ထပ်မံတွေ့ဆုံခြင်း
Vol. 98 Ch. 1360
ဝမ်ပေါင်လဲ့က သူ ထွက်လာပြီးသည့်နောက်တွင် အာသီသမြို့တော်အတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကို မရှင်းလင်းသော်လည်း အာသီသမြို့သခင် အပြစ်ပေးခံရသည့်အချက်ကိုမူ ခန့်မှန်းကာ မှန်းဆမိ၏။
ထင်းယွိမြို့သခင် ဖွဲ့စည်းထားသည့် ပျက်ယွင်းနေသော ဘောလုံးထဲတွင် သက်ရှိအားလုံး၏ အသံက ပါဝင်နေပြီး အစောင့်အရှောက်၏ အလိုဆန္ဒကို ကိုယ်စားပြုသည်။ ထိုသူက အစောင့်အရှောက်မှ ပေးအပ်ခံရသည့် တာဝန်ကို ဖြည့်စည်းဖို့ ရောက်လာခြင်းသာ ဖြစ်၏။
အာသီသမြို့သခင်၏ အပြုအမူများကမူ အဟန့်အတား သာမက ရန်စမှုတစ်ခုလည်း ဖြစ်၏။ သူက ဝမ်ပေါင်လဲ့ကို ကူညီပေးပြီးသည့်နောက်တွင် အစောင့်အရှောက်၏ အပြစ်ပေးမှုကို သေချာပေါက် ခံရလိမ့်မည်။
ထိုတန်ကြေးကလည်း သေးငယ်မည် မဟုတ်ပေ။ မဟုတ်ပါက အာသီသမြို့သခင်သည် နောက်ဆုံးအခိုက်အတန့်၌ ဆုံးဖြတ်ချက်ချပြီး ဝမ်ပေါင်လဲ့ဆီ အဖြေပေးလာမည် မဟုတ်ပေ။
“သူ့ခေါင်းကို ငုံ့ဖို့ ရွေးချယ်ထားတာက မျှော်လင့်ချက်ကို မမြင်ရလို့ပဲ။” ဝမ်ပေါင်လဲ့က ရှုပ်ထွေးသည့်ခံစားချက်မျိုး ရှိနေလေ၏။ ဤနေရာတွင် ကုန်ဆုံးခဲ့သည့်အချိန်ကြောင့် သူသည် ကမ္ဘာကို အခြေခံအားဖြင့် နားလည်လာသည်။
တတိယကမ္ဘာထဲတွင် ဘက်ထရီအဖြစ် ပြောင်းလဲခံရသည့် စွမ်းအားကြီးပုဂ္ဂိုလ်များက အညံ့မခံလိုသည့်သူများသာ ဖြစ်၏။ ထို့ကြောင့် သူတို့သည် အင်မတန် ဆိုးရွားသည့်အခြေအနေတွင်ရှိနေပြီး ဆက်တိုက်ဆိုသလို စုပ်ယူခံရကာ ဒုက္ခပင်လယ်မှ မလွတ်မြောက်နိုင်ပေ။
အာသီသမြို့သခင်နှင့် ထင်းယွီမြို့သခင်တို့အတွက်မူ သူတို့က နာခံဖို့ ရွေးချယ်ခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ယနေ့တွင်ရှိနေသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူတို့ကလည်း အညံ့ခံခြင်းအတွက် တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရသည်။
ထိုတန်ကြေးက သူတို့၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးသွားခြင်း ဖြစ်၏။ တခြားသော အရာများလည်း ပါဝင်နေနိုင်သည်။
ဝမ်ပေါင်လဲ့က ကမ္ဘာတစ်ဝှမ်း အရှိန်မြှင့်ကာ သွားလာနေရင်း ဧရာမကြေးနီရောင်ဒယ်စောက်ကြီးကို စဉ်းစားမိသွားသည်။ ယခင်က အာသီသမြို့သခင်က သူ့တကယ့်ခန္ဓာကိုယ်သည် ထိုဒယ်စောက်အတွင်း ရှိကြောင်း ပြောခဲ့ဖူး၏။
“ဒါကလည်း တန်ကြေးတစ်ခု ဖြစ်နိုင်တယ်” ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူ့ပေါ်ထွက်လာမှုသည် အာသီသမြို့သခင်အတွက် မျှော်လင့်ချက်အလင်းတန်း ဖြစ်ကြောင်း သိလေ၏။
ထိုမျှော်လင့်ချက်အလင်းတန်းက တစ်ခါက ခေါင်းငုံ့ဖို့ ရွေးချယ်ခဲ့ပြီး အာသီသမြို့သခင်ဖြစ်လာခဲ့သည့် စွမ်းအားကြီးပုဂ္ဂိုလ်ကိုပင် အနာဂတ်အတွက် လိုလိုလားလား အလောင်းအစား ပြုမူစေသည်။
