← Chapters

လွတ်လပ်ခွင့်

Vol. 98 Ch. 1356

လွတ်လပ်ခွင့်

Vol. 98 Ch. 1356

“ကောင်းပြီ” ဝမ်ပေါင်လဲ့က ဦးညွှတ်လိုက်သည့်အခါ အာသီသမြို့သခင်၏ မျက်ဝန်းအထက် ထူးထူးဆန်းဆန်း အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ခေါင်းအသာညိတ်စဉ် ကျိုးဟော်နှင့် တခြားသူများကလည်း လက်နှစ်ဖက်ယှက်ကာ ဝမ်ပေါင်လဲ့ကို နှုတ်ဆက်လိုက်သည်။

သူတို့ကြားတွင် ထို့လင်းကျစ်၏ အမူအရာက ပျက်ယွင်းနေပြီး သူ့အမူအရာအထက် သံသယတို့ ရှိနေလေသည်။ အကြောင်းအရင်းကမူ သူ့သားသည် ဝမ်ပေါင်လဲ့ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရ၍ ဖြစ်၏။ သူ့သား၏ အရှိန်အဝါက များစွာ အားနည်းသွားသော်လည်း သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က အထိအခိုက်မရှိ ကျန်ရှိနေဆဲ ဖြစ်သည်။ သူ့ကို ပိုမိုထူးဆန်းစေသည်က ဝမ်ပေါင်လဲ့ကို သူ့သား ကြည့်သည့်အကြည့်က ရူးသွပ်စွာ ကိုးကွယ်မှုတို့ ပါဝင်နေလေ၏။

ထိုအရာက ထို့လင်းကျစ်အား ဝမ်ပေါင်လဲ့အပေါ် မကျေနပ်မှုကို ဖိနှိပ်ထားရသည်။ သူက အမူအရာ ပျက်ယွင်းလျက် ယဉ်ကျေးစွာ ဦးညွှတ်လိုက်၏။

ဝမ်ပေါင်လဲ့က ထို့လင်းကျစ်ကို ဂရုမစိုက်ပေ။ ချန်လင်းကျစ်က သူ့နောက်လိုက်သည်ဖြစ်စေ၊ မလိုက်သည်ဖြစ်စေ သူတို့ကြားရှိ အာသီသစည်းမျဉ်းဥပဒေသ ကွာဟချက်က ဝမ်ပေါင်လဲ့အတွက် အစားကြူးနတ်ဘုရားအများစုကို လျစ်လျူရှုထားဖို့ လုံလောက်နေဆဲ ဖြစ်၏။

အစားကြူးနတ်ဘုရား ၈ယောက်အနက် ၂ယောက်ကသာ သူ အာရုံစိုက်ဖို့ ထိုက်တန်ပေသည်။ ဇူဇကာပွဲတော်အတွင်း အစားကြူးနတ်ဘုရားနှစ်ယောက်၏ ခန္ဓာက ပေငါးထောင်ကျော် မြင့်မားလေသည်။ တစ်ယောက်ကမူ ပေခုနစ်ထောင်အထိ ရှိ၏။

ဝမ်ပေါင်လဲ့က ပြန်လည်ဦးညွှတ်ပြီးသည့်နောက်တွင် အစားကြူးနတ်ဘုရားများ၊ အာသီသမြို့တော်အတွင်း နေထိုင်သူများကိုပါ ကြည့်လိုက်သည်။ သူတို့က အာသီသမြို့အတွင်း ၉ယောက်မြောက် အစားကြူးနတ်ဘုရား ပေါ်ထွက်လာသည်ကို သိလိုက်ကြ၏။ သိပ်မကြာခင် အုတ်အော်သောင်းနင်းတစ်ခု ဖြစ်ပေါ်သွားကာ ထိုအရာက အချိန်ကြာမြင့်မည့် နှုတ်ဆက်မှုအသွင် ပြောင်းလဲသွားလေ၏။

နှစ်များစွာတိုင် အာသီသမြို့အတွင်း အစားကြူးနတ်ဘုရားအသစ် ပေါ်ထွက်လာခြင်း မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ အဆင့်မြင့်တက်မှုက ကြီးမားသည့် သက်ရောက်မှုမျိုး ဖြစ်လာစေသည်။ သိပ်မကြာခင် အာသီသမြို့သခင်က နောက်ထပ် ဇူဇကာပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုကြေညာချက်က အာသီသမြို့တော်တစ်ခုလုံးရှိ လေထုကို ထပ်မံ အရိုင်းဆန်သွားစေသည်။ စိတ်လှုပ်ရှားဆုံးလူများကမူ ဝိညာဉ်ရေခဲဆိုင်မှ လူများ ဖြစ်၏။ လူငယ်လေးကို အမြဲမုန်းတီးကာ သူ့မျက်လုံးကို ဝါးစားနေသည့် လေထုကပင် ရုတ်ချည်းဆိုသလို လူငယ်လေးကို ကျေးဇူးတင်လာသလို ခံစားမိလိုက်သည်။

