← Chapters

အခန်း (၁၂၀၀)

Vol. 86 Ch. 1200

အခန်း (၁၂၀၀)

Vol. 86 Ch. 1200

ဟယ်မိသားစု၏ ခေါင်းဆောင်အသစ် ဟယ်ယွီလင်းသည် အစိမ်းရင့်ရောင်ချပ်ဝတ်ကို ဝတ်ထားပြီး လှံတစ်ချောင်းနှင့်အတူ အနက်ရောင်ချပ်ဝတ် လူအိုကြီးကို တိုက်ခိုက်နေသည်။

ဟယ်ယွီလင်းက လူအိုကြီးနှင့် မယှဉ်နိုင်ပေ။

လူအိုကြီက တူတစ်ချောင်းနှင့် ထုနှက်နေသည်။ နှင်းပွင့်များသည် တူချက်တိုင်းတွင် ကျဆင်းလာပြီး ဓားသွားအဖြစ် ပြောင်းလဲ၍ ဟယ်ယွီလင်း၏ပတ်ဝန်းကျင်ကို ချုပ်နှောင်ထားသည်။

ဟယ်ယွီလင်းက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားရုံသာ တတ်နိုင်သည်။

ဓားသွားများက အလွန်အားကောင်းသည်။

“ရွှပ်”

ဓားသွားတစ်ခုသည် ဟယ်ယွီလင်း၏ ရင်ဘတ်သံမဏိပြားကို ထိုးခွဲလိုက်ပြီး သွေးထွက်လာစေသည်။

ဟယ်ယွီလင်းက ညည်းညူလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။

ထိုအချိန်တွင် နောက်ထပ် နှင်းပွင့်များက ပေါက်ကွဲထွက်လာပြီး သူ့ကို ဝိုင်းရံ၍ ဒဏ်ရာအသစ်များကို ဖြစ်ပေါ်စသည်။

ဟယ်ယွီလင်းက တိုက်ပွဲစင်မြင့်၏တစ်ဖက်သို့ ရောက်သွားသောအခါ တစ်ကိုယ်လုံး သွေးစွန်းနေသည်။

“ညီလေးဟယ်၊ အရှံးပေးလိုက်ပါတော့”

တူနှင့် လူအိုကြီးက ခပ်ဟဟရယ်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“မင်းတို့ခြံဝိုင်းက ထောင်မိသားစုအတွက် အသုံးမဝင်ပါဘူး”

“မင်းက ထောင်မိသားစုကို ဝင်ရောက်ပြီး ငါတို့ကုန်သည်အဖွဲ့ရဲ့ အစောင့်ခေါင်းဆောင် ဖြစ်လာရင် အချိန်တစ်ခုကြာသည်အထိ မင်းတို့ခြံဝိုင်းမှာ ပြန်နေခွင့်ပေးမယ်”

သူက စိတ်ရင်းဖြင့် ပြောနေပုံရသည်။

“မင်းတို့ဟယ်မိသားစုရဲ့ ရာချီနေတဲ့လူတွေ အိမ်ခြေမဲ့ဖြစ်သွားမှာကို မလိုချင်ဘူးမဟုတ်လား”

ဟယ်ယွီလင်း၏ မျက်နှာထားက ပြောင်းလဲသွားပြီး ကြံရာမရဖြစ်နေသည်။

သူက ထောင်ရှို့နှင့် မယှဉ်နိုင်ပေ။

ဟယ်မိသားစု၏ ခြံဝိုင်းကို လက်လွှတ်ရတော့မည်။

သို့သော် သူက ထောင်မိသားစု၏ အစောင့်တစ်ယောက် မဖြစ်ချင်ပေ။

“ငါ ....”

သူစကားမပြောခင် လူအိုကြီးထောင်က တူကိုမြှောက်လိုက်ပြီး တင်းမာစွာပြောသည်။

“ဟယ်ယွီလင်း၊ သေချာစဉ်းစားပါ။ မင်းက အရှုံးမပေးရင် ငါ့ရဲ့တူက မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး”

“မင်းသေသွားရင် ဟယ်မိသားစုက ပြိုကွဲသွားလိမ့်မယ်”

“မင်းက တူအရင်းကိုမောင်းထုတ်ဖို့ လှည့်စားပြီး မိသားစုခေါင်းဆောင်နေရာကို ယူခဲ့တယ်။ မင်းက ဒီလိုမျိုး သေသွားဖို့ ဆန္ဒရှိလား”

ဟယ်ယွီလင်းက တစ်ကိုယ်လုံး တုန်ခါနေပြီး ခေါင်းငုံ့ထားသည်။

“ငါ အရှုံးပေးတယ် ....”

