← Chapters

ကျေးဇူးကန်းသူတစ်ယောက်

Vol. 99 Ch. 1376

ကျေးဇူးကန်းသူတစ်ယောက်

Vol. 99 Ch. 1376

နောက်အခိုက်အတန့်တွင် ထန်ရှုက စုလင်းယွင်၏ဘေးနားတွင် ထိုင်ကာ သူမ၏လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်သည်။ စက္ကန့်သုံးဆယ်ကြာပြီးနောက် သူက အလွန်အံ့ဩသွားလေ၏။

အာ။ ဒါက ဘယ်လိုလှုပ်ရှားမှုမျိုးလဲ။ သူက ဖြည်းဖြည်းချင်း ခေါင်းမော့လျက် သူ့အမေကို ပြုံးစစနှင့် ကြည့်လိုက်၏။

ထန်ရှု၏အကြည့်ကြောင့် စုလင်းယွင်က စိတ်ရှုပ်ထွေးလျက် ပဟေဠိဖြစ်သောအမူအရာနှင့် မေးလိုက်သည် “ဘာလို့ ငါ့ကို ဒီလို ကြည့်နေရတာလဲ၊ ရှုအာ။ ငါ့ရဲ့သွေးကြောကိုရော ဘာလို့ စစ်ဆေးခဲ့တာလဲ။ ငါ့ခန္ဓာကိုယ်က…တစ်ခုခု ဖြစ်နေလို့လား”

ထန်ရှုက နှုတ်ခမ်းအကြိမ်အနည်းငယ် တွန့်လိမ်သွားလျက် သူမ၏လက်ကောက်ဝတ်ကို လွှတ်လိုက်သည်။ ထို့နောက် သူက နောက်သို့ ခြေလှမ်းအနည်းငယ် လျှောက်လျက် အားရပါးရ ရယ်လိုက်၏ “ဟားဟားဟား။ အမေ၊ ကလေးတစ်ယောက်မွေးဖို့ ငါ့ကို ထပ်ဖိအားမပေးနဲ့တော့။ ဟားဟားဟား…လက်ရှိမှာ ငါ့မှာ ကလေးတစ်ယောက်ရှိလာရင်တောင် အမေက သူ့ကို ဂရုစိုက်ဖို့ အချိန်ရှိမှာ မဟုတ်လောက်ဘူး။ ဘာလို့လဲဆိုတော့…”

“အမ်”စုလင်းယွင်က မျက်မှောင်ကြုတ်လျက် မာဆတ်ဆတ်နှင့် ပြောသည် “မင်းက ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ ဘယ်လိုလုပ်ပြီး ငါ့မြေးကို ဂရုစိုက်ဖို့ အချိန်မရှိရမှာလဲ။ မင်း…”

ထန်ရှုက လက်မြှောက်ကာ တားပြီး သူမဘေးနား၌ ထပ်ပေါ်လာသည်။ ထို့နောက် သူက သူမနားထဲသို့ တီးတိုးပြောလိုက်၏ “မကြာခင်မှာ ကျွန်တော်မှာ ညီတစ်ယောက်ရှိလာမယ် ထင်တယ်”

“ဘာပြောတာ”

စုလင်းယွင်က မှင်တက်သွားသည်။ ထို့နောက် သူမက မယုံကြည်နိုင်စွာဖြစ်လျက် ကုလားထိုင်မှ ရုတ်ချည်းထရပ်၏။ ထို့ပြင် သူမက ရှက်သလို ခံစားမိလျက် ဒေါသတကြီး ပြော၏ “မင်းက ဘာတွေ ပြောနေတာလဲ။ ငါ…ဘယ်လိုလုပ်ပြီး ငါက…”

ထန်ရှုက ပြုံးလျက် အလေးအနက်ထားကာ ပြန်ဖြေသည် “ငါ အမှန်အတိုင်း ပြောခဲ့တာ၊ အမေ။ အခု အမေ လုပ်ရမှာက ကလေးကို ကာကွယ်ပြီး ဂရုတစိုက် မွေးဖို့ပဲ။ မကြာခင်မှာ ငါက အကိုတစ်ယောက်ဖြစ်တော့မယ်။ ဟားဟားဟား…”

