အရှက်ခွဲခြင်း
Vol. 99 Ch. 1372
ရွှေရောင်ခြည်တန်းလူအိုကြီးက စားပွဲရှည်ကို ရိုက်ကာ ပြုံးရယ်လိုက်၏ “အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ၊ မင်းက နှင်းမျောမြို့ရဲ့အသန်မာဆုံးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ပဲ၊ ဒါပေမယ့် ဒီလူက မင်းကို ကြောက်ပုံမရဘူး။ အဲဒီကောင်လေးတွေက မင်းရဲ့ငှက်တောင်မွေးစံအိမ်ရဲ့အစောင့်တွေမလား။ ဟီးဟီး…သူတို့က သနားစရာကောင်းလှနေပါလား”
အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး သူက ထိုပြဿနာကောင်အား သေသည့်အထိ ရိုက်နှက်ရန် ဆုတောင်းနေလေသည်။ သူ၏အသုံးမကျသောနောက်လိုက်များအား သတ်ချင်သည့်အထိပင်။ ယခုက နှစ်ပေါင်းခုနှစ်ရာကျော်မှ သူ့မိတ်ဆွေဟောင်းများ လာရောက်လည်ပတ်နေသောအချိန်အခါသာမယဖြစ်သည်။ မမျှော်လင့်စွာနှင့် သူတို့က ဒီလိုရှက်စရာကောင်းသောအရာမျိုးနှင့် ကြုံတွေ့ရ၏။
သူက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြော၏ “မိတ်ဆွေဟောင်းတို့၊ ဒီလိုပြဇာတ်တစ်ခုကို မင်းတို့ကို မြင်တွေ့စေမိတဲ့အတွက် ငါ ရှက်မိပါတယ်။ အဲဒီအကောင်ကို ငါ သွားသတ်လိုက်အုံးမယ်၊ ပြီးမှ ဆက်သောက်ကြတာပေါ့”
ရွှေရောင်ခြည်တန်းလူအိုကြီးက လျင်မြန်စွာ လက်မြှောက်လျက် ပြော၏ “အလျင်မလိုပါနဲ့၊ အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ။ ဒီအကောင်က ဘယ်သူဆိုတာ မင်း မသိဘူးလား”
အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက ခဏအေးခဲသွားသည်။ ထို့နောက် သူက နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လျက် စက်ဆုပ်ရွံရှာသောအကြည့်တစ်ခုက သူ့မျက်နှာပေါ်၌ ထွက်ပေါ်လာ၏။ သူက ရှုံ့မဲ့ပြုံးလျက် ပြော၏ “အမ်၊ မြင့်မြတ်ငှက်ဂိုဏ်းရဲ့သစ္စာဖောက်တစ်ယောက်ပဲ။ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်က အားကောင်းတဲ့လူတစ်ယောက်ပဲ။ ငါတို့ငါးယောက်က သူနဲ့ တစ်ခါတွေ့ခဲ့ပြီး သူ့ရဲ့လမ်းညွှန်မှုကို ရရှိခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့တပည့်တွေထဲကတစ်ယောက်က ဒီလိုငကြောက်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီခွေးကောင်က ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ရဲ့ဂုဏ်သတင်းကို ထိခိုက်ပျက်စီးစေတာပဲ”
