← Chapters

အဆင့်မရှိတဲ့သေလူတစ်ယောက်ကို ထောင်ချောက်ဆင်ခြင်း

Vol. 99 Ch. 1369

အဆင့်မရှိတဲ့သေလူတစ်ယောက်ကို ထောင်ချောက်ဆင်ခြင်း

Vol. 99 Ch. 1369

နှင်းမျောမြို့၊ ငှက်တောင်မွေးစံအိမ်။

ဤစံအိမ်က နှင်းမျောမြို့ရှိ အကြီးမားဆုံးဇိမ်ခံနေရာဖြစ်ပြီး အမျိုးသားတစ်ယောက်၏သုခဘုံတစ်ခုဖြစ်သည်။ အင်မော်တယ်အချို့၏ကိန်းဂဏန်းအချက်အလက်များအရ ငှက်တောင်မွေးစံအိမ်ရှိ အမျိုးသမီးတိုင်းက သူ့ပုံစံနှင့်သူ အသီးသီး ဆွဲဆောင်နိုင်ကြသည်။

ထိုနေရာမှ ထွက်လာပြီးနောက် ငွေရောင်သိုင်းဘုရင်က ငှက်တောင်မွေးစံအိမ်သို့ ပြေးလာကာ လျို့ဝှက်နန်းတော်မှ ရရှိလာသည့် အင်မော်တယ်သလင်းကျောက်များကို အင်မော်တယ်ပြည့်တန်ဆာနှစ်ယောက်ထံ ဆုချပြီးနောက် သူ့အား အဖော်ပြုခိုင်းလိုက်သည်။ သူက ငှက်တောင်မွေးစံအိမ်ထဲသို့ ဝင်လာသည့်အခိုက်အတန့်တွင် တစ်ယောက်ယောက်က သူ့နောက်မှ ခြေရာခံလိုက်လာသည်ကို သတိမထားမိပေ။

ထန်ရှုနောက်မှ လိုက်လာရင်း စေဘယ်မိစ္ဆာကင်းမြီးကောက်တို့နှစ်ယောက်က ငှက်တောင်မွေးစံအိမ်ထဲသို့ ဝင်လာခဲ့သည်။ သူမက အင်မော်တယ်ကမ္ဘာတွင် နေထိုင်လာသည်မှာ နှစ်ထောင်အနည်းငယ်ရှိပြီဖြစ်သော်လည်း ဤလိုနေရာတစ်ခုအား ဘယ်တော့မှ မရောက်ဖူးသည့်ပမာ သူမ၏အမြဲတမ်းအေးစက်သောမျက်နှာက သဘာဝမကျဖြစ်သွားသည်။

ထန်ရှု၏အေးစက်သောမျက်လုံးက ငွေရောင်သိုင်းဘုရင်၏နောက်ကျောကို စိုက်ကြည့်လိုက်သည်။ အတွင်းတော်ဆေးဂိုဏ်းနှင့်ထာဝရနန်းတော်တို့က သူ၏ရန်သူများဖြစ်သည့်အတွက် သူတို့ကို သူက မုန်းတီးသည်၊ သို့သော် သူက သစ္စာဖောက်များကို ပိုတောင် မုန်းတီးသည်။ အထူးသဖြင့် တစ်ချိန်က သူနှင့်အလွန်နီးကပ်ခဲ့သည့်ဤပြိုင်ဘက်ကင်းပါရမီရှင်ကိုပင်။

နှင်းမျောမြို့အပြင်ဘက်တွင် သူက ငွေရောင်သိုင်းဘုရင်ကို သတိထားမိလိုက်သည်။ သို့သော် သူက ဤအကောင်အား သတိမပေးဘဲ ဒင်းနောက်သို့ တောက်လျှောက်လိုက်သွား၏။

“ငါ့ကို သူ့ကို သတ်ခွင့်ပြုပါ၊ အရှင်”စေဘယ်မိစ္ဆာကင်းမြီးကောက်က တီးတိုးပြော၏ “အများဆုံးအသက်ဆယ်ရှိုက်အတွင်း ငါ သူ့ကို သတ်ဖြတ်နိုင်တယ်”

ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။ မျက်နှာချင်းဆိုင်ဘက်ရှိ သီးသန့်ခန်းကို ကြည့်ကာ သူက ပြန်ဖြေ၏ “ငွေရောင်သိုင်းဘုရင်က ဘယ်နေရာမှာ အတော်ဆုံးလဲဆိုတာ မင်း သိလား”

