မျှော်လင့်ချက်
Vol. 98 Ch. 1357
“သူတို့ဆီက စွန့်ကြဲခံရတဲ့ လွတ်လပ်မှုနဲ့ ယှဉ်ရင် အကန့်အသတ်မဲ့ ဖြစ်နိုင်ချေတွေရှိတဲ့ မျှော်လင့်ချက်ကို ပိုပြီးလိုလားတယ်” ဝမ်ဝေ့က ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။ ထို့နောက် ဧရာမဒယ်စောက်ပေါ်မှ သူ့ကို စိုက်ကြည့်နေသည့် အာသီသမြို့သခင်ကို ကြည့်လိုက်သည်။
သူက ထိုစကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်၏။ ပထမဦးစွာ ထိုသူက အပေါ်မှ ပေးထားသည့် ငါးစာအကြောင်း ပြောပြခဲ့သည်။ ထို့နောက် သူ့သဘောထားကို ပြသခဲ့ပြီး အကြံပေးလိုက်၏။
ထိုသူက သူ့ဇစ်မြစ်ကို အပြည့်အဝ မသေချာသေးသော်လည်း အများစု ရိပ်မိနေပြီးသားဖြစ်နိုင်သည်။ ထိုသို့သော ပူးပေါင်းမှုမျိုးက အာသီသမြို့သခင်အတွက် စွန့်စားရာကျသော်လည်း အရမ်းကြီး ကြီးမားနေခြင်းမဟုတ်ပေ။
အများဆုံး သူက ခေတ္တမျှ ဖိနှိပ်ခံရမည်ဖြစ်ကာ သူ့အောင်မြင်သွားသည်နှင့် သူ ရလာမည့်အရာက အစစ်အမှန်လွတ်လပ်ခွင့် ဖြစ်၏။
ဝမ်ပေါင်လဲ့အတွက်မူ ဒုတိယကမ္ဘာမှ မြို့သခင်များ၏ ဇစ်မြစ်ကို အကြမ်းဖျင်း မှန်းဆမိထားသည်။ ထိုသူများက စွမ်းအားကြီးပုဂ္ဂိုလ် ၁၀၈ယောက်ထဲမှ ဖြစ်နိုင်သည်။
သို့သော်လည်း တတိယကမ္ဘာတွင် ချိတ်ပိတ်ခံရကာ ဘက်ထရီအဖြစ် ပြောင်းလဲခံရသည့်သူများနှင့်ယှဉ်ပါက ထိုသူများသည် နာခံဖို့ ရွေးချယ်ခဲ့သည့်အတွက် သူတို့က ဘက်ထရီအဖြစ် ပြောင်းလဲသွားခြင်းမရှိသော်ငြား သူတို့၏ လွတ်လပ်ခွင့်ကို အဆုံးမဲ့တိုင် ဆုံးရှုံးသွားခဲ့ရသည်။
သူတို့ကြားတွင် တချို့သောသူများက မျှော်လင့်ချက် ဆုံးရှုံးသွားကြသလို တချို့ကမူ မျှော်လင့်ချက်အတုအယောင်နောက်လိုက်နေကြသည်။ တချို့ကမူ အခွင့်အရေး ရောက်လာဖို့ စောင့်ဆိုင်းနေကြဆဲ ဖြစ်၏။
ဝမ်ပေါင်လဲ့က ထိုအရာအားလုံးကို နားလည်ထား၏။ ထို့ကြောင့် သူက ကတိစကားမပေးနိုင်ပေ။ သူ ပေးနိုင်သည့်အရာက မျှော်လင့်ချက်သာဖြစ်၏။ သို့သော်လည်း နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် သူ့သွင်ပြင်က သူတို့အတွက် အကြီးမားဆုံးနှင့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ကြောင်း ယုံကြည်မိသည်။
ထို့ကြောင့် စကားပြောဆိုပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အလျင်လိုနေခြင်း မရှိပေ။ သူက အာသီသမြို့သခင်၏ အဖြေကို စောင့်နေလိုက်၏။
ခဏအကြာတွင် သူက အသက်ပြင်းပြင်းရှူသံကို ကြားလိုက်ရသည်။
