အခွင့်အရေးတစ်ခုကို လွဲချော်ခြင်း
Vol. 99 Ch. 1374
အုပ်ချုပ်သူအလှလေးဖန်းဘုရင်မအား မြင်သည့်အခိုက်တွင် ခြေဉီးတည့်ရာသတ်ဖြတ်သူတို့ငါးယောက်က ရိုသေလေးစားကြောင်း ပြသလိုက်၏။ ဒါက သူတို့၏နှလုံးသားမှ လာသည့် စစ်မှန်သော လေးစားမှုဖြစ်သည်၊ လုံးဝအပေါ်ယံမဟုတ်ပေ။ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ရှိနေသေးချိန်တွင် အုပ်ချုပ်သူအလှလေးဖန်းဘုရင်မက အန္တိမအရှင်တစ်ယောက်မဖြစ်သေးသည်ကို မှတ်ထားရမည်။ သို့သော် သူမက အမျိုးသမီးတစ်ယောက်ဖြစ်ခြင်း၏ကန့်သတ်ချက်များအားလုံးကို ဘေးချကာ သူ့အား ရဲဝံ့စွာ ပိုးပန်းခဲ့သည်။ အကြိမ်များစွာ အငြင်းခံရသော်ငြား သူမက ဇွဲကောင်းနေတုန်းပင်။
အချစ်နှင့် ပတ်သက်၍ ရဲဝံ့ကာ ဇွဲကောင်းသည်။ အင်မော်တယ်ကမ္ဘာတွင် အားကျစရာအချစ်ပုံပြင်များစွာ ရှိသော်လည်း သူတို့ထဲက တစ်ယောက်မှ သူမနှင့် မယှဉ်နိုင်ပေ။ အထူးသဖြင့် ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ် ကပ်ဘေးဖြတ်ကျော်ကျရှုံးခြင်းနောက်ပိုင်းတွင်။ သူမက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်၏မိသားစုကို များစွာ ကူညီပေးခဲ့ပြီး သေခြင်းရှင်ခြင်းအစွန်အဖျားသို့ အကြိမ်ကြိမ် ကျရောက်ခဲ့ရသည်။
အုပ်ချုပ်သူအလှလေးဖန်းဘုရင်မ၏အကူအညီသာ မရှိလျှင် မြင့်မြတ်ငှက်ဂိုဏ်းက အခြေအနေပိုဆိုးရွားလိမ့်မည်ဟု ပြောနိုင်သည်။ သူမက အန္တိမအရှင်အဆင့်သို့ ချိုးဖြတ်ပြီးနောက် မြင့်မြတ်ဂိုဏ်းအား ပိတ်ဆို့ရန်ကိုသာ အတွင်းတော်ဆေးဂိုဏ်းနှင့်ထာဝရနန်းတော်တို့အား ဖိအားပေးနိုင်ခဲ့၏။
“နှုတ်ဆက်ပါတယ်၊ အန္တိမအရှင်အလှလေးဖန်းဘုရင်မ”
လူငါးယောက်က လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။
“အားလုံးပဲ၊ ငါက အန္တိမအဆင့်ကို တက်လှမ်းခဲ့ပြီးဆိုပေမယ့်ငါ့ရဲ့အရင်နာမည်ကိုပဲ ကြိုက်နေသေးတယ်၊ ဒါကြောင့် ငါ့ကို အုပ်ချုပ်သူဘုရင်မလို့ပဲ ဆက်ခေါ်ပါ”အလှလေးက ပြော၏။
“သင့်သဘောအတိုင်းပါပဲ”လူငါးယောက်က ရိုသေလေးစားစွာ ပြန်ဖြေသည်။
ထို့နောက် အလှလေးက ထန်ရှုဘက်သို့ လှည့်ကာ မေးလိုက်၏ “ဘာတွေနဲ့ ကြုံတွေ့ခဲ့လို့ ဒီလောက်ပျော်နေရတာလဲ”
ထန်ရှုက အနည်းငယ်ပြုံးပြပြီး သိုလှောင်လက်စွပ်မှ သလင်းကျောက်အဆီအနှစ်လေးသန်းကို ယူထုတ်လိုက်သည်။ သူက ခြေဉီးတည့်ရာသတ်ဖြတ်သူအား ပြုံးပြကာ ပြော၏ “ခဏက အကူအညီအတွက် မင်းကို ကျေးဇူးတင်ရမယ်၊ အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ။ ငွေရောင်သိုင်းဘုရင်ရဲ့အင်မော်တယ်စိတ်ဝိညာဉ်အတွက် ဒီသလင်းကျောက်အဆီအနှစ်တွေကို ပြန်ယူလိုက်ပါ”
အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက ငွေရောင်သိုင်းဘုရင်၏အင်မော်တယ်စိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်သန့်စင်ပုလင်းထဲသို့ ထည့်ထားသည်၊ ယခု သူက စိတ်ဝိညာဉ်သန့်စင်ပုလင်းကို ထုတ်ကာ ထန်ရှုထံ တိုက်ရိုက် ကမ်းပေးလိုက်၏ “ဒီသလင်းကျောက်အဆီအနှစ်လေးသန်းက ငါ့အတွက် ဘာမှမဟုတ်ပါဘူး။ ပြီးတော့ ငါတို့ညီအကိုတွေက ဒီသစ္စာဖောက်ကို အလွန်ပဲ စက်ဆုပ်တယ်။ ဒီကောင်က ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ရဲ့ဂုဏ်သတင်းကို အိုးမဲသုတ်ခဲ့တာပဲ၊ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ထားလိုက်တော့”
သို့သော် ထန်ရှုက လေးနက်စွာ ပြန်ပြော၏ “မရဘူး၊ မင်းက ကူညီပေးရုံနဲ့တင် ငါက အရမ်းကျေးဇူးတင်နေပြီးသား၊ ဒါကြောင့် ဒီသလင်းကျောက်အဆီအနှစ်တွေကို ယူရမယ်”
“ဒါက…”အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူက အလှလေးဘက်သို့ လှည့်လိုက်သည်။
“သူက တိုက်တွန်းနေမှတော့ ယူလိုက်ပါ”အလှလေးက ပြုံးကာ ပြောသည် “ပြီးတော့ တစ်ယောက်ယောက်အပေါ် အကြွေးတင်ရတာကို ငါတို့ မကြိုက်ဘူး”
ထိုသို့ပြောပြီး သူမက ထန်ရှု၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
“မင်းတို့နှစ်ယောက်က…”
အရှင်ခြေဉီးတည့်ရာသတ်ဖြတ်သူ၏မျက်ခုံးများက ကျုံ့သွားတော့သည်။ အခြားလေးယောက်လည်း အတူတူပင်၊ သူတို့က ကမ္ဘာပေါ်တွင် မယုံကြည်နိုင်စရာအကောင်းဆုံးအရာကို ကြည့်နေရသလိုပင်။
“သူက ငါ့ရဲ့အင်မော်တယ်လိုင်ဇီယန်ကို လုယူခဲ့တာကြောင့် မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ငါ့ရဲ့ရန်သူဆိုတာ မှတ်ထားပါ၊ နားလည်ကြလား”အလှလေးက ပေါ့ပေါ့ပါးပါးဖြင့် ပြော၏။
ခြေဉီးတည့်ရာသတ်ဖြတ်သူတို့ငါးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အလှလေးပြောသည့်အဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက်သည်။ ခဏနှုတ်ဆိတ်သွားပြီးနောက် သူတို့ငါးယောက်က အင်မော်တယ်ကြိမ်းကျိန်ချက်တစ်ခုကို ချက်ချင်းပြုလုပ်လိုက်သည်။ ထို့နောက် ခြေဉီးတည့်ရာသတ်ဖြတ်သူက အလေးအနက်ထားလျက် ပြော၏ “အများဆုံး လဝက်အတွင်းမှာ မဟာထန်ကောင်းကင်ဘုံဧကရာဇ်နဲ့အုပ်ချုပ်သူအလှလေးဖန်ဘုရင်မတို့ကြားမှာ ရန်ကြွေးတစ်ခုရှိတယ်ဆိုတာကို အင်မော်တယ်ကမ္ဘာတစ်ခုလုံး သိသွားစေရမယ်လို့ ငါ ကတိပေးပါတယ်”