“ဟားဟား၊ ဟယ်မိသားစုခြံဝိုင်းကို ချိပ်ပိတ်လိုက်တော့။ အပ်တစ်ချောင်းတောင် ထွက်မသွားစေနဲ့”

လူအိုကြီးက ကျေနပ်စွာရယ်လိုက်ပြီး အေးစက်စွာပြောသည်။

“ဟယ်မိသားစုရဲ့ ချပ်ဝတ်နဲ့ ရုပ်သေးရုပ်တွေအပါအဝင် ပိုင်ဆိုင်မှုတွေအားလုံးကို ထုတ်ပေးရမယ်။ ဓားတစ်လက်တောင် ယူသွားခွင့်မရှိဘူး”

စင်မြင့်၏ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် လူများက မတ်တပ်ရပ်လိုက်ကြသည်။

ထိုအချိန်တွင် အသံတစ်သံ ထွက်လာသည်။

“ဟယ်မိသားစုရဲ့ ဟယ်ရန်စွန်းက ဆိုင်နှစ်ဆိုင်နဲ့ ကုန်သည်အဖွဲ့ကို လောင်းကြေးထပ်ပြီး ဟယ်မိသားစုခြံဝိုင်းအတွက် ထောင်မိသားစုရဲ့ ချပ်ဝတ်သခင်နဲ့ ရုပ်သေးသခင်တွေကို စိန်ခေါ်ချင်ပါတယ်”

“ချပ်ဝတ်သခင်နဲ့ ရုပ်သေးသခင်တွေရဲ့ စာချုပ်အရ ထောင်မိသားစုက မတိုက်ခိုက်ဘဲ အရှုံးပေးလို့ရပါတယ်”

‘ဟယ်မိသားစုရဲ့ ဟယ်ရန်စွန်းလား’

‘ဟယ်မိသားစုကနေ နှင်ထုတ်ခံလိုက်ရတဲ့ အမွေခံလား။ တစ်မြို့လုံးရဲ့ဟာသ ဖြစ်ခဲ့တာလေ’

စင်မြင့်၏ရှေ့တွင် လူတိုင်းက စာအုပ်ကိုင်ပြီး ရောက်လာသော ဟယ်ရန်စွန်းကို မြင်လိုက်ရသည်။

သူက ဒိုင်သုံးယောက်ဆီသို့ လျှောက်သွားပြီး စာအုပ်ကို ပေးလိုက်သည်။

ဘုရားမြို့တွင် မြို့သခင်မရှိပေ။ သို့သော် မြို့၏ အရေးကိစ္စများကို မိသားစုကြီးများနှင့် ဖွဲ့စည်းထားသည့် အကြီးအကဲကောင်စီက စီမံပေးသည်။

ဘုရားမြို့၏ မိသားစုကြီးများထဲတွင် အလွန်အားကောင်းသော ကျွမ်းကျင်သူများက တာဝန်အသီးသီးကို ခွဲယူထားကြသည်။

အခွန်၊ စီမံခန့်ခွဲရေး၊ ချပ်ဝတ်နှင့် ရုပ်သေးသခင် အသိအမှတ်ပြုခြင်း၊ လောင်းကြေးပြိုင်ပွဲများအား စောင့်ကြပ်ခြင်း စသည်ဖြင့် ပြုလုပ်ကြသည်။

ဥပမာအနေဖြင့် ယနေ့ပြိုင်ပွဲတွင်ရှိနေသော ဒိုင်သုံးယောက်သည် အကြီးအကဲကောင်စီမှ ဖြစ်သည်။ သူတို့ထဲတွင် နှစ်ယောက်က အဆင့်လေးချပ်ဝတ်သခင်ဖြစ်ပြီး တစ်ယောက်က အဆင့်သုံးရုပ်သေးသခင် ဖြစ်သည်။

ပြိုင်ပွဲတွင် အနိုင်ရသွားသောလူက အကြီးအကဲကောင်စီအတွက် တန်ဖိုးတချို့ကို ပေးအပ်ရသည်။

တခြားလူများ၏ လောင်းကြေးမှလည်း အကျိုးအမြတ်ရသည်။

အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဟယ်ရန်စွန်း၏ စာအုပ်ကို ကြည့်လိုက်သည်။ ထို့နောက် တခြားနှစ်ယောက်ကို ပေးသည်။

