အကြားအာရုံကမ္ဘာ
Vol. 98 Ch. 1362
သူ့ရှေ့တွင်ရှိနေသည့် ကမ္ဘာကြီးက ယခင်အတိတ်နှင့် တူညီနေသော်လည်း အကြောင်းအရင်းတချို့ကြောင့် ဝမ်ပေါင်လဲ့၏ အမြင်တွင် အတိတ်တုန်းကလောက် မရှင်းလင်းတော့ပေ။
ထိုသို့ ဖြစ်ရသည့်အကြောင်းအရင်းက သူ့အမြင်အာရုံကြောင့် မဟုတ်ဘဲ ပိုမိုရှင်းလင်းသည့် နည်းလမ်းက သူ့အမြင်အာရုံကို အစားထိုးသွား၍ ဖြစ်သည်။ ထိုအရာက သူ့အကြားအာရုံ ဖြစ်၏။
သူရှေ့တွင်ရှိနေသည့် အရာအားလုံးကို ကြည့်နေရင်း ဝမ်ပေါင်လဲ့၏ နားထဲ၌ ကောင်းကင်၌ တိမ်များ လှုပ်ရှားနေသည့် အသံ၊ လေတိုက်ခတ်နေသည့် အသံ၊ အပင်များက ယိမ်းနွဲ့ကာ တေးသီနေသည့် အသံ၊ မြေကြီးအောက်တွင်ရှိနေသည့် ပိုးကောင်များ၏ အသံများကိုပင် ကြားနေရသည်။
ကမ္ဘာကြီးကလည်း မသဲမကွဲအသံများ ထုတ်လွှတ်နေဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့က သူ့ကို ရှင်းရှင်းလင်းလင်း မကြားရသော်လည်း ကမ္ဘာကြီးက ကွဲပြားသွားကြောင်း ခံစားမိ၏။
သူက မျက်လုံးကို ဖြည်းဖြည်းချင်း ပိတ်လိုက်သော်လည်း သူ့စိတ်ထဲတွင် ရှိနေသည့် အရာများက များများစားစား ပြောင်းလဲသွားခြင်း မရှိပေ။ သူက အမြင်အာရုံ သို့မဟုတ် နတ်ဘုရားအသိစိတ်ကို မမှီခိုတော့ဘဲ အကြားအာရုံအပေါ် မူတည်၌ သူ လိုအပ်သည့် သတင်းအချက်အလက်များကို ရယူနိုင်သည်။
ထိုအရာများက သူ့စွမ်းအင်ဗဟိုချက်ထဲ အာသီသစည်းမျဉ်းဥပဒေ သလင်းကျောက်ရှိရာနေရာမှ ရောက်ရှိလာခြင်း ဖြစ်၏။ ထိုနေရာတွင် ဂီတသင်္ကေတတစ်ခု ပေါ်ထွက်လာသည်။
ထိုဂီတသင်္ကေတက အရာအားလုံး၏ ဇစ်မြစ် ဖြစ်၏။ ထိုအရာ၏ တည်ရှိမှုက ဝမ်ပေါင်လဲ့၏ အကြားအာရုံက သိသိသာသာ တိုးတက်လာကာ နောက်တဆင့်သို့ ရောက်ရှိသွားလေသည်။ တကယ်တော့ သူသာ အလိုရှိပါက သူ့ကိုယ်ပိုင်တေးဂီတသင်္ကေတဖြင့် နေရာတစ်ခုလုံးကို ပြည့်အောင် လုပ်ဆောင်နိုင်သည်။
ထိုဂီတသင်္ကေတ နယ်နိမိတ်အတွင်း သူက အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ခံစားချက်မျိုး ရှိ၏။
“ဒါက ထင်းယွိစည်းမျဉ်းဥပဒေသလား” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက မျက်လုံးကို ဖွင့်ပြီး ဘေးပတ်ဝန်းကျင်ကို သေသေချာချာ အာရုံခံလိုက်၏။ ထို့နောက် သူက ခြေထောက်ကို မြှောက်ကာ လေထဲ ပျံသန်းလိုက်သည်။
“အခု ကိုယ်ပိုင်ဂီတသင်္ကေတလည်း ရှိပြီဆိုတော့ ထင်းယွိမြစ်ကြောင်းထဲကို ဝင်ရောက်နိုင်ပြီလို့ မှတ်ယူလို့ရပြီပေါ့။ ဒီလိုဆိုရင် ထင်းယွီမြို့ကို သွားပြီး စုံစမ်းဖို့အချိန်ပဲ”