“ဇူဇကာပွဲတော်က စတော့မယ်။ ဒီပွဲတော်က မင်းအတွက် သီးသန့်ပြင်ဆင်ပေးထားတာ။ ငါနဲ့ လိုက်ခဲ့” အာသီသမြို့သခင်က အဖြေကို တိုက်ရိုက်မပေးပေ။ ထိုအစား ခေါင်းစဉ်လွှဲပြောကာ ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူ့လက်တစ်ချက်အဝှေ့တွင် ပတ်ဝန်းကျင်တစ်ခုလုံးက မှုန်ဝါးသွားသည်။
နောက်အခိုက်အတန့်လေးတွင် ဝမ်ပေါင်လဲ့နှင့် အာသီသမြို့သခင်တို့က မြို့သခင်စံအိမ်မှ ပေါ်ထွက်လာကြသည်။ သူတို့ပေါ်ထွက်လာသည့်အခါ ဇူဇကာပွဲတော်အလယ်တွင် ရှိနေသည့် စင်မြင့်အထက် ရောက်ရှိနေပြီ ဖြစ်၏။
သူတို့ပေါ်ထွက်လာသည်နှင့် နားကွဲလုမတတ် အော်သံကြီးများ ထွက်ပေါ်လာလေသည်။ ဝမ်ပေါင်လဲ့က ခေါင်းငုံ့ကာ ကြည့်လိုက်၏။ သူကြည့်လိုက်သည့်နေရာတိုင်းက အာသီသမြို့၏ နေထိုင်သူများဖြင့် သိပ်သည်းကာ ပြည့်နှက်နေသည်။ ယခု သူက အာသီသစည်းမျဉ်းဥပဒေသအဆင့်ကို ရောက်ရှိပြီဖြစ်သည့်အတွက် ထိုကျင့်ကြံသူများဆီမှ အာသီသအငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
ထိုအငွေ့အသက်က ကောင်းမွန်ပြီး အာသီသစည်းမျဉ်းဥပဒေသအတွက် အာဟာရအရင်းအမြစ် ဖြစ်ပေသည်။ မြို့သခင်က ရွှေရောင်လက်တံများ ထုတ်ယူလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ အာသီသအငွေ့အသက်က ရုတ်ချည်းဆိုသလို ပိုမိုတိုးပွားလာ၏။
“ပင်းလင်းကျစ် ဘာလို့ မစုပ်ယူသေးတာလဲ” မြို့သခင်၏ အသံက ဝမ်ပေါင်လဲ့၏ နားထဲ ပဲ့တင်ထွက်လာသည်။ သူ့မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ချုပ်တည်းမထားတော့ပေ။ ထိုအစား သူ့ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းဥပဒေသက ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်က ပေ၅ထောင် အရွယ်အစားရောက်ရှိသွားသည်။ ထို့နောက် သူ့ဝန်းကျင်ရှိ အာသီသအငွေ့အသက်များကို စုပ်ယူသည့် ဧရာမဝဲကတော့ကြီးအသွင် ပြောင်းလဲသွား၏။
သူက ရှူသွင်းလိုက်သည့်အခါ အာသီသအငွေ့အသက်များက ဝမ်ပေါင်လဲ့ဆီ ရေစီးကြောင်းလို ဝင်ရောက်လာသည်။ ထိုအရာက ဝဲကတော့အတွင်း ဝင်ရောက်သွားပြီး ဝမ်ပေါင်လဲ့၏ အာသီသစည်းမျဉ်းဥပဒေက စတင်တိုးပွားလာ၏။
ဖြစ်စဉ်တစ်ခုလုံးက အမွေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်မျှသာ ကြာမြင့်ခဲ့သည်။
ဇူဇကာပွဲတော်ကို ဝမ်ပေါင်လဲ့အတွက် သီးသန့်ပြင်ဆင်ပေးထားသည့်အတွက် မြို့သခင်က အာသီသအငွေ့အသက်ကို စုပ်ယူခြင်း မရှိပေ။ ထိုအရာက အစားကြူးနတ်ဘုရား ၈ယောက်အတွက်လည်း အတူတူသာ ဖြစ်၏။ သို့သော်လည်း မြို့သခင်နှင့် ယှဉ်လိုက်ပါက အစားကြူးနတ်ဘုရား ၈ယောက်လုံးက တုန်လှုပ်နေကြသည်။