ဘေးတွင် ထိုင်နေသော ကျန်းရှစ်က ထူးဆန်းသောအမူအရာနှင့် ရေရွတ်လိုက်၏ “အာ။ ရှု…မင်း ဆိုလိုတာက…မင်းအမေမှာ ကိုယ်ဝန်ရှိနေတာလား”

“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ထပ်ပြော၏ “သုံးလလောက်ရှိပြီ”

ချက်ချင်းလျှင်ပင် စုလင်းယွင်က အနည်းငယ် ထိတ်လန့်သွားသည်။ လက်ရှိတွင် သူမက ယောက္ခမတစ်ယောက်ဖြစ်နေပြီး ချွေးမတစ်ဒါဇင်ကျော်ရှိသည်။သို့သော် ထိုချွေးမတစ်ဒါဇင်ကျော်က ကိုယ်ဝန်မရသေးဘဲ သူတို့၏ယောက္ခမဖြစ်သောသူမက ကိုယ်ဝန်ရနေသည်၊ ဒါက အတော်လေးရှက်စရာကောင်းတယ်မဟုတ်လား။

ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်၊ မုဝမ်ရင်က သူမနေရာ၌ ကျင့်ကြံနေသည်ကို တွေ့လိုက်၏။ သူက သူမထံ စာပို့လိုက်ပြီး မိနစ်အနည်းငယ် ကြာပြီးနောက် သူမက လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

“ဂုဏ်ပြုပါတယ်၊ အမေ”မုဝမ်ရင်က ပြုံးလျက် ပြောလိုက်၏။

“အာ၊ အို…”

စုလင်းယွင်က လုံးဝစိတ်ရှုပ်ထွေးနေတော့သည်။ မိနစ်အနည်းငယ်သာ ရှိသေး၏၊ ဤကိစ္စအား လျှို့ဝှက်ထားရန် သတိပေးရန်ပင် မခင်လိုက်ပေ၊ အခု မုဝမ်ရင်က ရောက်လာပြီး ဤကိစ္စကို သိနေလေသည်။ ပုန်းအောင်းရန်အတွက် တွင်းတစ်ခုကို ရှာတွေ့နိုင်ရန် သူမက ဆုတောင်းနေမိလေသည်။ လက်ရှိတွင် သူမက ငိုရမလားရယ်ရမလား မသိတော့ပေ။

“ဒါက ပျော်ဖို့ကောင်းတဲ့အဖြစ်အပျက်တစ်ခုပါ၊ အမေ။ ငါတို့မိသားစုအတွက် ကြီးကျယ်ခမ်းနားတဲ့အဖြစ်အပျက်တစ်ခုပါ”မုဝမ်ရင်က ပြုံးကာ ပြော၏ “အရာအားလုံးကို စီစဉ်ပေးဖို့ ထန်ရှုက ငါ့ကို ပြောခဲ့တယ်၊ ဒါကြောင့် စိတ်အေးအေးထားပါ။ အမေ့ကို ငါ ကောင်းကောင်းဂရုစိုက်ပါ့မယ်”

“မလိုပါဘူး။ ငါ့ဟာငါ အဆင်ပြေပါတယ်” စုလင်းယွင်က ရှက်ကိုးရှက်ကန်းဖြစ်လျက် သူမ၏သားအား လည်ပင်းညှစ်သတ်ချင်နေမိတော့သည်။

ထန်ရှုက သူ့အမေ၏ရှက်ရွံ့မှုကို သတိထားမိသည်။ သူက ချက်ချင်း ပြော၏ “အဘွား၊ ငါ လုပ်စရာတွေ ရှိသေးလို့၊ ဒီနေရာမှာ ဆက်မနေတော့ဘူး။ ဒါနဲ့ အမေလိုအပ်တဲ့အရာအားလုံးကို ပို့ပေးဖို့ ရှောက်ရွှယ်ကို ပြောလိုက်ပါ့မယ်။ ဒါက…ဟားဟား…ငါ့မှာ လုပ်စရာလေးတွေ ရှိသေးလို့ အရင်ထွက်သွားပါတော့မယ်”

