အခန်း (၁၂၀၃)
Vol. 86 Ch. 1203
ထောင်ရှို့က စင်မြင့်ပေါ်တွင်လဲကျနေသော ထောင်မင်ကျူးကို စိုက်ကြည့်လိုက်ပြီး အော်ဟစ်သည်။
“ထောင်မင်ကျူး၊ မင်းက ငါသင်ပေးထားတာကို မေ့သွားပြီလား”
“တခြားလူတွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ညှာတာနေလို့မဖြစ်ဘူး”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ထောင်မင်ကျူးက ရှက်သွားသည်။ သူက အံကြိတ်ထားပြီး ခေါင်းညိတ်သည်။
ထောင်မင်ကျူးက အသက်ရှူသွင်းသည်။ အနက်ရောင်ချပ်ဝတ်က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ သူက လှံရှည်တစ်ချောင်းကို ကိုင်ထားသည်။
ပြန်လည်တိုက်ခိုက်တော့မည်။
ထောင်မင်ကျူးက ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူက လှံရှည်ဖြင့် ဟယ်ရန်စွန်း၏ လည်ပင်းကို ထိုးနှက်သည်။
ထိုတိုက်ခိုက်မှုသည် အလွန်ကြမ်းတမ်းသည်။
လှံက ပင်လယ်ထဲသို့ ထိုးဆင်းသွားသော နဂါးတစ်ကောင်သဖွယ် အသံပေးလိုက်ပြီး လေပြင်းများကို ဖြစ်ပေါ်လာစေသည်။
နဂါးပုံရိပ်က ဟယ်ရန်စွန်း၏ လည်ပင်းကို ကိုက်ခဲရန် ကြိုးစားနေသည်။
ထိုအရာသည် အဆင့်တစ်ချပ်ဝတ်သခင်၏ အစစ်အမှန်စွမ်းအား ဖြစ်သည်။
ဟယ်ရန်စွန်း၏ တုံ့ပြန်မှုကို စောင့်ကြည့်ရမည်။
ဤတစ်ကြိမ်တွင် ဟယ်ရန်စွန်းက ပြန်မတိုက်ပဲ နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။
ထောင်မင်ကျူးကို အနိုင်ယူရန် မခက်ပေ။ သို့သော် သူက ခွန်အားထုတ်ပြမိလျှင် လောင်ကြေးပြိုင်ပွဲကို ဆက်လက်တိုက်ခိုက်ရန် ခက်ခဲလိမ့်မည်။
ဟယ်ရန်စွန်းက ဆုံးရှုံးသွားသော ပိုင်ဆိုင်မှုများကို ပြန်ယူရန် စီစဉ်ထားသည်။
သူက နောက်ဆုတ်လိုက်သောအခါ လူအုပ်က ဆူညံသွားပြန်သည်။
ဟယ်ရန်စွန်းက လူတိုင်းထင်ထားသကဲ့သို့ မသန်မာလောက်ပေ။
ထို့ကြောင့် ဤတိုက်ပွဲသည် စိတ်ဝင်စားစရာကောင်းလိမ့်မည်။
ဟယ်ရန်စွန်းက နောက်ဆုတ်လိုက်သောကြောင့် ထောင်မင်ကျူးက စိတ်သက်သာသွားသည်။ သူ့လက်ထဲတွင်ရှိသော လှံရှည်က အလင်းတန်းအဖြစ် ပြောင်းလဲပြီး ဆက်တိုက် ထိုးနှက်သည်။
ဟယ်ရန်စွန်းက လှံရှည်နှင့် ရင်မဆိုင်ခဲ့ပေ။ သူက လက်ထဲတွင် ဓားမော့ကိုင်ထားပြီး အလျင်စလို ရှောင်တိမ်းနေသည်။
သူက အသားကျအောင် လေ့ကျင့်နေခြင်း ဖြစ်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်နှင့် တိုက်ပွဲတွင် သူက လွှမ်းမိုးခံထားရပြီး ပြန်မတိုက်နိုင်ပေ။
ယခုအချိန်တွင် အားနည်းသူတစ်ယောက်နှင့် ရင်ဆိုင်နေရသောကြောင့် သင်ယူထားသည့်အတိုင်း အခြေအနေကို ထိန်းချုပ်ပြီး အနည်းဆုံးခွန်အားဖြင့် အနိုင်ရအောင် ကြိုးစားကြည့်ရမည်။
ချပ်ဝတ်ဖြစ်စေ၊ ရုပ်သေးရုပ်ဖြစ်စေ ပြင်ပခွန်အားကို ထိန်းချုပ်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူက မတူညီသောအမြင်ကို ခံစားလိုက်ရသည်။
