← Chapters

ကတိစကား

Vol. 98 Ch. 1359

ကတိစကား

Vol. 98 Ch. 1359

“တကယ်လို့ နဂိုခန္ဓာရဲ့ သတ္တိကြောင်မှုကြောင့်သာ မဟုတ်ရင် အဲဒီအမျိုးသမီးက ငါ့ကို ဘယ်လိုလုပ် တွေ့ပါ့မလဲ” ထိုအမျိုးသမီး၏ အကြည့်ခံရပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ စိတ်ထဲ အားကောင်းသည့် အန္တရာယ်ခံစားမှု ထွက်ပေါ်လာသည်။

ထိုအရာက သူ့ခန္ဓာကိုယ်ရှိ အသွေးအသားအားလုံးကို တုန်ယင်သွားစေ၏။ သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို အလျင်အမြန် နောက်ဆုတ်လိုက်ပြီး စိတ်ထဲတွင် ဒေါသလှိုင်း ထွက်ပေါ်လာမိသည်။ သူက နဂိုခန္ဓာသည် အလွန်တရာ အားနည်းကြောင်း ခံစားမိ၏။

သူက နောက်ဆုတ်နေရင်းဖြင့် ထိုပျက်ယွင်းနေသည့် ဘောလုံးထဲရှိ အမျိုးသမီး၏ မျက်နှာက ဖျော့တော့သည့် အပြုံးမျိုး ပေါ်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူမက ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာတော့မည် ဖြစ်၏။

 သို့သော်လည်း ထိုအခိုက်အတန့်၌ ….

ဧရာမကြေးနီရောင် ဒယ်စောက်ကြီးက အာသီသမြို့လယ်ခေါင်မှ ရုတ်ချည်းဆိုသလို ပျံသန်းထွက်လာသည်။ နောက်အခိုက်အတန့်လေး၌ ထိုဧရာမဒယ်စောက်ကြီးက ကိုယ်တိုင် ရွေ့လျားသွားပြီး ပျောက်ကွယ်သွား၏။ ထိုအရာ ပြန်လည်ပေါ်ထွက်လာသည့်အခါ ပျက်ယွင်းနေသည့် ဘောလုံးအထက်တွင် ရောက်ရှိနေပြီဖြစ်ကာ အထဲတွင် ရှိနေသည့် မျက်နှာကို ကြည့်နေလေ၏။

အဖက်ဖက်သို့ သိပ်သည်းလွန်းသည့် အသားရနံ့တို့ ပျံ့နှံ့သွားကာ နှစ်များစွာ ချက်ပြုတ်ခံထားရဟန်ပေါ်သော လက်တစ်ဖက် ထွက်ပေါ်လာသည်။

“ဟူအာလီ နင်က နတ်ဘုရားကြောင့် ကျိန်စာတိုက်ခံရပြီးတော့ သူ့အကြိုက်ဆုံးပါဝင်ပစ္စည်းအဖြစ် ပြောင်းလဲခံထားရတာ။ နင်က အဆုံးမဲ့တိုင် အချက်ခံနေရဦးမှာပဲ။ အခု အပြင်လူ တစ်ယောက်အတွက် ကျိန်စာကို ခုခံဖို့ ကြိုးစားနေတာလား”

“ဒါက နင့်ရဲ့ လူသားဆန်စိတ်ကို ဆုံးရှုံးသွားစေမယ်ဆိုတာ မသိဘူးလား။ နင်ရူး နေလား” သူမက ဒယ်စောက်ထဲမှ ဖြူဖျော့ဖျော့ လက်တစ်ဖက် ထွက်လာသည်ကို မြင်သည့်အခါ စူးစူးရှရှ အော်ဟစ်ကာ ပြောလိုက်သည်။

သူမက ထိုလက်ကို အင်မတန် သတိကြီးကြီးထားထားဟန်ပေါ်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ လှိုင်းတွန့်များ ပျံ့နှံ့လာပြီး ဧကရာဇ်စိတ်ဝိညာဉ်နှင့် အစောင့်အရှောက်ကို ဆင့်ခေါ်နေဟန်ပေါ်သည်။ သို့သော်လည်း ထိုအရာက ချက်ချင်းဆိုသလို ပျံသန်းသွားပြီး ဖြူဖျော့ဖျော့လက်က ကောင်းကင်အထက်မှ ရိုက်ချလိုက်၏။

