သတင်းကောင်းနှင့် သတင်းဆိုး
Vol. 009 Ch. 824
မြေရိုင်းပြည်နယ်၊တော်ဝင်ကျဲနန်းတော်။
အဝေးတွင် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးရပ်နေကာ သူ၏နောက်တွင်ကား ကျွမ်းစုတစ်ထောင်မှ တန်ခိုးရှင်များ ရပ်နေကြသည်။
နန်းတော်သခင် ရီဖူရှင်းကား ပြန်လာခဲ့ပြီ။
ထို့အပြင် ပြည်နယ်ကိုးခုညီလာခံ၌ မြေရိုင်းပြည်နယ်က ပထမရခဲ့သည်ကိုလည်း ကြားသိကြရပြီးဖြစ်သည်။
ယူချင်းက ပြည်နယ်ကိုးခုညီလာခံတွင် ပထမရကာ မြေရိုင်းပြည်နယ်က ပြိုင်ပွဲ၌ စွမ်းဆောင်ရည်ကောင်းများ ရရှိခဲ့၏။
ပြည်နယ်ကိုးခုညီလာခံမှ သတင်းများ မြေရိုင်းပြည်နယ်ကို ရောက်လာသောအခါ ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်သွားခဲ့သည်။ ရီဖူရှင်းအပေါ် မေးခွန်းထုတ်ခဲ့သူများအားလုံးကလည်း သူတို့၏အတွေးဟောင်းများကို စွန့်ခွာကာ လေးစားချီးကျူးလာခဲ့ကြရ၏။
ပြည်နယ်ကိုးခုညီလာခံတွင် ဤသို့သော စွမ်းဆောင်ရည်က မြေရိုင်းပြည်နယ်အတွက် သမိုင်းတစ်လျှောက်တွင် ပထမဆုံးဖြစ်သည်။ ယူချင်းကား အနာဂတ်တွင် သေချာပေါက် ရှန့်ထိုဖြစ်မည့်သူပင်။
နန်းတော်သခင်ဟောင်း၏ဆုံးဖြတ်ချက်ကား မှန်ကန်လှပေသည်။ သူက တော်ဝင်ကျဲနန်းတော်အား ပိုမိုမြင့်မားသော တစ်နေရာသို့ ဦးဆောင်သွားနိုင်ပေသည်။
“နန်းတော်သခင် ပြန်လာခဲ့ပြီ…” အကြီးအကဲများက နန်းတော်ထဲမှ ထွက်လာကြကာ နန်းတော်၏တပည့်များကလည်း လေးစားကြည်ညိုသော အမူအရာများကို မြင်ကြရသည်။ သူတို့၏နန်းတော်သခင်ကား ပါရမီရှင်များကို ခေါ်ကာ ပြည်နယ်ကိုးခုမှ လူများနှင့်သွားရောက်ယှဉ်ပြိုင်ခဲ့ပေသည်။
“ နန်းတော်သခင်ကို နှုတ်ဆက်ပါတယ်… ” လူအများအပြားက ပြောကြသည်။
ရီဖူရှင်းက မြေပြင်ကို ကြည့်ကာ လူအများအား ခေါင်းညိတ်သည်။ ဝမ်ရှင်းနှင့် ဘေးမှ လူများက ထိုမြင်ကွင်းကို ကြည့်ကာ သက်တောင့်သက်သာ ခံစားချက်တစ်မျိုးအား ခံစားကြရသည်။ ယခု နန်းတော်အတွင်း ရီဖူရှင်း၏ လွှမ်းမိုးနိုင်စွမ်းက အားကောင်းနေပြီး ဖြစ်ကာ ယခင်လို လူအများ၏ သံသယအတွေးများ သိပ်မရှိတော့ပေ။
“အဲဒီလူတွေက ဘယ်သူတွေလဲ…” လူအများအပြားက ရီဖူရှင်း၏နောက်တွင် ပါလာသော ကြီးမားသော လူအုပ်ကြီးအား မြင်ကြရသည်။