လှံရှည်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေသော ထောင်မင်ကျူးက သူ့အမြင်တွင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။
လှံရှည်၏ အေးစက်သောအလင်းရောင်သည် စွမ်းအားကင်းမဲ့နေသည်။
သူက ရုန်းကန်နေသော်လည်း အလကားပင်ဖြစ်သည်။
သူ၏ ပြိုင်ဘက်က ထိုသို့ အားနည်းသောလူမျိုး မဖြစ်သင့်ပေ။
သူက နောက်ဆုတ်ပြီး လက်ထဲတွင်ရှိသော ဓားမော့ကို ဝှေ့ယမ်းသည်။ ဓားချက်တိုင်းကို ပြီးပြည့်စုံစွာ တိုင်းတာထားပြီး ပြိုင်ဘက်ကို အကျပ်ရိုက်သွားစေသည်။
ပြိုင်ပွဲကို စောင့်ကြည့်နေသော လူများက ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်ပြီး ကြမ်းတမ်းစွာတိုက်ခိုက်နေသော ထောင်မင်ကျူးကို မြင်ရသည်။
သို့သော် ဟယ်ရန်စွန်းက အန္တရာယ်မရှိဘဲ လှိုင်းထန်သောရေပြင်တွင် မျောပါနေသော ဘဲစာပင်ကဲ့သို့ ရှောင်တိမ်းနေခဲ့သည်။
ထောင်မင်ကျူး၏ လှံနည်းစနစ်က မည်သို့ပင် အားကောင်းပါစေ ဟယ်ရန်စွန်းကို မထိခဲ့ပေ။
ထိုပြိုင်ပွဲက အလွန်စိတ်လှုပ်ရှားစရာကောင်းသည်။ ထို့ကြောင့် သူတို့က မနေနိုင်ဘဲ အားပေးလိုက်ကြသည်။
သို့သော် အဆင့်နှစ်၊ အဆင့်သုံး ပညာရှင်များ၏ မျက်နှာထားက လေးနက်နေသည်။
ဟယ်ရန်စွန်းက ယခုအချိန်အထိ ခွန်အားအပြည့် ထုတ်မသုံးခဲ့ပေ။ သူက ချပ်ဝတ်၏ စွမ်းအားကိုလည်း အနည်းငယ်သာ အသုံးပြုနေသည်။
သူက ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် ပြိုင်ဘက်ထက် အဆပေါင်းများစွာသာလွန်သော အသိစိတ်ကို အသုံးချ၍ လှံချက်များကြားတွင် လှုပ်ရှားနေသည်။
သူက အန္တရာယ်များပုံပေါ်သော်လည်း အလွန်လုံခြုံနေသည်။
“သူက ခွန်အားကို ဖုံးကွယ်ထားတာပဲ ဖြစ်လိမ့်မယ်။ ထောင်မင်ကျူးက သူ့ပြိုင်ဘက် မဟုတ်ဘူး”
အဖြူရောင်မုတ်ဆိတ်နှင့် ဒိုင်တစ်ယောက်က တီးတိုးပြောသည်။
တခြားလူများကလည်း ထိုအချက်ကို မြင်နိုင်ကြသည်။ ထောင်မင်ကျူးက ဟယ်ရန်စွန်းကို ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။
ထောင်မိသားစု၏ အကြီးအကဲများနှင့် ခေါင်းဆောင်ထောင်ရှို့၏ မျက်နှာထားက မည်းမှောင်နေသည်။
ဆိုင်အချို့ ဆုံးရှုံးသွားခြင်းသည် အရေးမကြီးပေ။ သို့သော် သူတို့၏ သခင်လေးက ဆော့ကစားခံနေရသည့်အတွက် ရှက်စရာကောင်းသည်။
“ထောင်မင်ကျူး၊ ကစားမနေနဲ့တော့။ အစွမ်းကုန်သုံးလိုက်”
ထောင်ရှို့က အော်ပြောသည်။
ထောင်မင်ကျူးက လှံကို သိမ်းလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ သူက လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။
သူက အဖေဖြစ်သူ၏စကားကို နားလည်သည်။
သူ့မှာ ပိုမိုကောင်းမွန်သော နည်းစနစ်များ မရှိတော့ပေ။
သို့သော် ပိုမိုသန်မာသော ချပ်ဝတ်တစ်ခု ရှိနေသည်။
