သစ္စာဖောက်ခြင်း
Vol. 98 Ch. 1354
ဝမ်ပေါင်လဲ့၏ အမူအရာက ပြောင်းလဲသွားလေ၏။ သူ့အရှိန်က ကန့်သတ်ချက်သို့ ရောက်ရှိသွားကာ လက်ဝါး၏ အစွန်းမှ လွတ်မြောက်လာသည်။ သို့သော်လည်း လက်ဝါး၏ ဖိအားနှင့် မုန်တိုင်းကြောင့် မုန်တိုင်းက ဝမ်ပေါင်လဲ့ကို တိုက်ခတ်သွားဆဲ ဖြစ်၏။ ထိုအရာက သူ့ကို ယိမ်းယိုင်သွားစေသည်။
သို့သော်လည်း နောက်အခိုက်အတန့်လေး၌ သူက အရှိန်ကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ သူက ခေါင်းလှည့်မကြည့်ဘဲ အမြန်နှုန်းအပြည့်ဖြင့် ထွက်ပြေးတော့၏။
ထိုစဉ် သူ့နောက်ကို လိုက်ဖမ်းနေသည့် လက်ချောင်းက လက်ကြီးနှင့် ပေါင်းစည်းသွားလေ၏။ ထိုအရာက ထိုလက်ချောင်း ဖြတ်တောက်ခံရသည့်နေရာတွင် ပေါ်ထွက်လာကာ အချင်းချင်း ဆက်သွယ်သွားကြ၏။
ဝမ်ပေါင်လဲ့က ထိုမြင်ကွင်းကို သတိထားမိသည်။ သူက ပို၍ မြန်မြန်ဆန်ဆန်ပင် ထွက်ပြေးလာ၏။ အကြောင်းအရင်းကမူ ထိုလက်ချောင်းကြီးက လက်ဝါးနှင့် ပေါင်းစည်းပြီးသည့်နောက်တွင် လက်ချောင်းရှိ လက်ငါးချောင်းလုံးက ဖြည်းဖြည်းချင်း လှုပ်ရှားလာ၍ ဖြစ်သည်။ သူတို့က လက်သီးအသွင်ပြောင်းလဲသွားပြီး အချင်းချင်းထိတွေ့ကာ ဆက်နွယ်နေသကဲ့သို့ ဖြစ်၏။ သူတို့က ဝမ်ပေါင်လဲ့ကို ပိုမိုမြန်ဆန်သည့် အလျင်ဖြင့် လိုက်ဖမ်းလာသည်။
လွန်လွန်းသွားပြီ…
ဝမ်ပေါင်လဲ့က စိတ်ဓာတ်ကျနေမိသည်။ သူက လက်တစ်ချောင်းနှင့် ရင်ဆိုင်နိုင်သေးသော်လည်း လက်ငါးချောင်းလုံးနှင့် ရင်ဆိုင်ရသည့်အခါ သူ့နဂိုခန္ဓာ မဟုတ်သရွေ့ ထိုအရာကို ဖိနှိပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
အကယ်၍ သူ ဖမ်းဆီးခံရမည်ဆိုလျှင် တစ်ဖက်လူကြောင့် ဝါးမျိုခံရမည်ကို စိုးရိမ်နေမိ၏။ ထိုအရာက ဝမ်ပေါင်လဲ့ကို ခေါင်းကိုက်လာစေသည်။ သို့သော် သူက သူ့လောဘကို နောင်တမရပေ။
ချမ်းသာကြွယ်ဝမှုက စွန့်စားမှုနဲ့အတူ တစ်ပါတည်းတွဲရှိနေခြင်း ဖြစ်၏။ အကယ်၍ သူ့ယခင် အားထုတ်မှုကြောင့်သာ မဟုတ်လျှင် အာသီသစည်းမျဉ်းဥပဒေသက ဤမျှ မည်သို့တိုးတက်လာနိုင်မည်နည်း။ ယခုမူ သူက ပေသုံးထောင်မှ ပေငါးထောင်အထိ ဖြစ်လာခဲ့သည်။
သူက စိတ်ဓာတ်ကျနေသော်လည်း ကျေနပ်နေမိသည်။ သူက အလျင်အမြန် ထွက်ပြေးကာ သက်တံအသွင်ပြောင်းပြီး ချန်လင်းကျစ်နှင့် တခြားသူတို့၏ အထက် ကောင်းကင်ယံမှ ပြေးထွက်သွားသည်။
ချန်လင်းကျစ်နှင့် တခြားသူများကလည်း ဝမ်ပေါင်လဲ့နောက်မှ ရှိနေသည့် လက်ကြီးကို ကြည့်လိုက်ကြ၏။ ထိုလက်ကြီးက ဒေါသကိန်းအောင်းနေဟန်ပေါ်သည်။ သူတို့၏ အမူအရာများကလည်း ဖြူဖျော့သွားပြီး အချင်းချင်း ကြည့်နေကြ၏။ သူတို့က ဝမ်ပေါင်လဲ့၏ စွမ်းအားကြောင့် အံ့အားသင့်နေကြသော်လည်း မနေနိုင်ဘဲ မှန်းဆနေကြသည်။
