ပေါင်လဲ့
Vol. 98 Ch. 1361
“တကယ့်ခန္ဓာကိုယ် … မင်း လွန်လွန်းသွားပြီ” ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက ပြောလိုက်သည်။ သူက ရုန်းကန်လိုသော်လည်း အစစ်အမှန် ခန္ဓာကိုယ်ရှေ့တွင် အင်အားကင်းမဲ့နေသည်။
ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်က လှုပ်ရှားခြင်း မရှိပေ။ သူက ကိုယ်ပွားကို စိုက်ကြည့်ပြီး ပြောလိုက်၏။
“ငါ့ကို ပြန်ဖြေစမ်း။ မင်းက လွတ်လပ်ချင်တာလား”
“အဲဒီမှာ ငါ့xင်ကြီး လွတ်လပ်နေလိုက်” ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက ပြောလေသည်။
“လွတ်မြောက်မှုဆိုတာက ကိုယ်တိုင်ဖန်တီးရတာ။ တခြားသူပေးရတာ မဟုတ်ဘူး”
ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“မင်း အဲဒါကို သိတယ်ဆိုတော့ မျှော်လင့်ချက်ကင်းမဲ့နေတာတော့ မဟုတ်သေးဘူးပဲ။ အခု ကိစ္စတွေကို စဉ်းစားဖို့လိုပြီလို့ မထင်ဘူးလား”
ထိုအသံ ပဲ့တင်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက တုန်ယင်သွားလေ၏။ သူက ရုန်းကန်မှုကို ရပ်တန့်သွားပြီး တိတ်ဆိတ်သွားလေသည်။ သူက တကယ့်ခန္ဓာကိုယ် ပြောသည့်စကားကို နားလည်၏။ သူက ယခင်တွေ့ကြုံခဲ့သမျှ အရာအားလုံးကို ပြန်လည်တွေးတောကာ ရုတ်ချည်းဆိုသလို ပြောလိုက်သည်။
“အဲဒါဆိုတော့ သူတို့က ဟန်ဆောင်နေတယ်လို့ ပြောချင်တာလား”
“သူတို့က ဟန်ဆောင်နေတာလား၊ ဟန်မဆောင်တာလားဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ ထင်းယွိမြို့သခင် ရောက်လာတာက အရမ်း အလျင်စလိုနိုင်တယ်။ ပြီးတော့ သူမက ကာကွယ်သူကို ဆင့်ခေါ်ဖို့လည်း ကျရှုံးခဲ့တယ်ဆိုပေမဲ့ သူမရဲ့ တကယ့်ခန္ဓာကိုယ်နှစ်ခုက ဖြတ်တောက်မခံရသေးဘူး။ သူတို့တွေက အာသီသမြို့တော်ဆီ ရောက်မလာဘူးဆိုရင်တောင် သူတို့အနေနဲ့ ကာကွယ်သူကို ဆင့်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး”
တကယ့်ခန္ဓာကိုယ်၏ စကားကို ကြားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက အတွေးနက်သွားလေ၏။
“အဲဒါဆိုတော့ အာသီသမြို့သခင်နဲ့ ထင်းယွိမြို့သခင်တို့ရဲ့ လှည့်ကွက် ဖြစ်နိုင်ချေရှိတာပေါ့။ မင်းကလည်း ပွဲကြည့်ပရိတ်သတ်၊ ကာကွယ်သူကလည်း ပွဲကြည့်ပရိတ်သတ်ပဲ” ဝမ်ပေါင်လဲ့၏ တကယ့်ကိုယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် သူ့စကားများက ကိုယ်ပွားကို တုန်ယင်သွားစေ၏။
“တကယ်လို့ လှည့်ကွက်ဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်က ငါ့ကို ထင်းယွိမြို့တော်ဆီ ရောက်ဖို့ပေါ့” ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက အတွေးနက်နေမိသည်။ တကယ့်ခန္ဓာကိုယ်၏ လမ်းညွှန်ပေးမှုကြောင့် ယခင်ဖြစ်ပျက်သမျှ အရာများကို တွေးမိကာ ထိုသို့ဖြစ်နိုင်ချေရှိကြောင်း ဝန်ခံမိသွားသည်။
ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်က ရယ်မောလိုက်၏။
“မင်း အဲဒီကို သွားတဲ့အခါ သိမှာပဲ”
“အဲဒါကြောင့် မင်း ဒီရောက်လာတာ မဟုတ်ဘူးလား။ မင်းအတွက် ထင်းယွိတာအိုမျိုးစေ့ကို ပေးပြီးတော့ အာသီသစည်းမျဉ်းဥပဒေသက ထင်းယွိစည်းမျဉ်းဥပဒေသကို ချက်ချင်း မဝါးမျိုအောင် ဖိနှိပ်ထားဖို့လေ။ အဲဒီနည်းနဲ့ဆိုရင် မင်း ထင်းယွိစည်းမျဉ်းဥပဒေသက အာသီသစည်းမျဉ်းဥပဒေသလိုမျိုး အဆင့်တူသွားလိမ့်မယ်။ မင်း ဆန္ဒကို ဖြည့်စည်းပေးနိုင်တယ်” ဝမ်ပေါင်လဲ့၏ ပင်မခန္ဓာကိုယ်က ပြောလိုက်ကာ ညာဖက်လက်ကို မြှောက်လိုက်သည်။
သူ့လက်ဖျားအထက် အလင်းတန်းတောက်ပလာကာ လှပသည့် တေးသံစဉ်တစ်ခု ထွက်ပေါ်လာသည်။ ဖြည်းဖြည်းချင်းဖြင့် ထိုအရာက တေးဂီတသင်္ကေတနှင့် တူသည့် သင်္ကေတ တစ်ခုအသွင် ပြောင်းလဲသွားသည်။
ထိုမှော်သင်္ကေတက ဝံ့ဝံ့စွားစွား တောက်ပနေကာ အသံတစ်သံ ထုတ်လွှတ်လာသည်။ ထိုအသံက ခေါင်းလောင်းပေါ် ရေစက်ကျလာသည့် အသံမျိုး ဖြစ်ကာ ကြားသူတိုင်းက ဆွဲဆောင်ခံလိုက်ရလိမ့်မည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားဆီမှ အာရုံကို ဖမ်းစားသွားခဲ့သည်။
ဝမ်ပေါင်လဲ့၏ တကယ့်ကိုယ်က လက်ဖျောက်တီးလိုက်သည့်အခါ ထိုမှော်သင်္ကေတက ကိုယ်ပွားဆီ ရောက်ရှိသွား၏။ ထိုအရာက ကိုယ်ပွား၏ အလိုဆန္ဒဖြင့် ပေါင်းစည်းသွားပြီး ဖိနှိပ်စွမ်းအားတစ်ခုလည်း ပါဝင်နေသည်။
ထိုစွမ်းအားက ဝမ်ပေါင်လဲ့၏ သူ့ခန္ဓာကိုယ်ဆီ ပြန်မရောက်ခင် အာသီသစည်းမျဉ်းဥပဒေသကို ယာယီ ဖိနှိပ်ထားနိုင်စွမ်း ရှိ၏။ ထို့အပြင် ထိုဖိနှိပ်စွမ်းအားက တကယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်း မဟုတ်ပေ။
ထိုအရာ တည်ရှိလျှင် ပေါက်ကြားနိုင်ချေ ရှိ၏။
“အဲဒါဆိုရင် အစီအစဉ်ကို ဘယ်လိုဆက်လုပ်မှာလဲ” ကိုယ်ပွားက နတ်ဘုရားအသိစိတ်မှတဆင့် မေးလိုက်သည်။
“အရာအားလုံးကို စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မယ်။” တကယ့်ခန္ဓာကိုယ်က ခေါင်းညိတ်ကာ ပြောလိုက်၏။ သူက ကိုယ်ပွား ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။
“မင်းက သတိကြီးပေမဲ့ အတွေးအခေါ်နှုန်းနဲ့ ပတ်သက်ရင် မင်းက ငါ့ထက် နိမ့်ကျနေတုန်းပဲ”
တကယ်လို့ မင်းက မြင့်မြတ်ကြီးကျယ်တဲ့သူ ဖြစ်လာချင်တယ်ဆိုရင် မင်းကိုယ်မင်း လေ့ကျင့်ဖို့ လိုတယ်”
သူက ကိုယ်ပွား ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း တင်ပျဉ်ခွေထိုင်ကာ ပြုံးလိုက်သည်။