တစ်ဖက်သူ၏ အပြုအမူက အစမှအဆုံးအထိ မှန်ကန်နေသည်ဟု ခံစားမိလာသည်။ ထိုအရာက သူတို့အတွက် အစားကြူးနတ်ဘုရား တစ်ယောက် နောက်ခံရှိလာခြင်းနှင့်တူညီကာ ဝိညာဉ်ရေခဲအလုပ်ဆိုင်ထဲရှိ လူအားလုံးက အစားကြူးနတ်ဘုရား၏ လက်အောက်ခံများ ဖြစ်လာကာ သူတို့သည် အစားကြူးနတ်ဘုရား၏ တိုက်ရိုက်မျိုးဆက်တစ်ခု ဖြစ်သွားလေသည်။

ထို့ကြောင့် သူတို့က စိတ်အခြေအနေ ကောင်းနေကာ သူ့ပါးစပ်ထဲမှ မျက်လုံးကို ထုတ်ပြီး ဆိုင်အကူ လူငယ်လေးဆီ ပြန်ပေးလိုက်သည်။ ထိုသူက စိတ်လှုပ်ရှားစွာဖြင့် သူ့ဗလာကျင်းနေသည့် မျက်အိမ်အတွင်း ထည့်လိုက်၏။

ဤသို့ဖြင့် နောက်ဆုံးမိနစ်တွင် ထည့်ပေါင်းလိုက်သည့် ဇူဇကာပွဲတော်ကို စတင်လိုက်ပြီ ဖြစ်သည်။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က မြို့သခင်ဆီမှ ဖိတ်ကြားချက်ကို လက်ခံရရှိလိုက်၏။

“ပင်းလင်းကျစ် ငါနဲ့လိုက်ခဲ့”

မြို့သခင်၏ ပါးစပ်မှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် သူက ညာဖက်လက်ကို ဝှေ့ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေဝါးသွားစေပြီး သူနှင့် ဝမ်ပေါင်လဲ့တို့က အာသီသမြို့တော်၏ လေထုအထက် ပျောက်ကွယ်သွားလေသည်။

သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ လျှို့ဝှက်ဆန်းကြယ် မြို့သခင်၏ စံအိမ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

မြို့သခင်စံအိမ်က အာသီသမြို့လယ်ခေါင်တွင် တည်ရှိနေသည်။ ထိုအရာက လက်တွေ့နှင့် ပုံရိပ်ယောင်ကြားတွင်ရှိသည့် မြင့်မားသည့် မျှော်စင်တစ်ခုနှင့် တူ၏။ ထိုအရာက အာသီသမြို့တော်အတွင်း ရှိဟန်ပေါ်သော်လည်း တစ်ချိန်တည်းဆိုသလို ရှိဟန်မပေါ်ပေ။

ပုံရိပ်ယောင်တည်နေရာက အာသီသမြို့တော်၏ ဗဟိုချက်ဖြစ်နေသော်လည်း တကယ့်လက်တွေ့ကမူ အာသီသမြို့တော်ကို လွှမ်းခြုံထားသည့် အာကာပြင် နောက်တစ်လွှာတွင်း တည်ရှိလေ၏။

ထိုနေရာက အင်မတန်ကြီးမားကာ ဧရာမကြေးနီရောင်ဒယ်စောက် တစ်လုံး ရှိနေသည်။ ထိုဒယ်စောက်က တစ်နှစ်ပတ်လုံး ပါဝင်ပစ္စည်းတချို့ကို ချက်ပြုတ်နေဟန်ပေါ်၏။ ထိုဒယ်စောက်က ဆူဆူညံညံအသံများ ထွက်လာစဉ် မြို့သခင်ရှိရာ အာကာပြင်တစ်ခုလုံးအနက် သင်းပျံ့သည့် ရနံ့များဖြင့် ပြည့်နှက်သွားလေသည်။