ထိုသို့ပြောရင်း သူက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

နေ့တစ်ဝက်ကြာပြီးနောက် မြူနွေဉီးကျွန်း၏အရှေ့တောင်ဘက်ခြမ်း ကီလိုမီတာတစ်သောင်းအကွာရှိ စစ်တပ်စခန်းတစ်ခုတွင် သူ့အဖေက ဒဏ်ရာသန့်ရှင်းနေသည်ကို ထန်ရှုက တွေ့လိုက်၏။ သူ့အဖေထန်ယွင်ဒီထံ ခရမ်းရနံ့ဆေးတစ်လုံးပေးပြီးနောက် သူက ပြုံးကာ ပြောလိုက်သည် “အဖေ၊ အိမ်မှာ လုပ်စရာတစ်ခုခုရှိတယ်၊ အခုပဲ ပြန်သွားရလိမ့်မယ်။ အမေက အဖေကို အိမ်မှာ စောင့်နေတယ်…”

ထန်ယွင်ဒီက ခရမ်းရနံ့ဆေးလုံးကို ယူကာ တိုက်ရိုက်ဝါးမျိုလိုက်သည်။ ထို့နောက် သူက မေး၏ “ဘာဖြစ်နေတာလဲ။ ငါက လောလောဆယ် မအားသေးဘူးဆိုတာ မင်း သိတယ်မလား”

အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်ထောင့်တွင် ထွက်ပေါ်လာ၏။ “ဒါက ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါဘူး။ ဘာလဲဆိုတော့ မကြာခင်မှာ အဖေက သားတစ်ယောက်ထပ်ရတော့မှာလေ။ အဖေက မအားသေးဘူးဆိုတာ အမေ့ကို ငါ ပြန်ပြောလိုက်မယ်”

အမ်။ သားတစ်ယောက်ထပ်ရမှာလား။

ထန်ယွင်ဒီက အံ့ဩဝမ်းသာဖြစ်လျက် သူက အာမေဋိတ်သံဖြင့် ပြောလိုက်၏ “မင်းရဲ့အမေက…ကိုယ်ဝန်ရှိနေတာလား”

“ဟုတ်ပါတယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြုံးလိုက်၏။

ထန်ယွင်ဒီက အလွန်ဝမ်းသာလျက် ကောင်းကင်သို့ ပျံဝဲတက်ကာ ရယ်မောလိုက်လေသည် “ဟေး၊ ထန်ဝေ၊ ဒီနေရာကို မင်းဆီမှာ ငါ ချန်ထားမယ်။ မင်းရဲ့ဒုတိယဉီးလေးက အိမ်မှာ အရေးတကြီးလုပ်စရာတစ်ခုရှိလို့၊ ဒါကြောင့် ဒီစစ်သားတွေကို မင်း ကောင်းကောင်းစီမံခန့်ခွဲရမယ်”

ထို့နောက် ပုံရိပ်တစ်ခုက ရွေ့လျားလာပြီး ထန်ရှုအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ပျံသန်းသွားသော ထန်ယွင်ဒီ၏နောက်ကျောကို ကြည့်ရင်း ထန်ဝေက ပြောလိုက်၏ “အတိအကျ ဘာဖြစ်ခဲ့တာလဲ။ ဘာလို့ ဒုတိယဉီးလေးက…”

“ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ မကြာခင်မှာ မင်းက အကိုတစ်ယောက် ထပ်ဖြစ်အုံးမှာ”ထန်ရှုက ပြုံးရယ်လျက် ပြော၏။

“ဘာ။ အခု ငါက အကိုတစ်ယောက်ဖြစ်နေပြီပဲလေ” ထန်ဝေက မျက်လုံးလိမ့်လျက် ပြန်ပြောသည်။

ထန်ရှုက ပြုံးလျက်သာ တုံ့ပြန်လိုက်သည်။ သူက ထန်ဝေ၏ပခုံးကို ပုတ်ကာ သိုလှောင်လက်စွပ်တစ်ခုကို လက်ထဲသို့ ထည့်ပေးလိုက်၏။ သူက ကောင်းကင်သို့ တက်ပြီးနောက် ထိုအကောင်၏နားထဲသို့ အသံပို့လိုက်၏ “အချိန်လုပြီး ကောင်းကောင်းကျင့်ကြံပါ။ ရာစုနှစ်တစ်ခုအတွင်းမှာ မင်းက အင်မော်တယ်အဆင့်ကို တက်လှမ်းရမယ်။ အများဆုံး နှစ်တစ်သန်းအတွင်းမှာ မဟာထန်အင်ပါယာက ငါတို့ရဲ့ရန်သူတွေကို စတင်တိုက်ခိုက်လိမ့်မယ်။ အဲအချိန်ကျရင် မင်းက ရွှေအင်မော်တယ်အဆင့်ကို မတက်လှမ်းနိုင်နေဘူးဆိုရင် မင်းရဲ့အသက်ရှင်ဖို့ အခွင့်အလမ်းက အလွန်သေးငယ်လိမ့်မယ်”

