← Chapters

ထင်းယွိ

Vol. 98 Ch. 1358

ထင်းယွိ

Vol. 98 Ch. 1358

တေးသံ ထွက်ပေါ်လာသည့် မျက်စိတစ်မှိတ်အတွင်း အာသီသမြို့တော်၌ နေထိုင်သူများ၏ စိတ်ထဲတွင် ပဲ့တင်ထွက်သွားကာ ကျင့်ကြံသူအားလုံးအား အိပ်မွေ့ချခံရသလို ဖြစ်သွားစေသည်။

နောက်အခိုက်အတန့်လေး၌ အားအကောင်းဆုံး အစားကြူးနတ်ဘုရားဆီမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအရာက မိုးခြိမ်းလုမတတ် ကျယ်လောင်ပြီး ပေါက်ကွဲထွက်လာသည့်အခါ အသံလှိုင်းမဟုတ်ဘဲ ကျင့်ကြံသူအားလုံးဆီမှ ရောက်ရှိလာသည့် အာသီသစွမ်းအား ဖြစ်၏။

အာသီသစွမ်းအားကို အသုံးပြု၍ ထင်းယွိစွမ်းအားကို ရင်ဆိုင်နေခြင်း ဖြစ်သည်။

စည်းမျဉ်းဥပဒေအဆင့်က တူညီသော်လည်း အသုံးပြုသူ၏ အဆင့်က ကွဲပြားနေသည့်အတွက် စည်းမျဉ်းဥပဒေသ၏ အင်အားကို ဆုံးဖြတ်ပေးနိုင်သည်။ ထိုအခိုက်အတန့်၌ အာသီသမြို့အတွင်း အိပ်မွေ့ချခံထားရသည့် ကျင့်ကြံသူအများစုက အသိပြန်ဝင်လာကြ၏။ သို့သော်လည်း တေးသံစဉ်အလယ်တွင် မျက်နှာအထက် ထူးထူးဆန်းဆန်း အပြုံးမျိုး ရှိနေသည့်လူများလည်း ရှိနေဆဲ ဖြစ်၏။ သူတို့က လက်ကိုမြှောက်ကာ နဖူးကို ရိုက်ချပြီး ဦးခေါင်းကို ကြေမွသွားစေသည်။

တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က ထိုင်နေရာမှ မျက်လုံးဖွင့်လိုက်၏။ သူက ကောင်းကင်ယံနှင့် အာသီသမြို့အပြင်ဘက်မှ ကမ္ဘာဆီကို အေးစက်စက် ကြည့်လိုက်သည်။

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူသောင်းချီက ကောင်းကင်အထက် မျောလွင့်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ပုံရိပ်ယောင်ဖြစ်သလို တစ်ခါတစ်ရံတွင် ဂီတသင်္ကေတအသွင် ပြောင်းလဲသွားကြသည်။ တစ်ခါတစ်ရံတွင် လူသားအသွင် ဖြစ်၏။

အဖက်ဖက်မှ မြင့်မားသည့်ပုံရိပ် ၁၂ခု ဖြည်းဖြည်းချင်း ချဉ်းကပ်လာလေ၏။ တစ်ယောက်ချင်းစီက ယခင်က ထင်းယွိမြို့မှ စွမ်းအားကြီးလူနှင့် တူလေသည်။ သူတို့အားလုံးက ခက်ထန်သည့် လေထုမျိုးရှိနေကြပြီး တစ်ယောက်ချင်းစီက ပြီးပြည့်စုံသည့် တေးဂီတ ပိုင်ဆိုင်ထားကြသည်။ သူတို့ဝန်းကျင်တွင် ကျင့်ကြံသူများစွာ ရှိလေ၏။

အဝေးတစ်နေရာတွင် ကောင်းကင်အထက် မျောလွင့်နေသည့် ဧရာမဘောလုံးကြီးကို မြင်တွေ့နိုင်သည်။

ဝမ်ပေါင်လဲ့က ထိုဘောလုံးကို တစ်ချက်သာကြည့်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ ရယ်မောသံ၊ ငိုကြွေးသံ၊ အမျိုးမျိုးသောအသံများဖြင့် ပြည့်နှက်လာလေ၏။ ထိုအရာတွင် ထင်းယွိစည်းမျဉ်းဥပဒေသက ထိုဘောလုံးအတွင်း ပါဝင်နေသကဲ့သို့ ဖြစ်၏။