ထင်းယွိမြို့သခင်ကမူ ထိုသို့ ဖြစ်ဟန်မပေါ်ပေ။ တခြားသော အလိုဆန္ဒ မြို့သခင်များလည်း ရှိပေမည်။ သို့သော် သူ့အနေနှင့် သူတို့၏ အတွေးကို မသိသေးပေ။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေရင်း အရှိန်မြှင့်လိုက်သည်။ သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် သူက တောအုပ်ကို ဖြတ်သန်းပြီး တောင်နယ်နိမိတ်အစွန်းကို ကျော်ဖြတ်လာသည်။ နောက်ဆုံးတွင် လေးရက်မြောက်နေ့လယ်၌ ဝမ်ပေါင်လဲ့၏ အမြင်၌ ကျက်တီးခေါင်ပြင် သဲကန္တာရတစ်ခု ပေါ်ထွက်လာသည်။
ထိုသဲကန္တာရက သူထွက်သွားစဉ်အခါနှင့် ပြောင်းလဲမှုရှိဟန် မပေါ်ပေ။ ထိုနေရာက လူသူကင်းမဲ့နေဆဲဖြစ်ကာ သက်ရှိအရိပ်အမြွက်ကင်းမဲ့နေဆဲ ဖြစ်၏။
သူ့ပင်မခန္ဓာကိုယ်မှ ခွဲထုတ်ခံထားရသည့် ဝမ်ပေါင်လဲ့ကပင် သူ့ပင်မခန္ဓာကိုယ်၏ အရိပ်အမြွက်ကို အာရုံခံ၍ မရပေ။
အကယ်၍ သူတောင် ဤသို့ဖြစ်နေလျှင် တခြားသောသူများကလည်း ဤနေရာတွင် ဘာမှခံစားမိမည် မဟုတ်ကြောင်း သိသာလှသည်။ ဤနေရာတွင် မြို့သခင်နှင့် ကွဲပြားမှု မရှိသည့် နတ်ဘုရားတစ်ပါး ကိန်းအောင်းနေသည်ကို သူတို့တွေ သိမည် မဟုတ်ပေ။
“နဂိုခန္ဓာက ကြွက်တစ်ကောင်လိုမျိုးပဲ။ ပုန်းအောင်းနေတဲ့နေရာမှာ သူသာ ဒုတိယဆိုရင် ဘယ်သူက သူ့နေရာကို ယူရဲမှာ မဟုတ်ဘူး” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ သူက သဲကန္တာရဆီ ပျံသန်းသွားတော့မည့်ဆဲဆဲတွင် ရုတ်ချည်းဆိုသလို သဲကန္တာရအစွန်း၌သာ ရပ်တန့်လိုက်၏။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ သေသေချာချာ စဉ်းစားလိုက်သည်။ ပထမဦးစွာ သူက အာသီသမြို့ရှိရာဘက်ကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူက သူ့နဂိုခန္ဓာရှိရာ သဲကန္တာရကို ကြည့်လိုက်သည်။ သူက အချိန်အတော်ကြာ တိတ်ဆိတ်နေလေ၏။
“ငါက ပင်မခန္ဓာကိုယ်ရဲ့ အစီအစဉ်တွေကို အပြီးမသတ်ရသေးဘူးဆိုပေမဲ့လည်း နဂိုခန္ဓာကိုယ်က နောက်ဆုံးအခိုက်အတန့်မှာ စိတ်ပြောင်းသွားအောင် ထည့်မစဉ်းစားဘဲ မနေနိုင်တော့ဘူး။ သူက ကိုယ်ပွားကို စေလွှတ်ဖို့ မလိုဘူး။ အဲဒီအစား သူက ငါ့ကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစည်းလိုက်ရုံပဲ။ ဒီလိုဆိုရင် ငါ့နဂိုခန္ဓာက အာသီသမြို့သခင်နဲ့ ငါ့ကတိစကားကို တည်ပါ့မလားဆိုတာကို မသိရဘူး”
ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူက သဲကန္တာရထဲ တင်ပျဉ်ခွေထိုင်ကာ ခေါင်းငုံ့ပြီး မျက်ခုံးကြားကို ထိတွေ့လိုက်၏။ ထို့နောက် ရုတ်ချည်းဆိုသလို သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်သွား၏။ သူ့ခန္ဓာကိုယ်မှ အာသီသအိပ်မက်ဆိုးတို့ ထွက်ပေါ်လာကာ သူ့ကို ဝန်းရံထားလေ၏။ ဝမ်ပေါင်လဲ့က လက်ဟန်စည်းတံဆိပ်တစ်ခုကို ပြုလုပ်ပြီး လက်ဝါးများကို ပူးကပ်လိုက်သည်။