ရွှေရောင်ခြည်တန်းလူအိုကြီးက ခေါင်းခါယမ်းလိုက်သည် “သူက သေသင့်တယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် လက်ရှိမှာ သူက ထာဝရနန်းတော်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီ။ ထာဝရနန်းတော်ရဲ့လက်ထဲမှာ ငါတို့က အဆုံးသတ်သွားရမှာကို မမေ့ကြနဲ့။ ဒီကောင်ကို သတ်လိုက်မယ်ဆိုလျှင် အဲဒီဂိုဏ်းရဲ့လူတွေက ငါတို့ကို သွားခွင့်ပြုလိမ့်မှာ မဟုတ်ဘူး”
“သူက ငါ့နေရာကို ပြဿနာလာရှာနေတယ်၊ သူက ထာဝရနန်းတော်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တာနဲ့ အခုလို ရမ်းကားခွင့် ပြုနေရမှာလား”အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက ပြန်ပြော၏။
ရွှေရောင်ခြည်တန်းလူအိုကြီးက လက်မြှောက်လျက် မေးစေ့ပွတ်သပ်လိုက်သည်။ ထို့နောက် သူက ပြုံးရယ်လိုက်၏ “ဟီးဟီးဟီး၊ လက်ရှိအချိန်မှာ ဒီအကောင်ကို သတ်ဖြတ်တာက လွယ်လွန်းတယ်၊ သူ့အတွက် ဈေးပေါလွန်းတယ်။ ငါတို့အားလုံးက မိတ်ဆွေဟောင်းတွေပဲ၊ ဒီတော့ ဒီကောင်ကို အရှက်ခွဲဖို့ ငါ အကြုံပြုတယ်၊ ဒါဆိုရင် ထာဝရနန်းတော်လဲ အရှက်ကွဲသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီကောင်က မင်းရဲ့နေရာကို ပြဿနာလာရှာတာပဲလေ၊ ဒီလိုပဲ လုပ်ကြရအောင်”
အခြားတစ်ယောက်ဖြစ်သည့် ကျောင်းတောင်သားတစ်ယောက်လို ဝတ်ဆင်ထားသော အုပ်ချုပ်သူမိုးမခက နှာခေါင်းရှုံ့လျက် ကြားဖြတ်ပြော၏ “လျှို့ဝှက်နန်းတော်ထဲမှာ ထာဝရနန်းတော်က ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့ဆုံးရှုံးခဲ့တဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အရေအတွက်ကပင် ဒါဇင်လောက်ရှိပြီး ရွှေအင်မော်တယ်တွေလဲ အများကြီး ဆုံးရှုံးခဲ့တယ်။ ငါတို့က မီးတောက်ထဲကို မီးတွေ ထပ်ထည့်လိုက်မယ်ဆိုလျှင် သူတို့က ပိုပြီးတော့တောင် နာမည်ဆိုးသွားလိမ့်မယ်”
အခြားနှစ်ယောက်က ဘာမှမပြောသော်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက ပြုံးလိုက်၏။ သူက စားပွဲရှည်ကို ရိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်၏ “ကောင်းပြီလေ၊ ဒီလိုပဲ လုပ်ကြတာပေါ့”
ထို့နောက် ချက်ချင်းလျှင်ပင် လူငါးယောက်က ပျောက်ကွယ်သွားပြီး စံအိမ်ခန်းမထဲ၌ ထွက်ပေါ်သွား၏။ လျှပ်တစ်ပြက်အတွင်း သူတို့က ငွေရောင်သိုင်းဘုရင်အရှေ့၌ ထွက်ပေါ်လာကြသည်။
“အဲဒီနှစ်ကောင်ကို ငါ့ဆီ လွှဲပေးဖို့ မင်းတို့ကို ပြောခဲ့ပြီးသား။ မဟုတ်ရင် မင်းတို့ငှက်တောင်မွေးစံအိမ်ရဲ့နောက်ခံက ဘယ်လောက်ပဲ ကြီးကြီး၊ မင်းတို့စံအိမ်ကို မီးလောင်တိုက်သွင်းပစ်မယ်”ငှက်တောင်မွေးစံအိမ်၏အစောင့်အချို့ကို ဒဏ်ရာရစေပြီးနောက် ငွေရောင်သိုင်းဘုရင်က ခြိမ်းခြောက်လိုက်သည်။
