← Chapters

ဆင့်ခေါ်ခြင်း

Vol. 98 Ch. 1353

ဆင့်ခေါ်ခြင်း

Vol. 98 Ch. 1353

နီးကပ်လာသည့်အခါ နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းက အသက်ဝင်လှုပ်ရှားလာဟန်ပေါ်သည်။ ပုံမှန်မဟုတ်စွာ ဝှေ့ယမ်းနေသည့် အနက်ရောင်လက်တံများက ရုတ်ချည်းဆိုသလို တောင့်တင်းသွားကာ ဖြူးကောင်၏ ဆူးချွန်များသဖွယ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်၏။

ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်နေသည့် လက်တံများက မြန်ဆန်လွန်းပြီး လေဟုန်ကို ထွင်းကာ ထွက်ပေါ်လာသည်။ သူတို့က ဝမ်ပေါင်လဲ့ဆီ ဦးတည်လာရင်း လေဟုန်ခွင်းသံကိုသာ ချန်ထားခဲ့၏။

သူတို့က သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်တော့လုမတတ် ဖြစ်နေသည်။ သို့သော်လည်း သူ့အနီးရောက်ရှိလာသည့်အခါ ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာ၏။ သူက ညာဖက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းဥပဒေသက ပေါက်ထွက်လာပြီး နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းကို လွှမ်းခြုံသွားလေသည်။

နောက်အခိုက်အတန့်လေး၌ အနက်ရောင်လက်တံများက သက်ရောက်ခံလိုက်ရ၏။ သူတို့က ကိုယ်ပိုင်အသိဉာဏ်ရှိသည့်အလား အချင်းချင်းတွန့်လိမ်ကာ တစ်ယောက်နှင့်တစ်ယောက် ဝါးမျိုကြတော့သည်။ ထိုမြင်ကွင်းက ဖရိုဖရဲ ဖြစ်လာခဲ့၏။

 ဝမ်ပေါင်လဲ့က ထိုဖရိုဖရဲအခိုက်အတန့်ကို အခွင့်ကောင်းယူသည်။ ပေသုံးထောင်ကျော်မြင့်မားသည့် သူ့ခန္ဓာကိုယ်က ရှေ့တိုးလာလေ၏။ သူ ပေါ်ထွက်လာသည့်အခါ သူက ပေတစ်သောင်းမြင့်မားသည့် လက်ချောင်းပေါ် ရောက်ရှိနေလေပြီ။ သူက ညာဖက်လက်ကို မြှောက်ကာ အောက်တွင်ရှိနေသည့် လက်ချောင်းကို ထိုးချလိုက်သည်။

ထိုလက်သီးချက်က မိုးကြိုးချက်နှင့် တူ၏။ ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် လှုပ်ခတ်သွားစေကာ အနက်ရောင်လက်တံတချို့ကို စုတ်ပြဲသွားစေပြီး အနက်ရောင်လက်တံ တစ်ဝက်ကျော်ကိုမူ အမြင့်မှ ပြုတ်ကျသွားလေ၏။ သူတို့က ကျိုးပဲ့သွားသည့်အခါ အဖက်ဖက်မှ အနီရောင်မြူခိုးများက စတင်လှိမ့်တက်လာသည်။

ပို၍အရေးကြီးသည်က ပေတစ်သောင်း လက်ချောင်းကြီးက ဝမ်ပေါင်လဲ့၏ လက်သီးချက်ကြောင့် သက်ရောက်ခံလိုက်ရသည်။ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် အာသီသစည်းမျဉ်းဥပဒေသတို့၏ ပေါင်းစည်းမှုကြောင့် ထိုလက်က အနည်းငယ် ကျုံ့ဝင်သွားခဲ့၏။

ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ ဝမ်ပေါင်လဲ့က လက်သီးဖြင့် ထပ်မံထိုးနှက်နေသည်။

ထို့နောက် တတိယလက်သီးချက်၊ စတုတ္ထလက်သီးချက်နှင့် ပဉ္စမလက်သီးချက်…

ထိုလက်သီးချက် တစ်ချက်ချင်းစီက လက်ချောင်းကို သိသိသာသာ ကျုံ့သွားစေသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ပဉ္စမမြောက်လက်သီးချက် ကျရောက်လာသည့်အခါ လက်ချောင်း၏ ခွန်အားက အထွတ်အထိပ်သို့ ရောက်ရှိလာကာ အနီရောင်မြူခိုးကို ထိုးဖောက်ပြီး မြေကြီးပေါ် ရောက်ရှိလာသည်။

အသံကျယ်ကြီးနှင့်အတူ မြေကြီးက တုန်ခါသွားလေ၏။ လက်ချောင်းက မြေကြီးနှင့် ထိပ်တိုက်ဆုံသွားကာ တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်သွားစေသည်။