သူတို့က ထင်းယွိမြို့တော်ကပဲ…

ဧရာမဘောလုံးကြီး၏ ဇစ်မြစ်ကမူ သိသာလှသည်။ ထိုအရာက ထင်းယွိမြို့၏ မြို့သခင် ဖြစ်၏။

တစ်ချိန်တည်းဆိုသလို အာသီသမြို့၏ ကျင့်ကြံသူများကလည်း အလျင်အမြန် တုံ့ပြန်လာကြသည်။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို အစားကြူနတ်ဘုရားများ၏ ခန္ဓာကိုယ်များက အသားတောင်များ အသွင်ပြောင်းလဲပြီး လေထုအထက် မြင့်တက်လာ၏။ သူတို့က လူတချို့သာ ရှိသော်လည်း အာသီသမြို့၏ ကျင့်ကြံသူများကမူ အော်ဟစ်ကာ အဆုံးစွန်ထိ ဆာလောင်လာသည့်အလား သွေးဆာလာကြသည်။

မြို့စံအိမ်အတွင်း ဧရာမကြေးနီရောင်ဒယ်စောက်ကြီးလည်း ဖြည်းဖြည်းချင်း ပုံပေါ်လာကာ အာသီသမြို့သခင်၏ ပုံရိပ်ထွက်ပေါ်လာသည်။

“အာသီသ … အပြင်လူရဲ့ အငွေ့အသက်က မင်းဆီမှာ ရှိတယ်။ ငါ့ကိုပေး။ ငါတို့တွေ မျှဝေမယ်”

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်စဉ် အသံက ထိုပျက်ယွင်းနေသည့် ဘောလုံးမှ ထွက်ပေါ်ကာ အဖက်ဖက်သို့ ပျံ့နှံ့သွားဟန်ပေါ်သည်။

“မျှဝေရမှာလား။ မင်းနဲ့ မထိုက်တန်ဘူး” အာသီသမြို့သခင်က ထိုဘောလုံးကို မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

အသံက ထိုဘောလုံးက လှုံ့ဆော်ပေးလိုက်ဟန်ပေါ်သည်။ ထို့နောက်ဆိုးဆိုးရွားရွား အော်သံတစ်ခု ထွက်ပေါ်လာ၏။ ခဏကြာမြင့်ပြီးသည့်နောက်တွင် အာသီသမြို့အပြင်ဘက်ရှိ ကျင့်ကြံသူအဖွဲ့က တေးဂီတကို စတင်တီးခတ်လာကာ အာသီသမြို့ဆီ ချီတက်လာသည်။

သူတို့နှင့် ရင်ဆိုင်ရသူများက အာသီသမြို့မှ ကျင့်ကြံသူများ ဖြစ်သည်။ ပြီးပြည့်စုံသည့် တေးဂီတရှိထားသည့် အရပ်ရှည်ရှည် ပုဂ္ဂိုလ်များအတွက်မူ သူတို့က အစားကြူးနတ်ဘုရားကြောင့် တားဆီးခံထားရသည်။

ကျိုးဟော်နှင့် ထို့လင်းကျစ်တို့ကလည်း အော်ဟစ်ရင်း ရှေ့တိုးလာလေ၏။ သူတို့ထဲမှ အားအကောင်းဆုံးဖြစ်သည့် အစားကြူးနတ်ဘုရားက တစ်ယောက်တည်းနှင့် သုံးယောက်ကို တိုက်ခိုက်နေသည်။ မျက်စိတစ်မှိတ်အတွင်း ခက်ထန်သည့် တိုက်ပွဲတစ်ခုက အာသီသမြို့အတွင်းနှင့် မြို့အပြင် ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့က လှုပ်ရှားခြင်းမရှိဘဲ စောင့်ဆိုင်းနေလေ၏။

သူက အာသီသမြို့သခင်၏ အဖြေကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

သို့သော်လည်း သူက သိပ်ကြာကြာ မစောင့်ဆိုင်းလိုက်ရပေ။ တိုက်ပွဲဖြစ်လာသည့်အခါ ဘောလုံးက မြို့အတွင်း ဝင်ရောက်လာပြီး ကြီးမားသည့် ဧရာမဒယ်စောက်ဆီ ဦးတည်လိုက်သည်။

