အခန်း (၁၁၉၉)
Vol. 86 Ch. 1199
ဟယ်မိသားစုသည် ဟယ်မိသားစု ဖြစ်နေသော်လည်း ယခုအချိန်တွင် သခင်အသစ် ရှိလာသည်။
ဟယ်မိသားစု၏ လက်ရှိခေါင်းဆောင်သည် အဆင့်သုံးချပ်ဝတ်သခင် ဟယ်ယွီလင်း ဖြစ်သည်။ သူက ခေါင်းဆောင်ဟောင်း ဟယ်ကျူ၏ ညီငယ် ဖြစ်သည်။
“သခင် ....”
ဟယ်ရန်စွန်း ရောက်လာသောအခါ တံခါးစောင့်များက နှုတ်ဆက်ချင်သော်လည်း ရပ်တန့်လိုက်သည်။
ဟယ်ချန်းမင်က သူ့တို့ကို စိုက်ကြည့်လိုက်ပြီး အထဲသို့ ဝင်သွားသည်။
ဟယ်ရန်စွန်းက အပြင်ဘက်တွင် စောင့်နေခဲ့ပြီး အထဲသို့ မဝင်ပေ။
ခဏအကြာတွင် ဆူညံသံများကို ကြားလိုက်ရသည်။
အစိမ်းရောင်ဝတ်စုံနှင့် အသက်လေးဆယ်အရွယ် လူသန်ကြီးတစ်ယောက်က တခြားလူများကို ဦးဆောင်လျက် လျင်မြန်စွာ ရောက်လာသည်။
ထိုလူက ဟယ်ရန်စွန်းကို မြင်လိုက်ရသောအခါတွင် ရှက်သွားသော်လည်း ခေါင်းခါသည်။
သူက ဟယ်မိသားစု၏ ခေါင်းဆောင်အသစ် ဟယ်ယွီလင်း ဖြစ်သည်။
“ဟယ်ဖူတင်း၊ ရုပ်သေးရုပ်ရဲ့ လက်မောင်းအကာကို တပ်လိုက်ပါ”
သူက အမိန့်ပေးသည်။
သူ့နောက်တွင်ရှိသော လူငယ်က ရှေ့တက်လာပြီး ဟယ်ရန်စွန်း၏ လက်မောင်းအကာကို ယူသည်။ ထို့နောက် သူ့နောက်တွင်ရှိသော ရှစ်ပေအရပ်မြင့်သည် ရုပ်သေးရုပ်၏လက်မောင်းတွင် တပ်လိုက်သည်။
အနည်းငယ် ချိန်ညှိပြီးသောအခါ ဟယ်ဖူတင်းဟု အမည်ရသော လူငယ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင်၊ ကျွန်တော့်ရဲ့ ရုပ်သေးရုပ်က အသင့်ဖြစ်ပါပြီ”
ဟယ်ဖူတင်း၏ရင်ဘတ်တွင် စအိမ်းရောင်တံဆိပ်ပြားတစ်ခု ရှိနေသည်။
အဆင့်တစ်ရုပ်သေးသခင် ဖြစ်သည်။
ဟယ်မိသားစု၏ မျိုးဆက်သစ်များကြားတွင် သူက ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
“ကောင်းတယ်”
ဟယ်ယွီလင်းက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ သူ့မျက်နှာထားက လေးနက်နေပြီး ပြောလိုက်သည်။
“ထောင်မိသားစုနဲ့ ပြိုင်ပွဲမှာ ငါတို့က နောက်ဆုံးဈေးဆိုင်ကို လောင်းကြေးထပ်ထားတယ်။ ဟယ်မိသားစုရဲ့ နောက်ဆုံးကြိုးစားမှုပဲ”
“ဖူတင်း၊ မင်းရှုံးသွားလို့ မဖြစ်ဘူး”
ဟယ်ဖူတင်းက အံကြိတ်ထားပြီး ခေါင်းညိတ်သည်။
“ခေါင်းဆောင်၊ စိတ်ချပါ။ ကျွန်တော်နိုင်စေရမယ်”
ထို့နောက် သူက တံခါးဝတွင် ရပ်နေသော ဟယ်ရန်စွန်းကို လှည့်ကြည့်သည်။
ဟယ်ရန်စွန်းက စကားမပြောဘဲ လှည့်ထွက်သွားသည်။
နေ့တစ်ဝက်အကြာတွင် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ဈေးဆိုင်ထဲသို့ ပြေးဝင်လာပြီး ဟယ်ရန်စွန်းကို တီးတိုးပြောလိုက်သည်။