“ကောင်းပြီလေ၊ အနာဂတ်ရဲ့တစ်နေ့မှာ မင်းတို့ငါးယောက်က မဟာထန်အင်ပါယာကို လာပါ၊ အန္တိမအဆင့်ကို ဘယ်လိုချိုးဖြတ်ရမလဲဆိုတာ ငါ ရှင်းပြပေးမယ်”အလှလေးက ဝမ်းသာစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်…”လူငါးယောက်က အံ့ဩတုန်လှုပ်ဝမ်းသာသွားကြသည်။
ထန်ရှုက တည်ငြိမ်စွာ ပြုံးလျက် ပြော၏ “ဒီနေ့မှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ ကံကြမ္မာက သတ်မှတ်ထားတယ်၊ ဒါကြောင့် ဘာလို့ မင်းက ငါတို့သောက်ဖို့အတွက် မပြင်ဆင်သေးတာလဲ”
“ဟားဟားဟား။ မင်းကတော့လေ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ကျေးဇူးပြုပြီး ငါ့ရဲ့အသူရာဝါးအင်မော်တယ်တယ်ဝိုင်ကို မြည်းကြည့်ပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ သောက်ကြတာပေါ့။ ဟေး၊ မင်းတို့တွေ ဒီနေရာဆီ ငါ့ရဲ့အသူရာဝါးအင်မော်တယ်ဝိုင်ကို သယ်လာကြ။ ပြီးတော့ မင်းက မမူးဘဲနဲ့ ငါ့ရဲ့နေရာကနေ ထွက်သွားလို့မရဘူးနော်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”
နှစ်ရက်တာလုံး ထန်ရှုက သူတို့နှင့်အတူ အင်မော်တယ်ကမ္ဘာရှိ အနေအထားအကြောင်း ပြောဆိုရင်း ဆန္ဒရှိသလောက် သောက်ခဲ့သည်။ အလှလေးနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က သူ့ဘေးနားတွင် နေလျက် ဘာမှ ဝင်မစွက်ဖက်ခဲ့ပေ။ နောက်ဆုံးတွင် ရွှေရောင်ခြည်တန်းလူအိုကြီးက အရင်မှောက်သွားပြီးနောက် ထန်ရှုအပါအဝင် အခြားငါးယောက်ကလည်း တဖြည်းဖြည်း မှောက်သွားခဲ့ကြ၏။
နောက်ခုနှစ်ရက်ကြာပြီးနောက် ထန်ရှုက နိုးလာသောအခါ သူက ရထားလုံးတစ်ခုပေါ်တွင် အလှလေး၏ပေါင်ပေါ်၌ အိပ်ပျော်နေခဲ့သည်ကို သိလိုက်၏။ ကောင်းကင်တစ်ခုလုံးက နေဝင်ဆည်းဆာအလှနှင့် ပြည့်နှက်နေပြီး ကမ္ဘာ၏ဆန်းကြယ်သောမြင်ကွင်းက မျက်စိပသာဒရှိလှပေ၏။
“ငါ အိပ်ပျော်နေတာ ဘယ်လောက်တောင် ကြာပြီလဲ၊ ငါတို့ အခု ဘယ်ရောက်နေပြီလဲ”ထန်ရှုက ထိုင်ခုံပေါ်တွင် ထိုင်ပြီးနောက် တန်းမေးလိုက်သည်။
“ခုနှစ်ရက်ရှိပြီ။ အင်မော်တယ်လိုင်ဇီယန်ပိုင်နက်ကို ရောက်ဖို့ ပိုင်နက်သုံးခုပဲ ကျန်တော့တယ်။ နောက်အနည်းငယ်လောက်ဆို အိမ်ပြန်ရောက်ပြီ”အလှလေးက ပြုံးလျက် ပြန်ဖြေသည်။
“ဒီလောက်တောင် မြန်တာလား”ထန်ရှုက အံ့အားသင့်လျက် ရေရွတ်လိုက်၏။