“မသိပါဘူး၊ အရှင်။ သူက ဘာကို အတော်ဆုံးလဲ”စေဘယ်မိစ္ဆာကင်းမြီးကောက်က ပဟေဠိဖြစ်သွား၏။

“သူ့ဖင်ကို ကယ်တဲ့နေရာမှာ သူက အရမ်းတော်တယ်”ထန်ရှုက ပေါ့ပေါ့ပါးပါးဖြင့် ပြော၏။

“ဒီကောင်က သေရမှာကို ဒီလောက်တောင် ကြောက်တာလား”စေဘယ်မိစ္ဆာကင်းမြီးကောက်က အံ့အားသင့်သွားသည်။

ထန်ရှုက သူမမေးခွန်းကို ပြန်မဖြေပေ၊ သို့သော် သူ့တပည့်၏သတိကြီးမှုအပေါ် သူ၏ယခင်ချီးကျူးခဲ့မှုများက လုံးဝမှားယွင်းခဲ့သည်ကို သူက သဘောပေါက်လိုက်သည်။ ဤအကောင်က လုံးဝသတိကြီးသည်မဟုတ်ဘဲ သူ့အသက်ကို အမြဲတမ်းဉီးစားပေးကာ သေရမှာကို ကြောက်ခြင်းပင်။ ဤအကောင်တွင် ယခုလိုစရိုက်ရှိသည်ကို သိခဲ့လျှင် သူက ဒင်းအား တပည့်အဖြစ် လက်ခံခဲ့မည်မဟုတ်ဘဲ တန်းကာ သတ်ပစ်ခဲ့သည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်.

ငွေရောင်သိုင်းဘုရင်က မျက်နှာချင်းဆိုင်ရှိ သီးသန့်ခန်းထဲ၌ သုံးရက်ကြာ နေပြီး အင်မော်တယ်ပြည့်တန်ဆာနှင့် ပျော်ပါးနေခဲ့သည်။

ဝှစ်…

ပုံရိပ်တစ်ခုက ထန်ရှုထိုင်နေသည်သီးသန့်ခန်းထဲသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သူ့အပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသာရွှေအမြုတေအမျိုးသမီးပြည့်တန်ဆာတစ်ယောက်လည်း ရှိသည်။

“စီစဉ်ထားတာ ဘယ်လိုလဲ”

စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြန်ရောက်လာသည်ကို သတိပြုမိကာ ထန်ရှုက ချက်ချင်းမေးလိုက်သည်။

အပြုံးတစ်ခုက စေဘယ်မိစ္ဆာကင်းမြီးကောက်၏မျက်နှာတွင် ထွက်ပေါ်လာလျက် သူက ပြန်ဖြေ၏ “အားလုံးစီစဉ်ပြီးသွားပါပြီ၊ အရှင်။ ဒါပေမယ့် ငါတို့က အင်မော်တယ်သလင်းကျောက်ရှစ်သိန်း ပေးရမယ်”

“ကိစ္စမရှိဘူး။ အင်မော်တယ်သလင်းကျောက်တွေက သုံးဖို့ပဲလေ။ ရည်ရွယ်ချက်ကို အောင်မြင်နိုင်သ‌ရွေ့ ရှစ်သိန်းမပြောနဲ့ ရှစ်သန်းပေးရတောင် ထိုက်တန်ပါတယ်လေ”ထန်ရှုက ပြန်ဖြေလိုက်၏။

“ဒီနောက်လိုက်က နားလည်ပါပြီ”စေဘယ်မိစ္ဆာကင်းမြီးကောက်က ခေါင်းညိတ်လိုက်သည်။

နောက်ဆုံးတွင် ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က စတုတ္ထနေ့ထိ စောင့်နေခဲ့သည်၊ ငွေရောင်သိုင်းဘုရင်က အင်မော်တယ်ပြည့်တန်ဆာနှစ်ယောက်ကို ပွေ့ဖက်ရင်း သီးသန့်ခန်းထဲမှ ထွက်ကာ ပထမထပ်ရှိ ဧည့်ခန်းဆီသို့ ဉီးတည်လိုက်သည်။

