← Chapters

ရင်းနှီးပြီးသား မြို့

Vol. 98 Ch. 1366

ရင်းနှီးပြီးသား မြို့

Vol. 98 Ch. 1366

ဤသည်က ဝမ်ပေါင်လဲ့အနေဖြင့် ထင်းယွိမြို့ကို မြင်ဖူးသည်က ပထမဦးဆုံးအကြိမ် ဖြစ်သော်လည်း သူ့သွင်ပြင်ကို ကြားဖူးသည်က ပထမဦးဆုံးအကြိမ် မဟုတ်ပေ။

တကယ်တော့ ထင်းယွိမြို့တော်နှင့် ပတ်သက်ပြီး ကောလဟာလများစွာ ရှိ၏။ အာသီသမြို့အတွင်း ရှိစဉ်အခါက ဝမ်ပေါင်လဲ့သည် ကောလဟာလတချို့ကို နားလည်ခဲ့သည်။

နမူနာအနေဖြင့် ထင်းယွိမြို့တော်အောက်တွင် ဧရာမဦးခေါင်းကြီး ရှိသည်ဟု ကောလဟာလရှိသည်။ ထိုပေါ်ထွက်နေသည့် နားရွက်က မြို့အသွင် ပြောင်းလဲသွားခြင်း ဖြစ်၏။

ထို့အပြင် မြေအောက်ထဲ၌ ဦးခေါင်းကြီး မရှိသည့် ကောလဟာလလည်းရှိပေသည်။

ထိုအရာက နတ်ဘုရားတစ်ပါး၏ ဖြတ်တောက်မှုကို ခံခဲ့ရသည့် စွမ်းအားကြီးပုဂ္ဂိုလ်၏ နားရွက်ဖြစ်သည်ဟုလည်း ဆိုကြသည်။

ထိုအခိုက်အတန့်လေး၌ ထင်းယွိမြို့အပြင်ဘက်တွင် ရှိနေရင်း ဝမ်ပေါင်လဲ့က ထူးခြားသည့် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ ထိုဧရာမနားရွက်ကြီးက ရွှံ့နှင့် ကျောက်တုံးတို့ဖြင့် ပြုလုပ်ထားဟန်ပေါ်သည်။ သို့သော်လည်း လေထုထဲတွင် ထင်းယွိစည်းမျဉ်းဥပဒေသတို့ ပဲ့တင်ထွက်နေပြီး မြို့ထဲမှ ငိုကြွေးသံများကို ကြားလိုက်ရသည်။

ထိုအော်သံများက တစ်ချိန်လုံး နှိပ်စက်ခံနေရသည့်အလား စူးစူးရှရှ ဖြစ်နေ၏။ သို့သော်လည်း ထိုအော်သံများက ထင်းယွိစည်းမျဉ်းဥပဒေသနှင့် ပေါင်းစည်းသွားသည့်အခါ ထင်းယွိစည်းမျဉ်းဥပဒေသက ပိုမိုပင် အသက်ဝင်လာသည်။ ထိုအော်သံများကို နားထောင်ခြင်းက ထင်းယွိစည်းမျဉ်းဥပဒေသကို လှုံ့ဆော်ပေးနိုင်သကဲ့သို့ ဖြစ်၏။

တစ်ခုခုတော့ မဟုတ်သေးဘူး…

ဝမ်ပေါင်လဲ့၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ သူက သေသေချာချာ စောင့်ကြည့်လိုက်၏။ သူ့အစောပိုင်း အကဲဖြတ်ချက်နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ ထင်းယွိမြို့မှ အော်သံသည် တတိယကမ္ဘာတွင် ရှိသည့်အရာနှင့် တူသော်လည်း သေချာနားထောင်ကြည့်မည်ဆိုပါက ငိုရှိုက်သံကြားတွင် အသံများစွာ ကိန်းအောင်းနေသည်ကို ခံစားမိ၏။

ထိုအသံများ ပေါင်းစည်းသွားသည့်အခါ အမည်မသိအကြောင်းအရင်း တချို့ကြောင့် သူတို့က ငိုရှိုက်သံအသွင်ပြောင်းလဲသွားခြင်း ဖြစ်သည်။

တစ်ချိန်တည်းဆိုသလို အသံက ထင်းယွိမြို့တော်မှ ထွက်လာဟန်ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။ ထိုအစား အဖက်ဖက်မှ ရောက်ရှိလာခြင်း ဖြစ်၏။