“လျှို့ဝှက်နန်းတော်ထဲမှာ စေဘယ်မိစ္ဆာကင်းမြီးကောက်က ရတနာဝတ်စုံတစ်ခုကို ရခဲ့တယ်လေ။ သူမက အဲဒါကို ငါ့ကို ပေးခဲ့တယ်၊ ဒါကြောင့် ငါတို့က ပိုမြန်သွားတာ”အလှလေးက ပြော၏။
“ဘာရတနာလဲ”ထန်ရှုက မေး၏။
“အလင်းစီးတောင်ပံ”အလှလေးက ပြုံးလျက် ပြန်ဖြေသည်။
ထန်ရှုက အံ့အားသင့်စွာ ပြောလိုက်သည် “တစ်ချိန်က ဒီတောင်ပံကို အရက်မူးအင်မော်တယ်အန္တိမအရှင်က ရရှိခဲ့ပြီး သူက နတ်ဘုရားကမ္ဘာကို တက်လှမ်းခဲ့ချိန်မှာ အဲဒါက ပျောက်ကွယ်သွားတယ်လို့ ပြောကြတယ်။ ဒါက အရှိန်ကို အနည်းဆုံးနှစ်ဆမြန်စေနိုင်တဲ့ကြီးမြတ်တဲ့ရတနာတစ်ခုပဲ။ ခရီးသွားဖို့ပဲဖြစ်ဖြစ်၊ သတ်ဖြတ်ဖို့ပဲ ဖြစ်ဖြစ်၊ ဒါက လုံးဝကို ဝှက်ဖဲတစ်ခုပဲ”
“အင်မော်တယ်လိုင်ဇီယန်ကို ပြန်ရောက်တဲ့အခါကျရင် ရှင့်ကို ပေးမယ်လေ၊ ရှု”
“မလိုဘူး၊ မင်း သုံးမယ်ဆိုရင် အလင်းစီးတောင်ပံက ပိုကောင်းလိမ့်မယ်”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ပြီးတော့ ငါတို့ရဲ့မဟာထန်အင်ပါယာက အခြားအင်မော်တယ်ပိုင်နက်တွေကို သိမ်းပိုက်ပြီး နယ်မြေကို ချဲ့ထွင်ဖို့ အစီအစဉ်ရှိတယ်၊ ဒါကြောင့် မင်းလိုစွမ်းအားရှင်တစ်ယောက်ရဲ့အကူအညီကို လိုအပ်တယ်။ မဟာထန်အင်ပါယာရဲ့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပထမဆုံးအဆင့်က ရာစုနှစ်တစ်ခုအတွင်းမှာ ပြီးမြောက်ပြီး ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်လိမ့်မယ်။ နောက်တစ်ရာစုကျရင် တစ်ဟုန်ထိုးတိုက်ခိုက်တဲ့အချိန်ပဲ”
“ရာစုနှစ်အနည်းငယ်ပဲလား။ ဒါက အလျင်စလိုမဖြစ်လွန်းဘူးလား”အလှလေးက တုံ့ဆိုင်းလျက် မေး၏။
“ငါတော့ မထင်ဘူး”ထန်ရှုက ပြုံးလျက် ပြန်ဖြေသည် “ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများကို ငါ ထောက်ပံ့ထားပြီးပြီ။ ငါတို့က ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ဖို့ ကျရှုံးမယ်ဆိုရင် မဟာထန်အင်ပါယာရဲ့လူတွေက အရည်အချင်းမရှိဘူးလို့ ဆိုလိုတယ်။ ငါက အများကြီးပြင်ဆင်ထားပြီးဆိုတာ မင်း သိရမယ်၊ ဉပမာအားဖြင့် အခြားအဖွဲ့တွေထက် အဆများစွာပိုတဲ့ကျင့်ကြံခြင်းအရင်းအမြစ်အမျိုးမျိုးတွေပေါ့”
“ဒါပေမယ့် အဲဒီစူပါဂိုဏ်းတွေလို နက်ရှိုင်းတဲ့အခြေခံအုတ်မြစ်ရှိဖို့ အရေးကြီးဆုံးအရာက ရွှေအင်မော်တယ်တွေနဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေရဲ့အရေအတွက်ပဲ”အလှလေးက ပြောသည် “နှစ်ရာအနည်းငယ်အတွင်းမှာ မဟာထန်အင်ပါယာမှာ ရွှေအင်မော်တယ်နဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေ အမြောက်အများရှိနိုင်မယ်လို့ ရှင် ထင်လား”