ထိုချပ်ဝတ်ကို အဆင့်နှစ်သို့ ရောက်သောအခါ အသုံးပြုနိုင်ရန်အတွက် သူ့အဖေက ပြင်ဆင်ပေးထားသည်။
သူက ထိုချပ်ဝတ်၏ စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သော်လည်း အနည်းငယ် အသုံးပြုနိုင်သည်။
ထိုချပ်ဝတ်နှင့်ဆိုလျှင် သူက ဟယ်ရန်စွန်းကို အနိုင်ယူရန် ယုံကြည်ချက်ရှိသည်။ သတ်ဖြတ်လိုစိတ် တချို့သည် သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
မီးတောက်တစ်ခုသည် ထောင်မင်ကျူး၏ နှလုံးသားထဲတွင် လောင်ကျွမ်းနေသည်။
မြို့ထဲမှ နှင်ထုတ်ခံထားရသော လူတစ်ယောက်သည် အဘယ်ကြောင့် သူ့ကို စိန်ခေါ်နိုင်မည်နည်း။
မဖြစ်နိုင်ပေ။
“တိုက်”
ထောင်မင်ကျူးက ကျယ်လောင်စွာ ဟိန်းဟောက်သည်။ သူ၏ ချပ်ဝတ်က ရွှေရောင်ပြောင်းသွားပြီး ရှုပ်ထွေးသော အင်းကွက်များ ပေါ်လာသည်။
သူ၏ လှံရှည်ကလည်း ရွှေရောင်သန်းနေသည်။
ရုတ်တရက်ပေါ်ထွက်လာသော စွမ်းအားကြောင့် လေထုက တွန်းထုတ်ခံလိုက်ရပြီး ပေါက်ကွဲသွားသည်။
ထောင်မင်ကျူးက လှံရှည်ဖြင့် ထိုးသွင်းလိုက်ပြီး ရှေ့တက်လာသည်။ သူ့တစ်ကိုယ်လုံးက ရွှေနဂါးအဖြစ် ပြောင်းလဲသွားပြီး လှံရှည်၏နောက်မှ လိုက်လာသည်။
အလွန်အားကောင်းသည်။
ပွဲကြည့်ပရိသတ်များက ပင့်သက်ရှိုက်လိုက်ရသည်။
‘ဒီလိုချပ်ဝတ်မျိုးကို ဘယ်သူက ခုခံနိုင်မှာလဲ’
ဟယ်ရန်စွန်းက ရှုံးနိမ့်သွားတော့မည်။
ဟယ်မိသားစုဝင်များက လက်သီးဆုပ်ထားလိုက်ကြသည်။
သူတို့က အနိုင်ရတော့မည်ဟု ထင်ထားခဲ့သည်။
သူတို့က မသိစိတ်အလျောက် ဟယ်ရန်စွန်းကို မိသားစုဝင်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့သည်။
ဟယ်ရန်စွန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဓားမော့ကို ဒေါင်လိုက် ကိုင်ထားသည်။
သူက တိုးဝင်လာသောနဂါးကို ကြည့်လိုက်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်နှင့် လေ့ကျင့်ပေးခဲ့သော ဆရာဟန်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
သူက တိုက်ကွက်ဆယ်ခုကို ခုခံနိုင်မှ လောင်းကြေးပြိုင်ပွဲတွင် ဝင်ပါနိုင်ခဲ့သည်။
သူ၏ ချပ်ဝတ်နှင့် ရုပ်သေးရုပ်က အားကောင်းသော်လည်း သေချာပေါက် အနိုင်ရမည်ဟု မပြောနိုင်ပေ။
ယခုအချိန်တွင် ထောင်မင်ကျူးက အလွန်အားကောင်းသည်ဟု ထင်ရသည်။ သူ၏ တိုက်ခိုက်မှုက တောင်တန်းများကို ပြိုကျသွားစေနိုင်ပြီး သန်မာသော အဆင့်တစ်ချပ်ဝတ်သခင်ကပင် ကြိုးစားခုခံရလိမ့်မည်။
သို့သော် ကျွမ်းကျင်သူတစ်ယောက်၏ အမြင်တွင် သူ၏ လှုပ်ရှားမှုတိုင်းက ဟာကွက်ဖြင့် ပြည့်နေသည်။
ဟယ်ရန်စွန်းက သူ့ကိုယ်သူ သန်မာသောလူတစ်ယောက်ဟု သတ်မှတ်ထားသည်။
သူက နောက်မဆုတ်ပဲ ရှေ့တိုးသည်။ သူက လက်ထဲတွင်ရှိသော ဓားမော့ကို မြှောက်လိုက်သည်။ ဓားသွားသည် အစိမ်းရောင်လင်းနေသည်။
“ရွှပ် ....”
