စစ်တပ်နှစ်ခု၏တိုက်ပွဲ
Vol. 009 Ch. 831
တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များက ကျောက်ပြည်ထောင်မှ ချီတက်လာသော စစ်တပ်ကို ကြည့်ကြသည်။ ဓားမိစ္ဆာနှင့် ဝမ်ရှမ်းတို့က ရှေ့ကိုတက်ကာ အမိန့်ပေးလိုက်ကြသည်… “နိုဘယ်တန်ခိုးရှင်တွေ… ဝင်္ကပါဖွဲ့မယ်…”
အမိန့်သံနှင့်အတူ နိုဘယ် တန်ခိုးရှင်များကလည်း ရှေ့ကို တက်လာကာ ကိုယ်စီနေရာ ယူလိုက်ကြ၏။
နန်းတော်၏ နိုဘယ်တန်ခိုးရှင် အရေအတွက်မှာ ကျောက်ပြည်ထောင်မှ နိုဘယ် အရေအတွက်လောက် မများပေ။ သူတို့တွင် ဧရာမ ဝင်္ကပါလေးခုသာ ရှိကာ ဝင်္ကပါများအား အရှေ့၊ အနောက်၊ ဘယ်နှင့်ညာတို့တွင် နေရာယူထားစေသည်။
ရှေ့တွင်ကား သိုင်းပညာရှင်များနှင့် မှော်ပညာရှင်များ ပါဝင်ကြသည်။ သိုင်းပညာရှင်များက ရှေ့ဆုံးတွင်နေကာ မှော်ပညာရှင်များက နောက်တွင် ဖြစ်သည်။ ရှေ့ဝင်္ကပါ၏ အရှေ့မှလူကား ရွှေလူဝံယန်ကျန်း ဖြစ်သည်။
ရေခဲနန်းတော်နှင့် ဟောင်မိသားစုဝင်များမူကား နောက်တွင် ဖြစ်သည်။ ဟောင် မိသားစုဝင်များက သူတို့၏လေးများကို ထုတ်ကာ အဆင်သင့် ပြုလုပ်ထားကြပြီး ဖြစ်သည်။
ယန်ကျန်း၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးက ရှေ့ဆုံးတွင်ဖြစ်ကာ ကြီးမားသော အရှိန်အဝါများ တောက်လောင်နေ၏။ သူကား အပေါ်ပိုင်း ဗလာကျင်းထားကာ သူ၏ရွှေရောင် ဝင်းလက်သော အသားရောင်များအား နေရောင်တွင် တလက်လက် ထနေစေသည်။
ညဘက် ဝင်္ကပါတွင်ကား ယိရှောင်ရှီ ပါဝင်သည်။ အရှေ့ဘက် ပြည်နယ်သို့ ခရီးအပြီးတွင် ခရီးသို့ လိုက်ပါခဲ့ကြသော နိုဘယ်အများစုက ရှီအဆင့်သို့ တက်လှမ်းခဲ့ကြ၏။
ယခု ရှီအဆင့်သို့ မဝင်ရောက်သေးသော သုံးယောက်မျှသာ ကျန်တော့ကာ သူတို့ကား ယန်ကျန်း၊ ယိရှောင်ရှီနှင့် ကျွေ့ချိန်ချူတို့ ဖြစ်ကြသည်။
အကယ်၍ တော်ဝင် စစ်ပွဲကြောင့်သာ မဟုတ်လျှင် သူတို့ကလည်း တံခါးပိတ် လေ့ကျင့်ပြီး ရှီအဆင့်သို့ တက်လှမ်းရန် အားထုတ် နေကြပေလိမ့်မည်။
နိုဘယ်အဆင့် တိုက်ပွဲများတွင် သူတို့အား လိုအပ်ပေသည်။
အခြေအနေက ဤသို့ ဖြစ်လာမှတော့ သူတို့ကလည်း နိုဘယ်များ တိုက်ပွဲ၌ ပါဝင် ဆင်နွှဲရတော့သည်။
