အပြုသဘောဆောင်သော ရလဒ်
Vol. 99 Ch. 1373
အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက အထင်သေးစွာ တစ်ချက်ကြည့်လိုက်သည်။ တစ်ချိန်က အုပ်ချုပ်သူကမ်ဘရီယန်အား သူ့လက်အောက်ရှိ စစ်သည်တော်တစ်ယောက်က အနိုင်ယူခဲ့သည်။ ယခု သူတို့က ထပ်တွေ့ချိန်တွင် ဤလူက ဒီလောက်မောက်မာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“မင်းတို့ထာဝရနန်းတော်ရဲ့ခွေးတွေက နေရာတိုင်းမှာ လိုက်ကိုက်နေတာပဲ။ အခြားသူတွေကို ကိုက်ဖို့ ကြိုးစားပြီးမှ အခု ဂိုဏ်းနာမည်ကို သုံးပြီး အနိုင်ကျင့်ချင်နေတာလား၊ဟမ့်”
အုပ်ချုပ်သူကမ်ဘရီယန်က အေးစက်စွာ ပြန်ပြောသည် “မင်းက ဘာကို ဆိုလိုတာလဲ”
“ဒီနေရာက ဘယ်နေရာလဲဆိုတာ မင်း သိလား”အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက နှာခေါင်းရှုံ့၏ “ဒီငှက်တောင်မွေးစံအိမ်က ငါ့နေရာပဲ၊ မင်းရဲ့ခွေးက ဒီနေရာကို ပြဿနာလာရှာတယ်။ ငါက ဒါကို ရပ်ကြည့်နေရမှာလား”
အုပ်ချုပ်သူကမ်ဘရီယန်က မျက်မှောင်ကြုတ်ကာ ငွေရောင်သိုင်းဘုရင်ဘက်သို့ လှည့်ကာ နက်ရှိုင်းသောအသံနှင့် အော်ပြော၏ “ဒီနေရာမှာ ဘာဖြစ်တာလဲ”
“တစ်စုံတစ်ယောက်က ငှက်တောင်မွေးစံအိမ်နဲ့ ပူးပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်ခဲ့တယ်”ငွေရောင်သိုင်းဘုရင်က ပြန်ဖြေသည်။
“မဟုတ်တာတွေ…”
အုပ်ချုပ်သူကမ်ဘရီယန်က ဒေါသတကြီး အော်ပြော၏။ သို့သော် နောက်အခိုက်အတန့်တွင် သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ သူက မာဆတ်ဆတ်ပြောလိုက်၏ “ဘယ်သူလဲ။ ထွက်လာစမ်း…”
ဝှစ်…
ပုံရိပ်နှစ်ခုက အစီအရင်ထဲ၌ ထွက်ပေါ်လာသည်။ ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က ထွက်ပေါ်လာပြီးနောက် သူက ငွေရောင်သိုင်းဘုရင်အား ကြည့်ကာ ချက်ချင်း ပြုံးရယ်လိုက်၏ “ငါက နှင်းမျောမြို့ကို ဖြတ်သွားရုံပါပဲ၊ ဒါပေမယ့် ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းတစ်ခုနဲ့ လာဆုံတွေ့မယ်လို့ မမျှော်လင့်ထားဘူး၊ ဒါကြောင့် ပျော်စရာတွေ လုပ်ဖို့ လာခဲ့တာ။ မင်းရဲ့နာမည်က ဘာလဲ။ မင်းကို ကြည့်ရတာ အနည်းငယ်ရင်းနှီးသလိုပဲ၊ မင်းရဲ့နာမည်ကို ငါ ကြားဖူးပါတယ်၊ ဘာလဲ…ခြေဉီးတည့်ရာသတ်ဖြတ်သူဆိုလား”