ဗုန်း…

မောင်းသံတစ်ခုက ရုတ်တရက် မြည်ဟိန်းသွားပြီး မိတ်ကပ်ထူထူလိမ်းထားသည့် ဝတုတ်သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က မိန်းကလေးဆယ်ယောက်ကျော်ဝန်းရံလျက် ခန်းမသို့ ရောက်ရှိလာသည်။ ခန်းမထဲရှိ လူရာကျော်၏အာရုံကို စုစည်းပြီးနောက် သူမက ပြုံးကာ ပြောလိုက်၏ “ဒါက တကယ်ကို မင်းတို့အားလုံးအတွက် ကောင်းချီးတစ်ခုပဲ၊ ဧည့်သည်တော်တို့။ အခုလေတင်ပဲ လှပတဲ့ပန်းတပွင့်ကို ငါတို့အိမ်က လက်ခံရရှိခဲ့တယ်။ ပြီးတော့ အရေးကြီးဆုံးကတော့ သူမက အပျိုစင်ပဲ ဖြစ်နေသေးတာနော်။ ဒါပေမယ့် ဒီနေ့ ငါတို့က ကစားပွဲအသစ်တစ်ခုကို စီစဉ်ပေးမယ်၊ ဒီအင်မော်တယ်ပန်းကို ဒီစံအိမ်မှာ ထားမှာ မဟုတ်ဘဲ လေလံတင်လိမ့်မယ်။ ဒီအလှလေးကို ပွေ့ဖက်ချင်တဲ့ဘယ်လိုဧည့်သည်မဆို လေလံဝင်ဆွဲနိုင်ပါတယ်”

လူအုပ်ကြီးအလယ်တွင် ငှက်တောင်မွေးစံအိမ်၌ ယခုလိုစိတ်ဝင်စားစရာကောင်းသောပြပွဲတစ်ခုနှင့် ရှားရှားပါးပါး ကြုံတွေ့ရသောကြောင့် ငွေရောင်သိုင်းဘုရင်က အံ့အားသင့်သွားသည်။ ခဏတုံ့ဆိုင်းပြီးနောက် သူက ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ချ၏။

“ကျင့်ရှန်းအာ၊ လာပါ”ဝတုတ်မကြီးက သူမ၏လက်ကိုင်ပုဝါကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ပြောသည်။

ထို့နောက် ချက်ချင်းလျှင်ပင် အဖြူရောင်မျက်နှာလွှားဇာကို ဝတ်ဆင်ထားသည့် အလွန်လှပသောအမျိုးသမီးတစ်ယောက်က လှေကားမှ လျှောက်လာသည်။ ခပ်ဖျော့ဖျော့ရနံ့တစ်ခုက သူမထံမှ လွင့်မျောနေပြီး ခန်းမထဲရှိ ဧည့်သည်တစ်ရာကျော်က ရုတ်တရက် တုန်လှုပ်သွားကြ၏။ သူတို့၏ရမ္မက်ပြင်းထန်သောမျက်လုံးများက သူမ၏အစိတ်အပိုင်းတိုင်းဆီသို့ ရွေ့လျားသွားကြ၏။

သူ၏အားကောင်းသောခွန်အားနှင့်အတူ ငွေရောင်သိုင်းဘုရင်တွင် စူးရှသောအမြင်အာရုံရှိသည်၊ အဖြူရောင်မျက်နှာလွှားဇာအောက်ရှိ ကျင့်ရှန်းအာကို မြင်လိုက်သောအခါ သူ့ခွကြားက ပူတက်သွားသည်။ ရမ္မက်ကြွယ်သောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ သိသိသာသာ ပေါ်ထွက်နေလေ၏။

အစစ်အမှန်အလှတစ်ခုပဲ၊ တကယ်ကို မှင်တက်စရာပဲ၊ ပြိုက်ဘက်ကင်းအလှလေးပဲ…

သူက မရေမတွက်နိုင်သောအမျိုးသမီးများကို မြင်ဖူးသည်၊ အရသာခံဖူးသည်၊ သူက စိတ်ထဲ၌ ချက်ချင်းဆုံးဖြတ်ချက်ချလိုက်၏။ သူက ဘယ်လောက်ပင် ပေးရပါစေ၊ ဤပြိုင်ဘက်ကင်းအလှလေးကို ရရှိပိုင်ဆိုင်ရမည်။ သို့မဟုတ်လျှင် သူက အချိန်အတော်ကြာ နောင်တရသလို ခံစားရပေလိမ့်မည်။

ဖက်တီးမကြီးက ပြုံးကာ ပြော၏ “ကျွန်မပြောခဲ့သလိုပဲ၊ ကျင့်ရှန်းအာက အပျိုစင်တစ်ယောက် ဖြစ်နေသေးပြီး ကျွန်မတို့ရဲ့နှင်းစံအိမ်က သူမကို လေ့ကျင့်ပေးလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ သူမက အမျိုးသားတွေကို ဝန်ဆောင်မှုပေးရာမှာ သေချာပေါက် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပဲ။ သူမကို ရယူနိုင်တဲ့ဘယ်သူမဆို သေချာပေါက် အကောင်းဆုံးပျော်ရွှင်မှုကို နှစ်သက်ခံစားရလိမ့်မယ်”