“အမ်၊ ငါ့ရဲ့ငှက်တောင်မွေးစံအိမ်ကို ဆရာနဲ့ဘိုးဘေးတွေကို သစ္စာဖောက်ခဲ့တဲ့ငကြောက်တစ်ယောက် သောင်းကျန်းလို့ရမယ့်နေရာတစ်ခုလို့ ထင်နေတာလား။ မင်းက ဒီနေရာကို မီးရှို့ချင်တာလား။ ဒီနေ့ မောက်မာခြင်းရဲ့တန်ဖိုးက ဘယ်လောက်တောင် သနားဖို့ကောင်းသလဲဆိုတာကို ငါ မင်းကို ပြပေးမယ်”အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက နှာခေါင်းရှုံ့လိုက်သည်။
ရွှေရောင်ချိတ်ပိတ်ကြီးတစ်ခုက သူ့လက်ဖဝါးမှ လွင့်မျောသွားပြီး ငွေရောင်သိုင်းဘုရင်ကို တိုက်ခိုက်လိုက်သည်၊ ထိုအကောင်က ရင်ဘက်ကို ထိမှန်ကာ သွေးအန်လိုက်သည်။ ထို့နောက် ထိုကောင်က ရွှေရောင်ခြည်တန်းလူအိုကြီးရှိရာအပြင်ဘက်သို့ လွင့်ထွက်သွား၏။
စိတ်ခွဲခြင်းပညာရပ်…”
ရွှေရောင်ခြည်တန်းလူအိုကြီးက ရယ်လိုက်ပြီး ရွှေချည်မျှင်တစ်ခုကို သူ့လက်ချောင်းများမှ ထုတ်လွှတ်လိုက်သည်။ ရွှေချည်မျှင်က တိုက်ခိုက်နိုင်သည့်ဝဲကတော့ချည်မျင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ငွေရောင်သိုင်းဘုရင်၏လက်မောင်းများက မွစာကြဲသွားတော့၏။ ထို့နောက် သူက မိုးမခအုပ်ချုပ်သူထံ ကန်ထုတ်လိုက်၏။
မိုးမခအုပ်ချုပ်သူက ပြုံးလိုက်သည်။ မမြင်နိုင်သောလက်ဝါးရိုက်ချက်များက ငွေရောင်သိုင်းဘုရင်၏မျက်နှာနှင့် မိတ်ဆက်သွားပြီး ထိုကောင်က အော်ဟစ်လိုက်တော့သည်။ နောက်ဆုံးရိုက်ချက်က ရင်ဘက်ကို ထိမှန်ကာ အုပ်ချုပ်သူကြည်လင်ညထံသို့ လွင့်စင်သွား၏။
“အာ…မင်းက ငါ့ဆီ ရောက်လာပြီပေါ့…”
အုပ်ချုပ်သူကြည်လင်ညက အလင်းဘောလုံးတစ်လုံးကို ထုတ်လွှတ်ကာ ငွေရောင်သိုင်းဘုရင်၏နောက်ကျောကို တိုက်ခိုက်လိုက်သည်။ တစ်ချက်သာဖြစ်သော်လည်း ထိုကောင်အား အတွင်းဒဏ်ရာရစေရန် လုံလောက်သည်။ ထို့နောက် ဒင်းခန္ဓာကိုယ်ကို စွမ်းအင်စီးကြောင်းဖြင့် ရစ်ပတ်ကာ အုပ်ချုပ်သူငရဲမီးထံ ပို့လိုက်၏။
အုပ်ချုပ်သူငရဲမီးက နှုတ်ခမ်းစုပ်လိုက်သည်။ ထို့နောက် သူက မီးလျှံဘောလုံးတစ်လုံးကို ထုတ်လွှတ်လိုက်သည်၊ လျှပ်တစ်ပြက်အတွင်း မီးလျှံဘောလုံးက ငွေရောင်သိုင်းဘုရင်ကို ရစ်ပတ်သွားပြီး သူ့အမွေးအားလုံးနှင့်ဝတ်ရုံများကို ပြာချပစ်လိုက်၏။
ဘမ်း…
ထို့နောက် ငွေရောင်သိုင်းဘုရင်၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ယခုတော့ ကမ္ဘာမြေကြီးက ကြင်နာလွန်းလှသည်ဟု ငွေရောင်သိုင်းဘုရင်က ခံစားမိလေသည်။ အနည်းဆုံးတော့ သူက ထိုငါးယောက်၏တိုက်ခိုက်ခြင်းကို ခံရန် မလိုတော့ပေ။