ခြေဉီးတည့်ရာသတ်ဖြတ်သူ၏မျက်နှာက အေးစက်သွားလျက် ပြန်ပြော၏ “ဒီအင်မော်တယ်က ငှက်တောင်မွေးစံအိမ်ရဲ့ပိုင်ရှင်အရှင်ခြေဉီးတည့်ရာအုပ်ချုပ်သူပါပဲ။ ပြီးတော့ မင်းက ဘယ်သူပါလဲ။ ဒီနေရာကို ပြပွဲကြည့်ဖို့ လာတယ်လို့ ငါတော့ မထင်ဘူး”
“ငါ အမှန်အတိုင်း ပြောနေတာ”ထန်ရှုက ပြုံးရယ်ကာ ပြော၏ “ဒီနေရာကို လာတာက တကယ်ကို တိုက်ဆိုင်သွားတာပါ။ ဒါဆို မင်းရဲ့နာမည်က အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူပဲ။ အခုမှ ငါ မှတ်မိတယ်၊ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်က မင်းနဲ့ပတ်သက်ပြီး ငါ့ကို တစ်ခါ ပြောဖူးတယ်”
“ဒါဆို…အဲဒီကြီးမြတ်တဲ့ပုဂ္ဂိုလ်က ဘယ်သူလဲ”ခြေဉီးတည့်ရာသတ်ဖြတ်သူက မျက်လုံးကျုံ့လျက် မေးလိုက်၏။
“ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်”ထန်ရှုက ပြန်ဖြေသည်။
ခြေဉီးတည့်ရာသတ်ဖြတ်သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် သူက ပြန်မေး၏ “ဒါဆို မင်းက ဘယ်သူလဲ”
“ငါက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပါ”ထန်ရှုက ပြုံးလျက် ပြန်ဖြေသည်။
မဟာထန်ကောင်းကင်ဘုံဧကရာဇ်လား။
လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ မကြာသေးခင်ကမှ လူတိုင်းရဲ့ပါးစပ်ဖျားထဲမှာ ရေပန်းစားနေတဲ့ပုဂ္ဂိုလ်က ဒီလူငယ်လား။
“ဒါဆို မင်းက ဘာလို့ ဒီနေရာကို လာတာလဲ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”ခြေဉီးတည့်ရာသတ်ဖြတ်သူက မေးလိုက်၏။
“ကံကြမ္မာကောင်းကို ရရှိဖို့ ငါက ကျရှုံးခဲ့တယ်”ထန်ရှုက ခြောက်ကပ်ကပ်ပြုံးလျက် ပြန်ဖြေသည် “ငါ့ကိုလဲ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေဆက်ခံသူက ဖယ်ထုတ်ခဲ့တယ်လေ။ နှင်းမျောမြို့ကို ဖြတ်သန်းသွားချိန်မှာ ဒီစိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းနဲ့ လာတွေ့ဆုံမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ မင်းတို့ ဆက်လုပ်ကြပါ၊ ငါ့ကို စိတ်ထဲ မထားပါနဲ့။ ငါ့ကို ပွဲကြည့်ပရိသတ်လို့ပဲ သဘောထားပါ”
ရွှေရောင်ခြည်တန်းလူအိုကြီးက ရယ်လိုက်လေသည်။ “ဟားဟားဟား၊ မင်းက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ ဒီလိုအခြေအနေမှာတောင် မင်းက ဟာသတစ်ခုကိုတောင် ဖန်တီးခဲ့တယ်။ ဒီလူအိုကြီးက တကယ်ကို လေးစားပါတယ်…”