ထိုအရာ လုပ်ဆောင်လိုက်သည့်အခါ အက်ကြောင်းများစွာက ပင့်ကူအိမ်သဖွယ် ပျံ့နှံ့သွားပြီး အာသီသမြို့တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ထိုအရာက ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သလိုမျိုး ဖြစ်၏။

“ကောင်မစုတ် ငါ မင်းကို သဘောမကျတာ ကြာလှပြီ” ဖြတ်တောက်ခံလိုက်ရသည့် နေရာမှ ခပ်ဩဩအသံ ထွက်ပေါ်လာ၏။ ဖြူဖျော့ဖျော့ လက်တစ်ဖက်က ဆွဲယူသည့်ဟန်ပြုလုပ်လိုက်သည့်အတွက် မြို့တစ်ခုလုံးက ပြင်ပကမ္ဘာနှင့် ဆက်နွယ်မှု ပြတ်တောက်သွားပြီး ပျက်ယွင်းနေသည့် ဘောလုံးကလည်း မလွတ်မြောက်နိုင်တော့ဘဲ ရုန်းကန်နေရသည်။

“ဟူအာလီ နင် တကယ်ကို ရူးသွားပြီပဲ” ထိုအမျိုးသမီး၏ အကြည့်က အမုန်းတရားဖြင့် တောက်လောင်နေသည်။ ထင်းယွိ၏ စည်းမျဉ်းဥပဒေပျံ့နှံ့လာပြီး သက်ရှိအားလုံး၏ အသံ၊ သဘာဝ၏ တေးဂီတတို့က အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး ပိုင်းခြားခံထားရသည့်နေရာက ပြိုလဲတော့မည့် အရိပ်အယောင်များ ပြသလာလေ၏။

ထိုပိုင်းခြားခံရသည့်နေရာက ပျက်ယွင်းတော့မည့်ဆဲဆဲတွင် ဒယ်စောက်ထဲမှ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

“ဒါက ငါ့အဖြေပဲ”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့က ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။ သူ့အကြည့်များက တောက်ပလာ၏။ သူက ဒယ်စောက်ထဲမှ ထွက်ပေါ်နေသည့် လက်ကို ကြည့်လိုက်သည်။ ထိုအရာက ဒယ်စောက်ထဲမှ ထွက်ပေါ်လာပြီး လောင်ကျွမ်းသားကာ ပျက်ယွင်းနေသည့် ဘောလုံးဆီ ဦးတည်ထွက်သွားသည်။ ပြောရမည်ဆိုလျှင် အရိုးလှံက ထိုအမျိုးသမီး၏ နဖူးအထက် ထိုးစိုက်သွားသကဲ့သို့ ဖြစ်၏။

ထိုအခိုက်အတန့်၌ အဖက်ဖက်မှ စူးစူးရှရှအသံတစ်သံ ထွက်ပေါ်လာသည်။ သဘာဝ၏ အသံ၊ သက်ရှိအားလုံး၏ အသံဖြစ်စေကာမူ အရာအားလုံးက ယခုအခိုက်အတန့်တွင် ပြောင်းလဲသွားကြ၏။ ပျက်ယွင်းနေသည့် ဘောလုံးကြီးက တောင့်မခံနိုင်တော့ဘဲ အသံကျယ်ကြီးနှင့်အတူ ပြောင်းလဲသွားလေသည်။ ထိုအရာက အပိုင်းပိုင်းအစအစ ပြိုလဲသွားပြီး ချက်ချင်းဆိုသလို ကွဲထွက်သွား၏။

တိုက်ပွဲကွင်းပြင်တွင် အာသီသမြို့မှ  ကျင့်ကြံသူအားလုံးကလည်း ထိုမြင်ကွင်းကို မြင်ကာ အမူအရာ ပြောင်းလဲသွားကြသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အလျင်အမြန် နောက်ဆုတ်သွားကြ၏။

