← Chapters

ဘာတစ်ခုမှ မရဘဲ နှစ်ဆဆုံးရှုံးသွားခြင်း

Vol. 99 Ch. 1370

ဘာတစ်ခုမှ မရဘဲ နှစ်ဆဆုံးရှုံးသွားခြင်း

Vol. 99 Ch. 1370

လူငယ်က တန်ဖိုးအား မမြှင့်သည်ကို မြင်ပြီး ဖက်တီးမက ပြောမည့်ဆဲဆဲတွင် ငွေရောင်သိုင်းဘုရင်က လက်မြှောက်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “သလင်းကျောက်အဆီအနှစ်ရှစ်သန်း…”

မိန်းမလိုက်စားဟန်တူသည့်သက်လတ်ပိုင်းလူက သူ့အား ရုတ်တရက် လှည့်ကြည့်ပြီးနောက် ပြောလိုက်၏ “သလင်းကျောက်အဆီအနှစ်ဆယ်သန်း…ငါ့ထက် ဈေးပိုပေးတဲ့လူရှိရင် ငါ လက်လျှော့လိုက်မယ်”

အဟွတ်…

ခန်းမထဲရှိ ဧည့်သည်ရာကျော်က ပင့်သက်ရှိုက်လိုက်ကြသည်။ မယုံကြည်နိုင်မှုက သူတို့မျက်နှာတွင် ဖုံးလွှမ်းနေ၏။ အမျိုးသမီးတစ်ယောက်အတွက်နှင့် တစ်ယောက်ယောက်က သလင်းကျောက်အဆီအနှစ်ဆယ်သန်းကို သုံးစွဲရန် ဆန္ဒရှိလိမ့်မည်ဟု သူတို့က မထင်ထားကြပေ။

ငွေရောင်သိုင်းဘုရင်က အေးစက်စွာ ပြုံးလိုက်သည်။ လျှို့ဝှက်နန်းတော်သို့ ခရီးမထွက်ခဲ့လျှင် သူက သလင်းကျောက်အဆီအနှစ်ဆယ်သန်းကို ယူထုတ်နိုင်မည်မဟုတ်ပေ။ လျှို့ဝှက်နန်းတော်ထဲတွင် သူက ရတနာအမြောက်အများရရှိခဲ့ပြီး စုစုပေါင်းတန်ဖိုးက သလင်းကျောက်အဆီအနှစ်ဆယ်သန်းကျော်သည်၊ ထို့ကြောင့် သူက ထပ်အော်လိုက်၏ “သလင်းကျောက်အဆီအနှစ်၁၀.၅သန်း။ ဒီလိုအမျိုးသမီးတစ်ယောက်က ချမ်းသာကြွယ်ဝတဲ့မဟာအရှင်တစ်ယောက်နဲ့ ထိုက်တန်တယ်”

ချက်ချင်းလျှင်ပင် အပ်ကျသံကိုပင် ကျနိုင်လောက်သည့်အထိ ခန်းမတစ်ခုလုံးက ငြိမ်သက်သွား၏။

ရုတ်တရက် သာမန်အသွင်အပြင်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က နက်ရှိုင်းသောအသံနှင့် အော်ပြော၏ “ဒါဆို သူမအတွက် သလင်းကျောက်အဆီအနှစ်သန်းနှစ်ဆယ် ငါ ပေးမယ်။ ချမ်းသာကြွယ်ဝတဲ့မဟာအရှင်တစ်ယောက်လို့ ဘယ်သူက ကိုယ့်ကိုယ် ပြောရဲသလဲဆိုတာ ကြည့်ရတာပေါ့။ မင်းနဲ့ ကြွယ်ဝမှုချင်း နှိုင်းယှဉ်ရမှာကို ငါက ကြောက်နေမယ်လို့ မင်း ထင်နေလား။ ဒီလိုအလှလေးက သူဆင်းရဲတွေပိုင်ဆိုင်သင့်တဲ့သူမျိုးမဟုတ်ဘူး”