“မင်းတို့က ဘယ်သူတွေလဲ”
သွေးအန်ထုတ်ပြီးနောက် ငွေရောင်သိုင်းဘုရင်က သိုလှောင်လက်စွပ်မှ ဝတ်ရုံတစ်စုံကို ထုတ်ကာ သူ့ခန္ဓာကိုယ်ကို ဖုံးလိုက်သည်။ သူ၏အိပ်မက်ထဲတွင်ပင် ငှက်တောင်မွေးစံအိမ်၌ ဒီလောက်များသောစွမ်းအားရှင်များရှိလိမ့်မည်ဟု မတွေးထားခဲ့ပေ။ လက်ရှိသူ့ခွန်အားအရ စဉီးအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခြင်းက မြင့်မားသောအမိန့်တစ်ခုဖြစ်သည်။ ထို့ပြင် သူက ထိုငါးယောက်အား ပြန်တောင် မတိုက်ခိုက်နိုင်ပေ၊ သူတို့က အနည်းဆုံးနှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြသည်ဟု ဆိုလို၏။
“ငါတို့က ဘယ်သူတွေတဲ့လား”အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက နှာခေါင်းရှုံ့လိုက်၏ “ငါတို့က ငှက်တောင်မွေးစံအိမ်ရဲ့လူတွေပဲပေါ့။ မင်းက မြင့်မြတ်ငှက်ဂိုဏ်းရဲ့သစ္စာဖောက်၊ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ရဲ့မျက်နှာကို အိုးမဲသုတ်ခဲ့တဲ့ကောင်ပဲ။ ရွံ့စရာ…မင်းကို သတ်တာက မင်းကို လွယ်ကူအောင် လုပ်ပေးလိုက်သလိုပဲ”
ငွေရောင်သိုင်းဘုရင်က ဒေါသတကြီး ပြော၏ “မင်းတို့က…ဆရာသခင်အတွက်…ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်အတွက် ငါ့ကို ထောင်ချောက်ဆင်ခဲ့ကြတလား”
ထူးဆန်းသောအကြည့်တစ်ခုက အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ၏မျက်လုံးများထဲ၌ လက်သွားသည်။ ထို့နောက် သူက ဒဏ်ရာရနေသောသူ့နောက်လိုက်များဘက်သို့ လှည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ဒီနေရာမှာ ဘာဖြစ်နေတာလဲ”
ဒဏ်ရာရထားသည့်တောင့်တင်းသန်မာသောလူက ပါးစပ်မှ သွေးများကို သုတ်ကာ ရိုသေလေးစားစွာ ပြန်ဖြေ၏ “လူတစ်ချို့က ငါတို့ဆီ ရောက်လာပြီး အင်မော်တယ်ပြည့်တန်ဆာတစ်ယောက်ကို လေလံတင်ပေးဖို့အတွက် သလင်းကျောက်အဆီအနှစ်ငါးသိန်းပေးပြီး ငါတို့ရဲ့နေရာကို ငှားခဲ့တယ်။ မန်နေဂျာက သဘောတူခဲ့တယ်၊ အင်မော်တယ်ပြည့်တန်ဆာတစ်ယောက်ကို လေလံတင်တယ်ဆိုတာက စဉ်းစားကြည့်ရင် ငါတို့ရဲ့စံအိမ်အတွက် စိတ်လှုပ်ရှားမှုတစ်ခုကို ဖြည့်စွက်ပေးလိုက်သလိုပဲလေ။ နောက်တော့ တစ်ဖက်လူက အဲဒီပြည့်တန်ဆာကို ငါတို့ရဲ့ခန်းမမှာ လေလံတင်ခဲ့ပြီး အဆုံးမှာ ငွေရောင်သိုင်းဘုရင်က မြင့်မားတဲ့ဈေးနှုန်းနဲ့ အနိုင်ရခဲ့တယ်။ ပြီးနောက် သူက အဲဒီပြည့်တန်ဆာကို ခေါ်သွားခဲ့တယ်၊ ဒီတော့ ပြပွဲက အဆုံးသတ်သွားပြီပေါ့လေ။ နေ့တစ်ဝက်ကြာပြီးနောက် သူက ဒီကို ပြန်ရောက်လာပြီး ငါတို့ကို သတ်ဖို့ ခြိမ်းခြောက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ငါတို့ရဲ့ငှက်တောင်မွေးစံအိမ်က သူ့ကို ထောင်ချောက်ဆင်ခဲ့တဲ့လူတွေနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းပဲလို့ စွပ်စွဲခဲ့တယ်”