ရီဖူရှင်း၏ဘေးတွင် အဘိုးအိုတစ်ယောက်က ရပ်နေသည်။ ဝမ်ရှင်းနှင့် ကျူးကော့ချန်းဖန်တို့ပင် အဘိုးအို၏နောက်၌ ရပ်နေကြရသည်။
ဤတွင် အဘိုးအို၏ အဆင့်အတန်းကို သူတို့ ခန့်မှန်းနိုင်ပြီဖြစ်သည်။
ထိုအခိုက်တွင် လေထဲကို လူအချို့ တက်လာကြသည်။ သူတို့ကား ထောင်ကျန်း၊ ဓားမိစ္ဆာ၊ ထို့ကျန်းနှင့် တခြားလူများဖြစ်ကြသည်။ သူတို့က နန်းတော်သခင်အား ကိုယ်တိုင်လာရောက်ကြိုဆိုကြသည်။
သို့သော်လည်း ယခု ရီဖူရှင်းက သိပ်ပျော်ရွှင်ဟန်မရပေ။ အမှန်တကယ်အားဖြင့် သူက အနည်းငယ်ပင် စိတ်မကောင်းဖြစ်ရသည်။ အရှေ့ဘက်ပြည်နယ်သို့ခရီးကား အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ တစ်ဘက်တွင် အလွန်အားကောင်းသော ဘေးရန်တစ်ခုလည်း ဖြစ်တည်လာခဲ့၏။
“ ဆရာ… ဆရာဦးလေး… ” ရီဖူရှင်းက လှမ်းခေါ်သည်… “ ကျွန်တော်က ကြေညာစရာတစ်ခုရှိတယ်… ”
ထောင်ကျန်းနှင့် ဓားမိစ္ဆာတို့က အံ့အားသင့်သွားကြသည်။ သူတို့ကလည်း ရီဖူရှင်း၏အမူအရာများထဲမှ မူမမှန်မှုကို ခံစားမိကြသည်။ အရေးကြီးသော တစ်စုံတစ်ရာဖြစ်ပျက်တော့မည့်ဟန်ရသည်။
“ကောင်းပြီ…” သူတို့က ခေါင်းညိတ်ကာ တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များအားလုံးကို ဆင့်ခေါ်ရန် စီးစဉ်ကြသည်။
အချိန်သိပ်မကြာပါဘဲနှင့်ပင် တော်ဝင်လှေကားထစ်ရှေ့ မြေကွက်လပ်၌ မရေမတွက်နိုင်သော တန်ခိုးရှင်မျး စုစည်းလာခဲ့ကြသည်။ ရီဖူရှင်းတို့က လှေကားထစ်ထက်တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
တဖြည်းဖြည်းနှင့် ရောက်လာသူများ တဖြည်းဖြည်း အားနည်းသွားရာ ရီဖူရှင်းက ရှေ့ကို တစ်လှမ်းတက်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
“ပြီးခဲ့တဲ့ တစ်နှစ်က ကျုပ်နဲ့ တော်ဝင်ကျဲနန်းတော်ကလူတွေ အရှေ့ဘက်ပြည်နယ်ကို ခရီးထွက်ခဲ့ကြတယ်… ကျုပ်တို့အတွက် အတွေ့အကြုံတွေ အများကြီးရှိခဲ့ပြီးတော့ အောင်မြင်မှုအချို့လည်း ရခဲ့ကြတယ်… အဲဒီအထဲမှာ တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်က ပြည်နယ်ကိုးခုညီလာခံမှာ ပထမရတာတွေလည်း ပါတယ်… ကျုပ်တို့ ပြည်နယ်က တခြားပြည်နယ်တွေထက် စွမ်းဆောင်ရည်ကောင်းတွေ ရရှိခဲ့တယ်… ” ရီဖူရှင်းက ပြောသည်။ သူ၏စကားမှသည် သူ၏ခိုင်မာသော စိတ်ဓာတ်နှင့် ခံယူချက်များကို တွေ့မြင်ကြရကာ လူအများအား စိတ်ဓာတ်များ တက်ကြွစေသည်။