“ချီးပဲ…”

ငွေရောင်သိုင်းဘုရင်၏ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်သွားသည်။ သူ၏သတ်ဖြတ်ခြင်းဆန္ဒအပြည့်နှင့်အကြည့်က ထိုသက်လတ်ပိုင်းလူထံ အကြိမ်ကြိမ် ရစ်ဝဲသွား၏။ သူက ပြင်းထန်စွာ အကြိမ်အနည်းငယ် အသက်ရှုရှိုက်ပြီးနောက် ကျယ်လောင်စွာ အော်ပြော၏ “သလင်းကျောက်အဆီအနှစ်သန်းသုံးဆယ်။ မင်းက ပြိုင်ချင်နေတာပေါ့။ လုပ်လိုက်စမ်းပါ၊ မင်းမှာ ရှိရင် ဈေးတိုးပေးလိုက်စမ်းပါ”

သက်လတ်ပိုင်းလူက တုံ့ဆိုင်းသွားပြီးနောက် အချိန်အနည်းငယ်ကြာ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ပြောလိုက်၏ “သုံးဆယ်-မဟုတ်ဘူး၊ သလင်းကျောက်အဆီအနှစ်သုံးဆယ့်ငါးသန်း။ တစ်ယောက်ယောက်က ငါ့ထက် ပိုပေးရင် ငါက…”

သုံးဆယ့်ငါးသန်းလား။

ဤကြောက်စရာကောင်းသောပမာဏကြောင့် ရှိနေသူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။ သလင်းကျောက်အဆီအနှစ်သန်းသုံးဆယ်က သူတို့၏မျက်လုံးများထဲတွင် ကြီးမားသောကိန်းဂဏန်းတစ်ခုပင်။

ငွေရောင်သိုင်းဘုရင်က ဒေါသပေါက်ကွဲလုနီးပါးဖြစ်သွားသည်။ အင်မော်တယ်ပြည့်တန်ဆာတစ်ယောက်အတွက် တစ်ယောက်ယောက်က ဒီလိုမတန်တဆပမာဏတစ်ခုကို ပေးရဲလိမ့်မည်ဟု သူက ဘယ်တော့မှ မထင်ထားခဲ့ပေ။ အရေးကြီးဆုံးကတော့ ဤလူက သူ့ကို အဆက်မပြတ်ရန်စနေသည်။ ထာဝရနန်းတော်တွင် သူက ခွေးတစ်ကောင်လို အဆက်ဆံခံနေရသော်လည်း ယခု ဂိုဏ်းမှ ထွက်လာပြီးနောက် အပြင်လူတစ်ယောက်က သူ့ကို လာရှုပ်နေပြန်သေးသည်။ ထိုအရာက သူ့အား ဓားဖြင့် ထိုးစိုက်ခြင်းထက် ပိုနာကျင်စရာကောင်းသည်။

“သလင်းကျောက်အဆီအနှစ်သန်းလေးဆယ်…”

နောက်ဆုံး၌ သူက အံကြိတ်လျက် ပြောလိုက်သည်။ သူ့တွင် ထိုလောက်များပြားသောသလင်းကျောက်အဆီအနှစ်များမရှိသော်လည်း အင်မော်တယ်အသုံးအဆောင်ပစ္စည်းများစွာ ရှိသေးသည်။ သူတို့အားလုံးကို ရောင်းချလိုက်လျှင် ထိုပမဏကို ကာမိပေလိမ့်မည်။

လျှပ်စီးထိမှန်သွားသည့်အလား သက်လတ်ပိုင်းလူက အချိန်အတော်ကြာသည်အထိ ဘာမှမပြောနိုင်တော့ပေ။