သူက မျက်လုံးမှိတ်တော့မည့်ဆဲဆဲတွင် ထပ်မံ ပြန်လည်ဖွင့်လာပြီး သူ့ကိုယ်ပွား ထွက်ခွာသွားသည့် နေရာကို လှမ်းကြည့်လိုက်သည်။
“မဟုတ်သေးပါဘူး။ မြို့သခင်နှစ်ယောက်ရဲ့ လှည့်ကွက်က သိသာနေတာဆိုတော့ ငါ့ကိုယ်ငါ နားလည်နိုင်စွမ်းနဲ့ဆိုရင် သူတို့ကို အပြည့်အဝ ယုံကြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့လိုဆိုရင် အဲဒီကိုယ်ပွားက ဘာလို့ သူတို့ကို အဲ့လောက်တောင် ယုံကြည်နေရတာလဲ” ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
ခဏအကြာတွင် ရယ်မောလိုက်၏။
“စဉ်းစားစရာပဲ။ စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီကိုယ်ပွားက ငါ့လိုမျိုး ပြုမူချင်နေတာပဲ”
တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက မြေကြီးမှ ထွက်လာသည်နှင့် အရှိန်မြှင့်လိုက်သည်။ သူက သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို လောင်ကျွမ်းခံပြီး မြှင့်တင်ထားခြင်း ဖြစ်၏။ သူက ဘဝအတွက် ထွက်ပြေးနေရသကဲ့သို့ ဖြစ်သည်။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာ ကြာမြင့်ပြီးသည့်နောက်တွင် အာသီသအိပ်မက်ဆိုး၏ ၈၀ ရာခိုင်နှုန်းက ပျောက်ကွယ်သွားပြီဖြစ်ကာ သူတို့က သဲကန္တာရမှ ထွက်လာပြီး ဝမ်ပေါင်လဲ့ဆီ ဦးတည်သွားလေသည်။
ထိုအရာက သူ့နဖူးကို ထိတွေ့ကာ ချက်ချင်းဆိုသလို ကျုံ့ဝင်သွား၏။
သိပ်မကြာခင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ သူက မျက်လုံးဖွင့်လာပြီး သက်ပြင်းချလိုက်၏။
“ငါ့ တကယ်ခန္ဓာကိုယ်က အန္တရာယ်များလွန်းတယ်” သူက ရေရွတ်လိုက်သည်။
“ဒီတစ်ကြိမ်တော့ ငါ့ရဲ့ ရည်မှန်းချက် အောင်မြင်ခဲ့တယ်ပဲ ပြောရမယ်”
သူက သူ့ကိုယ်သူ ရေရွတ်နေရင်းဖြင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းက နက်နဲသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ အမှန်တော့ သူက သူ့တကယ့်ခန္ဓာကိုယ် ပြောသည့်အရာကို မည်သို့သတိမထားမိဘဲ နေမည်နည်း။
သို့သော်လည်း သူက ယခင်က မစဉ်းစားနိုင်ခဲ့ပေ။ သူ့အမြင်တွင် သူ့တကယ့်ခန္ဓာကိုယ်က သူ့ကို အလိုလိုက်ထားသော်လည်း သူ့ကိုယ်တိုင်နားလည်နိုင်စွမ်းအရ ထိုအရာက မဖြစ်နိုင်ပေ။
အမှီအခိုကင်းသည့် ကိုယ်ပွားတစ်ခု ရှိခြင်းက အားသာချက်ရှိသလို အားနည်းချက်လည်း ရှိ၏။
သူက တကယ့်ခန္ဓာကိုယ်နှင့် တွေ့ဆုံစဉ်အခါက အားနည်းချက်ကို ဖုံးကွယ်ဖို့ ရွေးချယ်ခဲ့သည်။ သူက သူ့အတွေးနှင့် တွက်ချက်မှုများသည် တကယ့်ခန္ဓာကိုယ်ထက် နိမ့်ကျကြောင်း ဟန်ဆောင်ခဲ့၏။ ထိုအရာက တကယ့်ခန္ဓာကိုယ်၏ အောက်ခြေစည်းမျဉ်းကို မထိပါးနိုင်အောင် ရှောင်ရှားနိုင်လိမ့်မည်။