ကျိုးဟော်က ကြောင်အမ်းနေပြီး ထို့လင်းကျစ်ကမူ ချွေးပြန်နေမိသည်။ တခြားသော အစားကြူးနတ်ဘုရားများကလည်း တုန်လှုပ်နေကြ၏။ သူတို့၏ ခန္ဓာကိုယ် ပေ၅ထောင်ထက် မြင့်မားသည့် အစားကြူးနတ်ဘုရားနှစ်ယောက်ကသာ တည်ငြိမ်နေကြသည်။ သူတို့၏ အကြည့်များကမူ သတိထားမှုများဖြင့် ပြည့်နှက်နေသည်။
အမှန်တရားက ဝမ်ပေါင်လဲ့၏ ပေ၅ထောင် မြင့်မားသည့် ဝဲကတော့က သူတို့ကို တုန်လှုပ်သွားစေခြင်း ဖြစ်၏။
ပေတစ်ထောင် ဝဲကတော့ကို အစားကြူးနတ်ဘုရားအဖြစ် သတ်မှတ်၍ ရပေသည်။ ယခုအခါ ပေငါးထောင်အထိ ရောက်ရှိနေပြီဖြစ်သည့်အတွက် ဝမ်ပေါင်လဲ့၏ အာသီသစည်းမျဉ်းဥပဒေသက အစားကြူးနတ်ဘုရားများစွာကို တစ်ခါတည်းဖြင့် ကျော်တက်သွားကြောင်း မြင်တွေ့နိုင်သည်။ တစ်ခါတည်းဖြင့် သူက အစားကြူးတမန်တော်အဆင့်မှ ဤအနေအထားသို့ ရောက်ရှိသွားခြင်း ဖြစ်၏။ ထိုနှုန်းထားက အံ့ဩလောက်ဖွယ် ဖြစ်သည်။
အစားကြူးနတ်ဘုရားများက တုန်လှုပ်နေစဉ် သူတို့၏ စိတ်ထဲ အတွေးမျိုးစုံ ဖြတ်ပြေးသွားလေ၏။ ဝမ်ပေါင်လဲ့က စုပ်ယူခြင်း ပြီးစီးသွားလေသည်။ အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးသည့်နောက်တွင် သူက အာသီသအငွေ့အသက် ၃၀ ရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်လေ၏။ ထိုအရာက သူ မလုပ်နိုင်ခြင်း မဟုတ်ပေ။ အာသီသအငွေ့အသက်က အစားကြူးတမန်တော်အနေဖြင့် အင်မတန် အသုံးဝင်လေ၏။ သို့သော်လည်း သူက အစားကြူးနတ်ဘုရားဖြစ်လာသည့်အခါ တစ်ခါတည်းဖြင့် အများကြီးကို မချေဖျက်နိုင်ပေ။
ထို့ကြောင့် ဇူဇကာပွဲတော်ကို တစ်လလျှင် တစ်ကြိမ်သာ ကျင်းပရသည့် အကြောင်းအရင်းလည်း ဖြစ်နိုင်သည်။ အာသီသအငွေ့အသက်ကို တိုက်ရိုက်စုပ်ယူသည့် တခြားသောကျင့်ကြံသူများဖြင့် မတူဘဲ အစာချေဖျက်ဖို့ လိုအပ်နေဆဲ ဖြစ်၏။
ထို့နောက် အာသီသမြို့သခင်က အသက်ပြင်းပြင်းရှူကာ ကျန်ရှိနေသည့် အာသီသအငွေ့အသက် တစ်ဝက်ကျော်ကို စုပ်ယူလိုက်သည်။ ထို့နောက် တခြားသော အစားကြူးနတ်ဘုရားများအလှည့် ဖြစ်၏။ ထိုစဉ် ဝမ်ပေါင်လဲ့အတွက် ဇူဇကာပွဲတော်က အဆုံးသတ်သွားသည်ဟုပင် မှတ်ယူနိုင်သည်။
မြို့သခင် ထွက်သွားပြီးသည့်နောက်တွင် တခြားသော အစားကြူးနတ်ဘုရားများက တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ဖိတ်ကြားချက်များ ပို့လာလေ၏။ ဝမ်ပေါင်လဲ့က သူတို့ကို လျစ်လျရှုမထားပေ။ နောက်ရက်အနည်းငယ်တွင် သူက ပထမဦးစွာ ကျိုးဟော်ဆီ သွားရောက်တွေ့ဆုံခဲ့၏။ ထို့နောက်ကျိုးဟော်၏ ညွှန်ကြားချက်အတိုင်း တခြားသော အစားကြူးနတ်ဘုရားများကို သွားရောက်တွေ့ဆုံခဲ့သည်။
သူက ထို့လင်းကျစ်ကိုပင် သွားရောက်တွေ့ဆုံခဲ့၏။ ထို့လင်းကျစ်၏ သဘောထားက များစွာ ပြောင်းလဲသွားသည်။ ထိုသူက ယဉ်ကျေးနေရင်း ချန်လင်းကျစ်ကို ဂရုစိုက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြနေလေ၏။