နောက်ရက်အနည်းငယ်အထိ စုလင်းယွင်ကိုယ်ဝန်ရှိသည့်အဖြစ်အပျက်က မြူနွေဉီးကျွန်းတစ်လျှောက် ပျံ့နှံ့သွားသည်။ မဟာထန်အင်ပါယာ၏အဆင့်မြင့်အရာရှိအားလုံးက ငိုရမလားရယ်ရမလား မသိတော့ဘဲ သူတို့က ထန်ရှု၏အသင်္ချေရွှေရွက်‌လှေဆီသို့ အာရုံစိုက်လိုက်ကြသည်။ မဟာဧကရာဇ်ထန်ရှုထံတွင် ဆက်ခံသူတစ်ယောက်မှ မရှိသေးသည်ကို လူတိုင်းက သိကြသည်၊ ထို့ကြောင့် သူ့အမေက ကိုယ်ဝန်ထပ်ရှိလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားခဲ့ပေ။

“ကျေးဇူးပြုပြီး ကြိုးစားပါ၊ အရှင်…”

“အကောင်းဆုံးလုပ်ပါ…”

ထန်ရှုက ထိုစကားများနှင့်အားပေးသောမျက်လုံးများကို နေရာတိုင်းတွင် ကြားနေရသည်။ ပထမတော့ ဒါက ပျော်စရာကောင်းသောအဖြစ်အပျက်တစ်ခုဟု သူက တွေးမိသည်။ သို့သော် နောက်ပိုင်းတွင် အခြားသူများ၏ထူးဆန်းသောမျက်လုံးများကို မရင်ဆိုင်နိုင်တော့သဖြင့် အမိန့်အချို့ထုတ်ပြန်ပြီးနောက် သူက အသင်္ချေရွှေရွက်လှေထဲတွင် ပုန်းလျက် သီးခြားကျင့်ကြံနေလိုက်၏။

သို့သော် ရွှေအင်္ချေရွက်လှေထဲတွင်ပင် သူက ကျင့်ကြံခြင်းအား အပြည့်အဝအာရုံမစိုက်နိုင်ပေ။ သူ့အမျိုးသမီးများက အမြဲလိုလို တစ်ယောက်ပြီးတစ်ယောက် လာရောက်လည်ပတ်ခဲ့ကြသည်။ ကလေးရရန် ရည်ရွယ်လျက် သူတို့အားလုံးက ထန်ရှုအား သူတို့၏နန်းတော်သို့ ဆွဲခေါ်ရန် အားထုတ်ခဲ့ကြ၏။

နောက်ဆုံးတွင် ခန်းရှ၊ မုဝမ်ရင်၊ အန်ဒီ၊ ထန်အန်း၊ ကုန်းဝမ်းအာ၊ ဗီဗီရာနီ၊ ကူဝါကိုနှင့် ယခင်က တစ်ခါမှ မထိတွေ့ခဲ့သော အခြားအမျိုးသမီးများကပင် သူ့မိန်းမများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ နှစ်ကိုယ်တူကျင့်ကြံခြင်းက နောက်ထပ်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ပြီး ထန်ရှု၏ကျင့်ကြံခြင်းသို့မဟုတ်သူ့မိန်းမများ၏ကျင့်ကြံခြင်းက မည်သို့ပင်ဖြစ်စေ၊ သူတို့အားလုံး၏ကျင့်ကြံခြင်းက ခုန်ပေါက်သလို တိုးတက်လာခဲ့သည်။

လအနည်းငယ်ကြာပြီးနောက် ထန်ရှုက မြူနွေဉီးပင်လယ်မှ တစ်ယောက်တည်း ထွက်လာပြီး အင်မော်တယ်လိုင်ဇီယန်၏တောင်ဘက်အကျဆုံးရှိ ဖုန်းဆိုးမြေသို့ သွားခဲ့သည်၊ ထိုနေရာတွင် ရက်စက်ကြမ်းကြုတ်သောကျင့်ကြံသူအဖွဲ့ငယ်တစ်ခုကလွဲပြီး အခြားသူများ မရှိကြပေ။