“စုစည်းစေ”
သူ ထိုစကားကို ပြောလိုက်သည်နှင့် အာသီသအိပ်မက်ဆိုးတို့က အဖက်ဖက်မှ စုဝေးသွားကာ ပေါင်းစည်းသွားလေ၏။ အနက်ရောင်မြူခိုးက ရစ်ဝဲနေပြီး သူတို့က ဝမ်ပေါင်လဲ့နှင့်တူညီသည့် ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။
ထိုပုံရိပ်ကို အာသီသအိပ်မက်ဆိုးမှ ဖွဲ့စည်းထားခြင်း ဖြစ်၏။ တစ်ခုတည်းသောဆန္ဒကမူ ထိုသူတွင် အနီရောင်မျက်လုံးရှိနေပြီး ရူးသွပ်မှုကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်။ ထိုအရာက ဝမ်ပေါင်လဲ့ဆီ ဖြည်းဖြည်းချင်း ရောက်ရှိလာကာ သူ့ဆီ ဒူးထောက်ချလိုက်၏။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ညာဖက်လက်ကို မြှောက်ကာ အာသီသအိပ်မက်ဆိုး၏ မျက်ခုံးအလယ်တွင် လက်ချောင်းကို ဖိလိုက်သည်။ သူက သူ့အသိစိတ် ၃၀ရာခိုင်နှုန်းကို အိပ်မက်ဆိုးဆီ ပို့ဆောင်လိုက်ပြီး အနီရောင်မျက်လုံးကို ပျောက်ကွယ်သွားစေသည်။ ထို့နောက် ထိုအရာက လှည့်ကာ သဲကန္တာရဆီ ဦးတည်လိုက်၏။
ဝမ်ပေါင်လဲ့က ထိုင်နေရင်း အိပ်မက်ဆိုးပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေလိုက်သည်။ ထို့နောက် သူက မျက်လုံးကို မှိတ်ထားလိုက်၏။
သို့သော်လည်း သူ့ဝန်းကျင်တွင် မှိန်ဖျဖျ ဝဲကတော့တစ်ခု ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့အား အထိအခိုက်မရှိအောင် ကာကွယ်ပေးထား၏။
ဤသို့ဖြင့် ဝမ်ပေါင်လဲ့က ကိစ္စများစွာ လုပ်ဆောင်နေစဉ် သူ့ခန္ဓာကိုယ်ထဲမှ အာသီသအိပ်မက်ဆိုးကို ထိန်းချုပ်ရင်းဖြင့် တရားထိုင်နေသည်။ သူက သဲကန္တာရကို ဖြတ်သန်းသွားပြီးသည့်နောက်တွင် မှတ်ဉာဏ်ထဲမှ နဂိုခန္ဓာရှိရာဆီ ဖြည်းဖြည်းချင်း နီးကပ်သွားသည်။
၈နာရီကြာမြင့်ပြီးသည့်နောက်တွင် သဲကန္တာရအလယ်တွင် ဝမ်ပေါင်လဲ့၏ အာသီသအိပ်မက်ဆိုးက ရုတ်ချည်းဆိုသလို ရပ်တန့်ကာ ဘေးပတ်လည်ကို ရှာဖွေလေ၏။ နောက်ဆုံးတွင် မြေကြီးကို ဆောင့်လိုက်သည်။ သူ့ခန္ဓာကိုယ်က အနက်ရောင်မြူခိုးအသွင်ပြောင်းလဲသွားပြီး မြေကြီးထဲ တိုးဝင်သွားလေ၏။ ထိုအရာက သဲများနောက်မှ လိုက်ပါသည့် မြူခိုးမျှင်အဖြစ် ပြောင်းလဲသွားကာ ဖြန့်ကျက်လိုက်သည်။
ထိုအရာက အင်မတန် မြန်မြန်ဆန်ဆန်ဖြန့်ဝေပြီး အသက်ဆယ်ရှိုက်စာအတွင်း မြေအောက်ထဲမှ ဂူတူးကာ တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခုဆီ ရောက်ရှိလာသည်။
ပုံရိပ်က အရှိန်အဝါ ထုတ်လွှတ်နေခြင်း မရှိပေ။ သို့သော်လည်း ထိုသူကို မြင်လိုက်သည့်သူတိုင်းက နတ်ဘုရားတစ်ပါးကို မြင်သကဲ့သို့ စိတ်တုန်ယင်သွားကြလိမ့်မည်။