ထန်ရှုက သူ့ဘက်လှည့်ကာ ကျီစားလိုက်သည် “ကောင်းပြီလေ၊ တစ်စုံတစ်ယောက်က ပြောခဲ့တာကို ငါ မှတ်မိပါတယ်၊ လူတစ်ယောက်က သူ့မှာ ဘောရှိတာကို သက်သေပြဖို့ ကြိုးစားခဲ့တယ်တဲ့၊ ဒါကြောင့် အဲဒီလူက မုဆိုးမတစ်ယောက်ရဲ့အိမ်ခေါင်းမိုပေါ်ကို တက်ပြီး သူမ ရေချိုးတာကို ချောင်းကြည့်ခဲ့တယ်။ နောက်ဆုံးမှာတော့ အဲဒီလူက အဲဒီမုဆိုးမရဲ့ရေချိုးကန်ထဲကို ပြုတ်ကျသွားတယ်။ ပုံပြင်ထဲကလူက ခင်ဗျားလား”
အဟွတ်…အဟွတ်…
ရွှေရောင်ခြည်တန်းလူအိုကြီးက ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲသွားသည်။ ချောင်းအနည်းငယ်ဟန့်ပြီးနောက် သူက ထန်ရှုက ဒေါသတကြီး စိုက်ကြည့်ကာ အော်လိုက်၏ “မင်းက ဘယ်သူလဲ။ ငါ့ရဲ့ဒီမိတ်ဆွေလေးယောက်ကပဲ ဒါကို သိတယ်။ နောက်ဆုံးတစ်ယောက်က…”
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်၏ “စိတ်မရှိပါနဲ့၊ စိတ်မရှိပါနဲ့။ ဒါက ဟာသတစ်ခုပါပဲ။ ငါ့မှာ မင်းနဲ့ ဆက်စပ်တဲ့ ဇစ်မြစ်အချို့ရှိတယ်လို့ပဲ ငါ ပြောချင်တယ်…ဘာဆက်နွယ်မှုဆိုတာကတော့ …မင်းတို့ရဲ့ကိစ္စကို အရင်လုပ်ကြပါ၊ ငါက ဘေးကနေပဲ ကြည့်နေပါ့မယ်။ ဒါနဲ့ အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ၊ မင်းရဲ့နေရမှာ ငါ့ရဲ့အစာအိမ်ကို ဖြည့်ချင်တယ်၊ အရည်သောက်ချင်တယ်။ ဘာတစ်ခုမှ ငါ မပေးလို့ရလား။ ကောင်းပြီလေ၊ မင်းရဲ့ကိစ္စပြီးသွားတာကို ငါ စောင့်နေပါ့မယ်။ ဒါပေမယ့် နောက်ကျရင် မင်းက ငါ့ကို အလှလေးအချို့နဲ့ အလကားမိတ်ဆက်ပေးရမယ်နော်”
“…”
ထန်ရှုအား ထူးဆန်းသောအမူအရာနှင့် စိုက်ကြည့်ရင်း ခါးသီးသောအပြုံးတစ်ခုက ခြေဉီးတည့်ရာသတ်ဖြတ်သူ၏မျက်နှာပေါ်၌ ထွက်ပေါ်သွားတော့၏။
ထို့နောက် သူက ရွှေရောင်ခြည်တန်းလူအိုကြီးဘက်သို့ လှည့်ကာ ပြောလိုက်၏ “လက်ထဲက ကိစ္စကို အရင်ဆုံးဖြေရှင်းကြတာပေါ့။ ငါတို့ကို အပြင်လူတွေက အနိုင်ကျင့်ခဲ့ပြီး လက်ရှိမှာ အတော်လေး ဒေါသထွက်စရာပဲ။ တစ်ချိန်က ငါ၊ ခြေဉီးတည့်ရာသတ်ဖြတ်သူက ထာဝရနန်းတော်ရဲ့လက်ထဲမှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အတိတ်က ရန်ငြိုးကို သင်ပုန်းချေခဲ့ပြီးပါပြီ။ ဒါပေမယ့် တူညီတဲ့အဖွဲ့က တစ်ယောက်ယောက်ကပဲ ငါ့နေရာကို လာပြီး ထပ်အနှောင့်အယှက်ပေးခဲ့တယ်။ ဒါက ငါ့ရဲ့နောက်ဆုံးစည်းကို ထိလိုက်တာပဲ”