မင်း သိလား၊ လက်ရှိအချိန်မှာ မဟာထန်အင်ပါယာမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေ တစ်ဒါဇင်ကျော်ရှိနေပြီ”ထန်ရှုက တည်ငြိမ်စွာ ပြော၏ “ရွှေအင်မော်တယ်တွေရဲ့အရေအတွက်ကတော့ ရာစုနှစ်တစ်ခုအတွင်းမှာ အနည်းဆုံးသောင်းချီရှိလာလိမ့်မယ်”
“ဘယ်လို”အလှလေး၏မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့် ပြည့်သွားတော့သည်။အားအကောင်းဆုံးဂိုဏ်းတွင်ပင် အကြမ်းဖျင်းအားဖြင့် ရွှေအင်မော်တယ်တစ်သောင်းသို့မဟုတ်ငါးထောင်လောက်သာ ရှိသည်။ ရာစုနှစ်တစ်ခုအတွင်းမှာ ရွှေအင်မော်တယ်သောင်းချီရှိလာနိုင်မယ်ဆိုတော့ ဘယ်လိုအမွေအနှစ်မျိုးက မဟာထန်အင်ပါယာမှာ ရှိနေတာလဲ။
“အလှလေး၊ မဟာထန်အင်ပါယာရဲ့အနေအထားနဲ့ ပတ်သက်ပြီး မင်း အများကြီး မသိသေးဘူး”ထန်ရှုက ပြုံးကာ ပြော၏ “ငါတို့ ပြန်ရောက်တဲ့အခါ မင်း အများကြီး နားလည်သွားလိမ့်မယ်။ လက်ရှိမှာ မင်းကို ငါ ပြောနိုင်တာကတော့ ငါတို့မှာ နက်ရှိုင်းတဲ့အခြေခံတွေရှိတဲ့မွန်းစတားအင်မော်တယ်တွေ သုံးသောင်းကျော်ရှိတယ်ဆိုတာပဲ။ ရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းဖို့ အသာထား၊ သူတို့ကို လုံလောက်တဲ့အချိန်ပေးရင် သူတို့အများစုက ပြဿနာတစ်စုံတစ်ရာမရှိဘဲ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”
အင့်…
ဤကား အလှလေးအနေနှင့် မစဉ်းစားနိုင်သောအရာပင်။ ထန်ရှုက ဒီလောက်များတဲ့မွန်းစတားအင်မော်တယ်တွေကို ဘယ်နေရာက ရှာတွေ့ခဲ့တာလဲ။ မဟာထန်အင်ပါယာတွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်သောင်းနှစ်သောင်းရှိမည်ကို စဉ်းစားကြည့်ကာ သူမက ဉီးရေပြားပင် ထုံထိုင်းသွား၏။ ထိုအချိန်ကျလျှင် ဤဂိုဏ်းတစ်ခုတည်းနှင့်ပင် သူတို့က အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်ပေလိမ့်မည်ဟု မဟုတ်လော။
“အလှလေး၊ ရပ်လိုက်အုံး”ထန်ရှုက ရုတ်တရက် ပြောသည်။
အလှလေးက ခဏမှင်တက်သွားသည်။ သူမက ပတ်ဝန်းကျင်ကို အရင်လေ့လာလိုက်သည်။ ရပ်ပြီးနောက် သူမက စိတ်ရှုပ်ထွေးလျက် မေးလိုက်၏ “ဘာလို့လဲ”
“အပြန်လမ်းမှာ တာအိုသခင်ချင်ဖုန်းနဲ့ဘုရင်မိုတို့ကို ငါ ကယ်ခဲ့တယ်။ အခု သူတို့က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှာ ရှိတယ်။ ငါတို့က အင်မော်တယ်လိုင်ဇီယန်ကို ပြန်မှာဆိုတော့၊ သူတို့ကို အခု ထွက်ခွာခိုင်းရမယ်။ ငါ့ရဲ့သရုပ်မှန်ကို မထုတ်ဖော်ချင်ဘူး”ထန်ရှုက ရှင်းပြလိုက်သည်။