ထိုအရာအပြင် ဤနေရာ၌ တခြားတန်ဆာဆင်မှုများ မရှိပေ။ အာသီသမြို့သခင် ထွက်ပေါ်လာပြီး ထိုဒယ်စောက်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။ သူက ခေါင်းငုံ့ကာ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့ ပေါ်ထွက်လာသည်နှင့် သူက ထိုဧရာမဒယ်စောက်ကြီးကြောင့် အာရုံဖမ်းစားခံလိုက်ရသည်။ သူ့အမြင်တွင် ထိုဒယ်စောက်ကြီးက ရှေးဟောင်းပစ္စည်းတစ်ခုလိုမျိုး အချိန်အငွေ့အသက် ပြည့်နှက်နေသည်။ ထိုအချိန်ကြာနေသည့် ခံစားချက်က လေထဲတွင် ပြည့်နှက်နေသည့် ရနံ့နှင့်ပင် ဖုံးကွယ်နိုင်ခြင်း မရှိပေ။

ထို့နောက် သူက ဧရာမဒယ်စောက်ကြီးနှင့် မြို့သခင်ကို ကြည့်လိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ကာ ထပ်မံ ဦးညွှတ်လိုက်သည်။

ဝမ်ပေါင်လဲ့ ဦးညွှတ်ပြီးသည့်နောက်တွင် ဧရာမဒယ်စောက်ပေါ် ထိုင်နေသည့် အသားတောင်ကြီးက မိုးခြိမ်သံသဖွယ် ရေရွတ်လာသည်။

“လိုအင်ဆန္ဒ(၆)ပါးရဲ့ စည်းမျဉ်းဥပဒေသက နတ်ဘုရားစိတ်ဝိညာဉ်ဆီက ဖြစ်လာတာ”

“ဒါပေမဲ့ နတ်ဘုရားစိတ်ဝိညာဉ်က အိပ်စက်နေတာဆိုတော့ ငါတို့က သူ့ကိုယ်စား စည်းမျဉ်းဥပဒေသကို ထိန်းချုပ်တယ်။ မင်းအတွက်တော့ မင်းက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်နေရာက လာတာပဲဖြစ်ဖြစ် မင်းရဲ့ ရည်မှန်းချက်က ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ မင်းက အစားကြူးနတ်ဘုရား တစ်ယောက်ဖြစ်လာပြီးတော့ အာသီသစည်းမျဉ်းဥပဒေသ ဇစ်မြစ်နဲ့ ဆက်နွယ်သွားပြီ။ အဲဒါကြောင့် အာသီသစည်းမျဉ်းဥပဒေသရဲ့ တစ်စိတ်တစ်ပိုင်းပဲ” အသားတောင်ကြီးက ပြောရင်း ဒယ်စောက်ထဲက ပွက်နေသည့် အသံများက ပိုမိုကျယ်လောင်လာသည်။ ထို့နောက် ဒယ်စောက်ထဲမှ မြူခိုးများ ပျံ့နှံ့လာပြီး အာသီသမြို့သခင်ကို လွှမ်းခြုံသွားလေ၏။

ဝမ်ပေါင်လဲ့က ထိုအရာကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ မြူခိုးများက မြို့သခင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည့်အခါ သူက စတင် အရည်ပျော်ကျလာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးစက်များက အောက်ဖက်တွင် ရှိနေသည့် ခြေသုံးချောင်း ဒယ်စောက်ထဲ ရောက်ရှိသွားလေ၏။

ဒယ်စောက်ထဲမှ ဆူဆူညံညံအသံများကလည်း ပိုမိုပြင်းထန်လာသည်။ ထို့နောက် အမွေးရနံ့ကပင် ပိုမိုအားကောင်းလာလေ၏။

“မြို့သခင်…” ဝမ်ပေါင်လဲ့က မနေနိုင်ဘဲ ပြောလိုက်သည်။

မြို့သခင်က ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။ ထို့နောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဒီဇူဇကာဒယ်စောက်အထဲက ငါ့တကယ်အသွင်ပဲ။ မင်း မြင်ရတာနဲ့ အတူတူပဲ။ ဒါက ကိုယ်ပွားပဲ”

ဝမ်ပေါင်လဲ့က ဘာမှမပြောပေ။ သူက တတိယကမ္ဘာအတွင်း ဝင်ရောက်သွားစဉ်အခါက မြို့သခင်သည် သူ့တကယ့်ဇစ်မြစ်ကို ထိုးဖောက်မြင်သည်ဟု ခံစားချက် ရရှိခဲ့သည်။ ယခုတွင် သူ့အနေနှင့် ထိုသူ့လိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်က လိမ်ညာနေဖို့ရာ အကျိုးမရှိကြောင်း သိသည့်အတွက် သေချာသွားခဲ့၏။

သူက တိတ်တဆိတ် ရပ်နေရင်း အသားတောင်ကြီးက ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။ ထိုစကားက ဝမ်ပေါင်လဲ့၏ စိတ်ကို လှုပ်ခတ်သွားစေ၏။