ရွှေရောင်ခြည်တန်းလူအိုကြီးက ထန်ရှုထံမှ အကြည့်ကို ပြန်ရုတ်သိမ်းကာ အုပ်ချုပ်သူကမ်ဘရီယန်ဘက်သို့ လှည့်လျက် ပြောလိုက်၏ “မကိုက်ခင် ပုံပြင်တစ်ခုလုံးကို ဖော်ထုတ်ခဲ့သင့်တယ်။ မင်းတို့ထာဝရနန်းတော်ရဲ့ဒီခွေးက နေရာတိုင်းမှာ လိုက်ကိုက်နေတာ။ သူက အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူရဲ့နေရာကိုတောင် မီးရှို့ဖို့ ခြိမ်းခြောက်ခဲ့တယ်။ အနိုင်ကျင့်သလို လုပ်နေတာ မင်းရဲ့ခွေးပဲ၊ ဒါကြောင့် မင်းဆီကနေ ရှင်းပြချက်တစ်ခုကို ငါတို့ လိုချင်တယ်။ မင်းက တာဝန်ယူဖို့ ငြင်းပယ်ရင် ငါတို့က မင်းရဲ့ထာဝရနန်းတော်ကို တိုက်ခိုက်ရလိမ့်မယ်”
လက်ရှိတွင် အုပ်ချုပ်သူကမ်ဘရီယန်က အလွန်ဒေါသထွက်သွားသည်။ လျို့ဝှက်နန်းတော်ထဲတွင် သူတို့လူများစွာ မဆုံးရှုံးခဲ့လျှင် အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူတို့၏ရန်စခြင်းနှင့်ပတ်သက်၍ နည်းနည်းလေးတောင် ဂရုစိုက်မည်မဟုတ်ပေ။ သူက လူအချို့ကို သတ်ချင်ခဲ့သည်၊ သို့သော် သူတို့ငါးယောက်က နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်နေကြသည်။
သူ့အကြည့်က ငွေရောင်သိုင်းဘုရင်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏ “သူတို့က ထောင်ချောက်ဆင်ခဲ့တယ်ဆိုတာ မင်းမှာ သက်သေတစ်ခုခုရှိလား”
“ဒါက…”
ငွေရောင်သိုင်းဘုရင်က တုံ့ဆိုင်းသွားသည်။ အဖြစ်အပျက်က ဤနေရာတွင် ဖြစ်ပျက်ခဲ့သော်ငြား အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူနှင့်ထိုတောင့်တင်းသန်မာသောလူတို့ကြား စကားပြောဆိုမှုအရ သူ့အား ထောင်ချောက်ဆင်ခဲ့သောသူများက အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူနှင့် ဘာမှ မသက်ဆိုင်သည်ကို သူက သဘောပေါက်၏။
ဒါပေမယ့်…
သူ၏တုံ့ဆိုင်းမှုကို မြင်ပြီး အုပ်ချုပ်သူကမ်ဘရီယန်က တစ်ခုခုကို သဘောပေါက်လိုက်သည်။ ထို့နောက် သူ့လက်ထဲရှိ အင်မော်တယ်ဓားက ငွေရောင်သိုင်းဘုရင်၏ရင်ဘက်ကို ထိုးဖောက်သွားသည်။ နောက်အခိုက်အတန့်တွင် သူ့ဓားက ထိုကောင်၏ခေါင်းကို ဖြတ်လိုက်၏။ ထို့နောက် ထွက်ပြေးရန် ကြိုးစားနေသော ငွေရောင်သိုင်းဘုရင်၏စိတ်ဝိညာဉ်ကို ဖမ်းကာ သူက ပြောလိုက်၏ “ထာဝရနန်းတော်ဆီ ပြဿနာတွေ သယ်ဆောင်လာတဲ့အတွက် မင်းက သေဖို့ ထိုက်တန်တယ်”