ငွေရောင်သိုင်းဘုရင်၏ဈေးပေးမှုကြောင့် ဖက်တီးမကြီးက စိတ်လှုပ်ရှားခဲ့သော်လည်း ထိုပမာဏက သူမနှင့် မသက်ဆိုင်သည်ကို ကောင်းကောင်းသိ၏။ သူမက သက်ပြင်းတစ်ချက်ရှိုက်ကာ ကျယ်လောင်စွာ ပြောလိုက်၏ “ဧည့်သည်တော်ရဲ့နာမည်ကို သိခွင့်ရှိမလား”

“ငွေရောင်သိုင်းဘုရင်”

သူ့နာမည်ကို ပြောပြီးသည့်အခိုက်တွင် ငွေရောင်သိုင်းဘုရင်က ရုတ်တရက် စိတ်သက်သာရာရသွားသည်။ သို့သော် ချက်ချင်းလျှင်ပင် သူက နောင်တရသွားသည်။ သူ့ကိုယ်သူ သုံးသပ်ပြီးနောက် သလင်းကျောက်အဆီအနှစ်သန်းလေးဆယ်က ကြောက်စရာကောင်းသောနံပါတ်တစ်ခုဖြစ်သည်ကို သူက သဘောပေါက်လိုက်၏။

ဖက်တီးမကြီးက ပြုံးလိုက်သည် “ဒါဆို ဆရာငွေရောင်သိုင်းဘုရင်က အခုပဲ ပေးချေပေးပါ။ သလင်းကျောက်အဆီအနှစ်တွေပေးပြီးတာနဲ့ ကျင့်ရှန်းအာက ဆရာ့ရဲ့ပိုင်ဆိုင်မှုဖြစ်လာပါလိမ့်မယ်”

ခဏနှုတ်ဆိတ်သွားပြီးနောက် ငွေရောင်သိုင်းဘုရင်က ဖြည်းဖြည်းချင်း ပြောလိုက်သည် “လောလောဆယ်တော့ ငါ့မှာ သလင်းကျောက်အဆီအနှစ်တွေ အလုံအလောက်မရှိဘူး၊ ဒါပေမယ့် လုံလောက်တဲ့သလင်းကျောက်အဆီအနှစ်တွေအတွက် ဖလှယ်နိုင်တဲ့အင်မော်တယ်အသုံးအဆောင်ပစ္စည်းတွေအများကြီးရှိပါတယ်။ ဒီနေရာကို ရာဖြတ်တစ်ယောက်ကို ခေါ်ပေးပါ။ သူတို့ရဲ့ဈေးနှုန်းကို အကဲဖြတ်ဖို့အတွက် သူ့ကို လိုအပ်တယ်”

ဖက်တီးမကြီး၏အမူအရာက ရုတ်တရက် အေးစက်သွားသည်။ သူမက အမူအရာအနည်းငယ်ပြလိုက်၏၊ ထို့နောက် အားကောင်းသောအရှိန်အဝါဆယ်ခုက ပတ်ဝန်းကျင်၌ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထို့နောက် သူမက နှာခေါင်းရှုံ့လိုက်သည် “ဒီနေရာဘာလဲဆိုတာ သိလား။ ဒီလိုနေရာမှာ ရာပြတ်တစ်ယောက်က အလုပ်လုပ်မယ်လို့ ထင်တာလား။ ဧည့်သည်တော်၊ ရှင်က ကျွန်မတို့ကို မကစားခဲ့သင့်ဘူး။ ရှင်က မပေးနိုင်ဘူးဆိုရင် တိုက်ရိုက်ပြောပါ။ ပြီးတော့ ကျွန်မတို့ကို ကစားခဲ့တဲ့သူတွေက ဘယ်တော့မှ အဆုံးသတ်မကောင်းခဲ့ဘူး။ ကျွန်မတို့ရဲ့နောက်ခံတွေနဲ့ ပတ်သက်ပြီး ရှင် ကြားဖူးမှာပါ”