ယိရှောင်ရှီ၏ ဝင်္ကပါ၌ တန်ခိုးရှင် အများဆုံး ပါဝင်သည်။ ယိရှောင်ရှီအပြင် ထိုဝင်္ကပါ၌ နောက်ထပ် နာမည်ကျော် ပါရမီရှင် တစ်ယောက်လည်း ပါဝင်ပြီး သူကား ပါရမီရှင်အဆင့်၌ ပါဝင်သော လျန်ယွီချန်း ဖြစ်သည်။
ယခင် ရီဖူရှင်း နန်းတော်၌ နာမည် စတင်ကျော်ကြား လာခဲ့စဉ်က လျန်ယွီချန်းနှင့် ရီဖူရှင်းတို့ ကတောက်ကဆ ဖြစ်ခဲ့ကြပေသည်။ ရီဖူရှင်း၏ ဖြစ်တည်ခြင်းကပင် လျန်ယွီချန်းအား ရှီအဆင့်သို့ တက်လှမ်းရန် ခက်ခဲစေခဲ့သည်ဟု ပြောရပေမည်။
သို့သော်လည်း ရီဖူရှင်း၏ အောင်မြင်မှုများက အဆမတန် မြင့်မားလာသောအခါ လျန်ယွီချန်းကား သူကိုယ်တိုင်က ရီဖူရှင်းနှင့် အဆင့်တူ မဟုတ်ကောင်း လက်ခံလာခဲ့သည်။ သူက အချို့သော မကျေနပ်မှုများကို လွှတ်ချရန် ကြိုးစားခဲ့သည့်တိုင် သူ၏အတွင်းစိတ် မိစ္ဆာကို အပြည့်အဝ ပယ်ဖျက်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
တော်ဝင်စစ်ပွဲ မတိုင်ခင် ရီဖူရှင်းက သူ့အား တွေ့ဆုံကာ စကားအချို့ ပြောခဲ့ပြီး လျန်ယွီချန်းအား သူကိုယ်တိုင်အတွက် သက်သေပြလိုသလား မေးခဲ့သည်။
လျန်ယွီချန်းကလည်း မိမိကိုယ်ကို သက်သေပြလိုခဲ့ကာ နန်းတော်မှ မထွက်သွားတော့ဘဲ စစ်ပွဲ၌ ပါဝင်ခဲ့သည်။
ရီဖူရှင်းက ကု့ချင်းတောင်ကြားမှ သင်ယူရရှိခဲ့သော ကု့ချင်းသံစဉ်များနှင့် လျူခွန်ရှမ်း၏ ဝိညာဉ်ကု့ချင်းတို့အား လျန်ယွီချန်းကို ပေးအပ်ခဲ့သည်။
သူ၏တာဝန်ကား တိုက်ပွဲ၌ ယိရှောင်ရှီ၏ တိုက်ခိုက်ရေး စွမ်းအင်ကို အထောက်အပံ့ ပေးရန် ဖြစ်ပေသည်။
သည်တစ်ကြိမ်တွင် လျန်ယွီချန်းက ရီဖူရှင်း၏ သဘောထားအပေါ် မေးခွန်း မထုတ်တော့ပေ။ ယိရှောင်ရှီကား ပြည်နယ်ကိုးခု ညီလာခံ၏ လက်ချိုးရေ၍ ရသော ထိပ်သီးအဆင့်ဝင် တစ်ယောက်ဖြစ်သည်။
ထို့ကြောင့် ဤတစ်ခေါက်တွင် သူက တခြား ရည်ရွယ်ချက်များ သိပ်မရှိတော့ပေ။ သူက လျူခွန်ရှမ်း၏ ကု့ချင်းကို အသုံးပြုကာ မိမိကိုယ်ကို သက်သေပြမည်။ လက်ကိုးချောင်း ကု့ချင်းနတ်ဆိုးနှင့် ကု့ချင်းတောင်ကြားတို့က သူ့ဘဝ တစ်လျှောက်လုံး အတွက် တွန်းအား ဖြစ်ခဲ့သည်။
ယခု ရီဖူရှင်းက အတိတ်မှ ဖြစ်ခဲ့သည်များကို လက်လွတ်လိုက်မှတော့ သူကလည်း ထိုသို့ မလုပ်နိုင်စရာ မရှိပေ။