လက်ချောင်းအပေါ်ရှိ အနက်ရောင်လက်တံများကလည်း ပျက်စီးသွားလေ၏။ အဝေးမှကြည့်လျှင် မြေကြီးမှ ကောင်းကင်အထိ ပျက်စီးနေသည့် အနက်ရောင်လက်တံများကို နေရာအနှံ့မြင်တွေ့နိုင်သည်။ သို့သော်လည်း လက်ချောင်းက ထူးကဲလှ၏။

ဝမ်ပေါင်လဲ့၏ ဆက်တိုက်တိုက်ခိုက်မှုအောက်တွင် ထိုအရာက ကောင်းကင်မှ ပြုတ်ကျလာပြီး လက်တံများစွာ ပျက်စီးသွားသော်လည်း ဒဏ်ရာကြီးကြီးမားမား မရှိပေ။ ထိုအရာက မြေပြင်ပေါ် ကျရောက်လာပြီးသည့်နောက်တွင် ဆက်တိုက်ရုန်းကန်နေဆဲ ဖြစ်၏။ ထိုအရာထဲမှ ကြောက်မက်ဖွယ်ဖိနှိပ်အားတစ်ခု ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့နှင့် ပြန်လည်ရင်ဆိုင်လိုသကဲ့သို့ ဖြစ်သည်။

ဝမ်ပေါင်လဲ့က အေးစက်စက် သရော်လိုက်၏။ သူ့နဂိုခန္ဓာကိုယ်၏ စွမ်းအားက ထွက်ပေါ်လာလေသည်။ သူက လက်ချောင်းနှင့် တိုက်ခိုက်နေရင်း အာသီသစည်းမျဉ်းဥပဒေသကို ဖြန့်ဝေကာ အရှိန်အဝါကို အရူးအမူး စုပ်ယူလိုက်သည်။

ထိုအရှိန်အဝါက အာသီသစည်းမျဉ်းဥပဒေသအတွက် ရသာမွန်ကဲ့သို့ ဖြစ်၏။ ထိုအရာက ဝမ်ပေါင်လဲ့၏ အာသီသစည်းမျဉ်းဥပဒေသကို ထပ်မံ များပြားလာစေသည်။ သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ပေ ၃၀၀၀မှ ပေ ၃၃၈၀ အထိ ရောက်ရှိလာသည်။

ဝမ်ပေါင်လဲ့က နှုတ်ခမ်းသပ်ကာ ထပ်မံတိုက်ခိုက်လိုက်သည်။ သို့သော်လည်း ထိုလက်ချောင်း၏ ရုန်းကန်နေမှုက ပိုမိုပြင်းထန်လာ၏။ ဝမ်ပေါင်လဲ့၏ လက်သီးချက်က ၁၁ကြိမ်မြောက် ကျရောက်လာသည့်အခါ လက်ချောင်းက သိသိသာသာ ကွေးညွှတ်သွားပြီး ပြန်လည်ကန်ထွက်လာသည်။ အသံကျယ်ကြီးနှင့်အတူ ဝမ်ပေါင်လဲ့က ထိုတန်ပြန်မှုကို ပထမဦးဆုံး တောင့်ခံလိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က လေထဲ လွင့်ထွက်သွား၏။

ဝမ်ပေါင်လဲ့ကို ပစ်လွှတ်ပြီးသည့်နောက်တွင် လက်ချောင်းက ပင့်မလိုက်သည်။ ထိုအရာက ဝမ်ပေါင်လဲ့ကို လက်ချောင်းထိပ်ဖြင့် လက်ညှိုးထိုးထားဟန်ဖြင့်  ချက်ချင်း ထွက်ပေါ်လာ၏။ ထိုအရာက မြန်ဆန်လွန်းသည့်အတွက် ကောင်းကင်၌ပင် အပေါက်ကြီးတစ်ခု ကျန်နေခဲ့သလို ဖြစ်၏။ ထိုအရာက ဝမ်ပေါင်လဲ့ဆီ ဆက်တိုက် ချီတက်လာသည်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ယခုအခါ ပေ ၄၀၀၀ နီးပါးရောက်ရှိနေပြီဖြစ်သော်လည်း လက်ချောင်းနှင့် ယှဉ်လိုက်ပါက တစ်ဝက်ခန့်ပင် မရှိသေးပေ။ သူက ထိုအရာကို ရှောင်ရှားနိုင်သော်လည်း ထိုသို့လုပ်ဆောင်လိုက်သည်နှင့် လက်ချောင်းက အနီရောင်မြူခိုးအတွင်း ထပ်မံဝင်ရောက်ကာ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း သိလေသည်။ သူ့အနေဖြင့် ပြန်လည်ရှာဖွေဖို့ မည်မျှကြာမြင့်မည်မှန်း မပြောတတ်ပေ။