“ကဲ၊ ကျင့်ရှန်းအာ၊ မင်းရဲ့မျက်နှာလွှားဇာကို ဖယ်ရှားလိုက်ပါ။ အားလုံးပဲ၊ ကျေးဇူးပြုပြီး သူမကို ရှုစားပေးကြပါ”

နောက်အခိုက်အတန့်တွင် မရေမတွက်နိုင်သောမျက်လုံးများ၏အကြည့်အောက်တွင် ကျင့်ရှန်းအာက သွယ်လျသောကျောက်စိမ်းလက်ချောင်းများကို မြှောက်လျက် မျက်နှာလွှားဇာကို ဖယ်လိုက်သည်။ ထို့နောက် သူမက ရှေ့သို့ ညင်သာစွာ ကိုင်းညွှတ်လျက် ပြောလိုက်၏ “ရှန်းအာက ဒီနေရာက ဂုဏ်သရေရှိဧည့်သည်တွေအားလုံးကို နှုတ်ဆက်ပါတယ်။ ရှန်းအာကို ဝယ်ယူချင်တဲ့ဘယ်ဧည့်သည်ပဲဖြစ်ဖြစ်၊ ရှန်းအာကို ကြင်နာစွာ ဆက်ဆံပေးပါ။ ရှန်းအာက သူမရဲ့အနာဂတ်ပိုင်ရှင်ကို သေချာပေါက် အကောင်းဆုံးဝန်ဆောင်မှုပေးပါ့မယ်”

ဝှီ…

ခန်းမက ရုတ်တရက် ပွက်လောရိုက်သွားပြီး မရေမတွက်နိုင်သောအာမေဋိတ်သံများက ထွက်ပေါ်လာ၏။

“အိုး…ဘုရားသခင်…ဒီလိုလှပတဲ့နတ်သမီးတစ်ယောက်ကို မြင်ဖူးတာ ငါ့ဘဝမှာ ပထမဆုံးအကြိမ်ပဲ။ ငှက်တောင်မွေးစံအိမ်က အပူပြင်းဆုံးအင်မော်တယ်အလှလေးတောင် သူမနဲ့ မယှဉ်နိုင်ဘူး။ သူမက လှရက်လွန်းတယ်…သေချာပေါက် ငါ့နှလုံးသားကို အဖမ်းစားနိုင်ဆုံးအလှနတ်ဘုရားမပဲ”

“ဒီနေရာမှာ ငါ ဘာမြင်တွေ့နေရတာလဲ။ ဘယ်လိုလုပ်ပြီး ဒီလိုလှပတဲ့အမျိုးသမီးတစ်ယောက်က ဒီနေရာမှာ ရှိနေနိုင်ရတာလဲ။ နေ၊ လနဲ့ ကြယ်တွေကတောင် သူမကြောင့် မှေးမှိန်သွားရတယ်။ တောက်၊ ငါ့နှလုံးခုန်တာ မြန်လွန်းတယ်။ ငါ…သူမကို ရရမယ်”

“သူမကို ပိုင်ဆိုင်ဖို့ အသာထား၊ သူမဆီက အနမ်းတစ်ပွင့်ကို ရရုံနဲ့တင် ငါ့ကို နှစ်တစ်ရာလောက် အသက်ပိုရှည်စေမှာ သေချာတယ်။ သူမက တကယ်ကို ကောင်းကင်နတ်သမီးတစ်ယောက်ပဲ။ အရင်က ငါ မြင်တွေ့ဖူးသမျှ မိန်းမတွေအားလုံးက သူမအရှေ့မှာ ဘာမှမဟုတ်တော့ဘူး”

“သူမကို ငါ ရရမယ်။ ငါ ရရမယ်။ သူမအတွက် ငါ့ရဲ့မွေးရာအင်မော်တယ်ဓားကိုတောင် ရောင်းရလိမ့်မယ်”

ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်လျက် ငွေရောင်သိုင်းဘုရင်က ကျင့်ရှန်းအာကို စိုက်ကြည့်လိုက်သည်။ မှင်တက်စရာကောင်းသောအလှများစွာကို သူ မြင်ဖူးသည်၊ သို့သော် ဤကျင့်ရှန်းအာနှင့် ယှဉ်နိုင်သောသူများက သေချာပေါက် ရှားပါးပေသည်။ သူမ၏အလှက စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်လွန်းသည်။