မြေရိုင်းပြည်နယ်ကား ယခင်က ပြည်နယ်ကိုးခုနှင့် အဆက်အစပ်သိပ်မရှိခဲ့ပေ။ သူတို့တွင် ရှန့်ထိုမရှိရာ ကျိရှမ်းကမ်းပါးမှ မြေရိုင်းပြည်နယ်ကို ရောက်လာပြီး မည်သို့ အနိုင်ကျင့်သည်ကိုလည်း မမေ့လျှော့ကြပေ။ သို့သော်လည်း ရီဖူရှင်းက အလွန်ကောင်းမွန်သော ပြောင်းလဲမှုများကို ပြုလုပ်နိုင်ခဲ့သည်။
“မှန်တယ်.. ကျုပ်က ခင်ဗျားတို့အားလုံးကို ခေါင်တာက ဘယ်လောက်ကောင်းကောင်း စွမ်းဆောင်နိုင်တယ် ဆိုတာကို ပြောဖို့ မဟုတ်ဘူး… ကျုပ်မှာ အရေးကြီးတဲ့ ကိစ္စတချို့ ကြေညာစရာရှိတယ်..” ရီဖူရှင်း ပြောရင်းဖြင့် ကျေးရွာခေါင်းဆောင်အား ကြည့်သည်။
အဘိုးအိုက ရှေ့ကို တစ်လှမ်း တက်လာသည်တွင် အားလုံးက သူ့အား လှမ်းကြည့်ကြသည်။
“သူ အရှေ့ဘက်ပြည်နယ်၊ သင်္ချိုင်းကုန်းကျေးရွာရဲ့ ကျေးရွာခေါင်းဆောင်ဖြစ်ပြီး ရှန့်ထိုတစ်ပါးပဲ… အခု တော်ဝင်ကျဲ နန်းတော်ရဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်ဖို့ ရောက်လာတာဖြစ်တယ်…သင်္ချိုင်းကုန်း ကျေးရွာကလည်း တော်ဝင်ကျဲ နန်းတော်နဲ့ ပူးပေါင်းလိမ့်မယ်… ကျေးရွာခေါင်းဆောင်ကိုတော့ တော်ဝင်အကြီးအကဲအဖြစ် ချီးမြှင့်စေမယ်…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။
အားလုံး၏ရင်ဘတ်များ တုန်ခါသွားကြသည်။ ထိုအဘိုးအိုကား ရှန့်ထိုဖြစ်သည်။
ထို့အပြင် သူက တော်ဝင်ကျဲနန်းတော်လက်အောင်ကို ဝင်ရောက်လာ၏။
ဓားမိစ္ဆာ၊ ထောင်ကျန်းနှင့် တခြားလူများပင် စိတ်လှုပ်ရှားသွားကြသည်။ အဘိုးအိုက ထူးဆန်းသည်ဟု သူတို့တွေးမိကြသော်လည်း ရှန့်ထိုတစ်ပါး ဖြစ်နေမည်ဟု မထင်ထားကြပေ။
ထိုအခိုက်တွင်ပင် အဘိုးအို၏ကိုယ်ရောင်ကိုယ်ဝါက ပြောင်းလဲသွားကာ အလွန်အမင်းကြီးမြတ်သော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် မြင့်မြတ်သော ရောင်ဝါက လောကတစ်ခုလုံး၏ စွမ်းအားများကို ထမ်းပိုးထားသည်ဟု ခံစားကြရ၏။
တော်ဝင်ကျဲနန်း တော်တစ်ခုလုံးက ထိုမြင့်မြတ်တော်ဝင်သော အရောင်အဝါအား ခံစားမိကြသည်။
“ဒက တကယ့် ရှန့်ထိုပဲ…” လူအများအပြားက မယုံကြည်နိုင်စွာ ကြည့်ကြသည်။ ရီဖူရှင်းက မြေရိုင်းပြည်နယ်သို့ ရှန့်ထိုတစ်ပါးအား ခေါ်ဆောင်လာသည်။