ထိုသူနှစ်ဦးက အစားကြူးတမန်တော် တစ်ယောက်အတွက် ပဋိပက္ခပြဿနာဖြစ်ခဲ့သော်လည်း ချန်လင်းကျစ်၏ ဖြန်ဖြေမှုနှင့် ဝမ်ပေါင်လဲ့၏ အင်အားကြောင့် ထိုလည်ပတ်မှုက နှစ်ဖက်လုံးက ကျေနပ်သည့် အနေအထားအဖြစ် ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းဆိုသလို ပင်းလင်းကျစ်၏ ပါဝင်ပစ္စည်းများက အာသီသမြို့တော်အတွင်း ခိုင်မာသည့် ခြေကုတ်မှုကို ဖြစ်ပေါ်လာစေသည်။ ပင်းလင်းကျစ်ဆိုင်၏ စီးပွားရေးက တိုးပွားနေဆဲ ဖြစ်၏။ သူတို့က အာသီသမြို့အတွင်း အဟန့်အတားမရှိ ချောမွေ့စွာ ဖြန့်ကျက်ထားသည်။
ဝမ်ပေါင်လဲ့က အစားကြူးနတ်ဘုရား တစ်ယောက်ဖြစ်နေပြီဖြစ်သည့်အတွက် မြို့ခွဲတစ်ခု လိုအပ်လာသည်။ သူ့အင်အားနှင့် ကောင်းမွန်သည့် စိတ်ဆန္ဒတို့ကြောင့် တခြားသော အစားကြူးနတ်ဘုရားများက သူတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များကို လက်လျှော့ထားရ၏။ သူတို့က မည်မျှပင် မလိုလားစေကာမူ ထိုသို့သာ လုပ်ဆောင်ထားရသည်။ အဆုံးသတ်၌ ဝမ်ပေါင်လဲ့ ဦးဆောင်သည့် ၉ယောက်မြောက်အင်အားစုက အာသီသမြို့အတွင်း ပေါ်ထွက်လာသည်။
ထိုဖြစ်စဉ်တစ်ခုလုံးက လဝက်ခန့်မျှသာ ကြာမြင့်ခဲ့သည်။ ပင်းလင်းကျစ်၏ နာမည်က အာသီသမြို့အတွင်း နတ်ဘုရားသဖွယ် ဖြစ်၏။ နဂိုမြို့ခွဲ ၈ခုနှင့်မတူဘဲ အပိုတစ်ခု တည်ဆောက်ပြီး ဝမ်ပေါင်လဲ့က ချန်လင်းကျစ်ဆီ ထိန်းချုပ်ဖို့ လွှဲပေးခဲ့သည်။
အမျိုးသမီးကြီးကြပ်ရေးမှူးဖြစ်စေ၊ လူပုလေးဖြစ်စေ သို့မဟုတ် သူ့နောက်ကို အစကတည်းက လိုက်နာကြသည့်သူများဖြစ်စေ အားလုံးက ဆိုင်များကို ဖြန့်ကျက်ပြီး စီမံခန့်ခွဲပေးနေကြသည်။
ပုံမှန်အားဖြင့် အကျိုးအမြတ်က ကြီးမားလှ၏။ အနည်းဆုံးတော့ ကျင့်ကြံရေးအရ ထိုသူများသည် အာသီသအငွေ့အသက်ကို လုံလုံလောက်လောက် စုပ်ယူပြီး များစွာ တိုးတက်လာလေ၏။ တကယ်လို့ ထိုသို့သာ ဆက်ဖြစ်နေပါက သူတို့အနေဖြင့် အစားကြူးတမန်တော်ဖြစ်လာဖို့ သိပ်ကြာမြင့်မည် မဟုတ်ပေ။
အရာအားလုံးက အဆင်ပြေနေ၏။ ဝမ်ပေါင်လဲ့က အာသီသမြို့အတွင်း ခိုင်မာသည့် ခြေကုပ်မှုကို ရယူထားနိုင်သည်။
သို့သော် ဤသည်က အပေါ်ယံမျှသာ ဖြစ်ကြောင်း သိလေ၏။
အကြောင်းအရင်းကမူ ဒုတိယကမ္ဘာရှိ သေချာသည့် နေရာတစ်ခုမှ အာသီသမြို့တော်ဆီ ချဉ်းကပ်လာသည့် ဆိုးယုတ်ဖွယ် အငွေ့အသက်တစ်ခုကို ခံစားမိနေ၍ ဖြစ်သည်။
၇ရက်ကြာမြင့်ပြီးသည့်နောက်တွင် ထိုခံစားချက်က မှန်ကန်လာခဲ့၏။
ပထမဦးဆုံး ရောက်ရှိလာသည့်အရာက တေးသံစဉ် ဖြစ်၏။ ညဘက်၌ ထိုအရာက အာသီသမြို့အတွင်း ရုတ်ချည်းဆိုသလို ပဲ့တင်ထွက်လာသည်။