အသစ်တက်လှမ်းတဲ့ အစားကြူးနတ်ဘုရားက ဒီမှာ သေဆုံးတော့မှာပဲ…
ဝမ်ပေါင်လဲ့အကြောင်း အမြဲတမ်း ချီးကျူးနေသည့် ချန်လင်းကျစ်ပင် တုန်လှုပ်နေမိသည်။ သူက ပါးစပ်ဟကာ တစ်စုံတစ်ခုပြောလိုသော်လည်း ဝမ်ပေါင်လဲ့၏ ဖရိုဖရဲသွင်ပြင်ကို မြင်လိုက်ရသည့်အခါ တိတ်ဆိတ်သွားလေ၏။
ဝမ်ပေါင်လဲ့ကလည်း ခေါင်းကိုက်လာမိသည်။ သူက မြန်ဆန်သော်လည်း လက်ဝါးကြီး၏ အရှိန်က အံ့မခန်း ဖြစ်၏။ သူက ထိုအရာက လုံ့လရှိစွာ လိုက်ဖမ်းလာသည်။ သူက မြူခိုးထဲ ထွက်ပြေးလာသော်လည်း လိုက်ဖမ်းနေဆဲသာ ဖြစ်၏။ တိမ်တိုက်များအောက်တွင် လက်ဝါးကြီးက သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။ ထိုအရာက ထာဝရအထိ လိုက်ဖမ်းမည့်ဟန်ပေါ်၏။
ထိုအရာက မည်သည့်နည်းလမ်း အသုံးပြုမှန်းမသိသော်လည်း လက်ချောင်းကြီးက ရုတ်တရက် အရှိန်မြှင့်ကာ ဝမ်ပေါင်လဲ့ကို ဖမ်းဆုပ်လာသည့် အခိုက်အတန့်တချို့ပင် ရှိခဲ့သည်။ ထိုအရာက လွဲချော်သွားသော်လည်း ဝမ်ပေါင်လဲ့က တုန်လှုပ်နေဆဲ ဖြစ်၏။
ငါ ဒီအတိုင်း လုပ်နေလို့ မဖြစ်တော့ဘူး။ မဟုတ်ရင် ကြာကြာဖြစ်လေလေ ငါ့အတွက် အန္တရာယ်များလာလေလေပဲ…
ဝမ်ပေါင်လဲ့က စိုးရိမ်စွာဖြင့် ခေါင်းငုံ့ကာ မြေကြီးကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းအထက် ရုန်းကန်သည့် အရိပ်အယောင်တချို့ ထွက်ပေါ်လာသော်လည်း သိပ်မကြာခင် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ဖြင့် အစားထိုးဝင်ရောက်သွား၏။
သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားကာ မြေကြီးဆီ ဦးတည်လိုက်သည်။
ကောင်းကင်ဖြစ်စေ၊ လေထုဖြစ်စေ သူ့နောက်တွင် ရှိနေသည့် လက်ကြီးကို ရှင်းထုတ်မပစ်နိုင်သည့်အတွက် သူ့ရှေ့တွင် ကျန်ရှိနေသည့်အရာက မြေအောက်သာ ရှိ၏။
ထိုလက်ဝါးကြီးက မြေအောက်တွင် ရှိနေသည့် ပြန့်ကျဲနေသော စိတ်ဆန္ဒများကို တိုက်ခိုက်နိုင်မည်လား သိချင်မိသည်။
ဝမ်ပေါင်လဲ့၏ အမြန်နှုန်းက အံ့မခန်း ဖြစ်၏။ အသံကျယ်ကြီးနှင့်အတူ သူ့ခန္ဓာကိုယ်က မြေကြီးထဲ ကျရောက်သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ မြေပြင်ပေါ်ရပ်ကာ မြေကြီးကို စတင်တူးလိုက်သည်။ ထို့နောက် မြေအောက်ထဲ ဦးတည်လိုက်၏။
သူ့နောက်တွင် ဧရာမလက်ကြီးကလည်း နောက်မှ လိုက်ပါလာ၏။ အသံကျယ်ကြီးနှင့်အတူ ထိုအရာကလည်း မြေအောက်အတွင်း ထိုးဖောက်ဝင်ရောက်လာသည်။ ထိုအရာက ဝမ်ပေါင်လဲ့အား မရပ်တန့်နိုင်ဖွယ် အမြန်နှုန်းဖြင့် လိုက်လံတားဆီးနေ၏။