အရိပ်လေပြင်းခံတပ်။

လုယက်ရန်အတွက် သူတို့နေရာမှ မကြာခဏ ထွက်လာသော ကျင့်ကြံသူတစ်ရာနီးပါးက တည်ဆောက်ထားသည့် နေရာတစ်ခုဖြစ်သည်။ သူတို့၏သားကောင်းတိုင်းက သေဆုံးခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသဖြင့် ဤရက်စက်ကြမ်းကြုတ်သောလူအုပ်စုက ရက်စက်လွန်းလှသည်။ သတင်းဌာန၏တင်ပြချက်မှ ထန်ရှုက သူတို့အကြောင်းကို သိခဲ့ရ၏။

“သတ်…”

ဤအဖွဲ့၏အသန်မာဆုံးအဖွဲ့ဝင်များက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိကြသည်။ သူတို့က ထန်ရှု၏မျက်လုံးထဲ၌ ပုရွက်ဆိတ်များပမာပင်၊ ထို့ကြောင့် သူက နတ်ဘုရားဓားကို မထုတ်ဘဲ အင်မော်တယ်ဓားဖြင့်သာ သူတို့အားလုံးကို သတ်ဖြတ်ခဲ့သည်။

ထို့နောက် သူတို့၏စိတ်ဝိညာဉ်များနှင့်သွေးများကို အသုံးပြုကာ ထန်ရှုက စိတ်ဝိညာဉ်ငြိမ်းသတ်အစီအရင်ကို ခင်းကျင်းသည်။ ၎င်းကို အောင်မြင်စွာ ခင်ကျင်းပြီးနောက် ခက်ထန်သောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ ထွက်ပေါ်လာပြီး သူက စိတ်ဝိညာဉ်သန့်စင်ပုလင်းကို ယူထုတ်ကာ ငွေရောင်သိုင်းဘုရင်၏အင်မော်တယ်စိတ်ဝိညာဉ်ကို လွှတ်လိုက်၏။

“ကျေးဇူးပြုပြီး သနားညှာတာပေးပါ၊ မြင့်မြတ်သောအင်မော်တယ်”

သူ့အင်မော်တယ်စိတ်ဝိညာဉ်အား လွှတ်လိုက်သည့်အခိုက်တွင် ငွေရောင်သိုင်းဘုရင်က ထန်ရှုထံ လျင်မြန်စွာ ဒူးထောက်လျက် တောင်းပန်လိုက်သည်။ သူက အလွန်ကြောက်ရွံ့နေသည်။ သူ့အင်မော်တယ်စိတ်ဝိညာဉ်က ပျောက်ကွယ်သွားသည်နှင့် သူ့စိတ်ဝိညာဉ်က ပြန့်ကျဲသွားပြီး ပြန်လည်မွေးဖွားရန် အခွင့်မရေးမရှိတော့သည်ကို သူက ကောင်းကောင်းသိ၏။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ‌ အေးစက်စွာ ပြောသည် “ခွေးတစ်ကောင်လို နေရမယ်ဆိုရင်တောင် မင်းက အသက်ရှင်ချင်လား”

ငွေရောင်သိုင်းဘုရင်က ထန်ရှုကို မော့ကြည့်ပြီးနောက် အနည်းငယ်အံ့အားသင့်သွားသည်။ သူက ထန်ရှုကို မြင်ဖူးသည်၊ ဤလူက ငှက်တောင်မွေးစံအိမ်တွင် ဘေးမှ ကြည့်ရှုနေခဲ့သော ထိုအပြင်လူပင်ဖြစ်၏။

“ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေတာလဲ”

“ဘာလို့ ငါ မဖြစ်နိုင်ရမှာလဲ”ထန်ရှုက ပြန်ဖြေသည် “မင်းရဲ့ဈေးပေါတဲ့အသက်ကို ထာဝရနန်းတော်က သလင်းကျောက်အဆီအနှစ်လေးသန်းနဲ့ အုပ်ချုပ်သူခြေဉီးတည့်ရာသတ်ဖြတ်သူဆီ ရောင်းချခဲ့တယ်၊ ပြီးတော့ တူညီတဲ့ပမာဏနဲ့ ငါက မင်းကို အုပ်ချုပ်သူခြေဉီးတည့်ရာသတ်ဖြတ်သူဆီကနေ ဝယ်ခဲ့တယ်လေ”

