← Chapters

လုယက် ခံရခြင်း။

Vol. 147 Ch. 2045

လုယက် ခံရခြင်း။

Vol. 147 Ch. 2045

“ ဧကရာဇ် ဓားကို ... သွန်းလုပ်တဲ့ လူက၊ မင်း ရရှိထားတဲ့၊ မီးတောက် ပိုင်ရှင်ပဲ၊ ဒါကြောင့် ဧကရာဇ် ဓားက မီးတောက်ကို မှတ်မိတဲ့ အတွက်၊ မင်း ...

... မြင်ခွင့် ရခဲ့တာ၊ ဒါပေမဲ့ သူက မင်းကို ကြောက်တယ်လို့ ပြောတော့ ... ငါလည်း မပြော တတ်တော့ဘူး။ ”

အဖြူဝတ် အဖိုးအိုမှ ရှင်းပြ လာ၏။

“ ဒါ ... ၊ ကျွန်တော် အထင် မှားနေ တာလည်း ဖြစ်နိုင် ပါတယ်၊ သူက ကျွန်တော်နဲ့ လိုက်လာဖို့ ဆန္ဒ မရှိဘူး၊ ဒါနဲ့ အဲဒီ ဓားသင်္ချိုင်က ဘယ်လို နေရာ မျိုးလဲ။ ”

အမှန်တွင် ဧကရာဇ် ဓားသည်၊ ဓားကို ကျိုးစေသော သူ့ကိုယ်လုံး ကိုယ်ပေါက်အား ကြောက်နေပုံ ရ၏။

“ ရှေးဟောင်း မှတ်တမ်းတွေ မှာတော့ နတ်ဓားတွေ မြှပ်နှံတဲ့ နေရလို့ ဖော်ပြ ကြတာပဲ၊ လျှို့ဝှက် ဆန်းကြယ်ပြီး ... ဘယ်မှာလဲ ဆိုတာ အတိ အကျ မပါဘူး။ ”

“ အခွင့် အရေး ရှိရင် ... ၊ ဒီဓားကို ပြန်ယူ ပေးပါ့မယ်။ ”

“ မင်း ကိစ္စတွေကို ... အရင် ရှင်းတာ ပိုကောင်း ပါတယ်၊ ဓားစံအိမ်က မင်းထင်ထား သလောက် မလွယ်ဘူး။ ”

“ စီနီယာ ... အရမ်း အဆိုးမြင် နေပြီ။ ”

“ ဓားမဟာမိတ် အဖွဲ့ ဆိုတာ ... ကမ္ဘာ ပေါ်မှာ ရှိတဲ့၊ ဓားတာအို မြင့်မြတ်မြေ တွေကို စာစည်း ထားတဲ့ အဖွဲ့ပဲ။ ”

လင်းယွန် စကားကြောင့် အဖြူဝတ် အဖိုးအိုမှ သက်ပြင်းချကာ ပြောကြား လာ ခဲ့သည်။

“ သူတို့က တပည့်တွေနဲ့ ... အကြီးအကဲ တွေကို၊ အပြိုင်အဆိုင် တာဝန် ထမ်းဆောင်စေ တယ်၊ အဲဒီလို ပြိုင်ပွဲတေွ ကနေ၊ ခမ်းနားတဲ့ ဉာဏ်ကြီးရှင် တေွကို၊ ...

... စစ်ထုတ် ကြတယ်၊ ငါ မေးပါရစေ၊ အရှေ့ဘက် ပျက်စီးမြေမှာ ဓားနဲ့ ပတ်သက်ရင် မင်းကို လူဘယ် နှစ်ယောက် လောက်များ ယှဉ်နိုင်လဲ။ ”

“ မသိဘူး ... ။ ”

“ အရှေ့ဘက် ပျက်စီး မြေမှာ ... မင်း အရွယ်နဲ့ ... ကြယ်ဓားကို ဆုပ်ကိုင် နိုင်တဲ့ လူ မရှိဘူး၊ ဒါပေမယ့် ခွန်လွန် မှာတော့ မဟုတ်ဘူး၊ ဓားတာအို မြင့်မြတ်မြေ တွေကို ... လျော့ မတွက်နဲ့၊ ...