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရည်မှန်းချက်က ထင်းယွိမြို့တော်ဆီ သွားဖို့ရာဖြစ်ပြီး စုံစမ်းဖို့ရာထက် ထင်းယွိစည်းမျဉ်းဥပဒေသကို တိုးတက်လာရန် နည်းလမ်းရှာဖွေဖို့ ဖြစ်သည်။ ထိုအခါမှသာ သူက အာသီသစည်းမျဉ်းဥပဒေသနှင့် တူညီသည့် အနေအထားသို့ ရောက်ရှိလာမည် ဖြစ်သည်။
သူက ထိုစည်းမျဉ်းဥပဒေသနှစ်ခုကို ကျွမ်းကျင်ပြီးသည့်နောက်တွင် တကယ့်ခန္ဓာ၏ အစီအစဉ်ကို ပြီးမြောက်အောင် လုပ်နိုင်မလားဟု သိချင်နေမိသည်။
“ဒါက တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်တော့ တတိယ စည်းမျဉ်းဥပဒေသကို ကျွမ်းကျင်အောင် လုပ်ဖို့ နည်းလမ်းကို စဉ်းစားရမယ်”
ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာလေ၏။ သူက အဝေးတစ်နေရာဆီ ပြေးထွက်သွားလိုက်သည်။
“ငါက ထင်းယွိမြို့က ကျင့်ကြံသူတွေနဲ့ တွေ့ဖူးတယ်။ သေချာတဲ့အနေအထားထိ ကျင့်ကြံပြီးတဲ့နောက်မှာ သူတို့က တေးဂီတပုံစံ ပြောင်းလဲနိုင်တယ်။ အဲဒါဆိုတော့ ငါလည်း အဲ့လိုပုံရိပ်ယောင်အနေအထားမျိုး ဝင်ရောက်နိုင်မလားဆိုတာကို သိချင်မိသား”
“ပြီးတော့ ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသလည်း ရှိသေးတယ်”
ဝမ်ပေါင်လဲ့က စိတ်ခံစားချက် ၇မျိုးအကြောင်း တွေးမိသွား၏။ သူ့မှတ်ဉာဏ်များက ပင်မခန္ဓာကိုယ်နှင့် အတူတူသာဖြစ်သည့်အတွက် အတိတ်တွင် ဖြစ်ပျက်ခဲ့သမျှအရာများကို သိထားလေသည်။ သူက ထင်းယွိမြို့နှင့် ပျော်ရွှင်မှုမြို့ကြားမှ တိုက်ပွဲအကြောင်းကိုပင် နားလည်ထား၏။
“ပျော်ရွှင်မှုမြို့သခင်က ထင်းယွိမြို့သခင်ရဲ့ လက်အောက်မှာ ဖိနှိပ်ခံရတယ်လို့ ပြောခဲ့ဖူးတယ်”
ဝမ်ပေါင်လဲ့၏ အကြည့်က တောက်ပလာကာ မေးခွန်းတစ်ခုကို စဉ်းစားမိသွား၏။
အကယ်၍ လိုအင်ဆန္ဒ၆ပါးက နတ်ဧကရာဇ်ဆီမှ ရောက်ရှိလာသည်ဆိုလျှင် စိတ်ခံစားချက်၇မျိုးကလည်း ထိုသူ့ဆီမှသာ ဖြစ်နိုင်သည်။ ဤသို့သာ ဆိုပါက စိတ်ခံစားချက်၇မျိုးနှင့် လိုအင်ဆန္ဒ၆ပါးက အဘယ်ကြောင့် ဤအခြေအနေတွင် ရှိနေရသနည်း။
ထိုတိုက်ပွဲအတွင်း ဝမ်ပေါင်လဲ့၏ အတွေးများက အစားကြူးနတ်ဘုရား ဖြစ်လာပြီးသည့်နောက်တွင် တခြားသော အစားကြူးနတ်ဘုရားများထံ သွားရောက်လည်ပတ်ပြီးသည့်နောက် ရရှိထားသည့် သတင်းအချက်အလက်များကို ပြန်လည်တွေးတောမိသွားသည်။
ဒုတိယကမ္ဘာထဲတွင် စုစုပေါင်း မြို့၇ခု ရှိ၏။
ရှေးဟောင်းမြို့ကလွဲ၍ တခြားသောမြို့၆ခုက မြို့သခင် ၆ယောက် အပိုင် ဖြစ်လေသည်။ သူတို့က အာသီသမြို့၊ ထင်းယွိမြို့၊ အထိအတွေ့မြို့၊ အမြင်အာရုံမြို့နှင့် ရနံ့မြို့တို့ ဖြစ်ကြသည်။