ဤသည်ကို ကြားပြီးနောက် ငွေရောင်သိုင်းဘုရင်၏ကြောက်ရွံ့နေသောနှလုံးသားက ချက်ချင်း စိတ်အေးသွားသည်။ သလင်းကျောက်အဆီအနှစ်လေးသန်းဖြင့် ဝယ်ခဲ့သောကြောင့် ဤလူက သူ့စိတ်ဝိညာဉ်အား အလွယ်တကူ ပျောက်ကွယ်စေလိမ့်မည်မဟုတ်ဟု သူက ယုံကြည်၏။ သို့သော် ထာဝရန်းတော်က သူ့အား သလင်းကျောက်အဆီအနှစ်လေးသန်းဖြင့် ရောင်းချခဲ့သည်ကို ကြားလိုက်ရသောအခါ သူက ဒေါသထွက်မိလေ၏။

“ငါ့ကို ဝယ်ခဲ့မှ‌တော့ ငါက မင်းအပိုင်ဖြစ်နေပါပြီ၊ စီနီယာ”ငွေရောင်သိုင်းဘုရင်က မျက်နှာချိုသွေးလျက် ဆို၏ “မင်းက ဆန္ဒရှိမယ်ဆိုရင် ငါက မင်းရဲ့ခွေးဖြစ်ဖို့ ဆန္ဒရှိပါတယ်”

ထန်ရှုက မျက်မှောင်ကြုတ်လျက် ပြော၏ “ငါ့ရဲ့ခွေးဖြစ်ချင်တာလား။ ငါ့ခွေးဆိုရင်တောင် စွမ်းရည်အချို့ရှိရမယ်။ နှစ်ခါလောက် ဟောင်ပြလေ၊ ငါ နားထောင်ကြည့်မယ်”

ဝုတ်…ဝုတ်…

စိတ်ထဲ၌ မကျေမချမ်း ဖြစ်နေသော်လည်း ငွေရောင်သိုင်းဘုရင်က ပြုံးနေသောမျက်နှာဖြင့် ဟောင်ပြလိုက်၏။

ဘမ်း…

ထန်ရှုက သန်မာသောသတ်ဖြတ်ခြင်းဆန္ဒတစ်ခုကို ထုတ်လွှတ်ကာ ထိုအကောင်၏ရင်ဘက်ကို ထိုးလိုက်သည်။ ထို့နောက် ရင်ဘက်ပေါ်သို့ တက်နင်း၏။ ထိုအကောင်၏အင်မော်တယ်စိတ်ဝိညာဉ်ပေါ်ရှိ အက်ကွဲကြောင်းများကို မြင်ပြီး သူက အေးစက်စွာ ပြောလိုက်သည် “မင်းက ဘယ်လောက်တောင် ဈေးပေါလိုက်သလဲ၊ ငွေရောင်သိုင်းဘုရင်။ မင်းရဲ့ဒီစရိုက်ကို မင်းရဲ့အရင်ဆရာသခင်က သိလား”

နာကျင်မှုတို့ ခံစားလျက် ငွေရောင်သိုင်းဘုရင်က အော်လိုက်သည် “ဒါကို သူ ဘယ်တော့မှ မသိခဲ့ဘူး။ သူ ဘယ်တော့မှ သိမှာလဲ မဟုတ်ဘူး…သူ သေသွားပြီလေ။ ငါ ကောင်းကောင်း မကြီးပြင်းလာခင်ကတည်းက သူ‌ သေသွားပြီ”

သူ့လေသံက ပြင်းထန်သောအမုန်းတို့ကို သယ်ဆောင်လာသည်။

ထန်ရှုက မှင်တက်သွားလျက် ဒင်းအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူက မယုံကြည်နိင်ဖြစ်လျက် မေးလိုက်၏ “မင်း ဆိုလိုတာက မင်းက မင်းရဲ့ဆရာကို ဒီလောက်တောင် မုန်းတာလား။ ဘာလို့ဆိုတော့ မင်း ကောင်းကောင်းမကြီးပြင်းနိုင်ခင် သူ သေသွားပြီး မင်းကို မကာကွယ်မစောင့်ရှောက်နိုင်တော့လို့လား”

All Chapters