“သခင်လေး၊ ဟယ်မိသားစုက ရှုံးသွားပြီ”
ဟယ်ဖူတင်းက ထောင်မိသားစု၏ ပါရမီရှင်နှင့် တိုက်ခိုက်ခဲ့သည်။ သို့သော် သူ၏ ရုပ်သေးရုပ်က ရန်သူကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်သွားသည်။
သူကလည်း အပြင်းအထန်ဒဏ်ရာရနေသောကြောင့် ရွေးချယ်စရာမရှိဘဲ ဒူးထောက်ပြီး အရှုံးပေးလိုက်ရသည်။
ဟယ်မိသားစု၏ နောက်ဆုံးဈေးဆိုင်ကို ထောင်မိသားစုက ရသွားသည်။
ဟယ်ရန်စွန်းက ခေါင်းညိတ်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး လူငယ်ကို ပြန်လွှတ်သည်။
သူက စဉ်းစားကြည့်လိုက်ပြီး ဒုတိယထပ်သို့ တက်သွားသည်။
“ဆရာဟန်၊ ကျွန်တော်က လောင်းကြေးပြိုင်ပွဲမှာ အရင်ဆုံး ဝင်ပြိုင်ချင်ပါတယ်”
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
သူက တရားဝင် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်အဖြစ် အသိအမှတ်အပြုခံမည့်အစား လောင်းကြေးပြိုင်ပွဲတွင် အရင်ဝင်တိုက်မည်။
ဟယ်ရန်စွန်း၏ စွမ်းအားနှင့်ဆိုလျှင် အဆင့်တစ်သခင်များကို အနိုင်ရလိမ့်မည်။ ပညာသင့်အဆင့်ဆိုလျှင် ပြောနေရန်မလိုတော့ပေ။
“မင်းက ဘာလိုချင်လဲ”
ဟန်မူယဲ့က သူ့ကိုကြည့်သည်။
ဟယ်ရန်စွန်းက စဉ်းစားကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ကျွန်တော်က အသစ်ဖွင့်ထားတဲ့ ဆိုင်နှစ်ဆိုင်ကို လောင်းကြေးထပ်ချင်ပါတယ်”
“အနိုင်ရရင် ၇၀%ကို ဆရာဟန်ဆီ ပေးပါ့မယ်”
ဟယ်ရန်စွန်းတွင် လောင်းကြေးထပ်စရာ မရှိတော့ပေ။
သူက အသစ်ဖွင့်ထားသော ဆိုင်နှစ်ဆိုင်ကိုသာ အသုံးပြုနိုင်သည်။
သို့သော် ထိုဆိုင်များကို သုံးရန်အတွက် ဟန်မူယဲ့၏ ခွင့်ပြုချက်ကို လိုအပ်သည်။
ဟန်မူယဲ့က ဟယ်ရန်စွန်းကို ကြည့်သည်။
“ငါက မငြင်းပါဘူး”
ဟန်မူယဲ့က နက်ရှိုင်းသောအကြည့်ဖြင့် တီးတိုးပြောသည်။
“ဒါပေမဲ့ မင်းက ငါ့ရဲ့ ရုပ်သေးရုပ်ကို အသက်ဆယ်ခါရှုကြိမ်အထိ တောင့်ခံရမယ်”
‘ရုပ်သေးရုပ်လား’
‘ဆရာဟန်မှာ ရုပ်သေးရုပ်လည်း ရှိနေတာလား’
“ဝီ”
ညင်သာသောအသံနှင့်အတူ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ပေါ်ထွက်လာသည်။
ရုပ်သေးရုပ်က ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။
ဟယ်ရန်စွန်းက အံ့အားသင့်နေသည်။
‘ထိန်းချုပ်စရာမလိုတဲ့ ရုပ်သေးလား’
“သွားပါ”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။
ဟယ်ရန်စွန်းက အောက်ထပ်သို့ ဆင်းသွားပြီး ခြံဝိုင်းထဲသို့ ရောက်လာသည်။