ညာဘက် ဝင်္ကပါတွင်ကား အဓိက တိုက်ခိုက်ရေးသမားမှာ ကျွေ့ချိန်ချူဖြစ်သည်။ ဓားနန်းတော်၏ ဓားသမားအများစုကို ထိုဝင်္ကပါ၌ တွေ့ရကာ မှော်ဆရာအချို့က အထောက်အပံ့ ပြုထားသည်။
နောက်ဆုံး၌ ရှိသော ဝင်္ကပါမှာလည်း အတူတူဖြစ်သည်။ ထိုဝင်္ကပါကိုလည်း ဓားသမားများ၊ သိုင်းပညာရှင်များနှင့် မှော်ဆရာများ ရောနှောထား၏။ ထင်းဆွေ ဓားသမားများ အားလုံးကို ထိုနေရာ၌တွေ့ရသည်။
စစ်တပ်နှစ်ခုက တဖြည်းဖြည်း နီးကပ် လာကြသည်တွင် မည်သူကမှ အလစ်မပေးရဲဘဲ မိမိတို့၏ စွမ်းအင်များကို စုစည်းလိုက်ကြသည်။
ယခု သူတို့ တိုက်ခိုက်နေသည်က တော်ဝင်စစ်ပွဲ ဖြစ်သည်။
သူတို့၏ တစ်ကိုယ်တော် စွမ်းရည်က မည်မျှ အားကောင်းပါစေ အုပ်စုဖွဲ့ တိုက်ပွဲများ၌ အနည်းငယ်မျှသော သတိလစ်မှုက အသက်အန္တရာယ်ကိုပင် ဖြစ်စေနိုင်ပေသည်။
“မိုးကြိုးကို ဆင့်ခေါ်…” ကျောက်ပြည်ထောင် စစ်တပ်ထဲမှ အသံတစ်သံကို ကြားရသည်။ ရှေ့ဆုံးမှ အုပ်စုက မြန်ဆန်စွာပင် မိုးကြိုး လျှပ်စီးများအား ဆင့်ခေါ်လိုက်ကြသည်။ ချက်ချင်းပင် ကောင်းကင်၌ လျှပ်စီးမိုးကြိုးများ ဖြစ်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးကို အုပ်မိုးသွားသည်။
လျှပ်စီးများက မြန်ဆန်စွာပင် ပတ်ဝန်းကျင် တစ်ခွင်လုံးကို ဖြန့်ကြက်လျက် မြေရိုင်းပြည်နယ်မှ လူများပေါ်သို့ ဆင်းသက် လာတော့၏။
ကောင်းကင်တွင် ထိတ်လန့်ဖွယ် အနက်ရောင်ငှက်များ ပေါ်လာ၏။ လျှပ်စီးတို့၏ ကြွေးကြော်သံအောက်တွင် အနက်ရောင် လျှပ်စီးငှက်များက ဝင်္ကပါလေးခုပေါ်သို့ ဆင်းသက် လာကြတော့သည်။
ထိုတိုက်ကွက်ကား မှော်နက်လျှပ်စီး ကလန်၏ဝင်္ကပါမှ ဖြစ်တည်လာခြင်းပင်။ သူတို့၏ စွမ်းအင်များက ကောင်းကင်မှ လျှပ်စီးများနှင့် ပေါင်းစပ်ကာ အရာအားလုံးကို ဖျက်ဆီးနိုင်သော မှော်နက်လျှပ်စီးများ ဖြစ်လာပေသည်။
တစ်ဖက်က တိုက်ခိုက်သည်တွင် မြေရိုင်းပြည်နယ် ဘက်မှလည်း စတင် လှုပ်ရှားကြသည်။ ယန်ကျန်းတို့ အဖွဲ့ကလည်း ဝင်္ကပါကို အသက်သွင်း လိုက်ကြသည်တွင် ရွှေရောင်များက ကောင်းကင်တစ်ခွင်ကို ပျံ့လွင့်လေ၏။ ယန်ကျန်းက သူ၏ သွေးကြောမများကို ဖွင့်လိုက်ကာ မာန်ဖီလိုက်ခြင်းနှင့်အတူ ပတ်ဝန်းကျင်မှ တန်ခိုးရှင်များ၏ စွမ်းအင်များကလည်း သူ့ထံကို စုပြုံစီးဆင်း လာကြတော့သည်။ သူကား တိုက်ခိုက်ရေး နတ်ဘုရားတစ်ပါးလို ရုန့်ရင်း ကြမ်းတမ်း လာ၏။