 ဝမ်ပေါင်လဲ့၏ မျက်နှာအထက် ခက်ထန်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ထိုအရာကို လုံးလုံးမရှောင်ရှားခဲ့ပေ။ သူက အော်ဟစ်ရင်းဖြင့် လက်နှစ်ဖက်လုံးကို မြှောက်လိုက်၏။ ထိုလက်ချောင်း ကျဆင်းလာသည့်အခါ သူက လက်ချောင်း၏ ထိပ်ဖျားကို ဆွဲကိုင်လိုက်သည်။

လေထုထဲ အသံကျယ်ကြီး ထွက်ပေါ်လာလေ၏။ သူ့ခန္ဓာကိုယ်က လက်ချောင်းကြောင့် တွန်းပို့ခံလိုက်ရပြီး အနီရောင်မြူခိုးကို ထိုးဖောက်သွားလေ၏။ ဝမ်ပေါင်လဲ့၏ မျက်နှာအထက် သွေးကြောများပင် ထင်းထွက်လာသည်။ သူက သူ့ကို ဖြတ်သန်းသွားနေသည့် အနီရောင်မြူခိုးများကို ခံစားမိလိုက်ပြီး သူ့ခန္ဓာကိုယ်သည် တုန်ယင်လာကာ နာကျင်မှု ပြင်းထန်လာသည်ကိုပင် ခံစားလိုက်ရသည်။

သူက အော်ဟစ်နေရင်းဖြင့် အာသီသစည်းမျဉ်းဥပဒေသက ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုအရာက တိုက်စားနေသည့်အလား လက်ချောင်းမှ အရှိန်အဝါကို အရူးအမူး စုပ်ယူနေကြသည်။

သူက သူ့ခန္ဓာကိုယ်ကို ပြုပြင်ရင်းဖြင့် ထိုအရာကို ဝါးမျိုလိုက်၏။ ဖြည်းဖြည်းချင်းဖြင့် သူ့ခန္ဓာကိုယ်က ကြီးမားလာကာ ပေ ၄၄၂၀ ရောက်ရှိလာသည်။ အနီရောင်မြူခိုးအတွင်း ပေတစ်သောင်း လက်ချောင်းကြီးက နောက်ဆုံးတွင် ညှိုးနွမ်းခြောက်ကပ်တော့မည့် အရိပ်အယောင်ပြသလာ၏။ ထိုအရာ၏ အရှိန်ကလည်း သိသိသာသာ နှေးကွေးသွားခဲ့သည်။

ထိုအရာ နှေးကွေးသွားသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ သူက စွမ်းအားအပြည့် ထွက်ပေါ်ကာ လက်ချောင်းကို မတင်လိုက်သည်။ ထို့နောက် အပြင်းအထန် ဝှေ့ယမ်းရင်းဖြင့် မြေကြီးပေါ်ရိုက်ချလိုက်၏။

မြေကြီးက တုန်ခါသွားကာ အဖက်ဖက်သို့ လှိုင်းလုံးများ ပျံ့နှံ့သွားလေ၏။ ချန်လင်းကျစ်နှင့် တခြားသူများကလည်း အဝေးတွင် ရှိမနေကြပေ။ သူတို့က နေရာတွင် စောင့်ဆိုင်းနေကြသည့်အတွက် အသံကို ကြားပြီး အဝေးမှ မြူခိုးကြီးကို မြင်လိုက်သည့်အခါ လက်ချောင်းကျဆင်းလာသည်ကိုပါ မြင်လိုက်ရသည်။

သူတို့က တုန်လှုပ်သွားကြ၏။ သူတို့က ထိုလက်ချောင်းနောက်ကွယ်တွင် နတ်ဘုရားကဲ့သို့ ရှိနေသည့် ဝမ်ပေါင်လဲ့ကို မြင်တွေ့လိုက်ရသည်။ သူက လက်ချောင်းကို ဆုပ်ကိုင်ထားပြီး မြေကြီးပေါ် ရိုက်ချနေ၏။

ချန်လင်းကျစ်က ထိုမြင်ကွင်းနှင့် ပတ်သက်ပြီး အံ့ဩမိခြင်း မရှိပေ။ ဤသည်က ဝမ်ပေါင်လဲ့နှင့် ထိုလက်ချောင်း တိုက်ပွဲကို ကြုံတွေ့ရသည်က သူ့အတွက် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ သူက စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီးသား ဖြစ်၏။ သို့သော်လည်း တခြားသော လူ၆ယောက်ကမူ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား တုန်လှုပ်နေကြသည်။

