မဟူရာကောင်းကင်
Vol. 98 Ch. 1363
ဒီနေရာမှာ ကွဲပြားတဲ့ စည်းမျဉ်းဥပဒေသတွေ ရှိနေတယ်…
ဝမ်ပေါင်လဲ့က လက်ကိုမြှောက်ပြီး သူ့ရှေ့တွင်ရှိနေသည့် အာကာပြင်ထဲ ဝှေ့ယမ်းလိုက်သည်။ သူက အာရုံဖြင့် မထိတွေ့နိုင်သည့် ထူးထူးဆန်းဆန်း နေရာ ရှိနေသည်ကို ခံစားမိနေ၏။
သူ့ခန္ဓာကိုယ်က လှုပ်ရှားနေခြင်း မရှိဘဲ လေထဲတွင် ရပ်တန့်နေသည်။ သို့သော်လည်း သူက ညာဖက်လက်ကို ဆန့်ထုတ်ထားရင်း သူ့လက်ချောင်းများက ဖြည်းဖြည်းချင်း လှုပ်ရှားလာ၏။ အဝေးမှကြည့်လျှင် သူ့လက်ချောင်းများက လေဟာနယ်ထဲ ကခုန်နေသည့် လိပ်ပြာတစ်ကောင်အလား ပြောင်းလဲသွားသလိုမျိုး ဖြစ်၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေသည်။ အမွှေးတိုင်ဝက်စာ လောင်ကျွမ်းချိန် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အမူအရာက နဂိုအတိုင်းရှိနေဆဲဖြစ်ကာ လက်ချောင်းများက ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်၏။ နောက်အခိုက်အတန့်လေး၌ သူ့အကြည့်များက တောက်ပလာသည်။ သူ့နားထဲ တောင်ပံခတ်သံကို ကြားလိုက်ရလေသည်။
အသံက သူ့မျက်ဝန်းရှေ့တွင် ရှိနေသော်လည်း ယခင်ကဲ့သို့ အတူတူသာ ဖြစ်၏။ သို့သော် သူ့အမြင်အာရုံနှင့် နတ်ဘုရားအသိစိတ်အတွင်း ဘာဆိုဘာမှ ရှိမနေပေ။ သို့သော်လည်း ထင်းယွိစည်းမျဉ်းဥပဒေသ၏ စွမ်းအားက သူ့ထံ ပျံသန်းနေသည့် သက်ရှိတစ်ကောင် ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကို ပြောပြနေ၏။ တောင်ပံခတ်သံအရ ထိုသက်ရှိသည် သိပ်မကြီးမားကြောင်း ပြောနိုင်လေသည်။
အတိအကျပြောရမည်ဆိုလျှင် ထိုသက်ရှိက အင်မတန် သေးငယ်၏။ တောင်ပံ၏ အနေအထားက ခန္ဓာကိုယ်ထက် ကြီးမားနေသည်။ ထိုအရာ တောင်ပံခတ်လိုက်သည့်အခါ ဖုန်မှုန့်များက လွင့်စင်သွားသလိုမျိုး ဝမ်ပေါင်လဲ့၏ စိတ်ထဲ လိပ်ပြာတစ်ကောင်၏ ပုံရိပ်ကို ဖြည်းဖြည်းချင်း ထင်ဟပ်လာစေသည်။
လိပ်ပြာလေးက သူ့ညာဖက်လက်မှ ဆွဲဆောင့်ခံလိုက်ရပြီး ဖြည်းဖြည်းချင်း နီးကပ်လာနေခြင်း ဖြစ်၏။ နောက်အခိုက်အတန့်လေး၌ ထိုအရာက သူ့လက်ဖျားထိပ် ရောက်ရှိလာသည်။ လက်ချောင်းမှ သေးငယ်သည့် အထိအတွေ့ကို ခံစားမိကာ ဝမ်ပေါင်လဲ့၏ အကြည့်က ထူးထူးဆန်းဆန်း အလင်းရောင်ဖြင့် တောက်ပသွားလေ၏။ သူက လက်ကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။
ထိုလက်ချောင်းက သာမန်ဖြစ်နေသော်လည်း ထိတွေ့မှုက သိသာလှသည်။ အကြားအာရုံက ပိုမိုအားကောင်းလာလေ၏။
ငါ ဘယ်လိုမြင်နိုင်မလဲဆိုတာကိုတော့ မသိဘူး…