အာသီသမြို့သခင်က ဒယ်စောက်မှ ခုန်ထွက်လာ၏။ ထိုအခိုက်အတန့်အတွင်း သူက ဘောလုံးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ လေထုထဲ အသံကျယ်ကြီး ထွက်ပေါ်သွားကာ သူတို့၏ ခန္ဓာကိုယ်မှ ကွဲပြားသည့် ဥပဒေသများ ပေါ်ထွက်လာ၏။

ဝမ်ပေါင်လဲ့က အဖြစ်အပျက်ကို သေသေချာချာ မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က ဝေဝါးသွားကာ ပျောက်ကွယ်သွားလေ၏။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ မြို့အပြင်ဘက် ရောက်ရှိနေပြီဖြစ်ပြီး အရပ်ရှည်ရှည်နှင့် ပညာရှင်ကျင့်ကြံသူ တစ်ယောက်ရှေ့ ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုသူက နောက်လိုက်များစွာဖြင့် ဝန်းရံခံထားရ၏။ သူ့တေးဂီတက ကျမ်းတစ်ခုအသွင်ဖြစ်ပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားသည့်အခါ ချိတ်ပိတ်ရေးစွမ်းအား ကိန်းအောင်းနေဟန်ပေါ်သည်။

ထိုပညာရှင်က ဝမ်ပေါင်လဲ့ကို မြင်သည့်အခါ လက်ဝှေ့ပြီး ကျမ်းစွမ်းအားကို ကောင်းကင်အထိ မြင့်တက်စေလိုက်သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က အေးစက်စက်သာ ရယ်မောလိုက်၏။ သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ပေ၅ထောင် ကြီးမားလာပြီး ပညာရှင်ဆီ လက်သီးချက်ထိုးခွင်းလိုက်သည်။

ထိုလက်သီးချက်က လေထုကလွဲ၍ ဘာမှကို ထိမသွားခဲ့ဘဲ အဖက်ဖက်သို့ ပေါက်ကွဲထွက်သွားသည်။ ပညာရှင်၏ နောက်လိုက်များက ခက်ထန်သည့် အမူအရာမျိုး ပြောင်းလဲသွားလေ၏။ သူတို့က အချိန်အတော်ကြာ ဆာလောင်နေသကဲ့သို့ ပညာရှင်အား စတင်ဝါးမျိုကြတော့သည်။

တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က ရပ်တန့်ခြင်း မရှိပေ။ သူက ရှေ့တိုးသွားကာ ပေငါးထောင်မြင့်မားသည့် ခန္ဓာကိုယ်ကြီးက ဧရာမဝဲကတော့ကြီးအသွင် ပေါင်းစည်းလိုက်သည်။ သူက ပညာရှင်၏ တစ်ကိုယ်လုံးဝါးမျိုဖို့ ကြိုးစားနေသကဲ့သို့ ဖြစ်၏။

ပညာရှင်၏ မျက်နှာက ပျက်ယွင်းသွားလေသည်။ သူက အစားကြူးနတ်ဘုရားများကို မတိုက်ခိုက်ဖူးခြင်း မဟုတ်ပေ။ သို့သော်လည်း ဤလူက တခြားသော အစားကြူးနတ်ဘုရားများဖြင့် ကွဲပြားနေဟန်ပေါ်သည်။

သူက ပိုမိုခက်ထန်ဟန်ပေါ်၏။ ပညာရှင်က တုံ့ဆိုင်းနေခြင်း မရှိဘဲ အသံတစ်သံ ထွက်ပေါ်လာကာ သဏ္ဌာန်မဲ့ တေးဂီတအသွင်ပြောင်းလဲသွားပြီး တစ်နေရာသို့ ပြေးထွက်သွားသည်။

ခဏကြာမြင့်ပြီးသည့်နောက်တွင် ဝဲကတော့က ပညာရှင်ရပ်နေသည့် နေရာ၌ ပေါ်ထွက်လာလေ၏။ ထို့နောက် နေရာတစ်ခုလုံးကို ဝါးမျိုသွားကာ မိုးမြေကိုပင် ပြိုလဲသွားစေသည်။

“ထွက်ပြေးချင်တာလား”