... ဓားဂိုဏ်း မြင့်မြင့်မြေ ဖြစ်တုန်းက သူတို့မှာ ဓားသမား ဉာဏ်ကြီးရှင်တွေ မိုလိုပေါ များခဲ့တယ်၊ သူတို့ကို အရှေ့ဘက် ပျက်စီးမြေ အနှံ နေရာ တိုင်းမှာ မြင်နိုင်တယ်၊ ကောင်းကင် တာအို ဂိုဏ်းတောင် ဒီဖိအားက မလွတ်ဘူး၊ ...

... ဒါပေမယ့် ... ငါဓားဧကရာဇ် ဖြစ်လာလို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် ဓားဂိုဏ်းဟာ အသန်မာဆုံး ဓားတာအို မြင့်မြတ်မြေ ဆိုတဲ့ ရာထူးတင် မဟုတ်ဘူး၊ မြင့်မြတ်မြေ များရဲ့ အသန်မာဆုံး ဂိုဏ်း ဖြစ်လာမှာ။ ”

လင်းယွန်မှ ပြုံးမိသည်။ ဤအဖြူဝတ် အဖိုးအိုသည် အလွန် စိတ်ဝင်စား စရာ ကောင်း ချေ၏။ သွယ်ဝိုက်သော နည်းဖြင့် ဓားဂိုဏ်းကို ချီးကျူး နေချေပြီ။

“ မပြုံးနဲ့ ... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင် လောက်က၊ ဓားဂိုဏ်း ဘယ်လောက်အထိ ဘုန်း တန်ခိုး ကြီးခဲ့ သလဲ၊ မင်း မသိဘူး။ ”

ဓားတာအို မြင့်မြတ်မြေ များတွင်၊ သဘာဝ အတိုင်း သန်မာသော အုတ်မြစ်များ ရှိကြသည်။ သူတို့၏ အမွေများ မပျက်စီး သရွေ့ ဉာဏ်ကြီး ရှင် များစွာ၊ မွေးထုတ် ပေးနိုင်မည်။

မဟုတ်ဖူး ဆိုလျှင်ပင် သူတို့ အခြေ ခံအုတ်မြစ် အရ၊ ပါရမီရှင်များကို ပျိုးထောင် ပေးနိုင်၏။

“ ဓားတာအို မြင့်မြတ်မြေ တိုင်းမှာ၊ ဓားဂိုဏ်းရဲ့ တော်ဝင် ဓားကျမ်း လိုမျိုး၊ ကိုယ်ပိုင် ဓားကျမ်းတွေ ရှိတယ်၊ သူတို့က ထိပ်တန်း နဂါး ဝိညာဉ် သိုင်းပညာရပ် တေွပဲ၊ ကောင်းကင် ဝိညာဉ် ပညာရပ် အဖြစ်တောင်၊ ...

... ယူဆ နိုင်တယ်၊ ဒါကြောင့် ဓားရေး စွမ်းရည်နဲ့ ပတ်သက်ရင် ... ၊ မင်းထက် လုံးဝ အား မနည်းဘူး။ ”

“ အခုလို သတိပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်မှ ပြောကြား လိုက်သည်။ ဓားညီလာခံသည် သူ ထင်ထား သည်ထက်၊ ပို၍ စိတ်ဝင် စားဖွယ် ကောင်းနေ ပုံရ၏။

ထို့နောက် အဖြူဝတ် အဖိုးအိုအား နှုတ်ဆက်ကာ၊ မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်လာ ခဲ့သည်။

မနက်ဖြန်တွင် ဓားညီလာခံ သွားရမည် ဖြစ်၏။ ထို့ကြောင့် ဝှက်ဖဲများကို ပြန်၍၊ သုံးသပ် မိသည်။

နေနှင့် လကို ပေါင်းစပ် လိုက်ပါက၊ နဂါး ငွေ့တန်း (၃၆)လွှာ အထိ ရရှိ လာနိုင် ပေမည်။ သာမာန် ဓားသမား တစ်ဦးသည်၊ နဂါး ငွေ့တန်း များ ဆင့်ခေါ်ရန် မလွယ်ချေ။