ထင်းယွိမြို့တော်ကမူ ဒုတိယကမ္ဘာတစ်ခုလုံးရှိ သက်ရှိများဆီမှ အသံအားလုံးကို လက်ခံပေးနေသည့် လက်ခံရရှိသူသာ ဖြစ်၏။ ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူပြီး ထိုအရာ ရှာဖွေတွေ့ရှိမှုကြောင့် သူ့အမူအရာက ပြောင်းလဲသွားသည်။

ပို၍အတိအကျပြောရမည်ဆိုလျှင် ဤနေရာတွင် နားထောင်ခြင်းက ထင်းယွိစည်းမျဉ်းဥပဒေသ ကျင့်ကြံသူများသာ တွေ့ကြုံခံစားနိုင်သည့် ထူးထူးဆန်းဆန်း ကမ္ဘာမျိုး ဖြစ်၏။ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်နေရင်း နားရွက်သဏ္ဍာန်ရှိသည့်မြို့ကိုလှမ်းကြည့်လိုက်သည်။

သူ ရှိနေသည့်နေရာမှ မြို့က ဝေဝါးနေပြီး သေသေချာချာ မမြင်ရပေ။ ထိုအရာက မြူခိုးဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေ၏။ ဝမ်ပေါင်လဲ့က ထိုအရာသည် မြို့၏ ကိုယ်ပိုင်အစီအရင်ကြောင့် ဖြစ်မှန်း သိလေသည်။

သူက အတွေးနက်မနေတော့ဘဲ မြို့ဆီ ဦးတည်လိုက်၏။

အာသီသမြို့နှင့် မတူဘဲ ထင်းယွိမြို့က မြို့ဂိတ်ပေါက်ဟူ၍ မရှိပေ။

ထိုအရာက မြို့သည် လူတိုင်း လွတ်လွတ်လပ်လပ် ဝင်နိုင်ထွက်နိုင်ဖို့ ခွင့်ပြုထားသကဲ့သို့ ဖြစ်၏။ အမှန်ပင် ဤသို့ဖြစ်နေလေသည်။

ဝမ်ပေါင်လဲ့က ရောက်ရှိလာပြီး အစီအရင်မှ အတက်အကျလှိုင်းကိုပင် မခံစားမိပေ။

သူက တခြားသူများ ဝင်ထွက်နေသည်ကို စောင့်ကြည့်လိုက်၏။ ဒုတိယကမ္ဘာ၏ ပင်မမြို့ကြီးထဲမှ တစ်ခုအနေဖြင့် လူများစွာက ဝင်ချည်ထွက်ချည် သွားလာနေကြသည်။ ဝမ်ပေါင်လဲ့ကလည်း သူတို့ထဲမှ တစ်ယောက် ဖြစ်၏။ သူ မြို့ထဲဝင်ဖို့က ဘာမှမဖြစ်လာစေခဲ့ပေ။

ဝမ်ပေါင်လဲ့က သူသည် ထင်းယွိမြို့ထဲ အလွယ်တကူ ဝင်ရောက်နိုင်သည့်အတွက် အံ့အားသင့်နေမိသည်။ သူ့ကို ပိုမိုအံ့အားသင့်သွားစေသည်က မြို့ထဲ ဝင်ရောက်လိုက်သည့်အခါ ရင်းနှီးပြီးသားအသံတစ်ခုကို ကြားလိုက်ရသည်။

ထိုအသံက ဆူညံပြီး တဝီဝီ မြည်နေလေ၏။ ထိုအရာက အပူလှိုင်းမှ ထွက်ပေါ်နေဟန်ပေါ်သည်။

ထိုအရာများအပြင် သူ့မျက်စိဖြင့် မြင်လိုက်ရသည့်အရာကြောင့် ဝမ်ပေါင်လဲ့၏ စိတ်ထဲ လှုပ်ခတ်သွား၏။

ပထမဦးဆုံးမြင်လိုက်ရသည့်အရာက မြို့ထဲမှ အဆောက်အဦးအမြင့်များ ဖြစ်သလို လမ်းပေါ်တွင် သွားလာနေသည့် ယာဉ်ပျံများလည်း ပါဝင်သည်။

ဝမ်ပေါင်လဲ့က မြင်လိုက်ရသည့်အရာကြောင့် ကြောင်အမ်းသွား၏။ ယခင်က သူသည် အပြင်ဘက်တွင်ရှိနေစဉ် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့သော်လည်း ယခုအခါ ရင်းနှီးပြီးသား မြင်ကွင်းကို သေသေချာချာမြင်လိုက်ရသည့်အတွက် မျက်လုံးအပြူးသား ဖြစ်သွားလေ၏။