ထိုသူက ဝမ်ပေါင်လဲ့၏ တကယ့်ကိုယ်ကလွဲ၍ တခြားသူ မဟုတ်ပေ။
ထိုပုံရိပ်ရှေ့တွင် မြူခိုးက ဖြည်းဖြည်းချင်း စုစည်းလာကာ ဝမ်ပေါင်လဲ့၏ အာသီသအိပ်မက်ဆိုးအသွင် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်က မျက်လုံးဖွင့်လိုက်၏။
သူ မျက်လုံးဖွင့်လာသည့်အခါ အလင်းတန်းနှစ်တန်း ပစ်လွှတ်လာပြီး အာသီသအိပ်မက်ဆိုးကို လွှမ်းခြုံသွားလေ၏။
ကြီးမားသည့် ဖိအားက အာသီသအိပ်မက်ဆိုးကို ပြန်လည်မတိုက်ခိုက်နိုင်အောင် ဖိအားပေးနိုင်သည်။ မျက်စိတစ်မှိတ်အတွင်း ဝမ်ပေါင်လဲ့၏ တကယ့်ကိုယ်က ကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
“အဲဒါဆိုတော့ အမှီအခိုကင်းတဲ့ ကိုယ်ပွားဆိုတဲ့အတိုင်းပဲ…” ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်က ပြုံးကာ ပြောလိုက်၏။
“မင်းက ဒီနေရာကို လူကိုယ်တိုင် မလာဘဲ နေလိမ့်မယ်လို့တော့ ထင်မထားဘူး”
“အဲဒါဆိုတော့ ဘာလို့ပြန်လာတာလဲ”
သူက အေးစက်စက်သာ မေးလိုက်သည်။ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ အာသီသအိပ်မက်ဆိုးက ဖိအားမှ ကင်းလွတ်သွား၏။ သူက နောက်အနည်းငယ် ဆုတ်ကာ ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်ကို စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
တိတ်တဆိတ်နေပြီးသည့်နောက်တွင် အာသီသအိပ်မက်ဆိုးက ခပ်ဩဩအသံဖြင့် ပြောလာသည်။
“ငါက အာသီသမြို့ထဲမှာ အစားကြူးနတ်ဘုရား ဖြစ်လာပြီ။ အာသီသစည်းမျဉ်းဥပဒေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီ”
အာသီသအိပ်မက်ဆိုး၏ မျက်နှာက ရှုံ့တွသွားပြီး နောက်ဆုတ်လိုက်သော်လည်း နောက်ကျလွန်းသွားခဲ့ပြီ။
ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်က ပထမစကားကို ကြားသည့်အခါ မော့ကြည့်ပြီး ညာဖက်လက်ဖြင့် ဆွဲယူသည့်ဟန် ပြုလုပ်လိုက်၏။ ထိုစဉ် အာသီသအိပ်မက်ဆိုးတို့က ပြိုလဲသွားသည်။ မြူခိုးပမာဏ အမြောက်အများ ပြိုလဲသွားပြီး ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက တကယ့်ကိုယ်၏ စုပ်ယူမှုကို ခံလိုက်ရပြီး နဖူးအတွင်း ဖိကပ်ခံလိုက်ရသည်။
သူက စုပ်ယူခြင်းမရှိဘဲ အာရုံခံနေခြင်း ဖြစ်၏။
ထိုအခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့၏ ကိုယ်ပွား အာသီသမြို့ထဲမှ ထွက်လာပြီး ကြုံတွေ့ခဲ့သမျှအရာအားလုံးက ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ် ထိန်းချုပ်မှုအောက်တွင် ရှိလေသည်။
ခဏကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်အထက် ထူးထူးဆန်းဆန်း အကြည့်တစ်ချက်ပေါ်ထွက်လာကာ သူ့လက်ထဲမှ ကိုယ်ပွားကို ကြည့်လိုက်သည်။
“မင်းက လွတ်လပ်ခွင့် ရချင်တာလား”