ရွှေရောင်များ ဖြာထွက်လျက် ယန်ကျန်းက လက်မှ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ဝှေ့ယမ်းကာ ကောင်းကင်မှ လျှပ်စီးတန်းများသို့ ရိုက်ထုတ် လိုက်သည်။
ရီဖူရှင်းက သူ၏နှင်တံအား ယန်ကျန်းကို ယာယီအားဖြင့် ပေးအပ် ထားခဲ့ပေသည်။ သည်တိုက်ပွဲတွင် ယန်ကျန်း၏ကဏ္ဍက အလွန် အရေးပါပေသည်။
ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံ၏ ဝှေ့ယမ်းမှု အောက်တွင် လျှပ်စီးတန်းများ တဝုန်းဝုန်း ပေါက်ကွဲ ပျောက်ကွယ်ကြသည်။ သို့သော်လည်း လျှပ်စီးတန်းများက မြေပြင်မှ အလင်း အရံအတားပေါ်ကို ကျဆင်းလာခဲ့ပြီး လူအများအပြားကို ဒဏ်ရာများ ရစေခဲ့သည်။ ပူးပေါင်း တိုက်ကွက်များ၏ စွမ်းအင်များကား မသေးပေ။
“တိုက်…” လေထဲတွင် ဓားမိစ္ဆာက ဒေါနှင့်မာန်နှင့် ပြောသည်။ သူနှင့်ဝမ်ရှင်းတို့ကား နိုဘယ်များ၏ စစ်ရေးကွပ်ကဲသူများ ဖြစ်ကြသည်။
သူတို့ကား တစ်ဖက်ကို အရေအတွက်အားဖြင့် မည်သို့မှ မယှဉ်သာပေ။ ထို့ကြောင့် သူတို့ အစီအစဉ်ကား မိမိတို့အင်အားကို လေးစုခွဲကာ ဝင်္ကပါများဖွဲ့၍ တစ်ဖက် စစ်တပ်ထဲကို ဝင်မွှေရန် ဖြစ်သည်။
ကျောက်ပြည်ထောင် စစ်တပ်က ပြန့်ကျဲသွားသည်နှင့် သူတို့က ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ရှိလာပေမည်။
သည်တိုက်ပွဲကား အစပထမ အဆုံးအဖြတ်ပွဲ ဖြစ်သည်။ သူတို့က အနိုင်ရမှဖြစ်မည်။
မြေရိုင်းပြည်နယ်မှ အင်အားစုလေးခုက ရှေ့ကို ချီတက်လာသည်တွင် တစ်ချိန်တည်း၌ လေထု တစ်ခုလုံးကလည်း အေးခဲလာတော့သည်။ ရေခဲနန်းတော်မှ တန်ခိုးရှင်များက သူတို့၏ မှော်စွမ်းအင်များအား ထုတ်လွှတ် လိုက်ကြခြင်း ဖြစ်သည်။
ကျောက်ပြည်ထောင်မှ ကြမ်းရမ်းသော စွမ်းအင်များ အေးခဲသွားသော အခိုက်တွင် နောက်မှ လိုက်ပါလာသည်က ပြင်းထန် အားကောင်းသော မြားချက်များ ဖြစ်ကြသည်။
ဟ…
ကျောက်ယိုက ခပ်ဟဟ တစ်ချက် ရယ်လိုက်သည်။ သည်လူများကား ကျောက်ခဲကို ကြက်ဥဖြင့် ပေါက်ရန် ကြိုးစားနေကြ၏။