“ခင်ဗျားတို့ရဲ့ အကြီးအကဲကို နှုတ်ဆက်ကြပါ…” ရီဖူရှင်းက ပြောသည်တွင် အားလုံးက ဦးညွတ်ကြသည်… “ တော်ဝင် အကြီးအကဲကို နှုတ်ဆက်ပါတယ်…”
နှစ်ပေါင်းများစွာ ကြာအောင် မြေရိုင်းပြည်နယ်၏ အိပ်မက်ဖြစ်သော ရှန့်ထိုပိုင်ဆိုင်ရန်ကား မျိုးဆက်များစွာ ကြာအောင် မှေးမှိန်နေခဲ့ရသည်။ ယနေ့ ရီဖူရှင်းက ရုတ်တရက် ရှန့်ထိုတစ်ပါးအား ခေါက်ဆောင်လာသည်။ အရာအားလုံးက အိပ်မက်ဆန်လွန်းလှသည်။
ဓားမိစ္ဆာနှင့် ထို့ကျန်းတို့ပင် ရှေ့ကို တက်လာကာ နှုတ်ဆက်ရသည်… “တော်ဝင်အကြီးအကဲကို နှုတ်ဆက်ပါတယ်…”
ထိပ်သီးရှီများပင် ရှန့်ထိုကို အလေးအမြတ်ပြုရပေမည်။
“ပြီးတော့ တော်ဝင်ကျဲနန်းတော်က မရဏနန်းဆောင်ကို တည်ဆောင်ကြရမယ်… တော်ဝင်အကြီးအကဲက နန်းဆောင်သခင်အဖြစ် ဆောင်ရွက်လိမ့်မယ်… သင်္ချိုင်းကုန်းကျေးရွာကလူတွေက နန်းဆောင်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်ကြရမယ်… ” ရီဖူရှင်းက ပြောသည်။
အားလုံးက သက်ပြင်းရှိုက်လိုက်ကြသည်။ သူ့အား အကြီးအကဲအဖြစ်သာ သတ်မှတ်သည်မဟုတ်ဘဲ အထူးတလည် နန်းဆောင်လည်း စီးစဉ်ပေးထားသည်။ သိသာစွာပင် နန်းတော်သခင်က လေးနက်စွာ ပြောနေခြင်းဖြစ်သည်။ ရှန့်ထိုကား အမှန်ပင် နန်းတော်၌ လေ့ကျင့်ပေတော့မည်။
နန်းတော်သခင်က မည်သို့လုပ်ခဲ့သနည်း။
“စီနီယာရန်…” ထိုအချိန်တွင် ရီဖူရှင်းက နောက်တစ်ယောက်ကို လှမ်းကြည့်သည်တွင် ရန်ရှောင်က ရှေ့ကို တက်လာသည်။
လူအများအပြားက သူ့အား ကြည့်ကြသည်။ နန်းတော်သခင်က သူ့အား စီနီယာဟု ခေါ်ရ၏။
“အရှေ့ဘက်ပြည်နယ်၊ ယွီကျင့်မြို့စား ရန်ရှောင်က ရှီနဲ့ရှန့်ထိုထိပ်သီးတန်ခိုးရှင်ပဲ… အခု သူက ယွီကျင့်မြို့က လူတွေကို ခေါ်ပြီး တော်ဝင်ကျဲ နန်းတော်ကို လာရောက်ပူးပေါင်းတယ်… ဒါကြောင့် တော်ဝင်ကျဲနန်းတော်က သူ့အတွက် ဝင်္ကပါနန်းဆောင်တစ်ခု သတ်မှတ်တည်ဆောက်ပေးမယ်… သူက တော်ဝင်ကျဲနန်းတော်မှာ ဝင်္ကပါပညာကို ပျံ့ပွားတိုးတက်စေလိမ့်မယ်… ဝင်္ကပါပညာကို စိတ်ဝင်စားသတိုင်းက ဝင်္ကပါနန်းဆောင်ကို ဝင်နိုင်တယ်…”
အားလုံး၏စိတ်များ တုန်လှုပ်သွားကြသည်။ ပြည်နယ်ကိုးခုရှီနှင့်ရှန့်ထိုအဆင့်တွင် အားအကောင်းဆုံး ရှီတန်ခိုးရှင်က ယခု မြေရိုင်းပြည်နယ်သို့ ရောက်လာသည်။ သူကား ရှန့်ထိုတန်ခိုး အဆင့်အောက်တွင် နံပါတ်တစ် ဖြစ်တည်မှုဖြစ်သည်။