ထိုကောင်၏အင်မော်တယ်စိတ်ဝိညာဉ်ကို ဆုပ်ကိုင်ပြီးနောက် အုပ်ချုပ်သူကမ်ဘရီယန်က ခြေဉီးတည့်ရာသတ်ဖြတ်သူဘက်သို့ လှည့်ကာ ပြောလိုက်၏ “သူက မင်းတို့ကို ရန်စခဲ့တယ်၊ ငါက မင်းတို့ကို တိကျတဲ့ဖြေရှင်းချက်တစ်ခု ပေးခဲ့ပြီးပြီ။ ဒီရှင်းပြချက်ကို မင်း ဘယ်လိုမြင်လဲ”
ခြေဉီးတည့်ရာသတ်ဖြတ်သူက ပြောမည့်ဆဲဆဲတွင် သူက အသံပို့ခြင်းကို ရုတ်တရက် လက်ခံရရှိလိုက်သည်။ သူ့မျက်လုံးများက ချက်ချင်းကျဉ်းမြောင်းသွားပြီး ပြောမည့်စကားကို ပြန်မျိုချလိုက်သည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏ “ဒါက ရှင်းပြချက်ကောင်းတစ်ခုပဲ။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အပေးအယူတစ်ခု လုပ်ကြရင် ဘယ်လိုလဲ၊ အုပ်ချုပ်သူကမ်ဘရီယန်”
“ဘာအပေးအယူလဲ”အုပ်ချုပ်သူကမ်ဘရီယန်က မေးလိုက်သည်။
“ဒီငွေရောင်သိုင်းဘုရင်ကို မင်းက အပြစ်ပေးခဲ့ပေမယ့် ငါ့ရဲ့ဒေါသကို ထွက်ပေါက်မရှာရသေးဘူး”ခြေဉီးတည့်ရာသတ်ဖြတ်သူက ပြော၏ “ဒါကြောင့် သူ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို သလင်းကျောက်အဆီအနှစ်နှစ်သန်းနဲ့ ငါ ဝယ်မယ်။ ငါ့ရဲ့ကမ်းလှမ်းမှုကို မင်း သဘောတူလား၊ အုပ်ချုပ်သူကမ်ဘရီယန်”
ငွေရောင်သိုင်းဘုရင်၏အင်မော်တယ်စိတ်ဝိညာဉ်အတွက် သလင်းကျောက်အဆီအနှစ်နှစ်သန်းလား။
အုပ်ချုပ်သူကမ်ဘရီယန်က မျက်မှောင်ကြုတ်ပြီး ပဟေဠိဖြစ်သောအမူအရာနှင့် မေးလိုက်၏ “သူ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်နဲ့ မင်းက ဘာလုပ်မလို့လဲ”
“လက်ရှိမှာ ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်က နတ်ဆိုးတစ်ရာသွေးစိတ်ဝိညာဉ်တံခွန်ကို သန့်စင်နေတယ်၊ စိတ်ဝိညာဉ်တစ်ခုပဲ လိုတော့တယ်။ ဒီငွေရောင်သိုင်းဘုရင်က ငါ့ကို ရန်စခဲ့တယ်၊ ဒါကြောင့် နတ်ဆိုးသွေးစိတ်ဝိညာဉ်တံခွန်အတွက် အဓိကစိတ်ဝိညာဉ်ကို သူ့ကို ဖြစ်စေချင်တယ်”
နတ်ဆိုးတစ်ရာသွေးစိတ်ဝိညာဉ်တံခွန်လား။
အုပ်ချုပ်သူကမ်ဘရီယန်၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက ကြောက်ရွံ့သွားပုံပေါ်လျက် မေးလိုက်၏ “မင်းရဲ့မိတ်ဆွေဟောင်းက ဘယ်လိုလုပ်ပြီး ဒါကို သန့်စင်ရဲတာလဲ၊ အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ။ သူ့ကို အင်မော်တယ်ကမ္ဘာရဲ့စွမ်းအားရှင်တွေက လိုက်ရှာပြီး သတ်မှာကို မကြောက်ဘူးလား”