“ရွှေဖီးနစ်ဝင်္ကပါ…” ကျောက်ယိုက အေးစက်စွာဖြင့် အမိန့်ပေးသည်။ သူ၏အသံကို ကြားသည်တွင် မရေမတွက်နိုင်သော လူများ၏ စွမ်းအားများက ကောင်းကင်ထံသို့ စီးဆင်းသွားကြသည်။ လေထဲတွင် ဧရာမဖီးနစ်ကြီးက ကြီးမားသော မီးလျှံ စွမ်းအားများနှင့်အတူ ဖြစ်ပေါ်လာကာ အဝေးမှ ပျံသန်းလာသော မြားချက်များအား ကာကွယ် တားဆီး၏။
ဒုန်း … ဒုန်း…
ယန်ကျန်းက လေထဲကို ခုန်တက်သွားသလို မြေရိုင်းပြည်နယ် စစ်တပ်ကလည်း ရှေ့ကို တက်ကာ မှော်စွမ်းအင်များအား မြန်မြန်ဆန်ဆန် ထုတ်လွှတ် လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကျောက်ပြည်ထောင်မှ တန်ခိုးရှင်များ ကလည်း တောင်များအား ဖန်ဆင်းလျက် မြေရိုင်းပြည်နယ်မှ လူများထံကို ပြစ်လွှတ်ကာ နင်းခြေရန် ကြိုးစားသည်။
ဟူး…
ယန်ကျန်း၏ ခန္ဓာကိုယ်ကား ကြီးမားသော ခွန်အားများကို ပိုင်ဆိုင်ထားပေသည်။ တန်ခိုးရှင် အများအပြားက သူတို့၏ စွမ်းအင်များကို ယန်ကျန်းထံသို့ လွှဲပြောင်း ပေးထားကြ၏။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက ဧရာမနှင်တံကြီး အဖြစ် ပြောင်းလဲသွားကာ ပြိုင်ဘက်ကင်း စွမ်းအင်ကို ဖြစ်ပေါ်စေသည်။ ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက် မွေးဖွားလာသည်တွင် သူတို့ မြင်ရသည်ကား မြင်ကွင်းကို အုပ်မိုး၍ ဆင်းသက်လာသော ဧရာမနှင်တံကြီး တစ်ခုသာ။
“သတ်…” ကျောက်ယိုက ဒေါမာန်ကြီးစွာဖြင့် အော်ဟစ်ပြီး ရွှေဖီးနစ်ဝင်္ကပါကို ထိန်းချုပ်ကာ ကြောက်မက်ဖွယ် ဖီးနစ်ပုံရိပ်ကား ယန်ကျန်းထံကို ပို့လွှတ်စေသည်။ နှင်တံက ရွှေဖီးနစ်နှင့် ရင်ဆိုင်ထိတွေ့လျှင် ဖီးနစ်က နောက်ကို လွင့်စဉ်သွားကာ ယန်ကျန်းကလည်း တုနှိုင်းမဲ့ အရံအတား တစ်ခုနှင့် ထိတွေ့သော ခံစားချက်ကို ရသည်။
“သားရဲစစ်တပ်ကို စေလွှတ်…” ကျောက်မင်က ခက်ထန်စွာ အမိန့်ပေးသည်။ ဤတွင် ကျောက်ပြည်ထောင် ဘက်မှ များစွာသော သားရဲကြီးများ ပေါ်ထွက် လာကြတော့သည်။ သားရဲများကား နိုဘယ် အဆင့်တွင်ဖြစ်ကာ ဝရုန်းသုန်းကား ပုံစံမျိုးဖြင့် တစ်ဟုန်ထိုးချီတက် လာကြတော့သည်။