သည်တစ်ခေါက်တွင် တော်ဝင်ကျဲနန်းတော်၏အင်အားက အလွန်အမင်း ကောင်းလာခဲ့ပြီး တခြားပြည်နယ်များမှ တော်ဝင်မြေများနှင့်ပင် ယှဉ်နိုင်လာသည်ဟု ဆိုင်သည်။
“ဒါက သတင်းကောင်းတွေပဲ… အခု သတင်းဆိုးတွေကို ပြောစရာရှိတယ်..” ရီဖူရှင်းက ထိုသို့ပြောသည်တွင် အားလုံးက ရီဖူရှင်းအား လှမ်းကြည့်ကြသည်။
ဓားမိစ္ဆာ၊ ထောင်ကျန်းနှင့် တခြားလူများအားလုံးက စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။ ရီဖူရှင်းကား ရှန့်ထိုတစ်ပါး ခေါ်ဆောင်လာသည့် တိုင်အောင် ဝမ်းသာသည့်အမူအရာ မရှိပေ။ သတင်းဆိုးကား အလွန်တရာ ကြောက်စရာ ကောင်းပေမည်။
“ကျုပ်တို့ တော်ဝင်ကျဲနန်းတော်က အရှေ့ဘက်ပြည်နယ်ရဲ့ တော်ဝင်မြေတစ်ခုဖြစ်တဲ့ ကျောက်ပြည်ထောင်နဲ့ စစ်ခင်းရလိမ့်မယ်… ဒါကြောင့် အားလုံးက ဒီအတွက် စိတ်ပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုများရှိဖို့လိုတယ်… ဒါက သေခြင်း ရှင်ခြင်းနှင့် သက်ဆိုင်တယ်… တော်ဝင်ကျဲနန်းတော်ရဲ့ ရှင်သန်ရပ်တည်မှုကလည်း ဒီအရေးမှာ မသေချာဘူး…” ရီဖူရှင်းက ထိုသို့ပြောလိုက်သည်တွင် အားလုံး၏ စိတ်လှုပ်ရှားမှုများ အားလုံးက နစ်မြုတ်ပျောက်ကွယ် သွားကြတော့သည်။
ရီဖူရှင်းက အတန်ကြာ စကားစရပ်လိုက်ပြီး အားလုံးက သူပြောသည်ကို ကြေညက်သွားသည်အထိ စောင့်လိုက်သည်။ ထို့နောက် သူက ထပ်ပြောသည်… “ဒီစစ်ပွဲက အားလုံးရဲ့ သေခြင်းရှင်ခြင်းတို့နဲ့ သက်ဆိုင်လိမ့်မယ်… ဒါကြောင့် ကျုပ်က ဒီအပေါ်မှာ အားလုံးကို တွေးခေါ်စဉ်းစားဖို့ အချိန်ပေးတယ်… စစ်ပွဲမတိုင်ခင် ခင်ဗျားတို့အားလုံးက နန်းတော်က ထွက်သွားနိုင်တယ်… ခင်ဗျားတို့က နန်းတော်နဲ့မသက်ဆိုင်တော့တဲ့အတွက် စစ်ပွဲမှာ ပတ်သက်စရာ အကြောင်းမရှိဘူး… ဒါပေမဲ့ စစ်ပွဲဖြစ်တာနဲ့ ခင်ဗျားတို့က အမိန့်ကို တင်းတင်းကြပ်ကြပ် နာခံဖို့လိုတယ်… တကယ်လို့ အဲဒီအချိန်မှာမှ နန်းတော်က ထွက်ခွာခဲ့ရင် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချရလိမ့်မယ်…
ပြင်းထန်သောအချိန်၌ ပြင်းထန်သော အမိန့်အာဏာများ လိုအပ်ပေသည်။ သည်တော်ဝင်စစ်ပွဲက တော်ဝင်ကျဲ နန်းတော်အား ကြီးစွာ ပြောင်းလဲစေလိမ့်မည်။
***