ထိုမြို့များ၏ မြို့သခင်၅ယောက်က ဒုတိယကမ္ဘာ၏ လက်ရှိအုပ်ချုပ်သူများ ဖြစ်၏။ ရှေးဟောင်းမြို့အတွက်မူ အာသီသ မြို့သခင်က များများစားစား မသိသည့်အတွက် သိပ်မပြောပြခဲ့ပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့က ၆ခုမြောက် အလိုဆန္ဒမြို့ကို စိတ်ဝင်စားနေမိသည်။
အကြောင်းအရင်းက ထိုအရာသည် အရေးကြီးသည်ဟု မှတ်ယူထား၍ ဖြစ်၏။
သူတို့က တည်ရှိနေသည်မှာ အလိုဆန္ဒစည်းမျဉ်း တည်ရှိနေ၍ ဖြစ်သည်။ ထိုအရာက တခြားသော မြို့သခင်၅ယောက်က လူသိရှင်ကြား အသိအမှတ်ပြုထားသည့်အရာဖြစ်ကာ ရှောင်လွှဲ၍ မရပေ။ သူတို့က မတည်ရှိသည့်အချက်ကမူ ထိုစည်းမျဉ်းဥပဒေသကို ကျင့်ကြံထားသူကို မမြင်ဖူးခဲ့၍ ဖြစ်သည်။
ထိုအလိုဆန္ဒမြို့ပင် ဤကမ္ဘာ၌ ထွက်ပေါ်လာခဲသည်။ သေချာသည့် အချိန်အနေအထားတစ်ခုတွင် ထိုမြို့က ဖျတ်ခနဲ ပေါ်ထွက်လာလေ့ရှိ၏။
ဤအရာက ထိုမြို့အား အင်မတန် ဆန်းကြယ်စေသည်။ လူများစွာအနေနှင့် အကြောင်းအရင်းများစွာကြောင့် မြို့သခင် မတည်ရှိသေးသည်ဟု ယုံကြည်နေကြသည်။
သို့သော်လည်း အာသီသမြို့သခင်က အသေးစိတ်အချက်အလက်ကို မသိပေ။
“မူလစကြဝဠာတာအိုနေရာကို လွှမ်းခြုံထားတဲ့ အလွှာက ဖြည်းဖြည်းချင်းစီတော့ ပျောက်ကွယ်လာပြီ” ဝမ်ပေါင်လဲ့က အတွေးများကို ပြန်ရုတ်သိမ်းပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်သည်။
သူက ထိုမြို့၏ တည်နေရာကို မသိသလို သိဖို့ရာလည်း မလိုအပ်ပေ။ သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ထင်းယွိစည်းမျဉ်းဥပဒေသက အကောင်းဆုံး ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူ့သွင်ပြင်နှင့် အရှိန်အဝါတို့က ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။
ဖြည်းဖြည်းချင်းဖြင့် သူက ရုပ်ချောချော လူငယ်လေးတစ်ဦး ဖြစ်လာလေ၏။ တစ်ချိန်တည်းဆိုသလို သူ့အရှိန်အဝါက ထင်းယွိစည်းမျဉ်းဥပဒေသဖြင့် သဟဇာတ ဖြစ်နေသည်။ သူက အာသီသမြို့သခင် သို့မဟုတ် အစားကြူးနတ်ဘုရားများဖြင့် တွေ့ဆုံလျှင်ပင် သူ့ဆီမှ ရင်းနှီးသည့် အငွေ့အသက်ကို ခံစားမိမည် မဟုတ်ပေ။
ဤသို့ဖြင့် အချိန်ကုန်ဆုံးသွားပြီး တစ်ရက်တာ ကုန်ဆုံးသွားလေသည်။
ညဘက် ကျရောက်လာသည့်အခါ ဝမ်ပေါင်လဲ့၏ အမြန်နှုန်းက နှေးကွေးသွားခြင်း မရှိပေ။ သူ့အကဲဖြတ်မှုအရ သူ့လက်ရှိအမြန်နှုန်းဖြင့် ထင်းယွိမြို့ကိုရောက်ဖို့ တစ်လတာ ကြာမြင့်လိမ့်မည်။