‘ဆရာဟန်က စံအိမ်ထဲကနေ ရုပ်သေးရုပ်ကို ထိန်းချုပ်မှာလား’
“ဆရာ၊ ကျွန်တော်က .... အား”
“ဘန်း”
ဟယ်ရန်စွန်းက နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ကြောင့် လွင့်ထွက်ပြီး နံရံနှင့် တိုက်မိသွားသည်။ ပင့်ကူကွက် အက်ကွဲကြောင်းများသည် နံရံတွင် ချက်ချင်းပေါ်လာသည်။
သူက မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။ ထို့နောက် မယုံကြည်နိုင်သော မျက်နှာထားဖြင့် ရင်ဘတ်ကို ထိကြည့်သည်။
သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာမရှိပေ။
‘ဒီရုပ်သေးရုပ် ဘာဖြစ်လို့ ဒီလောက်တောင်သန်မာနေတာလဲ’
သူက မတ်တပ်ရပ်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ကိုယ်ပိုင်ရုပ်သေးရုပ်ကို ဆင့်ခေါ်သည်။
“ရွှပ်”
ရုပ်သေးရုပ်က ဓားမော့နှစ်လက်ကို ထုတ်ယူပြီး ပြေးထွက်သွားသည်။
သို့သော် ထိုအချိန်တွင် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က ပျောက်ကွယ်သွားသည်။
‘အရမ်းမြန်တယ်’
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က ဓားမော့နှစ်လက်နှင့် ရုပ်သေးရုပ်ကို ကျော်ဖြတ်ပြီး ဟယ်ရန်စွန်း၏ရှေ့သို့ ရောက်လာသည်။
ဟယ်ရန်စွန်း မတုံ့ပြန်နိုင်ခင် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
“ဘန်း”
သူက လွှင့်ပစ်ခံလိုက်ရသည်။
ထိုနေ့တွင် ဟယ်ရန်စွန်းက ရိုက်ချက်တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။
သူ့ရှေ့တွင်ရှိသော ရုပ်သေးရုပ်က အနားယူရန်၊ ထိန်းချုပ်ရန်၊ စွမ်းအင်ရင်းမြစ်ပြောင်းလဲရန် မလိုအပ်ကြောင်း ထိတ်လန့်စွာ သိလိုက်ရသည်။
‘လောကမှာ ဒီလိုရုပ်သေးရုပ်မျိုး ရှိနေသေးတာလား’
အကယ်၍ ဟန်မူယဲ့က နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ကို အနက်ရောင်မပြောင်းခဲ့လျှင် ဟယ်ရန်စွန်းက လူတစ်ယောက်ဟု ထင်မိလိမ့်မည်။
သုံးရက်အကြာတွင် ဟယ်ရန်စွန်းက နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ တိုက်ကွက်သုံးခုကို ခုခံနိုင်ခဲ့သည်။
သူက ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို ပြိုင်တူထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ နောက်ထပ် တိုက်ကွက်နှစ်ခုကို ခုခံနိုင်ခဲ့သော်လည်း စွမ်းအင်ကုန်ဆုံးမှု အလွန်များသည်။
သူက နေ့စဉ်တိုက်ခိုက်ပြီး အားကုန်နေသောကြောင့် ဟယ်မိသားစု၏ တပည့်များက သူ့ကို အခန်းထဲသို့ ခေါ်သွားပေးရသည်။