သူတို့က စစ်ဆေးပြီးသောအခါ ခေါင်းညိတ်လိုက်သည်။

“ဟယ်ရန်စွန်းရဲ့ ပိုင်ဆိုင်မှုတွေက စစ်မှန်တယ်”

“ထောင်မိသားစုက စိန်ခေါ်မှုကိုလက်ခံဖို့ ဆန္ဒရှိလား”

အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးက စင်ပေါ်တွင်ရှိသော ထောင်ရှို့ကို လှမ်းကြည့်သည်။

ထောင်ရှို့က ပြုံးလိုက်ပြီး တည်ငြိမ်နေပုံရသော ဟယ်ရန်စွန်းကို ကြည့်သည်။

“သခင်လေးဟယ်၊ ဒါက ဟယ်မိသားစုရဲ့ ပိုင်ဆိုင်မှုအကုန်လား”

“ဒါကို ဆုံးရှုံးသွားရင် သခင်လေးဟယ်က လမ်းပေါ်မှာ တောင်းစားနေရတော့မှာပဲ”

သူ့စကားကြောင့် အောက်တွင်ရှိသော လူများက ရယ်လိုက်ကြသည်။

ဟယ်ရန်စွန်းက ဟယ်မိသားစု၏ ကြွယ်ဝမှုကို ဖြုန်းတီးပစ်ခဲ့ကြောင်း လူတိုင်းသိကြသည်။

ထို့ကြောင့် နောက်ပိုင်းတွင် ဟယ်မိသားစု၏လူများက သူ့ကို မောင်းထုတ်လိုက်ကြသည်။

ဟယ်ရန်စွန်းက စင်ပေါ်သို့ တက်လာသောအချိန်တွင် ဟယ်ယွီလင်း၏မျက်နှာထားက ဆက်တိုက်ပြောင်းလဲနေပြီး ခေါင်းခါလိုက်သည်။

“ဟယ်ရန်စွန်း၊ မင်းက ဘုရားမြို့ရဲ့ ဟယ်မိသားစုဝင် မဟုတ်တော့ဘူး။ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟယ်ရန်စွန်းက သူ့ကို တစ်ချက်ကြည့်ပြီး ထောင်ရှို့ကို လှမ်းကြည့်သည်။

“တကယ်လို့ ကျွန်တော်ရှုံးသွားရင် ထောင်မိသားစုမှာ အစောင့်လုပ်မယ်”

“ထောင်မိသားစုက ကျွန်တော့်ကို လက်ခံမှာလား”

ထောင်ရှို့က အနည်းငယ် အံ့အားသင့်သွားပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။

စင်အောက်တွင်ရှိသော လူများက ခေါင်းခါလိုက်ကြသည်။

ဟယ်ရန်စွန်းက အမှန်တကယ်ပင် ရည်ရွယ်ချက်မရှိပေ။

ဟယ်ယွီလင်းက ခေါင်းခါသည်။ အောက်တွင်ရှိသော ဟယ်မိသားစုဝင်များက ဒေါသထွက်နေကြသည်။

“ကောင်းပြီ။ မင်းရှုံးသွားရင် ငါတို့ ထောင်မိသားစုက မင်းကို ထမင်းဖိတ်ကျွေးမယ်”

ထောင်ရှို့က ကျယ်လောင်စွာ ပြောသည်။ ထို့နောက် ဒိုင်သုံးယောက်ကို ကြည့်လိုက်သည်။

“ထောင်မိသားစုက စိန်ခေါ်ပွဲကို လက်ခံတယ်”

လက်ခံလိုက်သည်။

ဟယ်မိသားစုဝင်များ၏ မျက်နှာထားက ရှုပ်ထွေးနေသည်။

သို့သော် အောက်တွင် စောင့်ကြည့်နေသော ပရိသတ်များက စိတ်လှုပ်ရှားနေကြသည်။

“မြန်မြန်လုပ်၊ လောင်းကြရအောင်။ ငါက ဟယ်ရန်စွန်းနိုင်တဲ့ဘက်မှာ ဒင်္ဂါးတစ်ပြား လောင်းမယ်”

“ဟားဟား၊ ငါကလည်း သခင်လေးဟယ်ကို ထောက်ပံ့ပေးမယ်။ ဒင်္ဂါးနှစ်ပြား ထည့်မယ်”