ဒေဝါလီခံရရင်တောင် ငါ သူမကို ရရမယ်။ ဒီတစ်သက်မှာ သူမလို ထိပ်တန်းအမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံဖို့က အရမ်းခက်ခဲတယ်။

ငွေရောင်သိုင်းဘုရင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် သူက ဖက်တီးမကြီးဘက်သို့ လှည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏ “ဒီအလှလေးရဲ့ရုပ်ရည်အစစ်အမှန်ကို ငါတို့တွေ မြင်ဖူးပြီးပြီ၊ ဒါကြောင့် အခု ငါတို့တွေ လေလံတင်နိုင်ပြီမလား”

ဆဠမခြောက်အထပ်တွင် စင်္ကြံလမ်းတွင် ရပ်နေရင်း ထန်ရှုက အောက်ဘက်ခန်းမရှိ ထိုကောင်၏အမူအရာကို လေ့လာနေသည်။ သူက စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်ပြီး သူ့ခေါင်းကို လှည့်ကာ ပြောလိုက်၏ “အဲကောင်မှာ ပိုက်ဆံအလုံအလောက်မရှိရင် သူ့ကို ချေးပေးဖို့ ပြင်ဆင်ပါ။ သူ့ရဲ့အမူအရာအရ သူ့ရဲ့ငွေတွေအားလုံးကို လောင်ကျွမ်းပစ်ဖို့ များတယ်”

စေဘယ်မိစ္ဆာကင်းမြီးကောက်၏မျက်လုံးများက အထင်သေးမှုနှင့်အတူ လက်သွားလျက် ပြောလိုက်၏ “သူ့မှာ ဘာစရိုက်ကောင်းမှ မရှိဘူး၊ ဒီလိုမျိုး အလှလေးတစ်ယောက်ရဲ့ဖြားယောင်းမှုကိုတောင် မခံနိုင်ဘူး”

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်၏ “ဒီတစ်ခါတော့ ငါ မင်းကို လေးစားမိတယ်၊ စေဘယ်မိစ္ဆာကင်းမြီးကောက်။ ဒီလိုအချိန်တိုအတွင်းမှာ ဒီလိုမှင်တက်စရာကောင်းတဲ့အလှလေးတစ်ယောက်ကို ရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”

စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြုံးကာ မေးလိုက်၏ “သူမကို သဘောကျတယ်ဆိုရင် အရှင်က ခေါ်သွားလို့ရပါတယ်။ သူမရဲ့အဆင့်အတန်းက အတော်လေးရှုပ်ထွေးနိုင်ပေမမယ့် ငါ ပါဝင်မယ်ဆိုရင် ပြဿနာမရှိဘူး”

ထန်ရှုက ကမန်းကတန်း လက်ဝှေ့ယမ်းလိုက်သည် “မလိုဘူး၊ မလိုဘူး၊ မလိုဘူး။ မင်းက ငါ့ကို နှိပ်စက်ချင်နေတာပဲ။ အိမ်က ဟာတွေနဲ့တင်…အဟွတ်…အဟွတ်.. အခုထိ ငါ ခေါင်းကိုက်နေရတုန်းပဲ”

စေဘယ်မိစ္ဆာကင်းမြီးကောက်၏အပြုံးက ပိုပြင်းထန်သွားလျက် သူမက ထပ်ပြော၏ “စွမ်းအားရှင်တစ်ယောက်မှာ ဇနီးသုံးယောက်နဲ့အိမ်ရှင်မအချို့ရှိတာ ပုံမှန်ပါပဲ၊ အရှင်။ မရေမတွက်နိုင်တဲ့အလှလေးတွေရှိတာကတောင် ပုံမှန်ပါပဲ။ ပြီးတော့ ငါ မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးပါရမီရှင်ပဲ။ ဘယ်လောက်ပဲဖြားယောင်းသွေးဆောင်နိုင်တဲ့အမျိုးသမီးပဲဖြစ်ဖြစ်၊ သူတို့အားလုံးက အရှင်နောက်လိုက်ဖို့ ထိုက်တန်ပါတယ်”