ဓားမော့က နဂါးကို ခုတ်ချလိုက်ပြီး တုန်ခါသွားစေသည်။ နဂါးပုံရိပ်က မထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့ တိုးဝင်သွားသည်။
ထို့နောက် နဂါးပုံစံဖြစ်နေသော ထောင်မင်ငကျူးက ပေသုံးဆယ်အကွာအထိ လွင့်ထွက်လာပြီး စင်ပေါ်မှ ပြုတ်ကျသွားကြောင်း လူတိုင်းက မြင်လိုက်ရသည်။
“ဘန်း”
ထောင်မင်ကျူးက အဝေးတစ်နေရာတွင်ရှိသော ကျောက်ပြားနှင့် တိုက်မိပြီး ပြုတ်ကျလာသည်။ သူက သတိမေ့သွားသည်။
ဤတစ်ကြိမ်တွင် ဆက်လက်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။
ယခင်က ကြေညာပေးရန် မတ်တပ်ရပ်ခဲ့သော ဒိုင်လူကြီးက အပြုံးတစ်ခုနှင့်အတူ ကျယ်လောင်စွာ ပြောလိုက်သည်။
“ဟယ်ရန်စွန်းက အနိုင်ရတယ်”
အနိုင်ရသည်။
လူအုပ်က ကျယ်လောင်စွာ အားပေးလိုက်ကြသည်။
လူအများစုအတွက် အနိုင်ရသောလူသည် အရေးမပါပေ။
သူတို့က စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲကိုသာ မြင်ချင်ကြသည်။
ယနေ့တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး စိတ်လှုပ်ရှားစရာကောင်းသည်။
“သခင်လေးဟယ်၊ ဆက်တိုက်အုံးမှာလား”
“သခင်လေးဟယ်၊ နောက်တစ်ကြိမ်မှာ ခင်ဗျားဘက်ကနေ လောင်းကြေးထပ်မယ်”
အားပေးသံများကြားတွင် ဟယ်ရန်စွန်းက လောင်းကြေးကိုသိမ်းယူပြီး လျင်မြန်စွာ ထွက်သွားသည်။
ဟယ်မိသားစုဝင်များက ရှုပ်ထွေးသောမျက်နှာထားဖြင့် နေရာတွင် ကျန်နေခဲ့သည်။
ထောင်မိသားစုဝင်များက ဒေါသထွက်နေပြီး ဟယ်ရန်စွန်း၏ပုံရိပ်ကို စိုက်ကြည့်နေကြသည်။
ဟယ်ရန်စွန်းက ထောင်မိသားစု၏ သခင်လေးကို အနိုင်ယူလိုက်သော သတင်းသည် ဘုရားမြို့တွင် တစ်ရက်အတွင်း ပျံ့နှံ့သွားသည်။
ယခင်က ဟာသတစ်ခုဖြစ်ခဲ့သော ဟယ်ရန်စွန်းက စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည်။
မိသားစုကြီးများက ထူးခြားသော ဟယ်ရန်စွန်း၏ တိုးတက်မှုအကြောင်းကို ပြောနေကြသည်။
သူတို့က ဟယ်ရန်စွန်း စိန်ခေါ်လာလျှင် တုံ့ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြသည်။
သူတို့အမြင်တွင် ဟယ်ရန်စွန်းက အလွန်သန်မာလာသောကြောင့် ယခင်က ရှုံးနိမ့်မှုများအားလုံးကို ပြန်လည်ချေဖျက်လိမ့်မည်။
ထိုအရာသည် အမှန်ပင်ဖြစ်သည်။
နောက်တစ်နေ့တွင် ဟယ်ရန်စွန်းက ကျန်းမိသားစုကို စိန်ခေါ်ခဲ့သည်။
လောင်းကြေးသည် ဈေးဆိုင်ငါးဆိုင် ဖြစ်သည်။