လူအုပ်ကြားတွင် လောင်းကြေးကို လက်ခံနေသည်။

ထောင်မိသားစုက လက်ရွေးစင်လူငယ် ပညာသင်အဆင့် ချပ်ဝတ်သခင် ထောင်မင်ဟွာကို စေလွှတ်ခဲ့သည်။

ထောင်မင်ဟွာက အသက်နှစ်ဆယ် ဖြစ်သော်လည်း အဆင့်တစ်ချပ်ဝတ်သခင်ဖြစ်ရန် နီးကပ်နေသည်။

ထောင်ရှို့က ဟယ်ရန်စွန်းကို အထင်သေးနေပုံပေါ်သော်လည်း သေချာစီစဉ်ထားသည်။

ထောင်မင်ဟွာက ထောင်မိသားစု၏ လူငယ်များကြားတွင် ထိပ်ဆုံးသုံးယောက်ထဲတွင် ပါဝင်သည်။

“ဟားဟား၊ ခေါင်းဆောင်ဟယ်က မိသားစုဝင်တွေကို ထောက်ပံ့ဖို့ လောင်းကြေးမထပ်တော့ဘူးလား”

ထောင်မင်ဟွာနှင့် ဟယ်ရန်စွန်းက စင်မြင့်ပေါ်သို့ ရောက်သွားသောအခါ ထောင်ရှို့က စိတ်လွင့်နေသော ဟယ်ယွီလင်းကို ကြည့်လိုက်သည်။

“သူက ဟယ်မိသားစုဝင်မဟုတ် ....”

လူငယ်တစ်ယောက်က ပြောလိုက်သော်လည်း စကားမဆုံးခင် ဟယ်ယွီလင်းက ဖြတ်ရိုက်လိုက်သည်။

သူက စားပွဲခုံဆီသို့သွားပြီး အစိမ်းရောင်ကတ်ပြားကို ထုတ်ယူသည်။

“ဟယ်ရန်စွန်းဘက်ကနေ မူလဒင်္ဂါးသုံးထောင်လောင်းမယ်”

သူက စားပွဲခုံ၏ ဘေးတွင်ရှိသော အလင်းလွှာကို ကြည့်လိုက်သည်။ ဟယ်ရန်စွန်းဘက်မှ လောင်းလျှင် နှစ်ဆပြန်ရပြီး ထောင်မင်ဟွာဘက်မှလောင်းလျှင် တစ်ဆပြန်ရလိမ့်မည်။

ထောင်မင်ဟွာဘက်တွင် မူလဒင်္ဂါး တစ်သောင်းရှစ်ထောင် ရှိနေသည်။ ဟယ်ရန်စွန်းဘက်တွင် နှစ်ထောင်သာ ရှိသည်။

ထိုနှစ်ထောင်တွင် လူအများစုက ဒင်္ဂါးအနည်းငယ်ဖြင့် အပျော်ရှာနေသောလူများ ဖြစ်ကြသည်။

“ဟားဟား၊ ငါက မင်ဟွာဘက်ကနေ ငါးထောင်လောင်းမယ်”

ထောင်ရှို့က ရယ်သံနှင့်အတူ လမ်းလျှောက်လာပြီး ဒင်္ဂါးကတ်ပြားကို ထုတ်ပေးသည်။

“ဒေါင်”

စင်ပေါ်တွင် တိုက်ပွဲစတင်ရန် အသံပေါ်ထွက်လာသည်။

ထောင်မင်ဟွာက ချက်ချင်းခုန်ထွက်လာသည်။

သူ၏ အစိမ်းပုပ်ရောင်ချပ်ဝတ်သည် အေးစက်သောအလင်းကို ထုတ်လွှတ်နေသည်။

သုံးပေရှည်လျားသောဓားသည် ဟယ်ရန်စွန်း၏လည်ပင်းကို ခုတ်ချလိုက်သည်။

ဓားသည် စူးရှသောအသံနှင့် လေထုကို ထိုးခွဲသွားသည်။

ဓားက သုံးပေရှည်လျားပြီး အလင်းပြန်နေသည်။ အင်းကွက်များသည် ဓားကိုယ်ထည်တွင် တည်ရှိနေကြသည်။

ဓားက သွေးအငွေ့အသက်ကိုလည်း ထုတ်လွှတ်နေသည်။

ထိုဓားသည် လူသတ်ဖူးသည်။

ဓားရှည်သည် ဟယ်ရန်စွန်း၏ ဦးခေါင်းပေါ်သို့ ဖျတ်ခနဲရောက်လာသည်။

“ရွှပ်”