ခြေဉီးတည့်ရာသတ်ဖြတ်သူက မျက်ခုံးပင့်တင်လျက် နက်ရှိုင်းသောအသံနှင့် မေး၏ “ဒီလူတွေက ဘယ်သူတွေလဲဆိုတာ မင်းတို့ သိလား”
“မသိပါဘူး”တောင့်တင်းသန်မာသောလူက ခေါင်းခါပြလိုက်သည်။
ခြေဉီးတည့်ရာသတ်ဖြတ်သူ၏အမူအရာက အေးစက်သွားပြီး ပြောမည်ပြင်လိုက်သည်။ သို့သော် ရွှေရောင်ခြည်တန်းလူအိုကြီးက ပထမဆုံးရယ်လျက် သက်ပြင်းချလိုက်၏ “ဘယ်သူက မင်းကို အကွက်ချရဲမှာလဲ၊ အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ။ ဒါပေမယ့် ဒီကောင်စုတ်က တကယ်ကို ကံမကောင်းတာပဲ။ ဟားဟားဟား…တစ်ချိန်က သူက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ရဲ့တပည့်တစ်ယောက်ဖြစ်ခဲ့တာကို ပြန်တွေးကြည့်ရင်။ သူက ထူးခြားထက်မြက်တဲ့ကောင်တစ်ယောက်လို့ ငါ ထင်ထားပေမယ့် ဒင်းက သတ္တိမရှိတဲ့အရူးသာသာဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
ခြေဉီးတည့်ရာသတ်ဖြတ်သူက ခေါင်းခါယမ်းလျက် သက်ပြင်းချလိုက်သည် “ဒီလူတွေရဲ့အကြံအစည်က တကယ်ကို ကောင်းတယ်။ လေလံပွဲမှာ ဝင်ဆွဲတယ်ဆိုတာက ကိုယ့်ဆန္ဒနဲ့ ကိုယ်ပဲလေ။ ဒါကို ငါတို့ရဲ့စံအိမ်ကို ပြဿနာလာရှာတာက ငါ့ရဲ့နောက်ဆုံးစည်းကို ကျော်ခဲ့တာပဲ။ ထာဝရနန်းတော်ရဲ့လူတွေကို သွားအသိပေးလိုက်ပါ။ သူတို့က ဒီကောင်အတွက် တာဝန်ယူမလားဆိုတာ မေးလိုက်ပါ။ သူတို့က မယူချင်ရင် ငါတို့က သူ့ကို သတ်ပစ်လိုက်မယ်”
“နားလည်ပါပြီ…”တောင့်တင်းသန်မာသောလူက လက်သီးဆုပ်လျက် အစီအရင်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။
နှင်းမျောမြို့ရှိ ထာဝရနန်းတော်ခြံဝင်းထဲတွင်။
မီတာတစ်ရာကျော်မြင့်သည့်စံအိမ်၏ပြတင်းပေါက်နားတွင် အုပ်ချုပ်သူကမ်ဘရီယန်က လက်နောက်ပစ်လျက် ရပ်နေသည်။ သတ်ဖြတ်ခြင်းဆန္ဒက သူ့ထံမှ လိမ့်တက်လာသည်။ ဤတစ်ကြိမ် ထာဝရနန်းတော်၏ဆုံးရှုံးမှုက ကြီးမားလွန်းပြီး ဂိုဏ်းတစ်ခုလုံး၏စွမ်းအားတစ်ဝက်နီးပါး ပျောက်ကွယ်သွားသလိုပင်။ ဂိုဏ်းတွင်သာ အန္တိမအရှင်နှစ်ယောက်မရှိလျှင် ဂိုဏ်း၏အလုံးစုံစွမ်းအားက ဒုတိယအဆင့်ဂိုဏ်းနှင့်ပင် မယှဉ်နိုင်လောက်ပေ။
“အခု ငါတို့ဘာလုပ်ကြမလဲ၊ ဆရာဉီးလေး”သူ့နောက်ရှိ အမျိုးသမီးတစ်ယောက်က မေးလိုက်သည်။