“ဒီကိစ္စကို ထားလိုက်ရအောင်”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ငါ့ရဲ့ရည်မှန်းချက်က ပိုသန်မာလာဖို့ပဲ။ အမျိုးသမီးတွေရဲ့ကိစ္စမှာ ငါ ဝင်မစွက်ဖက်ချင်ဘူး။ ကောင်းပြီလေ၊ ဒီတစ်ကြိမ် သူ့ကို ငါက ထောင်ချောက်ဆင်ရမှာဖြစ်တဲ့အတွက် လူအချို့ကို စီစဉ်ပေးပါ။ သူ့ကို အရာအားလုံးဆုံးရှုံးအောင် လုပ်ရုံသာမက သူ့ရဲ့ဂုဏ်သတင်းကို ချောက်ထဲထိ ကျဆင်းသွားစေရမယ်။ ဒီကောင်က နောင်တတွေ၊ ဒေါသတွေ တပွေ့တပိုက်နဲ့ သေစေရမယ်”

“နားလည်ပါပြီ”စေဘယ်မိစ္ဆာကင်းမြီးကောက်က အပြုံးကို ဖျောက်ပြီးနောက် စင်္ကြ့လမ်းထဲ၌ တိတ်တဆိတ် ပျောက်ကွယ်သွား၏။

ဧည့်ခန်းမထဲတွင်။

ဖက်တီးမကြီးက ငွေရောင်သိုင်းဘုရင်၏အမူအရာကို ကြည့်ကာ စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။ ဤအကောင်အား ထောင်ချောက်ဆင်ရန်အတွက် ဤလေလံပွဲအား ကျင်းပသည်ကို သူမက သိ၏။ သူက ကောင်းကောင်းမွန်မွန် ပူးပေါင်းလာသည်ကို မြင်ပြီး သူမက ပြုံးကာ ပြောလိုက်၏ “ကောင်းပြီလေ၊ ဒီမြင့်မြတ်တဲ့ဧည်သည်က မစောင့်နိုင်တော့ပုံပဲ၊ ဒါကြောင့် ဧည့်သည်က ပိုက်ဆံအမြောက်အများပြင်ဆင်ထားပြီးဆိုတာ သေချာတယ်။ ဒီလိုဆိုမှတော့ လူတိုင်းရဲ့အချိန်ကို မဖြုန်းတော့ပါဘူး၊ ကျင့်ရှန်းအာအတွက် လေလံပွဲက ကြမ်းခင်းဈေးသလင်းကျောက်အဆီအနှစ်တစ်သန်းနဲ့ စတင်ကြောင်း ကျွန်မက ကြေညာပါတယ်။ လေလံတစ်ခါပေးတိုင်း သလင်းကျောက်အဆီအနှစ်ငါးသိန်းထက် မလျော့နည်းရပါဘူး”

အွတ်…

ခန်းမတစ်ခုလုံးရှိ ဧည့်သည်ရာကျော်က ပင့်သက်ရှိုက်လိုက်မိသည်။ သူတို့အများစုက အင်မော်တယ်သလင်းကျောက်တစ်သန်းကို တတ်နိုင်သော်လည်း သလင်းကျောက်အဆီအနှစ်တစ်သန်းက ဘယ်သူ့ကိုမဆို ရူးသွားစေလိမ့်မည်။

“သလင်းကျောက်အဆီအနှစ်၁.၅သန်း…”

ဖက်တီးမကြီး၏အသံက ပျောက်ကွယ်သွားလျှင်ချင်း လူအုပ်ထဲရှိ မိန်းမလိုက်စားပုံပေါက်သည့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က လက်မြှောက်ကာ အော်ပြော၏ “ငါကပဲ ဒီလိုအလှလေးနဲ့ ထိုက်တန်တာ။ သလင်းကျောက်အဆီအနှစ်၁.၅သန်း၊ ဒီပြိုင်ဘက်ကင်းအလှလေးက ငါ့အတွက်ပဲ…”

“ထွီး…သလင်းကျောက်အဆီအနှစ်နှစ်သန်း၊ ငါက ဘာမှ မရှိဘူး၊ ပိုက်ဆံကလွဲပြီးပေါ့လေ”အခြားလူငယ်တစ်ယောက်က နှာခါင်းရှုံ့ကာ ဈေးပေးလိုက်သည်။

“၂.၅သန်း…”

“၃သန်း…”

“…”

သူတို့နှစ်ယောက်လုံးက ဈေးတိုးပေးလိုက်ကြပြီး ကျင့်ရှန်းအာ၏လေလံဈေးက သလင်းကျောက်အဆီအနှစ်၅.၅သန်းထိ ရောက်ရှိပြီးနောက် ရပ်တန့်သွား၏။

All Chapters