အလှလေးက လျင်မြန်စွာ နားလည်ကာ ပြုံးလျက် ခေါင်းညိတ်လိုက်သည် “အာ၊ ငါ သိပြီ”
နောက်အခိုက်အတန့်တွင် တာအိုသခင်ချင်ဖုန်းနှင့်ဘုရင်မိုတို့က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ထွက်လာကြ၏။ ယခု သူတို့၏ဒဏ်ရာများက အပြည့်အဝမပျောက်ကင်းသေးသော်ငြား အရင်ကထက် အများကြီးပိုကောင်းသည်။
“လူကြီးမင်းတို့၊ မကြာခင်မှာ မဟာထန်အင်ပါယာကို ငါ ပြန်တော့မယ်၊ မင်းတို့ကို ငါနဲ့အတူ မခေါ်သွားနိုင်တော့ဘူး။ နောက်ထပ်ဘာလုပ်ဖို့ မင်းတို့ စီစဉ်ထားလဲ”ထန်ရှုက ပြုံးလျက် မေး၏။
“ဒါကို ဘုရင်မိုနဲ့ ငါ ဆွေးနွေးပြီးပြီ။ ငါက အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပြီးဆိုပေမယ့် ထာဝရနန်းတော်က ငါ့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းအပေါ် သူတို့ရဲ့ဒေါသကို ပုံချဖို့များတယ်။ ဒါကြောင့် ငါ အမြန်ဆုံးပြန်ရမယ်”
“အစကတည်းက ငါက ခြေတစ်လုံးအိမ်တိုင်သမားပဲ။ ဧည့်သည်တစ်ယောက်အနေနဲ့ ချင်ဖုန်းနဲ့အတူ လိုက်သွားဖို့ ငါ ဆုံးဖြတ်ထားတယ်”ဘုရင်မိုက ပြော၏။
“အရမ်းကောင်းတယ်။ အနည်းဆုံး မင်းတို့က မိတ်ဆွေအတွက် အန္တရာယ်တွေ ရင်ဆိုင်ရမှာကို မကြောက်ကြဘူး”ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်၏ “တကယ်လို့ မင်းတို့နှစ်ယောက်က မဟာထန်အင်ပါယာကို လာလည်မယ်ဆိုရင် ငါက အမြဲတမ်းကြိုဆိုပါတယ်။ အဲအခါကျရင် ငါတို့တွေ အားရပါးရသောက်ကြတာပေါ့”
“သေချာတာပေါ့”
“အဲလိုအခွင့်အရေးတစ်ခုရှိလာမှာ သေချာပါတယ်…”
နှစ်ယောက်က လက်သီးဆုပ်လိုက်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားသည်။
ထို့နောက် ထန်ရှုက ကျင့်ရှန်းအာကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ထုတ်လိုက်သည်။ ထို့နောက် သူက အလှလေးထံ လက်ညှိုးထိုးပြကာ ပြော၏ “အင်မော်တယ်လိုင်ဇီယန်ဆီ ငါတို့နဲ့ လိုက်ချင်တယ်ဆိုရင် အုပ်ချုပ်ရဲ့အလှလေးရဲ့အစေခံလုပ်ဖို့ ငါ ပြောချင်တယ်။ သူမကို ကောင်းကောင်းခစားပါ၊ အနာဂတ်မှာ သေချာပေါက် မင်းအတွက် အကျိုးရှိလိမ့်မယ်”
ငါလား။ အစေခံတစ်ယောက်လုပ်ရမှာလား။
ကျင့်ရှန်းအာ၏မျက်နှာက အနည်းငယ်အေးစက်သွားကာ ဒေါသအနည်းငယ်ဖြင့် ပြန်ဖြေသည် “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ငါက တစ်စုံတစ်ယောက်ရဲ့အစေခံလုပ်မှာမဟုတ်ဘူး။ စေဘယ်မိစ္ဆာကင်းမြီးကောက်ရဲ့တပည့်တစ်ယောက်ပဲ လုပ်မယ်”