ငွေရောင်သိုင်းဘုရင်က ဒေါသထွက်သွားသည်၊ သို့သော် လူအများ၏အကြည့်အောက်တွင် သူက ခေါင်းကုတ်လျက် ပြန်ဖြေ၏ “အင်မော်တယ်အသုံးအဆောင်ပစ္စည်းတွေက အပေါင်ထားလို့ရပါတယ်။ လူတိုင်းက ဒါကို သိမှာပါ။ ဒီပစ္စည်းတွေကို အပေါင်ထားနိုင်မယ်ဆိုရင် ငါက သေချာပေါက် ပေးနိုင်ပါတယ်”

“တောင်းပန်ပါတယ်၊ မရပါဘူး”ဖက်တီးမကြီးက ခေါင်းခါယမ်းလိုက်သည်။

ဤအချိန်တွင် ယခင်က လေလံဝင်ဆွဲခဲ့သောလူငယ်က ဆိုလိုက်သည် “ဟေး၊ မင်းရဲ့အသုံးအဆောင်ပစ္စည်းတွေကို ငါ ဝယ်နိုင်တယ်၊ ဆိုင်တွေထက် ပိုနိမ့်တဲ့ပမာဏတစ်ခုနဲ့ပဲ ငါ ဝယ်နိုင်လိမ့်မယ်”

လူငယ်၏ကမ်းလှမ်းမှုကို ကြားပြီးနောက် ငွေရောင်သိုင်းဘုရင်က ချက်ချင်း ဝမ်းသာသွားသည်။ သူက သိုလှောင်လက်စွပ်တစ်ကွင်းကို လျင်မြန်စွာ ယူထုတ်ကာ လူငယ်ထံ ပစ်ပေးလိုက်၏ “ပစ္စည်းတွေကို မင်းပဲ အကဲဖြတ်ပြီး ဈေးပြောပါ”

လူငယ်က လက်စွပ်ကို ယူကာ စိတ်ဝိညာဉ်အာရုံကို အသုံးပြုလျက် စစ်ဆေးလိုက်သည်။ ပစ္စည်းများကို အချိန်အတန်ကြာ အကဲဖြတ်ပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “သလင်းကျောက်အဆီအနှစ်ဆယ့်ခြောက်သန်း။ မင်း လက်ခံရင် အရောင်းအဝယ်ဖြစ်မယ်။ မင်း လက်မခံရင် ငါ ထွက်သွားမယ်”

“ငါ အကျပ်အတည်းဖြစ်နေချိန်မှာ ငါ့ကို လုယက်ဖို့ မင်းက အခွင့်ကောင်းယူနေတာလား”ငွေရောင်သိုင်းဘုရင်က ဒေါသတကြီး ပြော၏ “ပစ္စည်းတွေကို ငါ ကိုယ်တိုင် တွက်ချက်ပြီးပြီ။ သူတို့အားလုံးက အနည်းဆုံး၂၄သန်းထိုက်တန်တယ်၊ ဒါပေမယ့် မင်းက ငါ့ကို ၁၆သန်းနဲ့ ကမ်းလှမ်းခဲ့တာလား။ ဒါက မများလွန်းဘူးလား”

“မင်း သိလား၊ မင်းက မင်းပစ္စည်းတွေရဲ့စုစုပေါင်းတန်ဖိုးကို ပိုခန့်မှန်းနေတာပဲ၊ သူငယ်ချင်းလေး”လူငယ်က နှာခေါင်းရှုံ့၏ “ဆယ့်ခြောက်သန်း၊ ယူချင်ယူ၊ မယူချင် မယူနဲ့။ အစကတည်းက ငါက မင်းကို စိတ်ကောင်းကောင်းနဲ့ ကူညီပေးနေတာ၊ ဒါပေမယ့် မင်းက ဒါကို တန်ဖိုးမထားဘဲ ငါ့ကို ပြန်စော်ကားနေတာပဲ”