“ဒါက သူ့ကိစ္စပါ။ ငါနဲ့ မဆိုင်ဘူးလေ”ခြေဉီးတည့်ရာသတ်ဖြတ်သူက ပြန်ဖြေသည်။
အုပ်ချုပ်သူကမ်ဘရီယန်က ငွေရောင်သိုင်းဘုရင်၏အင်မော်တယ်စိတ်ဝိညာဉ်ကို တစ်ချက်ကြည့်ပြီး ထိုအကောင်၏ကြောက်ရွံ့နေသောအမူအရာကို မြင်၏။ ခဏစဉ်းစားပြီးနောက် သူက ပြောလိုက်၏ “နှစ်ဆ၊ ဒီခွေးရဲ့အင်မော်တယ်စိတ်ဝိညာဉ်က မင်းအပိုင်ပဲ”
“မင်းနဲ့ အပေးအယူလုပ်ရတာ တကယ်ကောင်းတာပဲ၊ အုပ်ချုပ်သူကမ်ဘရီယန်”ခြေဉီးတည့်ရာသတ်ဖြတ်သူက ကျယ်လောင်စွာ ပြော၏ “ဒါဆို ဒီကိစ္စကို သင်ပုန်းချေလိုက်ပြီနော်။ ကျေးဇူးပြုပြီး သလင်းကျောက်အဆီအနှစ်လေးသန်းကို လက်ခံပါ”
အုပ်ချုပ်သူကမ်ဘရီယန်က ငွေရောင်သိုင်းဘုရင်၏အင်မော်တယ်စိတ်ဝိညာဉ်ကို ခြေဉီးတည့်ရာသတ်ဖြတ်သူထံ ပေးကာ အေးစက်စွာ ပြော၏ “ဒီကိစ္စကို ဖြေရှင်းပြီးပြီ၊ ဒါကြောင့် ဒီအစီအရင်ကို ရုတ်သိမ်းလိုက်ပါ၊ ငါတို့ သွားတော့မယ်”
“ကောင်းပြီလေ…”
ခြေဉီးတည့်ရာသတ်ဖြတ်သူက မျက်ရိပ်ပြလိုက်သည်၊ အစီအရင်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အုပ်ချုပ်သူကမ်ဘရီယန်တို့သုံးယောက်က ထွက်ခွာသွား၏။ ထို့နောက် သူက ထန်ရှုဘက်သို့ လှည့်ကာ အဓိပ္ပါယ်ရှိစွာ ပြောလိုက်သည် “မင်းလာလည်တာက ငါ့အတွက် ဂုဏ်ယူစရာတစ်ခုပဲ၊ မဟာထန်ကောင်းကင်းဘုံဧကရာဇ်။ ငါ့ရဲ့ငှက်တောင်မွေးစံအိမ်အတွက် ဂုဏ်ယူစရာတစ်ခုဆိုလဲ ဟုတ်တယ်။ ငါ့ရဲ့ဧည့်သည်အဖြစ် အထဲကို ငါနဲ့အတူ လိုက်ဝင်ချင်လား၊ မင်းအတွက် အလှလေးတွေကို ချက်ချင်းရှာပေးနိုင်ပါတယ်…”
“ကောင်းပါပြီ၊ အိမ်ရှင်က ခေါ်နေတော့လဲ လက်ခံရမှာပေါ့”
ထန်ရှုက ပြုံးပြကာ စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်အတူ နန််းတော်ထဲသို့ ထိုငါးယောက်နောက်မှ လိုက်သွား၏။
နန်းတော်၏အစီအရင်ကို ဖွင့်ပြီး အထဲသို့ ဝင်လျှင်ချင်း သူတို့ငါးယောက်က ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ကို ဝိုင်းထားလိုက်သည်။ သူတို့ငါးယောက်၏မကျေမနပ်ဖြစ်သောအမူအရာများကို ကြည့်ရင်း ထန်ရှုက ပြုံးကာ ပြောလိုက်၏ “ဘယ်လိုဖြစ်နေကြတာလဲ။ မကြာသေးခင်ကမှ ကျုပ်က ခင်ဗျားတို့နဲ့ ဆက်စပ်မှုအချို့ရှိတယ်လို့ ပြောခဲ့တယ်လေ”