သိပ်မကြာခင် ဝမ်ပေါင်လဲ့က ပေနှစ်ထောင်အနက် ရောက်ရှိလာသည်။ ပြန့်ကျဲနေသည့် စိတ်ဆန္ဒများက အင်မတန် အားကောင်းနေပြီ ဖြစ်၏။ သို့သော် ဝမ်ပေါင်လဲ့က နှေးကွေးနေခြင်း မရှိပေ။ သူ့နောက်တွင် ရှိနေသည့် ဧရာမလက်ကြီးက သူ့နောက်ကို လိုက်ဖမ်းနေကြောင်း အာရုံခံမိသည့်အခါ ထပ်မံ ရှေ့တိုးသွားလိုက်သည်။
သူက ပေ ၄၀၀၀အနက်သို့ ရောက်ရှိလာသည့်အချိန် အာသီသစည်းမျဉ်းဥပဒေသကို ထုတ်ဖော်လိုက်၍ ဝမ်ပေါင်လဲ့က ယခင်ဤအနက်သို့ ရောက်ရှိလာသည့်အချိန်ထက် ပိုမိုတည်ငြိမ်ကြောင်း ခံစားမိလိုက်၏။ တစ်ချိန်တည်းဆိုသလို သူ့နောက်တွင် ရှိနေသည့် လက်ကြီးကလည်း စိတ်ဆန္ဒပင်လယ်၏ သက်ရောက်မှုခံနေရကြောင်း ခံစားမိလိုက်သည်။ ထိုအရာက အနည်းငယ် နှေးကွေးသွားခဲ့၏။ သူ့လက်ငါးချောင်းလုံးက တစ်ခုနှင့်တစ်ခု စည်းချက်မကိုက်ညီတော့သကဲ့သို့ ဖြစ်၏။
ထိုမြင်ကွင်းက ဝမ်ပေါင်လဲ့အား စိတ်သက်သာရာရသွားစေ၏။ သူက ရှေ့တိုးလိုက်သည်။ ဤသို့ဖြင့် ဝမ်ပေါင်လဲ့က ပေတစ်သောင်းအနက်သို့ ရောက်ရှိလာသည့်အခါ အကူအညီတောင်းသံ တစ်ခုကို ကြားလိုက်ရသည်။
“ငါ့ကို ကယ်ပါ”
အကူအညီတောင်းသံထဲတွင် ဝိညာဉ်တုန်လုမတတ် စွမ်းအားမျိုး ကိန်းအောင်းနေသည်။ ထိုအရာ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းက အပြင်းအထန် လှုပ်ခတ်လာသည်။
ဝမ်ပေါင်လဲ့ကိုယ်တိုင်က မသက်မသာ ခံစားချက်ကို ခံစားမိလိုက်၏။ သို့သော်လည်း ထိုလက်ငါးချောင်းက ဖရိုဖရဲဖြစ်လာသည်ကို သတိထားမိသည့်အခါ သူက အံကြိတ်လျက် အကူအညီတောင်းနေသည့် လားရာသို့ ဦးတည်လိုက်သည်။
ထိုအရာက ဝမ်ပေါင်လဲ့ ပထမဆုံးရောက်ခဲ့သည့် အနက်နှင့် အတူတူသာဖြစ်၏။ သို့သော်လည်း တည်နေရာက ကွဲပြားနေသည်။ အကူအညီတောင်းသံက သတ်မှတ်ထားသည့် တည်နေရာတစ်ခုမှာ ရှိနေသကဲ့သို့ ဖြစ်ကာ ဝမ်ပေါင်လဲ့က မြေအောက်ထဲ အရှိန်မြှင့်ကာ သွားလိုက်သည်။ ထို့နောက် ယခင်ရောက်ခဲ့ဖူးသည့် လှိုဏ်ဂူနှင့် တဖြည်းဖြည်း နီးကပ်လာလေ၏။
အမွေးတိုင်တစ်တိုင်စာ လောင်ကျွမ်းစာလောက် ကြာမြင့်ပြီးသည့်နောက်တွင် အကူအညီတောင်းသံက ပိုမိုရှင်းလင်းလာသည်။ ထိုစဉ် ဝမ်ပေါင်လဲ့၏ စိတ်က သက်ရောက်ခံလိုက်ရသည်။ ကံကောင်းစွာဖြင့် အာသီစည်းမျဉ်းဥပဒေသက သိသိသာသာ အသက်ဝင်လာခဲ့ပြီး သူ့ကို တန်ပြန်ရင်ဆိုင်ဖို့ ကူညီပေးထား၏။ သို့သော်လည်း သူက သူ့နောက်တွင် ရှိနေသည့် လက်ဝါးက နောက်မှ လိုက်ဖမ်းနေဆဲ ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူ့ဆန္ဒ၏ စုစည်းမှုကြောင့် အထွတ်အထိပ်သို့ ရောက်ရှိသွားလေ၏။ အသံကျယ်ကြီးနှင့်အတူ လက်ချောင်း၅ချောင်းလုံးက လက်မှ ကွဲထွက်သွားကြသည်။