ဒီနေရာမှာရှိတဲ့အားလုံးက ပြည်ထောင်စုနဲ့ အတော်လေးကို ဆင်တူနေတယ်။ ပိုပြီးအတိအကျပြောရမယ်ဆိုရင် တစ်ပုံစံထဲအတိုင်းပဲ…

အဆောက်အဦးမြင့်များ၊ ယာဉ်ပျံများနှင့် လေထဲတွင် ခေတ်သစ်နည်းပညာနှင့် ပေါင်းစည်းထားသည့် ရောင်စုံမီးများဖြင့် ပြည့်နှက်နေသည်။ ထိုသက်ရောက်မှုက ဝမ်ပေါင်လဲ့အား သူသည် ပြည်ထောင်စုထဲ ပြန်ရောက်သွားသလိုမျိုး တွေးထင်လုနီးပါး ဖြစ်သွားစေ၏။

အကယ်၍ လမ်းမအထက်ရှိ လမ်းသွားလမ်းလာများ၏ အဝတ်အစားက ပြည်ထောင်စုနှင့် ကွဲပြားနေသည့်အချက်ကြောင့်သာ မဟုတ်လျှင် ဝမ်ပေါင်လဲ့က သူတို့ကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်မည် မဟုတ်ပေ။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

ဝမ်ပေါင်လဲ့၏ အသက်ရှူနှုန်းက မြန်ဆန်လာပြီး လမ်းမအထက် လျှောက်လှမ်းလိုက်သည်။ သူက လမ်းသွားလမ်းလာများ၊ ရင်းနှီးပြီးသား အဆောက်အဦးပုံစံနှင့် ယာဉ်ပျံများ၏ အသံများကို နားထောင်နေသည်။ ထိုအရာအားလုံးက အာသီသမြို့နှင့် ကွဲပြားနေ၏။ ဤနေရာနှင့် အာသီသမြို့တော်တို့က ကွဲပြားသည့် လူ့အသိုက်အဝန်းနှစ်ခု ဖြစ်ဟန်ပေါ်သည်။

ဝမ်ပေါင်လဲ့က စိတ်ရှုပ်ထွေးစွာဖြင့် လမ်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက ခေါင်းမော့ကာ အဆောက်အဦးမြင့်များကို ကြည့်လိုက်၏။ ထိုအဆောက်အဦးမြင့် မျက်နှာပြင်အထက် ပုံကားချပ်ကြီး ရှိနေလေ၏။ ထိုအရာက ငှက်မွှေးများဖြင့် ပြုလုပ်ထားသည့် အဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမက လှပပြီး တစ်ချိန်တည်းဆိုသလို ညှို့ယူဖမ်းစားနိုင်၏။ သူမက သီဆိုနေကာ သူမ၏ အသံက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

ထိုဧရာမပုံကားချပ်ကြီးက တကယ့်လူနှင့် မကွဲပြားပေ။ သူမက သီဆိုနေရင်း အဆောက်အဦးထဲမှ ထွက်ပေါ်လာကာ မိုးမြေကြားတွင် ရပ်နေလေ၏။ သူမက အစစ်အမှန်သဖွယ် ဖြစ်နေသည်။

သူမက လျှောက်လှမ်းလာပြီး လမ်းမအထက် သီဆိုနေသည်။ သူမ လျှောက်လှမ်းသွားသည့်နေရာတိုင်းက သူမ၏ စင်မြင့်သာ ဖြစ်၏။ သူမ လျှောက်လှမ်းလာရင်းဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

ဝမ်ပေါင်လဲ့က အရာအားလုံးကို တိတ်တဆိတ်ဖြင့်သာ ကြည့်နေလေ၏။ သူက ခေါင်းကိုမော့ကာ ကောင်းကင်ကို လှမ်းကြည့်ပြီး ရှေ့ဆက်သွားလိုက်သည်။ သူက အချိန်တစ်ခုကြာနေထိုင်နိုင်မည့် နေရာတစ်ခု ရှာဖွေဖို့ ပြင်ဆင်နေသည်။ သိပ်မကြာခင် ဝမ်ပေါင်လဲ့က သူ့ရှေ့တွင်ရှိနေသည့် အဆောက်အဦးအမြင့်အပေါ်တွင် ဖန်သားပြင်က ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့၏။ ယခု ပြသထားသည့်အရာက ဧရာမဂီတဖျော်ဖြေပွဲခန်းမကြီး ဖြစ်၏။