ကြိမ်းမောင်းခံလိုက်ရသဖြင့် ငွေရောင်သိုင်းဘုရင်၏မျက်နှာက ဖြူပြာသွားသည်။ နောက်ဆုံးတွင် သူက အံကြိတ်ကာ ပြောလိုက်၏ “အဆင်ပြေပါတယ်၊ ဆယ့်ခြောက်သန်းပေါ့လေ။ ကျုပ်မှာ အသုံးအဆောင်ပစ္စည်းနှစ်ခုရှိသေးတယ်- တစ်ခုက ခံစစ်နဲ့ တစ်ခုက တိုက်စစ်။ သူတို့ရဲ့စုစုပေါင်းတန်ဖိုးက ဆယ်သန်းကျော်မယ်”

လူငယ်က ပစ္စည်းနှစ်ခုကို လက်ခံပြီးနောက် ဂရုတစိုက်အကဲဖြတ်လိုက်သည်။ ထို့နောက် သူက အမူအရာကင်းမဲ့စွာ ပြော၏ “သလင်းကျောက်အဆီအနှစ်ရှစ်သန်း၊ ငါ သူတို့ကို ယူမယ်။ မင်းက မလိုချင်ရင် ငါတို့ရဲ့အရင်အပေးအယူကို မေ့ထားလိုက်တော့”

ငွေရောင်သိုင်းဘုရင်က ဒေါပွသွားသည်။ သို့သော် လူငယ်က သူ့ပစ္စည်းများအား မဝယ်ယူမည်ကို ကြောက်ရွံ့သည့်အတွက် နောက်ဆုံးတွင် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။ မင်းက ငါ့ပစ္စည်းတွေကို ဝယ်ယူဖို့ ဆန္ဒရှိတာဆိုတော့၊ ဒါကြောင့် အရောင်းအဝယ်ပိတ်လိုက်ကြရအောင်။ စုစုပေါင်းသလင်းကျောက်အဆီအနှစ်၂၄သန်းပေါ့”

လူငယ်က ခေါင်းညိတ်ကာ သိုလှောင်လက်စွပ်တစ်ကွင်းကို ယူထုတ်ပြီး ပစ်ပေးလိုက်သည် “အထဲမျာ သလင်းကျောက်အဆီအနှစ်နှစ်ဆယ့်လေးသန်းရှိတယ်။ အခုကစပြီး မင်းရဲ့အင်မော်တယ်ရတနာတွေက ငါ့ဟာပဲ”

“ပြဿနာမရှိပါဘူး”ငွေရောင်သိုင်းဘုရင်က ခါးသီးစွာ ပြန်ဖြေသည်။

ထို့နောက် လျင်မြန်စွာနှင့် သူက ဖက်တီးမကြီးထံ သလင်းကျောက်အဆီအနှစ်သန်းလေးဆယ်ပေးလိုက်သည်။ ဖက်တီးမကြီးက ကျင့်ရှန်းအာကို သူ့ထံ ခေါ်လာသောကြောင့် သူမက ပြိုင်ဘက်ကင်းအလှပိုင်ရှင်ဖြစ်သော်ငြား သူက သူမကို ပါးရိုက်ချင်နေမိသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်ဓားကလွဲပြီး သူက အရာအားလုံးရောင်းချခဲ့သည်ကို မှတ်ထားရမည်။ ကျင့်ရှန်းအာထံ သန်းလေးဆယ်ပေးပြီးနောက် သူ့တွင် သလင်းကျော်ကအဆီအနှစ်၃.၇သန်းသာ ကျန်တော့သည်။

“ငါ့နောက်လိုက်လာပါ”လူတိုင်း၏အကြည့်များအောက်တွင် ငွေရောင်သိုင်းဘုရင်က ကျန့်ရှင်းအာကို ခေါ်ဆောင်သွား၏။