နှစ်ရက်အကြာတွင် ကျန်းမိသားစု၏ လက်ရွေးစင် ကျန်းရှစ်ရွှမ်က ရှုံးနိမ့်သွားသည်။
နောက်တစ်နေ့တွင် ဟယ်ရန်စွန်းက ရှုမိသားစုကို စိန်ခေါ်ခဲ့သည်။
လောင်းကြေးသည် ဆိုင်ဆယ်ဆိုင် ဖြစ်သည်။
ရှုမိသားစု၏ သခင်လေးက တိုက်ခိုက်ခဲ့သည်။ သုံးကွက်အတိုင်း ရှုံးနိမ့်သွားသည်။
တစ်ရက်အကြာတွင် ဟယ်ရန်စွန်းက စွန်းမိသားစုကို စိန်ခေါ်ခဲ့သည်။
ဟယ်ရန်စွန်းက နှစ်လအတွင်း မိသားစုကြီး ၁၃ခုကို စိန်ခေါ်ပြီး ဈေးဆိုင်၊ မိုင်းတွင်းနှင့် မူလဒင်္ဂါး ငါးသန်းတန်ကြေးရှိသော အရင်းအမြစ်များကို ရခဲ့သည်။
ထိုကြွယ်ဝမှုသည် ဟယ်မိသားစု၏ အထွတ်အထိပ်အခြေအနေနှင့် ယှဉ်နိုင်သည်။
ထိုနှစ်လတွင် သူက ဘုရားမြို့၌ နာမည်ကြီးလာပြီး မျိုးဆက်သစ်၏ နံပတ်တစ်လက်ရွေးစင်၊ ဘုရားမြို့၏ ဆက်ခံသူပါရမီရှင်၊ လူငယ်များ၏ စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ဈေးဆိုင်၏ ဒုတိယထပ်တွင် ဟယ်ရန်စွန်းသည် ဟန်မူယဲ့၏ရှေ့တွင် ရိုသေစွာ မတ်တပ်ရပ်နေသည်။
ဟန်မူယဲ့က အစိမ်းရင့်ရောင် သံမဏိပြားတစ်ခုကို ယခုလေးတင် သန့်စင်ခဲ့သည်။
“ဒီချပ်ဝတ်အပိုင်းအစက ရင်ဘတ်သံမဏိပြားရဲ့ ခုခံနိုင်စွမ်းကို နှစ်ဆတိုးလာစေတယ်။ ဒါကို အစားထိုးလိုက်ရင် အဆင့်သုံးချပ်ဝတ်က ပြင်ပြီးသားဖြစ်သွားလိမ့်မယ်”
ဟန်မူယဲ့က ချပ်ဝတ်အပိုင်းအစကို ဟယ်ရန်စွန်းဆီသို့ ပေးလိုက်ပြီး မေးသည်။
“မင်းက ကုန်သည်အဖွဲ့ကို ကိုယ်တိုင်လိုက်ပို့မှာလား”
ဟယ်ရန်စွန်းက နာမည်ကြီးလာသောကြောင့် ဆိုင်ကလည်း အခြေအနေကောင်းလာသည်။
ဆိုင်၏ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ရောင်းချနိုင်သည့်အပြင် ပြုပြင်ရမည့် အမှာစာလည်း အများအပြား ရှိနေသည်။
ဘုရားမြို့၏ လူများသာမက တခြားမြို့တွင်ရှိသော လူများလည်း ရောက်လာကြသည်။
ဟန်မူယဲ့သန့်စင်ထားသော ချပ်ဝတ်အစိတ်အပိုင်းကို ယုထောင်မြို့ပျက်နှင့် အဆင့်တူသော အဆင့်ကိုးမြို့ပျက် မေပယ်တောအုပ်မြို့မှ မှာယူထားသည်။
မေပယ်တောအုပ်မြို့ပျက်သည် ဘုရားမြို့နှင့် မိုင်သုံးထောင်ခန့် ဝေးသည်။ တောင်တန်းနှစ်ခုနှင့် လွင်ပြင်တစ်ခုကို ဖြတ်ကျော်ရမည်။
“ဒီချပ်ဝတ်အစိတ်အပိုင်းကို မေပယ်တောအုပ်မြို့ပျက်ရဲ့ ကျန်းမိသားစုက မှာယူခဲ့တာပဲ”
ဟယ်ရန်စွန်းက လေးနက်သောအသံဖြင့် ပြောသည်။
“ကျန်းမိသားစုက အဆင့်ခြောက်ရုပ်သေးသခင်ကို ပိုင်ဆိုင်ထားတဲ့ မိသားစုကြီးတစ်ခုပဲ”