ဝမ်ပေါင်လဲ့က တွေးလိုက်သည်။ သို့သော် သူ့တွင် အဖြေရှိမနေပေ။ သူ တွေးနိုင်သည့် တစ်ခုတည်းသောအရာက ဤကမ္ဘာတွင်ရှိနေသည့် အမြင်အာရုံစည်းမျဉ်းကို သင်ယူဖို့ရာသာ ဖြစ်၏။
ငါက အလိုဆန္ဒ ၆ပါးရဲ့ စည်းမျဉ်းဥပဒေသကို ကျင့်ကြံပြီးတဲ့နောက်မှာ ဒီကမ္ဘာမှာ ပုန်းအောင်းနေတဲ့ အမှန်တရားကို ခံစားမိနေမှာလား…
ဝမ်ပေါင်လဲ့က တွေးလိုက်သည်။ ရုတ်ချည်းဆိုသလို သူက ထူးကဲသည့် အသံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံက သူ့အား အစွယ်ဖြဲကာ တိုက်ခိုက်လာတော့မည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။
ဝမ်ပေါင်လဲ့၏ အကြည့်ထဲ အေးစက်စက် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက အသံကို ကြားလိုက်သည့်အခါ သူ့ညာဖက်လက်မှ လက်ချောင်းနှစ်ချောင်းက ဗလာလေဟာနယ်ထဲ ရုတ်ချည်းဆိုသလို ဆွဲညှစ်လိုက်၏။
သူ့ထိတွေ့မှုအာရုံက သူလက်ချောင်းသည် သူ့ထိတွေ့မှုအာရုံကို အောင်အောင်မြင်မြင် ဆွဲယူထားနိုင်ကြောင်း ပြောပြနေသည်။ သူ့အကြားအာရုံက သူ ဆွဲညှစ်လိုက်သည့်အရာသည် သူ့လက်ဖျားအထက် ကျရောက်နေသည့် လိပ်ပြာတစ်ကောင် ဖြစ်ကြောင်း ပြောပြနေ၏။
လိပ်ပြာတွင် အစွယ် ရှိနေလေ၏။ သို့သော်လည်း ထိုအရာက သွားဖြဲလိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ လက်ချောင်းကြား ကျရောက်သွားလေသည်။ ထို့နောက် ထိုအရာက အေးစက်လာကာ အသက်ရှင်သန်သည့် အငွေ့အသက် အားလုံး ဆုံးရှုံးသွားသည်။
အဲဒါဆိုတော့ သတ်နိုင်သေးတာလား…
ဝမ်ပေါင်လဲ့က လက်ကို ဝှေ့ပြီး မမြင်နိုင်သည့် လိပ်ပြာလေးကို လွှင့်လိုက်သည်။ သူက သူ့လက်ချောင်းကို သေသေချာချာကြည့်နေရင်း သူတို့အပေါ် ပျံ့နှံ့လာသည့် အနက်ရောင် အမာရွတ်တချို့ကို မြင်လိုက်ရသည်။
ထိုအရာက အဆိပ်သဖွယ် ဖြစ်သည်။ ထိုအရာ ပျံ့နှံ့လာသည့်အခါ ထုံထိုင်းမှုပါ လိုက်ပါလာ၏။ ကံကောင်းစွာဖြင့် အဆိပ်က အားမပြင်းပေ။ ဝမ်ပေါင်လဲ့ကိုယ်တိုင်က အားကောင်းနေပြီ ဖြစ်၏။ ထင်းယွိစည်းမျဉ်းဥပဒေသ၏ လွှမ်းမိုးမှုဖြင့် အမာရွတ်က သိသိသာသာ မှေးမှိန်ကာ ပျောက်ကွယ်သွားသည်။
စိတ်ဝင်စားစရာပဲ…
ဝမ်ပေါင်လဲ့က ခေါင်းကိုမော့ကာ ထင်းယွိမြို့ရှိရာဆီ လှမ်းကြည့်လိုက်၏။ သူက နောက်တစ်လအတွင်း ခရီးသွားလာခြင်းက စိတ်ဝင်စားဖို့ကောင်းလိမ့်မည်ဟု ထင်နေမိသည်။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က လှုပ်ရှားသွား၏။ သူက ကောင်းကင်ယံရှိ လရောင်အောက်တွင် ညကောင်းကင်ယံကို မျက်နှာမူပြီး အဝေးတစ်နေရာဆီ ပြေးဝင်သွား၏။
