖြစ်သည်။

ရုတ်တရက် နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်တစ်ယောက်၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ အနက်ရောင်အရိပ်တစ်ခုက သူတို့ထံ ရုတ်တရက် ပြေးလာချိန်တွင် လျှပ်တစ်ပြက်အတွင်း သူက အဝေးသို့ လျင်မြန်စွာ ပြေးသွား၏။

အုံး…

ကြောက်စရာကောင်းသောပေါက်ကွဲမှုက ဆယ်ကီလိုမီတာပတ်လည်ကို ဝန်းရံသွားသည်။ သတိမရှိသောသောရွှေအင်မော်တယ်ဒါဇင်ကျော်က ချက်ချင်းသေဆုံးသွားကြပြီး ကျန်လူများက ဒဏ်ရာအပြင်းအထန်ရလျက် သွေးအန်လိုက်ကြ၏။

“ဒီမိုးကြိုးလုံးရဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းတာပဲ၊ တစ်ခုက သလင်းကျောက်အဆီအနှစ်ငါးသန်းကျတယ်။ သတိမရှိရင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကတောင် အပြင်းအထန်ဒဏ်ရာရနိုင်တယ်”စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြုံးလိုက်၏။ သူမ၏ပုံရိပ်က လျင်မြန်စွာ ရွေ့လျားသွားပြီး ရှေးမှော်စုန်းလက်နက်ကို ထုတ်လွှတ်ကာ အနီးနားရှိ ရွှေအင်မော်တယ်တစ်ယောက်၏အသက်ကို ရိတ်သိမ်းသွားသည်။ ဆယ့်ငါးမိနစ်အတွင်း ရွှေအင်မော်တယ်အချို့က သူမ၏လက်ထဲတွင် သေဆုံးသွားကြ၏။

“အားလုံးပဲ၊ ပူးပေါင်းပြီး သူမကို သတ်ကြ…”

အမြန်ဆုံးထွက်ပြေးသွားသောရွှေအင်မော်တယ်က ဒဏ်ရာအနည်းငယ်သာ ရခဲ့ပြီး ပျံသန်းပြီးနောက် ကျယ်လောင်စွာ အော်လိုက်၏။ လျင်မြန်စွာနှင့် ကျန်ရှိသည့်ရွှေအင်မော်တယ်အားလုံးက စုဝေးလိုက်ကြပြီး သူတို့၏အင်မော်တယ်လက်နက်များကို ထုတ်ကာ စေဘယ်မိစ္ဆာကင်းမြီးကောက်ကို သတ်ဖြတ်ရန် ပြေးလာကြ၏။

“ဟမ့်…”

စေဘယ်မိစ္ဆာကင်းမြီးကောက်က ထိုလူများ၏ဝန်းရံတိုက်ခိုက်မှုကို မလိုချင်ပေ။ ရွှေအင်မော်တယ်တစ်ဒါဇင်၏ပူးပေါင်းတိုက်ခိုက်မှုစွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ သူမက သူတို့ကို သုတ်သင်နိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း သူမကိုယ်တိုင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိလိမ့်မည်။

ဆယ်ရက်ကြာပြီးနောက်။

စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်ထန်ရှုတို့က အနီးနားရှိအင်မော်တယ်ပိုင်နက်တစ်ခုတွင် တွေ့ဆုံခဲ့ကြ၏။ တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့က သိမ်မွေ့အင်မော်တယ်ပိုင်နက်သို့ ဉီးတည်လိုက်သည်။ လမ်းတစ်လျှောက်တွင် သူတို့နှစ်ယောက်က ပြဿနာအချို့ ကြုံတွေ့ခဲ့ရသော်လည်း အသေးအဖွဲ့ပြဿနာများသာဖြစ်ပြီး အလွယ်တကူ ဖြေရှင်းခဲ့ကြ၏။

သို့သော် ပိုကျော်ကြားစေလိုသောရည်ရွယ်ချက်နှင့်အတူ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်သည့်အခါတိုင်း သူ့နာမည်ဖြစ်သည့်မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို ကြေညာရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် သူနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က သိမ်မွေ့အင်မော်တယ်ပိုင်နက်သို့ ဉီးတည်လာချိန်တွင် မဟာထန်ကောင်းကင်ဘုံဧကရာဇ်ဟုခေါ်သောကျွမ်းကျင်သူက လျှို့ဝှက်နန်းတော်တွင် မရှိနေသည်ကို အဖွဲ့အချို့က လျင်မြန်စွာ သိရှိသွားကြ၏။ သို့ဖြစ်၍ အရက်မူးအင်မော်တယ်အန္တိမအရှင်၏အမွေအနှစ်ကို ရရှိခဲ့သည့် ကံကောင်းသောကောင်က ဤမဟာထန်ကောင်းကင်ဘုံဧကရာဇ်မဟုတ်ဟု သူတို့က ယူဆလိုက်ကြသည်။