“ဒါပေမဲ့ ငါ့ရဲ့ တကယ့်ခန္ဓာကိုယ်ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ဒီနည်းလမ်းကို တစ်ခါပဲ သုံးလို့ရမယ်” ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက ထရပ်ကာ သဲကန္တာရကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ထွက်သွားဖို့ ရွေးချယ်လိုက်သည်။
“ငါ ဒီကို ပြန်မလာရရင် အကောင်းဆုံးပဲ။ ဒါပေမဲ့ ငါ့ တကယ့်ခန္ဓာကိုယ်ရဲ့ အစီအစဉ်ကိုတော့ လုပ်ရဦးမယ်။ ဒီလိုဆိုရင် ငါ့ကိုယ်ငါ နားလည်နိုင်စွမ်းအရဆိုရင် ငါ့ရဲ့ မှီခိုကင်းမဲ့တဲ့ ကိုယ်ပွားကို လွတ်မြောက်ခွင့်ပေးဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ဝမ်ပေါင်လဲ့က စဉ်းစားနေရင်း သဲကန္တာရထဲမှ ထွက်လာလိုက်သည်။ သူက ဘေးကင်းသည်ဟု ခံစားရသည့်နေရာသို့ ရောက်လာသည့်အခါ တင်ပျဉ်ခွေကာ ထိုင်လိုက်၏။ သူက သူ့အလိုဆန္ဒအတွင်း ပါဝင်နေသည့် ဖိနှိပ်စွမ်းအားကို ထုတ်လွှတ်ကာ အာသီသစည်းမျဉ်းဥပဒေသကို ချက်ချင်းဆိုသလို ဖုံးလွှမ်းလိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်ထဲက အာသီသစည်းမျဉ်းဥပဒေသက သက်ဝင်လှုပ်ရှားလာသည်။ မြင်းရိုင်းတစ်ကောင် ခုန်ပေါက်ပြေးနေသကဲ့သို့ ဖြစ်၏။ ထိုအရာက ဖြည်းဖြည်းချင်းဖြင့် သိမ်မွေ့လာလေ၏။ ထိုဖြစ်စဉ်က ၇ရက် ကြာမြင့်ခဲ့သည်။ ဝမ်ပေါင်လဲ့က သူ့ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းဥပဒေသကို အပြီးတိုင် ဖိနှိပ်ထားနိုင်ခဲ့၏။ သူ့အကြည့်တို့က အားနည်းသည့် အရိပ်အမြွက်တို့ ရှိနေသော်လည်း တောက်ပနေလျက် ရှိသည်။
“အခု ဂီတသင်္ကေတနဲ့ ပေါင်းစည်းဖို့အချိန်ပဲ” ဝမ်ပေါင်လဲ့က သူ့စိတ်ဆန္ဒထဲမှ ဂီတသင်္ကေတကို သေသေချာချာ အာရုံခံလိုက်သည်။ ထို့နောက် သူက နတ်ဘုရားအသိစိတ်ကို စေလွှတ်ကာ ပေါင်းစည်းလိုက်၏။ သူ့စိတ်က ထိုတေးဂီတသင်္ကေတဖြင့် ပေါင်းစည်းသွားသည့်အခါ စိတ်ထဲတွင် အသံများဖြင့် ပြည့်နှက်လာသည်။
ထိုအရာက ကြားရသူအားလုံးကို မျောပါသွားစေမည့် လှပသော တေးသံတစ်ခု ဖြစ်၏။ ထိုအရာ ပဲ့တင်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့၏ အမူအရာက ပြောင်းလဲသွားသည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက ပြောင်းလဲသွားဟန်ပေါ်သည်။ ဖြည်းဖြည်းချင်းဖြင့် ထိုအသံက သူ့စိတ်ထဲမှ ပဲ့တင်ထွက်လာသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေ၏။
မျက်စိတစ်မှိတ်အတွင်း ၇ ရက်တာ ကုန်ဆုံးသွားခဲ့သည်။
၈ရက်နေ့မြောက် မနက်ခင်း၌ နေရောင်က တောက်ပနေပြီး အမှောင်ထုကို ချိုးဖောက်ကာ ဝမ်ပေါင်လဲ့အပေါ် ဖြာကျနေသည်။ ထိုစဉ် ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်လာ၏။