သည့်အပြင် ကနဦးဓား အပေါ်၊ အပြည့် အဝ ထိန်းချုပ် နိုင်ပြီ ဖြစ်ရာ၊ ၎င်းသည်လည်း ဝှက်ဖဲ တစ်ချပ် ဖြစ်လာ နိုင်သည်။

ကနဦး ဓား၏ နိဗ္ဗာန် ဓားပုံစံ အတွက်မူ၊ ရှာမတွေ့ သေး သော်လည်း၊ စိတ်ပူ စရာ မလို သေးချေ။ တတိယမြောက် ဝှက်ဖဲမှာ ဓား နှလုံးသား ဖြစ်၏။

အနန္တ ကြယ်တာရာ ကောင်းကင် နည်းစနစ်ဖြင့် တွဲဖက်ထား ပါက ခွန်အား ကိုပင် တိုးမြှင့် ပေးနိုင်မည်။

နောက်ဆုံး တစ်ချပ်သည် ပိုးစုန်းကြူး နတ်ဓား ဒုတိယ ပုံစံ ဖြစ်၏။ ထို့ပြင် အရိယာ ဓားသုတ္တန်ကို ဓားညီလာခံ မတိုင်မီ ပြီးမြောက် သော်၊ ဝှက်ဖဲ ဖြစ်လာ နိုင်မည်။

တော်ဝင် ဓားကျမ်းအား လေ့ကျင့် မထားသော်မှ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း အကူ အညီဖြင့်၊ ထိုဉာဏ်ကြီးရှင် များကို ရင်ဆိုင်ရန် လုံလောက်သည်။

အတွေးပွား နေစဉ် မဖိတ်ခေါ် ထားသော ဧည့်သည် တစ်ယောက် ရောက်ရှိ လာသည်။

“ မင်း ညည့်နက် နေပြီ ... ။ ””

ဤသည်မှာ ဝမ်မူယန် ဖြစ်၏။ သူမက မျက်မှောင်ကြုတ်လျက် ဒေါသ တကြီးဖြင့်၊

“ နင် ... ငါ့ကို ဘာတံဆိပ် သုံးထားတာလဲ။ ”

-ဟု မေးမြန်း လာသည်။

ဤကာလအတွင်း တံဆိပ်သည် သူမအား ညှဉ်းပန်း နှိပ်စက် ချေ၏။ ယင်းသို့ သူမ ရောက် လာ မည်ကို တွက်ဆ ထားပြီး ဖြစ်သောကြောင့် လင်းယွန်မှ မအံသြချေ။

“ အဲဒါ ငရဲ သံကြိုးပဲ ... ၊ ဝိညာဉ်နဲ့ ခန္ဓာကို ကန့်သတ် ထားတာ၊ ရှေးဦးခေတ် ... ဧကရာဇ် တွေရဲ့ ... အဆင့်မျိုး မဟုတ် ပေမယ့်၊ မင်းကို ထိန်းထား ဖို့တော့ လုံလောက် ပါတယ်။ ”

“ နားလည်ပြီ ... ၊ ယဲ့ချင်းရှန် ငါ တကယ် အံ့သြမိ ပါတယ်၊ ငါတို့က ရန်သူမှ မဟုတ်တာ ဘာလို့ မိတ်ဆွေ မဖြစ်နိုင် ရတာလဲ၊ အကျိုးတူ စီးပွားတွေ ... ရှာနိုင် ပါတယ်။ ”

“ မဟုတ်ဘူး၊ ငါ မင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး၊ ဒါကြောင့် မင်း ဒီအကြံကို စွန့်လွှတ် လိုက်။ ”

“ ဘာလို့လဲ ... ၊ နင် ငါ့ကို သတ်ရုံနဲ့၊ ကောင်းကင် တာအို ဂိုဏ်း ပြောင်းလဲ သွားမှာ မိုလို့လား၊ ဒီလို ရတနာသိုက် ကြီးကို၊ လူ ဘယ် နှစ်ယောက်လောက် စိတ်ဝင် စား နေလဲ၊ နင် သိလား။ ”

“ မင်း တော်တော် သိထား ပုံရတယ်။ ”