ထို့နောက် လျင်မြန်စွာနှင့် စေဘယ်မိစ္ဆာကင်းမြီးကောက်က ဖက်တီးမကြီးနှင့်လူငယ်တို့ကို လျှို့ဝှက်ခန်းတစ်ခုထဲ၌ တွေ့ဆုံကာ သလင်းကျောက်အဆီအနှစ်များနှင့်အသုံးအဆောင်ပစ္စည်းများကို လက်ခံခဲ့သည်။ သူတို့အားလုံးကို စုဆောင်းပြီးနောက် သူမက သလင်းကျောက်အဆီအနှစ်ရှစ်သိန်းပစ်ပေးလိုက်ပြီး အပိုတစ်သောင်းပင် ပေးလိုက်၏။ ထို့နောက် သူမက လျင်မြန်စွာ ထွက်လာသည်။

ထန်ရှုက ငွေရောင်သိုင်းဘုရင်နှင့်ကျန့်ရှင်းအာတို့နောက်သို့ တိတ်တဆိတ် လိုက်သွားသည်။ လက်ရှိတွင် ဤကောင်၏အရှိန်အဝါက အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး သူ့စိတ်က သေချာပေါက် မတည်ငြိမ်ပေ၊ ထို့ကြောင့် သူ့အား ရှာတွေ့လိမ့်မည်မဟုတ်ဟု ထန်ရှုက ယုံကြည်သည်။

နှင်းမျောမြို့၏လူနေရပ်ကွက်တစ်ခုတွင်။

ကျန့်ရှင်းအာက ငွေရောင်သိုင်းဘုရင်နောက်မှ လမ်းကြားတစ်ခုဆီသို့ လိုက်လာသည်၊ ရုတ်တရက် သူမ၏အဟုန်က ရပ်သွားပြီး သနားစရာကောင်းသောအမူအရာတစ်ခုက သူမ၏မှင်တက်စရာကောင်းသောမျက်နှာပေါ်တွင် ထွက်ပေါ်နေလေ၏။

“ဘာဖြစ်တာလဲ”

လက်ရှိတွင် ငွေရောင်သိုင်းဘုရင်က ရူးချင်သလိုဖြစ်နေသည်။ ကျန့်ရှင်းအာက လမ်းလျှောက်တာ ရပ်လိုက်သည်ကို သတိထားမိပြီးနောက် သူက ချက်ချင်း ပြန်လှည့်ကာ မေးလိုက်၏။

ကျန့်ရှင်းအာက ခဏတုံ့ဆိုင်းပြီးနောက် သူမ၏မျက်နှာက ရှက်သွေားဖြာသွားလျက် ပြော၏ “ငါ…ငါ သန့်စင်ခန်းသွားချင်တယ်၊ သခင်”

သန့်စင်ခန်းသွားမှာလား။

ငွေရောင်သိုင်းဘုရင်က ခဏမှင်တက်သွားပြီး ကျန့်ရှင်းအာ၏ရှက်သွေးဖြာသောမျက်နှာကို လေ့လာလိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ခဏလောက် အောင့်ထားပါ၊ မကြာခင် ငါ့အိမ်ကို ရောက်တော့မှာပါ”

ကျန့်ရှင်းအာက တစ်လက်မပင် မရွေ့ဘဲ အော်ကာ တောင်းပန်လိုက်သည် “ကျေးဇူးပြုပြီး သခင်…ငါ ထပ်မထိန်းထားနိုင်တော့ဘူး”

“အာ…တော်တော်ပြဿနာများတာပဲ”

ငွေရောင်သိုင်းဘုရင်က ညည်းညူလျက် လက်ဝှေ့ယမ်းလိုက်၏ “ထောင့်နားလေးမှာ သန့်စင်ခန်းတစ်ခုရှိတယ်။ အဲကို သွားကြရအောင်”

“ကောင်းပါပြီ…”