သိမ်မွေ့အင်မော်တယ်ပိုင်နက်တွင်။

ဤပိုင်နက်က ထာဝရနန်းတော်ဂိုဏ်းခွဲ၏ထိန်းချုပ်မှုအောက်တွင် ရှိ၏။ လက်ရှိတွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ်ယောက်ကျော်နှင့်ရွှေအင်မော်တယ်တစ်ရာကျော်တို့က နေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်မှ ထွက်လာကြပြီး နှင်းမျောမြို့အနီး၌ ပေါ်ထွက်လာကြ၏။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက် ငွေရောင်သိုင်းဘုရင်က ဒေါသကို ဖိနှိပ်နေရသည်။ သို့သော် အပေါ်ယံတွင် သူက အနက်ဝတ်လူအိုကြီးကို ရိုသေလေးစားစွာ ကြည့်ကာ ပြောလိုက်၏ “စီနီယာကမ်ဘရီယန်၊ ဒီနောက်လိုက်မှာ ကိုယ်ရေးကိုယ်တာကိစ္စကလေးတစ်ခုရှိလို့ သင်နဲ့အတူ နှင်းမျောမြို့ကို လိုက်ပါမပေးနိုင်တော့ပါဘူး။ ငါ့ကို တစ်ခုခုပြောစရာရှိရင် ကျေးဇူးပြုပြီး စာပို့တိုကင်ကို အသုံးပြုပြီး ဆင့်ခေါ်လိုက်ပါ။ ဒီတစ်ယောက်က ချက်ချင်းလာပါ့မယ်”

အနက်ဝတ်လူကြီးက သူ့အား စိတ်မဝင်စားစွာ တစ်ချက်ကြည့်ကာ စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။ ငွေရောင်သိုင်းဘုရင်ထွက်ခွာသွားချင်သည့်အကြောင်းရင်းကို သူ သိ၏။ ဤအကောင်အား ထာဝရနန်းတော်၏အခြားတပည့်များက မကြာခဏ အနိုင်ကျင့်ခဲ့သောကြောင့်ပင်၊ ထို့ကြောင့် သူက သူတို့နှင့် အဝေးမှ ရှောင်ပုန်းချင်သည်။ သူကိုယ်တိုင်လည်း ဤအကောင်လို သစ္စာဖောက်တစ်ယောက်အား ရွံရှာစက်ဆုပ်သည်။ ထို့ကြောင့် လက်ဝှေ့ပြလျက် သူက ပြောလိုက်၏ “ဒါဆိုလဲ မြန်မြန်ထွက်သွားလိုက်။ ပြီးတော့ ငါ့အတွက် အရင်းအမြစ်တွေကို ရှာပါ၊ မင်းက ငါ့ကို ပစ္စည်းကောင်းအချို့ ရှာပေးမယ်ဆိုရင် ငါ ဝမ်းသာရလိမ့်မယ်”

“နားလည်ပါပြီ”ငွေရောင်သိုင်းဘုရင်က ရိုသေလေးစားစွာ ပြန်ဖြေသည် “ဒီတစ်ယောက်က ပစ္စည်းကောင်းအချိုု့ကို တွေ့တာနဲ့ ချက်ချင်း တင်ပြပါ့မယ်၊ ဆရာ”

အနက်ဝတ်လူက ခေါင်းညိတ်လိုက်ပြီး လူအုပ်စုနှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားသည်။ ထို့နောက် ငွေရောင်သိုင်းဘုရင်၏အမူအရာက တဖြည်းဖြည်းပြောင်းလဲသွား၏။

“တောက်၊ မင်းတို့ခွေးကောင်တွေ။ ငါက မင်းတို့ရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်တဲ့အခါကျရင် မင်းတို့အားလုံးကို သတ်ပစ်မယ်။ စောင့်နေစမ်းပါ။ ငါ့ကို စောင့်နေကြစမ်းပါ”ငွေရောင်သိုင်းဘုရင်က လက်သီးဆုပ်လိုက်ပြီး သတ်ဖြတ်ခြင်းဆန္ဒက သူ့မျက်လုံးများထဲ၌ စီးဆင်းလာ၏။