သူ့အနောက်ဖက်တွင် မဟူရာကောင်းကင်ကြီးက အပေါ်ဝတ်ရုံရှည်သဖွယ် ပြောင်းလဲသွားဟန်ပေါ်သည်။
တခြားတစ်ဖက်တွင် သူက တောက်ပနေသည့် လမင်းဝတ်ရုံကို ဝတ်ဆင်ထားပြီး ကောင်းကင်အထက် ပြေးလွှားနေ၏။
ဤသည်က ထင်းယွိမြို့၏ အစီအရင်ကို ကြုံတွေ့ပြီးသည့် ပထမဦးဆုံးည ဖြစ်ပေသည်။ ထိုအရာက ကွဲပြားရုံသာမက ထူးကဲသည့် ညတစ်ညဖြစ်ဖို့ ကံကြမ္မာဖန်လာခဲ့၏။ ကောင်းကင်ယံတွင် ပျံသန်းလာသည့် ဝမ်ပေါင်လဲ့က ထိုအရာကို အလျင်အမြန် ခံစားမိလိုက်၏။
အကြောင်းအရင်းကမူ သူ့အမြင်အာရုံနှင့် နတ်ဘုရားအသိစိတ်တို့က အမှန်တရားကို မမြင်နိုင်၍ ဖြစ်၏။ သို့သော်လည်း သူ့စည်းမျဉ်းဥပဒေသနှင့် ထင်းယွိစည်းမျဉ်းဥပဒေသက သူ့ကို တစ်ချိန်လုံး အာရုံခံနိုင်စွမ်းပေးထား၏။
သူက တောင်ပံခတ်သံကို ခံစားမိလိုက်၏။ ထိုအရာက ပုံမှန်သာ ဖြစ်၏။ သူက ကောင်းကင်ယံထက် ပျံသန်းနေလေသည်။ သို့သော်လည်း ကောင်းကင်ယံထဲ လှိုင်းသံကိုပင် ခံစားမိလိုက်သည်။
ကမ္ဘာကြီးထဲ ကောင်းကင်ယံ၌ ပင်လယ်တစ်စင်း ရှိနေသကဲ့သို့ ဖြစ်၏။ သူက လှိုင်းသံကို ကြားပြီး ငါးများ ရေမျက်နှာပြင်အထက် ခုန်တက်လာသည့် အသံကိုပင် ကြားလိုက်ရသည်။
ထိုအရာအားလုံးက ထင်းယွိစည်းမျဉ်းဥပဒေသဖြင့် ရယူနိုင်သည့် အသက်ရှူသံများထက် နိမ့်ကျနေ၏။ ပင်လယ်ထက်မှ အသက်ရှူသံများက မုန်တိုင်းသဖွယ်ကြီးကျယ်ကာ ကြီးမားလှသည်။
အစပိုင်းတွင် ဝမ်ပေါင်လဲ့က ထိုအရာသည် မုန်တိုင်းတစ်ခု ဖြစ်မည်ဟု ထင်ခဲ့မိ၏။ သို့သော်လည်း ထိုအရာက ကွဲပြားကြောင်း သတိထားမိသွားသည်။ ပုံမှန်အားဖြင့် မုန်တိုင်းသည် နိမ့်ကျကာ မြင့်တက်လာခြင်း မရှိဘဲ သေချာသည့်အနေအထားဖြင့် ဆက်လက်ဖြစ်ပွားနေလေ့ ရှိသည်။
တကယ်တော့ အသက်ရှုသွင်းခြင်း၊ ရှုထုတ်ခြင်း လုပ်ဖို့ရာအတွက် ရွေးချယ်စရာများစွာ ရှိနေလိမ့်မည်။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ အကြားအာရုံက အသက်ရှုသံ ဖြစ်ကြောင်း သူ့အလိုလိုသိစိတ်ကို ထင်ဟပ်ပြသနေ၏။
ထိုအရာက ကြီးမားသည့် သားရဲကြီးတစ်ကောင်၏ အသက်ရှူသံ ဖြစ်၏။ သူခံစားမိသည့် ပင်လယ်ကြီးကမူ ထိုဧရာမသားရဲကြီး၏ ပါးစပ်ထဲမှ သွားရည်များ ဖြစ်ဟန်ပေါ်သည်။ ထိုအတွေးက ဝမ်ပေါင်လဲ့အား တုန်လှုပ်သွားစေသည်။ ထိုဧရာမသားရဲကြီး၏ အရွယ်အစားကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူက တုံ့ဆိုင်းနေခြင်းမရှိဘဲ အလျင်အမြန် ခန္ဓာကိုယ်ကို နိမ့်ဆင်းကာ ပင်လယ်ပြင်ကို ရှောင်ရှားပြီး မြေပြင်ပေါ် ဆင်းသက်လိုက်၏။