“ သိတယ် ... ဒါပေမယ့် နင့်ကို အဲဒီ အကြောင်း၊ ပြောပြမှာ မဟုတ်ဘူး၊ အနာဂတ်ကို ဘယ်သူမှ မမြင် နိုင်တဲ့ အတွက် ... အရမ်းကြီး ဘဝင်မြင့် မနေနဲ့၊ နင် ငါ့ကို တောင်းပန် လာတဲ့နေ့ ... ရှိလာ လိမ့်မယ်။

“ ဒါဆို ... ၊ အဲဒီ အချိန် ငါတို့ ထပ်ပြီး ဆွေးနွေး ရအောင်။ ”

“ ဟား ဟား ဟား ... ယဲ့ချင်းရှန်၊ နင် အသက် ရှင်လျက် ပြန်လာ နိုင်အောင်ပဲ အရင် ကြိုးစားပါ၊ မဟုတ်လို့ ဓားညီလာခံမှာ သေသွားရင် ... ဒီငရဲ သံကြိုးကို ပြန်ဖျက် ပေးမဲ့လူ လိုက်ရှာ နေရမယ်။ ”

“ ဝိုး ... ၊ မင်း စကား တွေက တကယ် ကောင်းတယ်။ ”

“ အစ်ကို ယဲ့၊ ငါတို့က ဘာလို့ နည်းလမ်း မပြောင်း ရတာလဲ၊ ငရဲ သံကြိုးတွေ ပြန်ဖျက် ပေးရင်၊ ကြယ်ဓား အတွက် လိုအပ်တဲ့ အရင်း အမြစ်တွေ ... ငါ ပေးနိုင် ပါတယ်။ ”

ဝမ်မူယန်မှ မွှေးပျံ့သော ရနံ့ဖြင့် လင်းယွန် အနား လျှောက်လှမ်း လာသည်။

“ တကယ်တော့ ကြယ်ဓားက အရင်း အမြစ် အများကြီး လိုတယ်၊ သွေးကျီးကန်း အနှစ်သာရ လောက်နဲ့ မလုံ လောက်ဘူး၊ သူတို့မှာ ဘေးထွက် ဆိုးကျိုးလည်း ပါနေတယ်။ ”

ဝမ်မူယန်သည် အခြား သူများ၏ အတွေးကို ခန့်မှန်းရာ၌ အတော်ပင် ကျွမ်းကျင်ကြောင်း လင်းယွန်မှ ဝန်ခံရ ပေမည်။

“ အဲဒီ ဓားတာအို မြင့်မြတ်မြေ တွေမှာ၊ သူတို့ရဲ့ ဓား ရည်ရွယ်ချက် တွေကို၊ သန့်စင်ဖို့ အတွက်၊ အာကာသ နေရာ တစ်ခုနဲ့ ဆေးလုံး တွေ ရှိတယ်၊ အပြင် လူတွေ လုံးဝ မရ နိုင်တဲ့ အရင်း အမြစ်ပဲ၊ ဒါပေမယ့် နင် စိတ်ဝင်စားရင် ငါ ကူညီ နိုင်တယ်။ ”

ချစ်စရာ ကောင်းသော မျက်နှာ အမူ အယာနှင့် တွဲဘက် ပြီးနောက်၊ မည်သူ မဆို ဝမ်မူယန် တောင်းဆို သမျှကို၊ ချက်ချင်း သဘောတူ မိပေ လိမ့်မည်။

ဝမ်မူယန်မှ ထည်ဝါသော ရွှေသေတ္တာ တစ်လုံးကို ထုတ်ပြီး၊ ဖွင့်လိုက်သော အခါတွင် ငွေရောင် ဆေးလုံး သုံးလုံး၊ ထွက်ပေါ် လာ၏။

မျက်နှာပြင် ပေါ်တွင် တိမ်တိုက်များ ပါရှိနေပြီ၊ စွဲမက်ဖွယ် ကောင်းသော ရနံ့ တစ်ခု ကပ်ညိ နေသည်။

လင်းယွန် နဖူးရှိ နေနှင့် လသည် သန့်စင်သော ထိုစွမ်းအင်ကြောင့် လှုပ်ခတ် လာ ခဲ့၏။

“ ဒါ ဘာလဲ ... ။ ”