“မင်းရဲ့သရုပ်မှန်ကို ငါ သိချင်တယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ ပြီးတော့ မင်းနဲ့ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်နဲ့ဆက်ဆံရေးက ဘာလဲ”အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက မေးလိုက်သည်။
ထန်ရှုက သက်ပြင်းချကာ ခေါင်းခါယမ်းသည်၊ စားပွဲရှည်တစ်ခုဆီသို့ လျှောက်သွားပြီး သူ့သိုလှောင်လက်စွပ်မှ ဝိုင်ခွက်တစ်ခွက်ကို ယူထုတ်ကာ ဝိုင်အနည်းငယ် လောင်းထည့်လိုက်၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ခင်ဗျားတို့လိုပဲ၊ ကျုပ်လဲ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ညွှန်ပြမှုအချို့ကို ရရှိခဲ့တယ်။ ကျုပ်ရဲ့နောက်ခံကတော့ ကျုပ်က မြူနွေဉီးကျွန်းနဲ့အင်မော်တယ်လိုင်ဇီယန်ပိုင်နက်တို့ရဲ့သခင်၊ မဟာထန်အင်ပါယာရဲ့ဧကရာဇ်ပဲ”
ဤသည်ကို ကြားပြီးနောက် ထိုလူငါးယောက်၏အမူအရာများက ပြောင်းလဲသွားကြသည်။
“မင်းရဲ့မဟာထန်အင်ပါယာက ဘယ်နေရာမှာ တည်ရှိသလဲဆိုတာ ထပ်ပြောနိုင်မလား”အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက ချက်ချင်း မေးလိုက်သည်။
“ပြောပြီးပြီလေ။ မြူနွေဉီးကျွန်းလို့”ထန်ရှုက ပြုံးကာ ပြောလိုက်၏။
“မင်းရဲ့စကားတွေက အဓိပ္ပါယ်မရှိဘူး”အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက နှာခေါင်းရှုံ့လိုက်သည် “မြူနွေဉီးကျွန်းက အုပ်ချုပ်သူအလှလေးဖန်ဘုရင်မရဲ့လက်အောက်မှာရှိတဲ့ပိုင်နက်တစ်ခုပဲ။ သူမရဲ့ပိုင်နက်မှာ အင်ပါယာတစ်ခုကို တည်ထောင်ဖို့ သူမက ဘာလို့ ခွင့်ပြုရမှာလဲ”
“ဘာကြောင့်လဲဆိုတော့ သူ့ကို အဲလို လုပ်ခွင့်ပေးတာ ငါ့ကို ပျော်စေလို့ပဲ။ ဘာလုပ်ရမလဲဆိုတာ မင်းက ငါ့ကို ပြောနိုင်မယ်လို့ ထင်တာလား”
ဝေဝေဝါးဝါးပုံရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ သူမ၏မူလရုပ်ရည်ကို ပြန်ပြောင်းထားသည့် အုပ်ချုပ်သူအလှလေးဖန်ဘုရင်မက မြင့်မြတ်ထူးကဲစွာ ထွက်ပေါ်လာသည်။ သူမက ထန်ရှုဘေးနားသို့ လျှောက်လာကာ နူးညံ့စွာ ပြောလိုက်၏ “ရှင်စာပို့တာကို ရတာနဲ့ ချက်ချင်း ပြေးလာတာပဲ။ ရှင် အဆင်ပြေရဲ့လား”
“အေးဆေးပါ။ ငါ အဆင်ပြေပါတယ်”ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလိုက်၏။