တစ်ယောက်ယောက်က ဟယ်သခင်မကို အကြောင်းကြားလိုက်သည်။ သူမက ဟယ်ရန်စွန်းကို လာကြည့်ပြီး ဟန်မူယဲ့နှင့် တွေ့သွားသည်။
သူမက ချပ်ဝတ်အပိုင်းအစ ပါဝင်နေသော သေတ္တာတစ်လုံးကို ပေးခဲ့သည်။
ထိုအပိုင်းအစကို ဟယ်မိသားစုက လက်ဆင့်ကမ်းလာခဲ့သည်။
ဟန်မူယဲ့က မှတ်မိနေသည်။ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်၏ လက်မောင်းမှ အစိတ်အပိုင်း ဖြစ်သည်။
သူက ထိုအပိုင်းအစကို အသုံးပြု၍ ယုထောင်မြို့ပျက်တွင်ရှိသော လက်ပြတ်ကို ရှာဖွေနိုင်လိမ့်မည်။
အစပိုင်းတွင် ဟန်မူယဲ့က ယုထောင်မြို့ပျက်သို့ တိုက်ရိုက်သွားချင်ခဲ့သည်။ သို့သော် ဟယ်သခင်မ၏ စကားအရ ယုထောင်မြို့ပျက်သည် လေဟာနယ်ထဲတွင် ပုန်းအောင်းနေသည်။
နှစ်သုံးဆယ်ကြာလျှင် တစ်ကြိမ်ပေါ်လာပြီး တစ်နှစ်ကြာလျှင် ပြန်လည်ပျောက်ကွယ်သွားလိမ့်မည်။
ထိုအချိန်တွင် ကမ္ဘာတစ်ခုလုံး၏ ကျွမ်းကျင်သူများက ရတနာရှာဖွေရန် ရောက်လာကြသည်။
ယခင်က ဟယ်ရန်စွန်း၏ဖခင်၊ ဟယ်ကျူသည် ယုထောင်မြို့ပျက်တွင် ပျောက်ကွယ်သွားသည်။
ဟယ်သခင်မ ထွက်သွားသောအခါ ဟယ်ရန်စွန်းက နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်နှင့် ဆက်လက်လေ့ကျင့်နေသည်။
သူ၏ အမြန်နှုန်း၊ တိုက်ခိုက်နိုင်စွမ်း၊ တိုက်ပွဲအသိစိတ်နှင့် ရုပ်သေးရုပ်ထိန်းချုပ်နိုင်စွမ်းသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံခြင်းသည် ရုပ်သေးရုပ်၊ ချပ်ဝတ်များနှင့် ပတ်သတ်နေသော်လည်း ကိုယ်ပိုင်ကျင့်ကြံခြင်းကို လိုအပ်သည်။
ဟယ်ရန်စွန်း၏ ကျင့်ကြံဆင့်က မူလစကြဝဠာ၏ ကမ္ဘာမြေအဆင့်နှင့် တူညီသည်။ သူက အဆင့်တစ် ရုပ်သေးသခင် သို့မဟုတ် ချပ်ဝတ်သခင်နှင့် ယှဉ်နိုင်သည်။
ဆယ်ရက်အကြာတွင် ဟယ်ရန်စွန်းက ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို အသုံးပြုပြီး နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ တိုက်ကွက်ဆယ်ကွက်ကို ခုခံနိုင်ခဲ့သည်။
သို့သော် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က အစစ်အမှန်စွမ်းအားကို ထုတ်မသုံးခဲ့ကြောင်း ဟယ်ရန်စွန်းက မသိခဲ့ပေ။
သူတော်စင်အဆင့်ရုပ်သေးရုပ်နှင့် တူညီသော နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်သည် ဟယ်ရန်စွန်းကို သတ်ဖြတ်ရန် အားထုတ်နေစရာမလိုပေ။
“သခင်လေး၊ ဟယ်ယွီလင်းနဲ့ ထောင်ရှို့ရဲ့ ပြိုင်ပွဲက စိုးရိမ်စရာကောင်းနေပါတယ်”
ဟယ်ရန်စွန်းက ခြံဝိုင်းထဲမှ ထွက်လာသောအခါတွင် ဟယ်မိသားစု၏ တပည့်များက ရှုပ်ထွေးသော မျက်နှာထားဖြင့် တံခါးဝတွင် စောင့်နေကြသည်။