သူတို့က အစားကြူးနတ်ဘုရားများနှင့် အဆက်အသွယ်ရှိသည့်အတွက် အစားကြူးနတ်ဘုရားများသည် မည်မျှအားကောင်းကြောင်း သိထားလေ၏။ သို့သော်လည်း သူတို့က တတိယကမ္ဘာတွင်ရှိပါက နတ်သက်ကြွေနတ်ဘုရားများ၏ အကြွင်းအကျန်များသည် ပိုမိုပင်အားကောင်းကြောင်း သိထားကြသည်။ သို့သော်လည်း အသစ်တက်လှမ်းကာစ အစားကြူးနတ်ဘုရား ပင်းလင်းကျစ်က နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းကို မြေကြီးပေါ် ရိုက်ချနေသည်။ ထိုမြင်ကွင်းက သူတို့စိတ်ထဲမှ လေးစားမှုကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေ၏။

သူတို့က တုန်လှုပ်နေကြသော်လည်း ဝမ်ပေါင်လဲ့ကမူ စွမ်းအားအပြည့် ထုတ်ဖော်ထားခြင်း မရှိပေ။ သူက လက်ချောင်းကို ဆက်လက်ကျုံ့လာအောင် ဆက်တိုက် တိုက်ခိုက်နေသည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်က ပေ ၅၀၀၀သို့ ရောက်ရှိသွားလေ၏။ သို့သော်လည်း ထိုအခိုက်အတန့်၌

နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းက ရုတ်ချည်းဆိုသလို သွေးနီရောင်အဖြစ် ပေါက်ကွဲထွက်သွားသည်။ ထိုသွေးမြူ ပေါက်ကွဲထွက်သွားသည့်အခါ ဝမ်ပေါင်လဲ့၏ အမူအရာက ပြောင်းလဲသွားလေ၏။ သူက အန္တရာယ်ကို ခံစားမိလိုက်သည်။ သို့သော်လည်း သူက လက်မလျှော့လိုဘဲ သွေးနီရောင် တောက်ပမှုကို ဆက်လက်စုပ်ယူနေသည်။

အဝေးမှကြည့်ပါက လက်ချောင်းကြီး၏ ဒဏ်ရာပေါ်မှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာသည်ကို မြင်တွေ့ရလိမ့်မည်။ အနက်ရောင်မြူခိုးများက ဝမ်ပေါင်လဲ့ဆီ ဦးတည်ထွက်သွားသည်ကို မြင်တွေ့နိုင်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စုပ်ယူလိုက်၏။ လက်ချောင်းဝန်းကျင်တွင်ရှိနေသည့် သွေးနီရောင် တောက်ပမှုက ပိုမိုပင် တောက်ပလာလေသည်။

ထိုစဉ် ကောင်းကင်ယံရှိ သွေးနီရောင်မြူခိုးများက လှုပ်ခတ်လာ၏။ ပြောရမည်ဆိုလျှင် လက်ချောင်းပေါ်ရှိ သွေးနီရောင်အလင်းက တစ်စုံတစ်ခုကို ဆင့်ခေါ်နေသကဲ့သို့ ဖြစ်သည်။ မြူခိုးများလှုပ်ခတ်လာသည့်အခါ ပေသောင်းချီရှိသည့် လက်လေးချောင်းပါသည့် လက်တစ်ဖက်က မြူခိုးအတွင်း ပေါ်ထွက်လာသည်။

ဝမ်ပေါင်လဲ့က ထိုအရာကို မြင်သည့်အခါ အမူအရာ ပြောင်းလဲသွားခဲ့၏။ သူက ထိုဧရာမလက်ကြီးသည် တူညီသည့် ဇစ်မြစ်ရှိကြောင်း ပြောနိုင်လေသည်။

“သောက်ခွေးနဲ့မှ မင်းက အကူအညီ ဘယ်လိုတောင်းရမယ်ဆိုတာတောင် သိနေတာပဲ”

ဝမ်ပေါင်လဲ့၏ ဦးခေါင်းက ထုံထိုင်းလာလေ၏။ သူက ထိုလက်ချောင်းကို ကိုင်ထားသည့် လက်ကို လွှတ်လိုက်သည်။ သူက မြန်မြန်ဆန်ဆန် နောက်ဆုတ်လာလိုက်၏။ သူက ထွက်ပြေးရင်းဖြင့် ကောင်းကင်ယံရှိ ဧရာမလက်ကြီးက အရှိန်အဟုန်အပြည့် ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ကို ဖမ်းဆုပ်လိုက်သည်။

တစ်ချိန်တည်းဆိုသလို ညှိုးနွမ်းခြောက်ကပ်နေသည့် လက်ချောင်းကလည်း အလျင်အမြန် ထရပ်ကာ ဝမ်ပေါင်လဲ့နောက် အရူးအမူး လိုက်ဖမ်းလေ၏။

All Chapters