ဖန်သားပြင်အထက်တွင် သံစုံတီးဝိုင်းတစ်ခုက စင်မြင့်အထက် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ တစ်ချိန်တည်းဆိုသလို နောက်ခံတေးဂီတကလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာ၏။

“ထင်းယွိမြို့တော်ရဲ့ ဂုဏ်သရေရှိအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့။ ဒီနေ့ ခက်ခက်ခဲခဲ ဆက်သွယ်ပြီးတဲ့နောက်မှာ သတင်းကောင်းတစ်ခု ပါးစရာရှိလို့ပါ။ လေးကြိုးမျဉ်းဂိုဏ်းက သူတို့ရဲ့ ရွေးချယ်ခံတပည့်ကို ကျုပ်တို့အတွက် ကောင်းကင်တေးသံ ဖျော်ဖြေပြဖို့ သဘောတူလိုက်ပါပြီ”

“ကြည့်လိုက်ပါဦး။ စင်မြင့်အထက်က ပထမလူက လေးကြိုးမျဉ်းဂိုဏ်းရဲ့ သဘောအကျဆုံးတပည့်လား။ စန္ဒာဝိညာဉ်ကလေးငယ်လေ”

နောက်ခံမှ အသံများပဲ့တင်ထွက်လာသည့်အခါ ဖန်သားပြင်က သံစုံတီးဝိုင်းနောက်ခံအဖြစ် ပြောင်းလဲသွားသည်။ မြို့ထဲရှိ လမ်းသွားလမ်းသာများက လုပ်လက်စကို ရပ်တန့်ပြီး ခေါင်းမော့ကာ ကြည့်လိုက်ကြ၏။ ဝမ်ပေါင်လဲ့ကလည်း လူအုပ်ကြားတွင် ပါနေသည်။

သူတို့က မော့ကြည့်လိုက်သည့်အခါ အဖက်ဖက်မှ အုတ်အော်သောင်းနင်းတစ်ခု ပဲ့တင်ထွက်လာသည်။

“ဒါက လေးကြိုးမျဉ်းဂိုဏ်းရဲ့ လူသိရှင်ကြားဖျော်ဖြေမှုပဲ”

“ထင်းယွိမြို့ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ခုအနေနဲ့ လူသိရှင်ကြားဖျော်ဖြေတဲ့ လေးကြိုးမျဉ်းဂိုဏ်းသားဆိုတာ အရမ်းကိုနည်းတယ်”

“ဒါက ရှားပါးအခွင့်အရေးပဲ”

“ငါတို့အတွက် ဒီလိုမျိုး ဖျော်ဖြေမှုက ကံအပြောင်းအလဲအခွင့်အရေးတစ်ခုပဲ။ တကယ်လို့ ငါတို့က ဒီဖျော်ဖြေမှုကနေ အသိအမြင်ရရှိပြီး ကိုယ်ပိုင်ဂီတသင်္ကေတကို ဖွဲ့စည်းနိုင်မယ်ဆိုရင် လေးကြိုးမျဉ်းဂိုဏ်းကို ဝင်ရောက်နိုင်လောက်တယ်”

အသံများက ဆက်လက်ထွက်ပေါ်နေစဉ် ဝမ်ပေါင်လဲ့က ဖန်သားပြင်ကို ကြည့်လိုက်သည်။ ထို့နောက် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးက ရှေ့ကို တက်လှမ်းလာ၏။

အမျိုးသမီးက လှပသော်လည်း အေးစက်လှသည်။ သူမ၏ ပုံရိပ်က ထိုနေရာတွင် ရှိနေသော်လည်း သေသေချာချာ အနီးကပ်ကြည့်မည်ဆိုပါက သူမသည် လက်တွေ့နှင့် ပုံရိပ်ယောင်အတွင်း ရှိနေသကဲ့သို့ ဖြစ်ကာ တေးသံအသွင်ပြောင်းလဲသွားပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားလေ၏။

သူမနှင့် ယှဉ်လိုက်ပါက သူမနောက်တွင် ရှိနေသည့်သူများကမူ အစိမ်းရောင်  သစ်ရွက်များသာ ဖြစ်၏။ ဤဂီတဝိုင်း၏ အဓိကဗဟိုချက်က ထိုအမျိုးသမီး ဖြစ်မှန်း သိသာလှသည်။

ပို၍အရေးကြီးသည်က ဝမ်ပေါင်လဲ့သည် ယခင်အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးနှင့် ဆုံတွေ့စဉ်အခါကလို ထိုခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးဆီမှ တာအိုမျိုးစေ့အရှိန်အဝါကို ခံစားမိနေသည်။

All Chapters