ဓားချက်၏အောက်တွင် ဟယ်ရန်စွန်း၏ခန္ဓာကိုယ်က ခုတ်ပိုင်းခံလိုက်ရသည်။

ထောင်မင်ဟွာက ပြုံးလိုက်ပြီး ဓားပြန်သိမ်းသည်။

ဘုရားမြို့၏ ရက်ရောသော အလှူပေးသူက အလွန်အားနည်းနေသည်။

သူ၏ ဓားချက်ကိုပင် မခံနိုင်ပေ။

သို့သော် ထိုအချိန်တွင် ထောင်ရှို့နှင့် ထောင်မိသားစု၏ ကျွမ်းကျင်သူများက မတ်တပ်ရပ်လိုက်ကြသည်။

“ပုံရိပ်ယောင်လား”

ဟယ်ယွီလင်းက ကြောင်အနေသည်။

“ပုံရိပ်ယောင်ပဲ”

စင်မြင့်အောက်တွင်ရှိသော ပရိသတ်များက ဆူပွက်သွားသည်။

ပုံရိပ်ယောင်ကို ချန်ခဲ့ချင်လျှင် အလွန်လျင်မြန်နေရမည်။

ဟယ်ရန်စွန်းက အလွန်မြန်သောကြောင့် ပုံရိပ်ယောင်ကို ချန်ထားခဲ့သည်။

သူ၏ အမြန်နှုန်းကြောင့် ထောင်မင်ဟွာကပင် ရှင်းလင်းစွာ မမြင်လိုက်ပေ။

“ရွှပ်”

ညင်သာသောအသံကို ကြားရသည်။

ထောင်မင်ဟွာက နာကျင်မှုကို ခံစားလိုက်ရပြီး ခေါင်းငုံ့ကြည့်သည်။ သူ့ခါးတွင် ဓားဒဏ်ရာတစ်ခု ရှိနေသည်။

သူက ခက်ခဲစွာ လှည့်ကြည့်လိုက်သောအခါတွင် ဓားမော့တစ်လက်နှင့် သူ့နောက်တွင်ရပ်နေသော ဟယ်ရန်စွန်းကို မြင်ရသည်။

ဟယ်ရန်စွန်းက သူ့နောက်သို့ ရုတ်တရက်ရောက်လာပြီး ဓားမော့ဖြင့် ခုတ်ပိုင်းခဲ့သည်။

သူက လက်မြှောက်ပြီး ဓားထုတ်ချင်သော်လည်း ခါးတွင်ရှိသော ဒဏ်ရာက သူ၏ ခွန်အားများကို စုပ်ယူသွားပုံရသည်။

ထောင်မင်ဟွာ၏ ခန္ဓာကိုယ်က ‌ပျော့ခွေနေပြီး လဲကျသွားသည်။

“ဟယ်ရန်စွန်း အနိုင်ရတယ်”

ဒိုင်တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

ဟယ်ရန်စွန်းက တစ်ချက်တည်း အနိုင်ရသွားသည်။

ထိုအချိန်တွင် လူတိုင်းက အံ့အားသင့်နေသည်။

‘အရမ်းမြန်တယ်’

‘သူက အရမ်းမြန်လွန်းတယ်’

‘ပြိုင်ပွဲပြီးသွားတာလည်း အရမ်းမြန်နေတယ်’

‘ဟယ်ရန်စွန်းက ပညာသင်အဆင့်ကို တစ်ချက်တည်း အနိုင်ရအောင် ဘယ်လိုလုပ်ပြီး သန်မာသွားတာလဲ’

“သူက တရားဝင်ချပ်ဝတ်သခင်နဲ့ ရုပ်သေးသခင်တောင် မဖြစ်သေးဘူးမဟုတ်လား”

“သူက ချပ်ဝတ်နဲ့ ရုပ်သေးကိုတောင် မသုံးဘဲ အနိုင်ယူသွားတယ်”

“သူက ဒီလောက်တောင် သန်မာနေတာလား”

စင်အောက်တွင် ဆွေးနွေးသံများဖြင့် ဆူညံနေသည်။

“တိုက်ပွဲအတုပဲ။ လိမ်ညာထားတာပဲ ဖြစ်ရမယ်”

လူတစ်ယောက်က လက်သီးဆုပ်ထားပြီး ရေရွတ်သည်။

သူက ထောင်မင်ဟွာဘက်တွင် ဒင်္ဂါးပြားသုံးဆယ် လောင်းကြေးထပ်ခဲ့သည်။

All Chapters