သူက ကောင်းကင်အထက် ပျံသန်းနေခြင်း မရှိတော့ပေ။ သို့သော်လည်း ပုံမှန်မဟုတ်သည့် ညက ဝမ်ပေါင်လဲ့အား ကောင်းကင်ယံတွင် ကန့်သတ်ထားခြင်း မဟုတ်သည့် အတွေ့အကြုံမျိုး ယူဆောင်လာခဲ့သည်။ မြေကြီးကပင် အတူတူ ဖြစ်နေလေ၏။ သူက မြေကြီးကို အရှိန်မြှင့်တင်လိုက်သည့်အခါ ဝမ်ပေါင်လဲ့က တခြားတစ်ခု ဆွဲယူနေသည့် အသံကို ကြားလိုက်ရသည်။ ထိုအရာက လေးလံသည့် ပစ္စည်းတစ်ခုကို ဆွဲယူနေသကဲ့သို့ ဖြစ်၏။
ထို့နောက် ဝါးစားနေသည့် အသံများလည်း ရှိနေသေးသည်။ သူတို့က ငါးကြိမ်ပေါ်ထွက်လာပြီး တစ်ကြိမ်တိုင်းဆိုသလို သူနှင့် ပိုမို နီးကပ်လာလေ၏။
ဝမ်ပေါင်လဲ့၏ ဦးခေါင်းကို ထုံကျင်သွားစေသည်က ကောင်းကင်ယံမှ အသက်ရှူသံကို ထပ်မံကြားလိုက်ရခြင်း ဖြစ်၏။ သူက တွားသွားနေသည့် အသံများစွာကိုပင် ကြားလိုက်ရသည်။ ကောင်းကင်ယံက တည်နေရာ ပြောင်းလဲသွားပြီး မြေကြီးဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေကြောင်း ပြသနေသည်။
မြေကြီးပေါ်တွင် သူ ကြားလိုက်ရသည့် တည်ရှိမှုများကပင် ပျောက်ကွယ်သွားခြင်း မရှိပေ။ သူတို့က သူ့နောက်မှ လိုက်ပါလာပြီး ဆိုးယုတ်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။ သူတို့က သူသည် တူညီသည့် ကမ္ဘာမှ မဟုတ်ကြောင်း ခံစားမိသကဲ့သို့ ဖြစ်၏။
ဝမ်ပေါင်လဲ့က သူတို့၏ သားကောင် ဖြစ်ပေသည်။ အချိန်ကျသည့်အနေအထားအရ မဟူရာညအတွင်း တည်ရှိနေသည့် မီးတောက်တစ်ခုလိုမျိုး ဖြစ်ကာ အမှောင်ထုထဲတွင်ရှိနေသည့် တည်ရှိမှုအားလုံး၏ အာရုံကို ဖမ်းစားလိုက်၏။
အာသီသစည်းမျဉ်းဥပဒေသကို ပိတ်ဆို့ထားသော်လည်း ဝမ်ပေါင်လဲ့က သူ့ဝန်းကျင်တွင် သူ့စည်းမျဉ်းဥပဒေသ အာရုံခံမှုမှတဆင့် မမြင်နိုင်ဖွယ်တည်ရှိမှုများကို ခံစားမိနေဆဲ ဖြစ်၏။ သူ့အာသီသက ဖိနှိပ်ထားဖို့ရာပင် မဖြစ်နိုင်လုနီးပါး ဖြစ်နေသည်။
အာသီသက အင်မတန် ကြီးမားလွန်းလှ၏။ ဝမ်ပေါင်လဲ့က မနေနိုင်ဘဲ စည်းတံဆိပ်ကို ဖွင့်လှစ်ကာ အာသီသစည်းမျဉ်းဥပဒေသကို ထုတ်လွှတ်ပြီး ဝါးမျိုပစ်ချင်လာသည်။
သို့သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်၏။ အကြောင်းအရင်းကမူ သူ့ဘေးတွင် တစ်နေရာမှ ပေါ်ထွက်လာသည့် တည်ရှိမှုကြောင့် ဖြစ်သည်။ ထိုအရာက သူ့နားရွက်နား လေမှုတ်ထုတ်လိုက်ဟန်ပေါ်သည်။
“ညီလေး မင်းဆီမှာ ဘာလို့ ဘာတေးသံမှ မရှိရတာလဲ”
“ငါက တကယ်ကို ကြားချင်တယ်”
“ကောင်းပြီ။ မင်းရဲ့ တေးဂီတကို မြန်မြန်တီးခတ်လိုက်တော့ ဟုတ်ပြီလား”
“မင်း မတီးဘူးဆိုရင် သဘောတူညီချက်အတိုင်း ငါ မင်းကို စားပစ်မယ်”