ထိုအမျိုးသမီးက ပင်မခန္ဓာသုံးခု ရှိလေသည်။ ဤအရာက သူတို့ထဲမှ တစ်ခုသာ ဖြစ်၏။ ထိုအရာကို ဖျက်ဆီးပစ်လျှင် နောက်ထပ်နှစ်ခု ကျန်ရှိနေသေးပြီး ပြန်လည်အားဖြည့်နိုင်သည်။ တခြားတစ်ဖက်တွင် ဝမ်ပေါင်လဲ့က ပညာရှင်နောက်ကို လိုက်ဖမ်းနေရင်း ထိုသူ့ခန္ဓာကိုယ်မှ စည်းမျဉ်းဥပဒေသများကို ဆက်တိုက်စုပ်ယူနေစဉ် အသံတစ်သံကို ကြားလိုက်ရ၏။

“ပင်းလင်းကျစ် ငါက လက်တစ်ဖက်ကို မင်းကို ကူညီဖို့ တန်ကြေးအနေနဲ့ စတေးခဲ့ပြီ။ အနာဂတ်မှာ မင်း ငါ့ကိုပေးမဲ့ မျှော်လင့်ချက်အတွက် အလဲအလှယ်အနေနဲ့ မင်း ဒီအပေးအယူမှာ မဆုံးရှုံးပါဘူး”

“အခု ဒီပိုင်းခြားထားတဲ့နေရာမှာ အမွှေးတိုင်ဝက်စာ အချိန်ရသေးတယ်။ နတ်ဧကရာဇ်စိတ်ဝိညာဉ်နဲ့ အစောင့်အရှောက်တွေက ရောက်လာတော့မယ်။ အဲဒါဆိုရင် အခုထွက်မသွားဘူးဆိုရင် ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”

ဝမ်ပေါင်လဲ့က ထိုအသံကို နားထောင်နေရင်း အသက်ပြင်းပြင်းရှူကာ လှည့်ကြည့်လိုက်မိသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ သူ့ပုံရိပ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။

သူ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သတ်ဖြတ်မှုတို့ စတင်ဖြစ်ပေါ်လာသည်။ ထင်းယွိမြို့မှ ကျင့်ကြံသူတချို့က ကျန်ရှိနေသော်လည်း တချို့တစ်ဝက်က သေဆုံးသွားကြသည်။

အမွှေးတိုင်ဝက် လောင်ကျွမ်းစာ ကြာမြင့်ချိန်က အလျင်အမြန် ကုန်ဆုံးသွားလေ၏။ ထိုပိုင်းခြားထားသည့် နေရာက အလျင်အမြန်ဆိုသလို ပြိုလဲသွားကာ ကောင်းကင်ယံမှ အသံမြည်လာပြီး အဖြူရောင်မျက်နှာဖုံး ဝတ်ဆင်ထားသည့် ပုံရိပ်များစွာ ပေါ်ထွက်လာသည်။

ထိုသူများဆီမှ ထုတ်လွှတ်နေသည့် ဖိအားက အာသီသမြို့တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကျင့်ကြံသူများနှင့် အစားကြူးနတ်ဘုရားများတို့ စိတ်နှလုံးသားကို တုန်ယင်သွားစေ၏။

သူတို့၏ အမြင်တွင် ထိုအဖြူရောင်မျက်နှာဖုံး ဝတ်ထားသူများ၏ နောက်ရှိ ကောင်းကင်ယံထဲ၌ အမူအရာ ကင်းမဲ့သည့် မျက်နှာကြီးကို မြင်လိုက်ရသည်။

ထိုမျက်နှာကြီး၏ အကြည့်က ကုန်းမြေကို ကြည့်လာပြီး ဧရာမဒယ်စောက်ဆီ ကျရောက်လာသည်။ ဒယ်စောက်ကြီးက မလှုပ်ရှားဘဲ အထဲမှ ရယ်သံသာ ကြားနေရ၏။

“မတွေ့ရတာ ကြာပြီပဲ”

“ကျိန်စာ” ထိုမျက်နှာကြီးက စကားလုံးတစ်လုံးသာ ရေရွတ်လာသည်။

ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် ဒယ်စောက်ထဲမှ ဆူပွက်နေသည့် အသံများက ပိုမိုပြင်းထန်လာ၏။ အပူချိန်နှင့် နှိပ်စက်မှုတို့က အဆရာချီ တိုးပွားသွားသကဲ့သို့ ဖြစ်၏။ ဒယ်စောက်တစ်ခုလုံးက အနီရောင် ပြောင်းလဲသွားစေသည်။ လောင်ကျွမ်းနေခြင်းက အရာအားလုံးကိုပင် အရည်ပျော်သွားနိုင်စွမ်း ရှိ၏။ အာသီသမြို့သခင်က ဤမဖော်ပြနိုင်ဖွယ် နှိပ်စက်မှုမျိုးကို ခံစားနေရမှန်း သိသာလှသည်။