ကျန့်ရှင်းအာက စိတ်သက်သာရာရသွားသည်။ သန့်စင်ခန်းအပြင်ဘက်သို့ ရောက်ရှိပြီးနောက် သူမက အထဲသို့ ပြေးဝင်သွား၏။ ငွေရောင်သိုင်းဘုရင်က လိုက်မသွားဘဲ နံရံတွင် မှီလျက် ဘယ်နေရာ၌ ပိုက်ဆံရှာရမည်ကို တိတ်တဆိတ်စဉ်းစားနေသည်။

ထိုနေရာမှ မီတာထောင်အနည်းငယ်တွင် ကျန့်ရှင်းအာ၏ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာ၏။ ထန်ရှုက ထွက်ပေါ်လာသည်ကို မြင်သောအခါ သူမက လျှောက်သွားပြီး ရိုသေလေးစားစွာ မေးလိုက်၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်လား”

“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

“ငါ့ရဲ့မစ်ရှင်ကို ပြီးမြောက်သွားပါပြီ။ ငါက သန့်စင်ခန်းမှာ ရှိနေသေးတယ်လို့ အဲအကောင်က ထင်နေတယ်”ကျန့်ရှင်းအာက ပြုံးလျက် ပြော၏။

“မင်းသရုပ်ဆောင်တာ အရမ်းကောင်းတယ်”ထန်ရှုက ကျေနပ်စွာ ပြုံးလိုက်၏ “ဒီအဆင့်၇အသုံးအဆောင်ပစ္စည်းကို မင်းရဲ့ဆုလာဒ်အနေနဲ့ ယူလိုက်ပါ။ ကောင်းပြီလေ၊ မင်း အခု ထွက်သွားလို့ရပြီ၊ ဒါပေမယ့် အခြားတစ်နေရာကို သွားဖို့ မင်းကို အကြံပေးချင်တယ်။ နှင်းမျောမြို့က အကြာကြီး နေဖို့ ကောင်းတဲ့နေရာတစ်ခုမဟုတ်တဘူး”

ကျန့်ရှင်းအာက အဆင့်၇အသုံးအဆောင်ပစ္စည်းကို လက်ခံကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်၏။ ထို့နောက် သူမက ပြုံး၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ဒီအင်မော်တယ်ပိုင်နက်ကနေ ငါ့ကို ခေါ်သွားမယ်လို့ အဖွားက ပြောခဲ့တယ်။ ပြီးတော့ ငါက ကောင်းကောင်းလုပ်ဆောင်ခဲ့ရင် သူမက ငါ့ကို သူမရဲ့တပည့်အဖြစ် လက်ခံလိမ့်မယ်၊ ဒါကြောင့် အနာဂတ်မှာ ရှင်သွားတဲ့နေရာတိုင်းကို ကျွန်မ လိုက်သွားရမှာပါ”

“လာပြန်ပြီးလား”စေဘယ်မိစ္ဆာကင်းမြီးကောက်က ကျန့်ရှင်းအာထံ ထိုသို့ကတိတစ်ခုပေးခဲ့လိမ့်မည်ဟု ထန်ရှုက မမျှော်လင့်ထားပေ။

ဝှစ်…

စေဘယ်မိစ္ဆာကင်းမြီးကောက်က အဝေးမှ ရွေ့လျားလာပြီး ထန်ရှုနှင့်ကျန့်ရှင်းအာတို့အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် သူမက ထန်ရှုကို ကြည့်ကာ ရိုသေလေးစားစွာ ပြောလိုက်၏ “အရှင်၊ ကျန့်ရှင်းအာက ငါ့မိတ်ဆွေဟောင်းရဲ့သမီးတစ်ယောက်ပဲ။ သူမကို ငါ့ရဲ့တပည့်အဖြစ် လက်ခံခွင့်ပြုပေးဖို့ မျှော်လင့်တယ်”

All Chapters