“လောင်းကြေးက ဟယ်မိသားစုရဲ့ အိမ်တော်ပါ”
သူတို့က ဟယ်ရန်စွန်းနှင့်အတူ နှင်ထုတ်ခံရသော်လည်း ဟယ်မိသားစု၏ အိမ်တော်သည် သူတို့၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ယခုအချိန်တွင် ဟယ်ယွီလင်းနှင့် တခြားလူများက ဟယ်မိသားစု၏ခြံဝိုင်းကို လောင်းကြေးထပ်နေသည်။ အလွန်ဝမ်းနည်းပြီး ရှက်စရာကောင်းသည်။
ဟယ်ရန်စွန်းက ခေါင်းညိတ်သည်။ သူက စာအုပ်ကိုင်ထားပြီး ဆိုင်ထဲမှ ထွက်လာသည်။
ဆိုင်၏ ဒုတိယထပ်တွင် ဟန်မူယဲ့က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ကြည့်နေသည်။
“အဲဒီကလေးက ပါရမီရှိတယ်”
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ အက်ကွဲနေသောအသံကို ကြားလိုက်ရသည်။
“သူ့ရဲ့ ခွန်အားနဲ့ဆိုရင် ချပ်ဝတ်ကို ထိန်းချုပ်တာပဲဖြစ်ဖြစ် ရုပ်သေးရုပ်ကို ထိန်းချုပ်တာပဲဖြစ်ဖြစ် အဆင့်သုံးမှာ ပြိုင်ဘက်ကင်းတယ်”
“သူက ချပ်ဝတ်နဲ့ရုပ်သေးရုပ်ကို ပူးပေါင်းလိုက်ရင် အဆင့်လေးနဲ့ တိုက်ခိုက်နိုင်တယ်”
ဟယ်ရန်စွန်းက ပညာသင်အဆင့်သာ ဖြစ်သော်လည်း သူ၏ ခွန်အားသည် အဆင့်သုံးတွင် ခိုင်မာစွာတည်ရှိသည်။
“သူက မစမ်းသပ်ရသေးတော့ ကိုယ့်ကိုယ်ကိုယ်မသိတာပဲ ရှိတယ်”
သို့သော် အဆင့်တူပြိုင်ပွဲတွင် ရန်သူကို အနိုင်ရခဲ့လျှင့် အဆင့်သတ်မှတ်ခံရလိမ့်မည်။
ထိုကလေးက လောင်းကြေးထပ်နေသည်။ သူက တမင်သက်သက် စာရင်းမသွင်းဘဲ ရန်သူများကို အငိုက်ဖမ်းရန် စီစဉ်နေသည်။
သူက ဟယ်မိသားစု၏ ပိုင်ဆိုင်မှုအား ပစ်မှတ်ထားခဲ့သော လူများကို သွေးအန်သွားစေချင်သည်။
ဟန်မူယဲ့၏ အထောက်အပံ့သာ မရှိလျှင် သူက ထိုသို့ လုပ်နိုင်မည်မဟုတ်ပေ။
ယခုအချိန်တွင် ဟန်မူယဲ့က ဈေးဆိုင်၏ အမြတ်ကို ခွဲယူမည်ဖြစ်သောကြောင့် ဟယ်မိသားစုနှင့် ဆက်နွယ်နေသည်။
အပြင်လူများက ဟယ်မိသားစုနှင့် သူ့အပေါ်တွင် အကြံအစည်ရှိနေလျှင် ဟန်မူယဲ့က ဝင်ပါလိမ့်မည်။
ဟန်မူယဲ့က ထိုကိစ္စကို ဂရုမစိုက်ပေ။
သူက အမြတ်ဝေစု ယူလိုက်သောအချိန်မှစ၍ ထိုအကြောင်းကို ခန့်မှန်းထားခဲ့သည်။
“ဒီကလေးကို နည်းနည်းလောက် ပျိုးထောင်ပေးလို့ရတယ်။ အနာဂတ်မှာ အသုံးဝင်လာလိမ့်မယ်”
ဟန်မူယဲ့က ညင်သာစွာ ရေရွတ်လိုက်ပြီး သစ်သားစင်ပေါ်တွင်ရှိသော ပစ္စည်းများကို စီနေသည်။
သူက လက်မြှောက်ပြီး အလင်းလွှာတစ်ခုကို ဖော်ထုတ်သည်။
အလင်းလွှာသည် ဘုရားမြို့တွင်ရှိသော လောင်းကြေးတိုက်ပွဲကို ဖော်ပြနေသည်။