“သိပ်မကြာသေးခင်တုန်းက ဧကရာဇ်စိတ်ဝိညာဉ် နိုးထလာတယ်။ ပြီးတော့ အစောင့်အရှောက်ကလည်း ဝင်ရောက်စွက်ဖက်ခဲ့တယ်။ အဲဒီနောက်အထက်ပိုင်းက အပြင်လူက ကျူးကျော်လာတယ်ဆိုပြီးတော့ အမိန့်ထုတ်လွှတ်လာတယ်။ ငါတို့ မြို့သခင်တွေက စုံစမ်းဖို့ အမိန့်ပေးခံထားရတယ်။ ပြီးတော့ ငါတို့တွေ ဆုလာဘ်ပါရလိမ့်မယ်။ အဲဒီဆုလာဘ်က ဘာလဲဆိုတာ သိလား” မြူခိုးများအလယ်တွင် အာသီသမြို့သခင်၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း အရည်ပျော်နေဆဲ ဖြစ်၏။ သူက ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။

“လွတ်လပ်ခွင့်ပဲ” ဝမ်ပေါင်လဲ့က ဘာမှမပြောနိုင်ခင် မြို့သခင်က ပြောလိုက်သည်။

ထိုစကားများကို ရေရွတ်လိုက်သည်နှင့် ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားလေ၏။ မြို့သခင်ကလည်း တိတ်ဆိတ်သွားခဲ့သည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက သူ့ဘာသာသူ ရယ်မောလိုက်၏။

“လွတ်လပ်ခွင့်။ အဲဒါက လူတချို့က တကယ်ကို ထိုးဖောက်မမြင်နိုင်တာကတော့ ရယ်စရာကောင်းတယ်။ နမူနာအနေနဲ့ဆိုရင် မြို့သခင်ဖြစ်တဲ့ အမျိုးသမီးက အဲဒီလူတွေထဲက တစ်ယောက်ပဲ။ အခု သူမက လျှို့ဝှက်ဆန်းကြယ် အပြင်လူကို ရှာဖို့ အတော်လေးကို ကြိုးစားနေတာ။

 မြို့သခင်တစ်ယောက်အနေနဲ့ သူမက ပြင်ပလောကကို ခံစားမှု မြင့်မားတယ်။ အပြင်လူက သူမရှေ့ ပေါ်ထွက်လာတာနဲ့ ချက်ချင်း ခံစားမိလိမ့်မယ်။ သူမက သူမကိုယ်တိုင်လုပ်နေစရာတောင် မလိုဘူး။ ဧကရာဇ်စိတ်ဝိညာဉ်နဲ့ အစောင့်အရှောက်ကို ခေါ်လိုက်ရုံနဲ့ ဆုလာဘ်ကို ရနိုင်တာ။

ဒီလို အာရုံခံမှုကို ဘယ်လိုချေဖျက်ရမလဲဆိုတာ သိလား” အာသီသမြို့သခင်က မျက်မှောင်ကြုတ်ကာ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့က တစ်ချိန်လုံး တိတ်ဆိတ်နေလေ၏။ မြို့သခင်ပင် သူ တွေးနေသည့်အရာကို မမှန်းဆနိုင်ပေ။

“ကျုပ် အစားကြူးနတ်ဘုရား ဖြစ်လာသလိုမျိုး အဲဒါကိုလည်း လိုအင်ဆန္ဒအဖြစ် ပြောင်းလဲလိုက်ဖို့ပဲ။”

“အဲဒါက အကြောင်းအရင်းတစ်ချက်ပဲ ရှိသေးတယ်။ နောက်ထပ်တစ်ခုက မြို့သခင်က ဒဏ်ရာအပြင်းအထန် ရရှိထားတာဆိုတော့ သူမက သူမကိုယ်သူမ ကုစားဖို့ အသိစိတ်မဲ့သံစဉ်အဖြစ် ပြောင်းလဲဖို့ လိုတယ်။ အဲဒီနည်းနဲ့ဆိုရင် သူမက အစကတည်းက ထူးထူးဆန်းဆန်းအရာကို ခံစားမိမှာ မဟုတ်ဘူး” မြို့သခင်၏ ပါးစပ်မှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် သူက ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။

သူ့အကြည့်များက ချက်ချင်းဆိုသလို တောက်ပလာပြီး ဝမ်ပေါင်လဲ့က သူ့ကို အဖြေပေးဖို့ရာ စောင့်ဆိုင်းနေလေ၏။

သူ့စကားများက မေးခွန်းတစ်ခု မဟုတ်သော်လည်း ထိုသူက သူ ပြောနေသည့်အရာကို သိလိမ့်မည်ဟု ယုံကြည်နေသည်။

All Chapters