ဝဲကတော့အတွင်း ဝမ်ပေါင်လဲ့၏ မျက်နှာထားက ပေါ်ထွက်လာလေ၏။ သူ့အကြည့်က ထူးထူးဆန်းဆန်းအလင်းဖြင့် တောက်ပနေကာ နှုတ်ခမ်းကို သပ်လိုက်သည်။ တစ်ဖက်သူက ထွက်ပြေးသွားသော်လည်း ဝမ်ပေါင်လဲ့က ထင်းယွိအငွေ့အသက် တချို့ကို ဝါးမျိုနိုင်ဆဲ ဖြစ်၏။ သူ့ကို စိတ်အေးသွားစေသည်က အာသီသစည်းမျဉ်းဥပဒေသ၏ အငွေ့အသက်ပင် အားဖြည့်ခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း သူက ထပ်မံ လိုက်ဖမ်းလိုက်သည်။

တိုက်ပွဲကွင်းပြင်တွင် တူညီသည့် မြင်ကွင်းမျိုး နေရာအနှံ့ပေါ်ထွက်လာသည်။ သို့သော်လည်း တချို့သော နေရာများ၌ အာသီသစည်းမျဉ်းဥပဒေသက အရေးသာပြီး တချို့သောနေရာများက ဆန့်ကျင်ဘက် ဖြစ်နေသည်။ တခြားသူများ၏ စည်းမျဉ်းဥပဒေသကို အာဟာရဖြည့်ဖို့ အချင်းချင်း ဝါးမျိုစေခြင်းက ဝမ်ပေါင်လဲ့အတွက် မထူးဆန်းပေ။

ဤသည်က စည်းမျဉ်းဥပဒေ၏ စည်းကမ်း ဖြစ်၏။ လူတစ်ယောက်က ကွဲပြားသည့် စည်းမျဉ်းဥပဒေသနှစ်ခုကို ပိုင်ဆိုင်ဖို့ ခွင့်ပြုထားခြင်းမရှိပေ။ ဒုတိယစည်းမျဉ်းဥပဒေ ပေါ်ထွက်လာသည်နှင့် ပိုမို အားကောင်းသည့် စည်းမျဉ်းဥပဒေဆီမှ ဝါးမျိုခြင်းကို ခံရလိမ့်မည်။

ဤသည်က တိုက်ပွဲကွင်းပြင်အတွင်း သတ်ဖြတ်မှုတို့က အစကတည်းက ပြင်းထန်နေသည့် အကြောင်းအရင်းလည်း ဖြစ်၏။ တစ်ချိန်တည်းဆိုသလို မြို့သခင်နှစ်ယောက်ကြားမှ တိုက်ပွဲကလည်း အားလုံးကို လှုပ်ခတ်သွားစေသည်။

သို့သော်လည်း အာသီသမြို့သခင်က သူ ဝမ်ပေါင်လဲ့ကို ပြောခဲ့သည့်အတိုင်း ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်း သိသာလှ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့က ပညာရှင်ကို လိုက်ဖမ်းဖို့ သိပ်မကြာခဲ့ပေ။ သူက ထိုသူကို ထပ်မံ ဝါးမျိုတော့မည့်ဆဲဆဲတွင် ကောင်းကင်မှ အော်သံတစ်ခု ထွက်ပေါ်လာလေ၏။

အာသီသမြို့သခင်၏ ခန္ဓာကိုယ်က ကောင်းကင်ယံထဲ ဘောလုံးမှ လွှမ်းခြုံခံထားရပြီး ပြိုကွဲသွားသည်။ ထိုပြိုကွဲမှုက အာသီသမြို့ထဲရှိ လူများ၏ စိတ်နှလုံးသားကို တုန်ယင်သွားစေ၏။ ဝမ်ပေါင်လဲ့က ပြင်းထန်သည့် စိတ်ခံစားချက်တစ်ခု သူ့စိတ်ထဲ ထွက်ပေါ်လာသည့်အတွက် မျက်မှောင်ကြုတ်လိုက်၏။

အကြောင်းအရင်းကမူ ထိုဘောလုံးအတွင်း လှပသည့် အမျိုးသမီးတစ်ယောက်၏ မှုန်ဝါးဝါးပုံရိပ်ကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။ သူမက တိုက်ပွဲကွင်းပြင်ကို ကြည့်နေပြီးသည့်နောက်တွင် သူမ၏ အကြည့်က ဝမ်ပေါင်လဲ့ထံ ကျရောက်လာသည်။

“နင့်ကို တွေ့ပြီ”

All Chapters