သို့သော်လည်း သူက နှိပ်စက်ခံနေရလျှင်ပင် ရယ်သံက ထွက်ပေါ်နေဆဲ ဖြစ်၏။ ထိုရယ်သံ ဒုက္ခခံစားနေရမှန်း သိသာလှသည်။ သို့သော်လည်း ယုံကြည်မှုစွမ်းအားက နာကျင်မှုကို တောင့်ခံနိုင်အောင် လုပ်ပေးထား၏။

“မင်းဆီမှာ နောက်ခံရှိနေတာတောင် ဘာလို့ အဲ့တုန်းက အညံ့ခံခဲ့တာလဲ”

ထိုစကားက အာသီသမြို့သခင်ကို ရန်စလိုက်ဟန်ပေါ်သည်။ သူက ရယ်သံရပ်တန့်သွားပြီး စူးစူးရှရှအော်သံ ထွက်ပေါ်လာ၏။

“ရွှမ်းချန် မင်း”

ယခင်နာကျင်မှုအားလုံးက ထိုစကားများနှင့် မယှဉ်နိုင်ပေ။ သို့သော်လည်း သူ့စကားမဆုံးနိုင်ခင် ကောင်းကင်ယံမှ အေးစက်စက် လှောင်ပြောင်သံ တစ်ခု ထွက်ပေါ်လာပြီး ဒယ်စောက်ဆီ ကျရောက်လာသည်။ ထိုအရာကို မရပ်တန့်နိုင်ဘဲ ထပ်မံဖိနှိပ်ခံလိုက်ရသည်။

“အမှောင်ထုထဲမှ မိုးသောက်ယံရဲ့ အလင်းတန်းက တန်ဖိုးအရှိဆုံးအရာပဲ။ မင်း မျှော်လင့်ချက်ကို လိုချင်တယ်ဆိုမှတော့ အမှောင်ထုထဲမှာပဲ စောင့်နေလိုက်”

ထိုမျက်နှာက အေးစက်စက် ပြုံးလိုက်သည်။

ဒယ်စောက်ထဲရှိ အာသီသမြို့သခင်ကသာ ထိုစကားများကို ကြားရသည်။

ထို့နောက်  အစောင့်အရှောက်က သက်ရှိအားလုံးကို လျစ်လျူရှုထားပြီး ကောင်းကင်ယံ၌ ပျောက်ကွယ်သွား၏။

ထိုသူ ပျောက်ကွယ်သွားသည့်အခါ  နတ်ဧကရာဇ်ဝိညာဉ်များကလည်း ကောင်းကင်အထက် အလင်းတန်းအသွင်ပြောင်းကာ ထွက်သွားလေသည်။

ကုန်းမြေက တိတ်ဆတ်သွားပြီး အာသီသမြို့ရှိ ကျင့်ကြံသူအားလုံးက တုန်လှုပ်ကာ စိတ်ရှုပ်ထွေးနေကြဆဲ ဖြစ်၏။ အစားကြူးနတ်ဘုရားများကသာ စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ရှိနေကြသည်။ သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီး ဘာမှမပြောကြပေ။ သို့သော်လည်း ချန်လင်းကျစ်၏ အမူအရာက စိတ်ပျက်မှုဖြင့် ပြည့်နှက်နေပြီး သူက တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသလိုမျိုး အဝေးတစ်နေရာကို လှမ်းကြည့်နေ၏။

တစ်ချိန်တည်းဆိုသလို အာသီသမြို့နှင့် မလှမ်းမကမ်း မြေပြင်အထက် သွင်ပြင်ကို ပြောင်းလဲထားသည့် ဝမ်ပေါင်လဲ့က အရှိန်မြှင့်တင်ကာ သွားနေသည်။ သူ့ဦးတည်ရာက သူ့နဂိုခန္ဓာ အိပ်စက်နေသည့် နေရာဆီ ဖြစ်၏။

“အာသီသမြို့သခင် ခင်ဗျားနဲ့ ကတိကို သေချာပေါက် တည်ပေးမယ်”

All Chapters