“ သိုင်း ရည်ရွယ်ချက်တွေ အတွက် အသုံးဝင်တဲ့ ဘယ်လို ရတနာ မျိုးမဆို ... ရှားပါး လှပါတယ်၊ ဒါက ခုနစ်ရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီး တေွနဲ့ ယှဉ်နိုင်တယ်၊ အထူး သဖြင်၊ ဓားတာအို အပေါ် ပိုပြီး ... သက်ရောက်မှု ရှိတယ်။ ”

သေတ္တာအား ပြန်ပိတ်လျက် ပြုံးလိုက်ပြီး၊

“ နေမီးတောက် သလင်းကျောက်၊ သူတော်စင် သစ်သီး ဆယ့်ရှစ် မျိုးနဲ့ ... ထူးထူး ဆန်းဆန်း ပန်းကိုးပွင့် ပေါင်းပြီး၊ မဟာ နေမင်း သူတော်စင် ဆေးလုံး အဖြစ်၊ ပေါင်းစည်း ထားတာ၊ ...

... ဒါကို ကောင်းကင် အဆင့် ... ဝိညာဉ် ရေးရာ ဆရာ သခင်သာ သန့်စင် ပေး နိုင်တယ်၊ ငါ့မှာ နောက်ထပ် မဟာ လမင်း သူတော်စင် ဆေးလုံး အပြင်၊ အခြား ရှိသေးတယ်၊ သူတို့ အားလုံးက ပြိုင်ဘက်ကင်းပဲ၊ ...

... တကယ်တော့ ဓား ရည်ရွယ်ချက်က အုပ်စိုးရှင် တာအိုပဲ၊ မင်းက ဓားသမား မဟုတ် ရင်တောင်၊ ငါ့ရဲ့ သူတော်စင် ဆေးလုံး တွေကို သန့်စင်တဲ့ အခါ၊ အဆုံးမဲ့ အကျိုး ကျေးဇူးတွေ ရရှိ နိုင်တယ်၊ ဒီနည်းလမ်းကို နင် ဘာလို့ မစဉ်းစား ရတာလဲ။ ”

ဝမ်မူယန် စကား များကြောင့်၊ သူမအား လျှော့တွက် ထားမိကြောင်း၊ လင်းယွန် သိလိုက် ၏။ မီးတောက် သုံးပါး ကိုသာ သန့်စင်ရန် နည်းလမ်း မတွေ့ခဲ့ ပါက၊ သူမ တောင်းဆိုချက် အပေါ်၊ သဘောတူ မိပေ လိမ့်မည်။

“ လူတိုင်းမှာ ဆန္ဒတွေ ... ရှိကြ ပါတယ်၊ နင့်မှာ ဆန္ဒ ရှိနေ သရွေ့ .... အရောင်း အဝယ် ဆိုတာ ရှိနေ မှာပဲ။ ”

ဝမ်မူယန်မှ ရွှေသေတ္တာကို လှည့်ပတ် ကစားပြီး၊ လင်းယွန်အား ပြုံးပြသည်။

“ မင်းကို (၆)ပါးသော မြို့တော်မှာ ... ၊ ငါ အရှက်ခွဲ ပြီးတာတောင် မှလား။ ”

လင်းယွန်က ပေါ့ပေါ့ ပါးပါး ပြန်မေး လိုက်သည်။

“ ဟုတ်တယ် ... ငါ အသက် ရှင်နေ သရွေ့ ... ။ ”

ဝမ်မူယန်မှ ချစ်စရာ အပြုံး နှင့်အတူ၊ ပြန်ဖြေ၏။ လင်းယွန် တစ်ယောက် အတွေး နက်သွားသည်။

အနန္တ သင်္ချိုင်း တောင်ကြားအတွင်း တိုက်ပွဲများ နောက်ကွယ်၌ သူမ ရှိသော်လည်း၊ သူ အသက် ရှင်နေ သရွေ့၊ အရာ အားလုံးကို ဆွေးနွေး နိုင်သည်ဟု ပြောလိုခြင်း ဖြစ်မည်။