သို့သော်လည်း သူက အလျင်လိုနေခြင်း မရှိပေ။ သူက ထင်းယွိစည်းမျဉ်းဥပဒေသနှင့် ရင်းနှီးအောင် အချိန်ယူနေ၏။
သို့သော်လည်း ဝမ်ပေါင်လဲ့က ထိုသို့လုပ်ဆောင်တော့မည့်ဆဲဆဲတွင် ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ယံမှ ပဲ့တင်ထွက်လာသည့် အသံကိုနားထောင်လိုက်၏။
သူက အသံတစ်သံကို ကြားလိုက်ရသည်။
ထိုအသံက တွားသွားနေသည့် အသံနှင့်တူပြီး ခြေလက်များစွာက သူ့ကို ဖြတ်ကျော်သွားသကဲ့သို့ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်ကွယ်သွားလေ၏။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူ့နတ်ဘုရားအသိစိတ်ကို ပတ်ဝန်းကျင်၌ ဖြန့်ကျက်လိုက်သည်။
သို့သော်လည်း သူ့နတ်ဘုရားအသိစိတ် မည်မျှပင် ဖြန့်ကျက်စေကာမူ မူမမှန်မှုကို မခံစားမိပေ။ တွားသွားနေသည့် အသံက ရှိနေဆဲဖြစ်ကာ သူ့နားမှ ပိုမိုဝေးကွားသွား၏။
“ဘာတွေဖြစ်နေတာလဲ” ဝမ်ပေါင်လဲ့က အံ့အားသင့်သွားမိသည်။ သူက တကယ့်ခန္ဓာကိုယ်၏ အစွမ်းလည်ပတ်မှုတချို့ကို ထုတ်လွှတ်မိသွားသည်။ သို့သော်လည်း ထူးဆန်းသည့်အရာက သူက သာမန် မဟုတ်သည့်အရာကို မခံစားမိခြင်း ဖြစ်၏။
သူ့အမြင်နှင့် နတ်ဘုရားအသိစိတ်တို့က ပုံမှန်သာ ဖြစ်နေသည်။
သို့သော်လည်း တွားသွားနေသည့် အသံက ရှိနေဆဲဖြစ်ကာ ပိုမိုဝေးကွာသွားလေသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ မျက်ဝန်း၌ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားစေ၏။ သူက ထင်းယွိစည်းမျဉ်းဥပဒေသကို ဖိနှိပ်ထားဖို့ တွေးလိုက်မိသည်။
တွားသွားနေသည့် အသံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ ဝမ်ပေါင်လဲ့၏ အကြားအာရုံအရ တွားသွားနေသည့်အသံက သူ့ဆီကို တိုက်ရိုက်ဦးတည်နေခြင်း ဖြစ်၏။
သူက မနေနိုင်ဘဲ ထိုပုံရိပ်ထဲ၌ ခြေလှမ်းများစွာရှိသည့် သွေးနီရောင် ကင်းခြေများကြီးကို ပြန်လည်စဉ်းစားမိသွားသည်။
ဒီမူလစကြဝဠာတာအိုနေရာ…
ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားလေ၏။ သူက ဤကမ္ဘာသည် သူ့အား အမြဲတမ်းဆိုသလို အံ့ဩစရာပေး နေကြောင်း သတိထားမိသွားသည်။ သူက တစ်စုံတစ်ခုကို နားလည်သွားသည်ဟု ထင်ထားမိသည့်အချိန်တိုင်း သူ နားမလည်သည့် အခြေအနေ ဖြစ်လာလေသည်။
နမူနာအနေဖြင့် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်၏။ ဝမ်ပေါင်လဲ့က အဖြေကို မှန်းဆထားပြီးသား ဖြစ်၏။ ထိုအရာအားလုံးက ဤကမ္ဘာ၏ တခြားတစ်ဖက်ကို အာရုံခံနိုင်စွမ်းပြုထားသည့် ထင်းယွိစည်းမျဉ်းဥပဒေသဆီမှ ရောက်ရှိလာခြင်း ဖြစ်သည်။