လက်ရှိတွင် ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်နောက်သို့ လိုက်ပါခဲ့ရသည့်နေ့ရက်များကို သူက သတိရနေသည်။ အထွတ်အထိပ်၌ ရှိသော ခံစားချက်၊ ကြိုက်သလို လုပ်လို့ရခြင်း၊ အရင်းအမြစ်အမျိုးမျိုးကို သုံးစွဲနိုင်ခြင်း…

သို့သော် သူက သစ္စာဖောက်တစ်ယောက်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အသက်ရှင်ရန် သူက ရွေးချယ်ခဲ့သည်။ အသက်ရှင်ခြင်းနှင့် ယှဉ်လျှင် သစ္စာဖောက်ရန် သူက ရွေးချယ်ခဲ့သည်။ တစ်ခါတစ်ရံတွင် သူ့ဆရာဖြစ်သည့်ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်အပေါ် အမုန်းတရားက သူ့စိတ်ထဲ၌ မွေးဖွားလာသည်။ ဘာလို့ သူက ကပ်ဘေးကျရှုံးပြီး ငါ့ကို အကာအကွယ်မရှိအောင် လုပ်ခဲ့တာလဲ။

ခဏစဉ်းစားပြီးနောက် ငွေရောင်သိုင်းဘုရင်က နှင်းမျောမြို့သို့ တစ်ယောက်တည်းဝင်ရောက်ကာ လမ်းကြောင်းတစ်ခုသို့ ဉီးတည်လိုက်သည်။ သူက ခြံဝင်းတစ်ခုသို့ ရောက်ကာ တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်လိုက်သည်။ အထဲရှိ မိန်းမလှလေးများကို ရမ္မက်ပြင်းပြစွာ ကြည့်ပြီးနောက် တစ်ယောက်ကို ပွေ့ဖက်လိုက်သည်။

“ငါ့ကို သတိရလား၊ ဇီသာ”ငွေရောင်သိုင်းဘုရင်က သူမကို နမ်းကာ ပြုံးလျက် မေးလိုက်၏။

ငွေရောင်သိုင်းဘုရင်ကို မြင်သည့်အခိုက်တွင် မနှစ်မြို့ခြင်းက ကောင်မလေး၏နှလုံးသားထဲ၌ မွေးဖွားသွား၏။ သို့သော် အပေါ်ယံတွင်မူ သူမက ရွှန်းလဲ့စွာ ပြုံးလျက် ချိုသာစွာ ရယ်ကာ ပြန်ဖြေသည် “ငါ သတိရတာပေါ့။ တစ်ချိန်လုံး သတိရနေတာ။ ငါ့ကို ရှင့်ရဲ့လက်မောင်းမှာ ချီထားတဲ့အချိန်တိုင်းကို သတိရနေတာ။ ရှင် ပြန်လာတယ်လို့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ အိပ်မက်မက်ခဲ့တယ်။ ဒီတစ်ကြိမ်တော့ ရှင်က ထွက်မသွားဘူးလို့ ကတိပေးပါ၊ အိုကေလား”

သူမ၏တောင်းဆိုချက်အပေါ် ငွေရောင်သိုင်းဘုရင်က အလိုက်သင့်ညည်းညူလိုက်သည်။ ထို့နောက် သူမကို ပွေ့ဖွက်ရင်း အခန်းတစ်ခုထဲသို့ ခေါ်သွား၏။

“မရဘူး၊ ငါ လုပ်လို့မရဘူး။ အဆင်မပြေဘူး။ လောလောဆယ် ငါ အဆင်မပြေသေးဘူး”အလှလေးက ကမန်းကတန်း‌အော်ပြော၏။

“မင်း ဘာပြောတာ”

ငွေရောင်သိုင်းဘုရင်က မှင်တက်သွားလျက် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ကောင်မလေးအား ပစ်ချပြီးနောက် သူက အေးစက်သောမျက်နှာနှင့် ပြောလိုက်၏ “လောလောဆယ် မင်းက မရသေးဘူးပေါ့၊ ဟုတ်လား။ ဒါဆို နောက်နေ့ မင်းဆီ ငါ လာမယ်။ အရင်ဖြေရှင်းစရာကိစ္စအချို့ရှိတာကို အခုမှ ငါ သတိရတယ်”

All Chapters