အုပ်ချုပ်သူကမ်ဘရီယန်က ရေရွတ်လိုက်သည် “အခြားနေရာတွေမှာ ဒီဆုံးရှုံးမှုတွေကို ပြန်ဖြည့်ရမယ်။ လျှို့ဝှက်နန်းတော်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာတဲ့ ငါတို့ဂိုဏ်းသားတွေရရှိခဲ့တဲ့ရတနာတွေနဲ့အခြားအရင်းအမြစ်တွေရဲ့အရေအတွက်က နည်းတယ်လို့ ပြောလို့မရဘူး။ ဒါကြောင့် တာအိုသခင်ချင်ဖုန်းနဲ့ဘုရင်မိုတို့ကို မြင်တာနဲ့ သတ်ပစ်ဖို့ အခြားအင်မော်တယ်ပိုင်နက်တွေမှာရှိတဲ့ငါတို့ဂိုဏ်းသားတွေဆီ စာပို့ရလိမ့်မယ်”
“နားလည်ပါပြီ၊ ငါ ချက်ချင်း စာပို့လိုက်ပါ့မယ်”အမျိုးသမီးက ပြန်ဖြေသည်။
ထို့နောက် အုပ်ချုပ်သူကမ်ဘရီယန်က အချိန်အတော်ကြာ နှုတ်ဆိတ်သွားသည်။ အမျိုးသမီးက စာပို့ပြီးနောက်မှ သူက ပြောလာ၏ “ဟူး၊ လက်ရှိအချိန်မှာ ဂိုဏ်းရဲ့တပည့်တွေက အလွန်စိတ်ပျက်နေတယ်။ အဖွဲ့များစွာက ငါတို့ဂိုဏ်းအပေါ် အရမ်းရန်လိုနေတယ်။ ငါတို့က နိမ့်ကျတဲ့အချိန်မှာ သူတို့က ငါတို့ကို ရိုက်ချဖို့ စောင့်နေတာပဲ။ ဒီအချိန်မှာ ကျန်တဲ့လူတွေကို အသိပေးဖို့ အချို့ကို သတ်ပစ်ဖို့ လိုတယ်”
ဝှီ…
စာပို့တိုကင်တစ်ခုက အဝေးမှ ရုတ်တရက် ရောက်လာပြီး အုပ်ချုပ်သူကမ်ဘရီယန်က ချက်ချင်း ဖမ်းယူလိုက်သည်။ စာဖတ်ပြီးနောက် သူ့အမူအရာက ပြောင်းလဲသွားပြီး သူ့သတ်ဖြတ်ခြင်းဆန္ဒက ချက်ချင်း မြင့်တက်သွားကာ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ကောင်းကင်တိုင်၊ ကောင်းကင်အမှတ်အသား…ငှက်တောင်မွေးစံအိမ်ဆီ ငါ့နောက်ကနေ လိုက်လာကြပါ”
ဆယ့်ငါးမိနစ်ကြာပြီးနောက် အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ဖြစ်သည့် ကောင်းကင်တိုင်၊ ကောင်းကင်အမှတ်အသားတို့နှင့်အတူ အုပ်ချုပ်သူကမ်ဘရီယန်က နှင်းမျောစံအိမ်သို့ ရောက်ရှိလာသည်။ ခန်းမထဲရှိ အစီအရင်ကို ဝင်ရောက်ပြီး အတွင်းရှိ မြင်ကွင်းကို မြင်တွေ့သည့်အခိုက်တွင် သူတို့၏အမူအရာက အပြင်းအထန် ပြောင်းလဲသွားတော့၏။
“မင်းတို့နဲ့ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး၊ အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ၊ ရွှေရောင်ခြည်တန်းလူအိုကြီး၊ အုပ်ချုပ်သူမိုးမခ၊ အုပ်ချုပ်သူကြည်လင်ညနဲ့ အုပ်ချုပ်သူငရဲမီးတို့။ ခွေးတစ်ကောင်ကို မရိုက်ခင် သူ့သခင်ကို အရင်မေးရတယ်လို့ လူတွေက ပြောကြတယ်။ ဒါပေမယ့် မင်းတို့ငါးယောက်က ထာဝရန်းတော်ရဲ့တပည့်တစ်ယောက်ကို ရိုက်ရဲတဲ့အထိ သတ္တိရှိနေကြတာပဲ”အုပ်ချုပ်သူကမ်ဘရီယန်က သူ၏မွေးရာပါအင်မော်တယ်ဓားကို ထုတ်လွှတ်လျက် ထိုငါးယောက်ထံ အော်ပြောလိုက်၏။