“ မင်း သွားတော့ ... ၊ ငရဲ သံကြိုးကို ငါ ဖယ်ပေးမှာ မဟုတ်ဘူး။ ”

လင်းယွန်မှ ပြောကြား လိုက်သည်။

“ ဟား ဟား ဟား ... အစ်ကိုယဲ့ သေချာလား၊ ငရဲ သံကြိုးနဲ့ ... ငါ့ကို ထာဝရ ချုပ်နှောင် ထားလို့ မရဘူး ဆိုတာ ... နင် သိသင့်တယ်။ ”

“ ကိစ္စ မရှိဘူး ... ၊ တစ်ကြိမ် လုပ်ထား ပြီးပြီမို့၊ ငရဲ သံကြိုးတွေကို မင်း ဖယ်နိုင်လည်း ငါ ထပ်လုပ်လို့ ရတယ်။ ”

“ ယဲ့ ချင်း ရှန် ... ။ ”

နောက်ဆုံးတွင် ဝမ်မူယန် တစ်ယောက် ဒေါသ ထွက်လာ တော့သည်။ ခြေ တစ်လှမ်း ဆုတ်ခွာ ပေးခဲ့ သော်လည်း၊ ယဲ့ချင်းရှန်မှ ဖြေလျော့ရန်၊ ရည်ရွယ်ချက် မရှိချေ။

သူမ၏ သွေးဆောင်မှုကို ခံနိုင်ရည် ရှိသော ထိုမျှ ခေါင်းမာသည့် လူစားမျိုး တွေ့ရ သည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

“ ဒါဆို နောင်တ မရနဲ့၊ လျှို့ဝှက်ဓား စံအိမ်မှာ ... နင် ဘယ်လို သေမလဲ ဆိုတာ ငါ ကြည့်မယ်။ ”

ကျိန်ဆဲပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။

“ ဆေးလုံး ထားခဲ့ ... ။ ”

“ နင် ... ။ ”

ဤတစ်ကြိမ်တွင် ဝမ်မူယန် တစ်ယောက်၊ အမှန်တကယ် ဒေါသ ထွက်လာ၏။ ကမ်းလှမ်း ချက် များကို၊ သဘော မတူရုံ သာမက၊ ဆေးလုံးအား လုယူချင် နေသည်။

“ ငါ လေ့လာ ရုံပါ၊ ပြီးတာနဲ့ ပြန်ပေးမယ်။ ”

လင်းယွန်က လှမ်းတက် လာပြီး၊ သူမ သဘော ဆန္ဒကို မမေးဘဲ၊ ရွှေသေတ္တာအား ယူ လိုက်သည်။

အရှိန်မှာ မြန်လွန်း သဖြင့်၊ လင်းယွန် တစ်ယောက် ထရပ်ပြီး၊ ပြန်ထိုင် သွားသည် ကိုသာ၊ မှုန်ဝါးဝါး မြင်လိုက် ရ၏။

“ ယဲ့ ချင်း ရှန် ... ။ ”

ရူးသွပ် သွားပြီး၊ ပြေးဝင် တိုက်ခိုက် မိ၏။ သို့သော် သူမကို စိုက်ကြည့် နေသော တစ်ဖက် လူ၏ မျက်ဝန်းကြောင့်၊ ရပ်တန့်လိုက် ရသည်။

ထက်ရှသော ဓားရှည်များ လေထဲ ယှက်သိုင်း နေသည်။ ရှေ့ လှမ်းတက် မိသော် သူမ သေမည်ကို သိ၏။ တစ်ဖက် လူ၏ ခွန်အား သည်၊ လျင်မြန်စွာ တိုးလာ နေချေပြီ။

“ မသွား သေးဖူးလား။ ”

လင်းယွန်မှ မေးသည်။ ဝမ်မူယန်မှ မကျေနပ်ချက် များဖြင့် ရွှေသေတ္တာထံ ကြည့် လိုက်သည်။ ဒေါသကြောင့် တုန်ယင် နေ၏။

“ ယဲ့ချင်းရှန် ... နင် စောင့်နေ ... ၊ ဒါ မပြီးသေးဘူး။ ”

***

All Chapters