သူတို့က ကွဲထွက်သွားသည့်အခါ လက်ငါးချောင်းနှင့် လက်က ကွဲပြားသည့် တည်နေရာ၆ခုသို့ အလျင်အမြန် နောက်ဆုတ်သွားကြသည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ထို့နောက် သူက သူ စုပ်ယူခဲ့သည့် လက်ချောင်းသည် တူညီသည့်ဖက်သို့ ဦးတည်နေကြောင်း ခံစားမိလိုက်သည်။
မင်းစောင့်နေလိုက်…
ဝမ်ပေါင်လဲ့က ရေရွတ်ပြီးသည့်နောက်တွင် တိတ်ဆိတ်မှုကို ခံစားမိလိုက်သည်။ သူက ထွက်ခွာမသွားသေးပေ။ ထိုအစား သူက အကူအညီတောင်းရာဆီ ဆက်လက် ရှေ့တိုးလိုက်၏။
ဤသည်က သူ့အစီအစဉ် ဖြစ်ပေသည်။ လှိုဏ်ဂူအတွင်း မည်သို့ဖြစ်နေကြောင်း သိချင်မိ၏။ ယခု သူက ဤနေရာသို့ ရောက်နေပြီဖြစ်ကာ ထွက်သွားစရာ အကြောင်းအရင်း မရှိပေ။ အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ကန့်သတ်ချက်သို့ ရောက်ရှိလာပြီး သူ့ရှေ့တွင်ရှိနေသည့် မြေကြီးများက ပျောက်ကွယ်သွားကာ လှိုဏ်ဂူတစ်ခု ပေါ်ထွက်လာသည်။
ထိုလှိုဏ်ဂူထဲတွင် ပုံရိပ်တစ်ခုက လေထဲ မြောလွင့်နေ၏။ သူ့ခန္ဓာကိုယ်ကို အနက်ရောင် လက်တံများမှ ဆုပ်ကိုင်ထားသည်။ ထိုလက်တံများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး သူ့အသက်နှင့် ဝိညာဉ်ကို စုပ်ယူကာ အမည်မသိတစ်နေရာသို့ ကူးပြောင်းပေးနေသည်။
လှိုဏ်ဂူထဲ ပြန့်ကျဲနေသည့် စိတ်ဆန္ဒများက အင်မတန် ပြင်းထန်လှသည်။ ဝမ်ပေါင်လဲ့က နာကျင်မှုကို တောင့်ခံလျက် ထိုပုဂ္ဂိုလ်ကို စိုက်ကြည့်လိုက်၏။
“ငါ့ကို ကယ်ပါ”
ထိုပုဂ္ဂိုလ်က အမျိုးသားတစ်ဦး ဖြစ်၏။ သူ့ခန္ဓာကိုယ်က ပိန်ပါးကာ အလောင်းကောင်သဖွယ် ခြောက်သွေ့နေသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ဖိအားက ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာထက် နိမ့်ကျနေခြင်း မရှိပေ။
သူက ဝမ်ပေါင်လဲ့၏ တည်ရှိမှုကို ခံစားမိဟန်ပေါ်သည်။ သူက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာကာ မျက်စံနှစ်ခုကို ထုတ်ဖော်ပြသလာသည်။ သူက ဝမ်ပေါင်လဲ့ကို စိုက်ကြည့်လိုက်သော်လည်း … နောက်အခိုက်အတန့်၌ ဝမ်ပေါင်လဲ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်မိသွား၏။ သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်လာကာ ကြောက်မက်ဖွယ်ကောင်းသည့် အမုန်းတရားမျိုး ပေါက်ထွက်လာသည်။
“နတ်ဧကရာဇ် ခင်ဗျားက အရှက်မဲ့တာပဲ၊ ခင်ဗျားက သစ္စာဖောက်ပဲ”