မြေရိုင်းပြည်နယ်မှ လူများက ကျောက်ပြည်ထောင်၏ ဝင်္ကပါကို ပြန့်ကျဲစေလိုသကဲ့သို့ ကျောက်ပြည်ထောင်ကလည်း တူညီသော ရည်ရွယ်ချက် ရှိပေသည်။
ကျောက်မင်ကား တိုက်ပွဲ၏ စစ်ဦးစီးဖြစ်ကာ တော်ဝင်ကျဲနန်းတော်၏ ရည်ရွယ်ချက်ကို တစ်ချက် ကြည့်သည်နှင့် မြင်ပေသည်။
စစ်ပွဲကား ပုံမှန် လက်ရည်စမ်းခြင်းဖြင့် မည်သို့ တူညီမည်နည်း။ စစ်ပွဲတွင် နည်းဗျူဟာများက အလွန် အရေးကြီးပေ၏။ အရေအတွက်အားဖြင့် အားသာသည့်တိုင် နည်းဗျူဟာ အားနည်းပါက ကျရှုံးပေလိမ့်မည်။
“ဘယ်နဲ့ညာ တိုက်ခိုက်ရေးဝင်္ကပါ… ချီတက်…” ဓားမိစ္ဆာက အမိန့်ပေးသည်။ ရွှေဖီးနစ်စစ်တပ်မှ တန်ခိုးရှင်များ အားလုံးက တန်ခိုးအဆင့်တူ ဖြစ်ကာ ကျောက်ပြည်ထောင်ဘက်မှ အထက်မြက်ဆုံးသော တိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်ထားသော အစုအဖွဲ့လည်း ဖြစ်သည်။ ထို့ကြောင့် သူတို့က တိုက်ရိုက် ရင်ဆိုင်ခြင်းကို ရှောင်ဖယ်ရပေမည်။ ရွှေဖီးနစ်စစ်တပ်ကို တိုက်ရိုက် ရင်ဆိုင်ခြင်းက အနိုင်ရရန် ခက်ခဲပေလိမ့်မည်။
လျန်ယွီချန်း၏ အမူအရာကား အလွန်အမင်း လေးနက်နေသည်။ ထိုအခိုက်တွင် သူကား ကု့ချင်းကို လက်နှစ်ဖက်ဖြင့် တီးခတ်နေ၏။ သူ့အနီးမှ တန်ခိုးရှင်များကလည်း စိတ်ဝိညာဉ် စွမ်းအားများကို ထုတ်လွှတ်ကာ ကု့ချင်းသံစဉ်နှင့် ပေါင်းစပ် စေကြသည်။ ကွဲပြားခြားနားသော စိတ်ဝိညာဉ် စွမ်းအားများက သံစဉ်နှင့် ပေါင်းစပ်ကာ သံစဉ်ကို ပိုမို အားကောင်းစေခဲ့သည်။ ထိုအခိုက်တွင် ကု့ချင်းသံစဉ်နှင့် ပေါင်းစပ်မိကြသူများ အားလုံးကလည်း ကြီးမားသော စွမ်းအင်များကို ပိုင်ဆိုင် လာကြတော့သည်။
ငါလုပ်နိုင်တယ်… လျန်ယွီချန်း၏ မျက်လုံးများက စူးရှနေသည်။ သူက မျက်လုံးကို မှိတ်လျက် သံစဉ်အပေါ်တွင် အဆုံးစွန် အာရုံသက်ဝင် လိုက်သည်။
သံစဉ်ကား ကျယ်လောင်ကာ စူးရှသည်။ ကု့ချင်းနတ်ဆိုး၏ နာမည်ကျော်သံစဉ် ဖြစ်သော နတ်ဆိုးဝိညာဉ် သံစဉ်ကား တန်ခိုးရှင်များ၏ စိတ်ကို တစ်စုတစ်စည်းတည်း ဖြစ်စေသည်။
ထိုအခိုက်တွင် ကု့ချင်းသံစဉ်က ယိရှောင်ရှီ၏ စိတ်ဝိညာဉ် နယ်ပယ်ထဲကို တိုးဝင်လာကာ သူ၏ စိတ်စွမ်းအားကို ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်း စေတော့သည်။
“အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအား…” ယိရှောင်ရှီ၏ အကြည့်က ထက်ရှသွားကာ ရှေးဟောင်း နတ်ဘုရားတစ်ပါး သူ့ရှေ့တွင် ပေါ်လာပြီး အဆမတန် ကြီးထွား လာတော့သည်။
ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားက ယိရှောင်ရှီ၏ ခေါင်းထဲကို တိုးဝင်လာကာ ရှေးနတ်ဘုရားကို ပိုမိုကြီးထွား စေခဲ့သည်။ ယခုကား ရှေးနတ်ဘုရားက ပေပေါင်း ထောင်ချီအောင် မြင့်မားရှည်လျား နေခဲ့ကာ ကမ္ဘာမြေကိုပင် နင်းခြေတော့မည့်ဟန် ထင်မြင်လာရ၏။
“ကြီးစမ်း… ကြီးစမ်း… ကြီးစမ်း…” ယိရှောင်ရှီက ဆက်လက်၍ အော်ဟစ်သည်။ သူ့ထံမှ အလင်းတန်းများပင် ဖြာထွက်လာနေသည်။ ကု့ချင်းသံစဉ်၏ ပူးပေါင်းမှုဖြင့် တန်ခိုးရှင်များစွာ၏ စိတ်စွမ်းအင်များက သူ့ထံကို လာရောက်စုပြုံနေကာ ဧရာမ ခွန်အားကို ပေးစွမ်းသည်။
“သူ့ကို တားစမ်း…” ကျောက်မင်က အေးစက်စွာ ပြောသည်။ ယိရှောင်ရှီ ထမ်းပိုးထားသော စွမ်းအင်ကား အလွန် အားကောင်း လာနေသည်။
ကျောက်မင်း၏ အမိန့် ရောက်လာသည်တွင် ရွှေဖီးနစ်ကြီးက သူ၏ အတောင်ပံများကို ရှေးဟောင်း နတ်ဘုရားကြီးထံသို့ ရိုက်ခတ်လိုက်သည်။ လျှပ်စီးဓာတ်များက လေထုကို ခွင်းကာ ရှေးနတ်ဘုရားကြီးထံသို့ ပျံ့လွင့်လာ၏။
အရာခပ်သိမ်း ဖန်ဆင်းခြင်းမှ ဖြစ်တည်လာသော ရှေးနတ်ဘုရားကား သန့်စင်သော ရွှေစင်မှ ဖြစ်တည်လာခြင်းဟု ယူဆရသည်။ လျှပ်စီးတန်းများက ရွှေစင်ခန္ဓာကိုယ်ပေါ်ကို ကျဆင်းသည်တွင် မည်သို့မှ မှုဟန်မရပေ။ တစ်ဖက်တွင် ရှေးနတ်ဘုရားကြီးကား ကြီးမားသော ခွန်အားဖြင့် ရှေ့ကို တက်လာတော့သည်။
ချက်ချင်းပင် သူ၏လက်များက ဧရာမ နွယ်ပင်ရှည်ကြီးအလား ရှည်လျားလာပြီး မရေမတွက်နိုင်သော အကိုင်းအခက်များ ယှက်ဖြာ ထွက်လာကာ ဖီးနစ်ကြီးအား သွားရောက် ရစ်ပတ်ကာ ဧရာမ ရှေးနတ်ဘုရား၏ ခြေထောက်က ဖီးနစ် ခန္ဓာကိုယ်အား နင်းခြေသည်။
ညာဘက်တွင် ကျွေ့ချိန်ချူက ဓားဝင်္ကပါအား ဦးဆောင်၍ ကျောက်ပြည်ထောင် စစ်တပ်သို့ မြန်ဆန်စွာ ဦးတည် လာကြသည်။
“သတ်…” ဧရာမဓားကြီးက လေထုကိုခွင်းလျက် အောက်ကို ဆင်းသက်လာသည်။
နိုဘယ် တန်ခိုးရှင်များ၏ စိတ်ဓာတ်ကား အမြင့်ဆုံးသို့ ရောက်နေတော့သည်။
***