← Chapters

ရေခဲငှက် ရထားလုံး။

Vol. 147 Ch. 2046

ရေခဲငှက် ရထားလုံး။

Vol. 147 Ch. 2046

“ ဟား ... ဟား ... ဟား ... အဲဒီ မိန်းမက မင်းကို လူယုတ်မာ တစ်ယောက်လို့၊ မမျှော်လင့် ခဲ့ဖူး ထင်တယ်၊ အခုတော့ ရတနာ ကိုတောင် ဆုံးရှုံး သွားပြီ။ ”

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍ ကြည်နူး သွားသည်။

“ သူ့မှာ ... ကြယ်ဓား ရည်ရွယ်ချက်ကို သန့်စင် နိုင်တဲ့ ရတနာ တစ်ပါး ပါလာ လိမ့်မယ် လို့၊ ငါ မထင် ခဲ့တာ အမှန်ဘဲ။ ”

“ သူ ပြောတာ မှန်တယ် ... ၊ ဒီလို ရတနာ မျိုးက၊ ဓားတာအို မြင့်မြတ်မြေ တွေမှာသာ ရှိ ကြတယ်၊ ဒါတောင် ... လူတိုင်း မရ နိုင်ဘူး၊ သန့်ရှင်းသော သားတော် များသာ ရနိုင်တယ်။ ”

လင်းယွန်မှ ခေါင်းညိတ် သဘောတူ လိုက်သည်။ ကောင်းကင် တာအို ဂိုဏ်းတွင် ထို့ကဲ့ သို့ပင်၊ နဂါး သွေးများဖြင့်၊ သန့်စင်သော နဂါး သူတော်စင် သွေးရည်ကြည် ရှိသည်။

သို့သော် ထိုအဆင့် ရတနာသည်၊ ကောင်းကင် တာအို ဂိုဏ်းမှ သန့်ရှင်းသော သားတော် များပင်၊ ဖြစ်သော် ငြားလည်း၊ အလွယ် တကူ ရရှိ နိုင်သော၊ အရင်းမြစ်မျိုး မဟုတ်ချေ။

မနက် လင်းသော အခါ၊ သခင်မ နှစ်ယောက်အား နှုတ်ဆက်ကာ၊ မရဏ မိုးကြိုး တောင်ထိပ် သခင်နှင့် ထွက်ခွာရန် ပြင်၏။

လျှို့ဝှက် ဓားစံအိမ်သည် တောင်ပိုင်း နယ်စပ်တွင် တည်ရှိပြီး၊ အရှေ့ဘက် ပျက်စီးမြေ နှင့် ဝေးကွာသော အရပ် ဖြစ်သည်။

သူတော်စင် တစ်ပါး ပင်လျှင် ဤအကွာ အဝေးကို ဖြတ်ကျော်ရန်၊ ရက်ပေါင်း (၃၀)ခန့် အချိန် ယူရ ပေမည်။

လမ်းခရီးမှာ အန္တရာယ်များ ရှိကာ၊ သတိ မထားသော် ဒုက္ခရောက် နိုင်၏။ ထို့ကြောင့် တည်နေရာ ရွေ့ပြောင်း အစီရင် များကို အသုံးပြု ကြသည်။

ထိုသို့သော အစီရင် မျိုးမှာ၊ ရှုပ်ထွေး လွန်း သဖြင့်၊ ခေတ်သစ် ကောင်းကင် ဝိညာဉ် ရေးရာ ဆရာ သခင် များပင်၊ အလုံးစုံ မတည်ဆောက် နိုင်ချေ။

ရှေးဟောင်း အစီရင် များကို ပြန်လည် ပြုပြင်ပြီးသာ သုံးဝံ့ ကြ၏။ ကောင်းကင် တာအို ဂိုဏ်းရှိ အစီရင်အား အသက် သွင်း လိုက်သော အခါ၊ ရူရ်များ ရောယှက်ပြီး၊ သူတို့အား ဖုံးအုပ် သွားသည်။

ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး ကမောက်ကမ ဖြစ်လာကာ၊ အားကောင်းသော အာကာသ ဆိုင်ရာ အတက် အကျ တစ်ခု ပေါ်လာ၏။

“ ရောက်ဖို့ ဘယ်လောက် ကြာမှာလဲ။ ”

လင်းယွန်က ပတ်ဝန်းကျင်ရှိ အလင်းရောင်ကို ကြည့်ကာ မေးလိုက်သည်။

“ မိနစ် အနည်းငယ် လောက်ပဲ။ ”

“ တောင်ထိပ် သခင် ဓားမဟာမိတ် အဖွဲ့မှာ သတိထား ရမယ့် လူတွေ ရှိလား။ ”

“ ဓားမဟာမိတ် အဖွဲ့ကို ... တောင်ပိုင်း နယ်စပ်၊ အနောက် သဲကန္တာရနဲ့ ... မြောက်ပိုင်း တောင်ကြားမှာ တည်ထားတယ်၊ လျှို့ဝှက် ဓားစံအိမ် ကလွဲပြီး၊ ကျန်ဓားတာအို မြင့်မြတ်မြေ သုံးခုကို၊ ....

... ထာဝရ မြင့်မြတ်မြေ အဖြစ် ... ၊ သတ်မှတ်တယ်၊ သူတို့ ရာထူးက ကောင်းကင် တာအို ဂိုဏ်းနှင့် ... နတ်ဖီး နစ်တောင်တန်း တွေလိုပဲ၊ ခိုင်မာတဲ့ အုတ်မြစ် ရှိတယ်၊ ...

... ဓားတာအို မြင့်မြတ်မြေ တွေကြား ခွန်အားက ကွဲပြားမှု ရှိပြီး၊ ရှေးဦးခေတ် မတိုင်မီ ပေါ်ထွန်း ခဲ့တဲ့ မြင့်မြတ်မြေ တွေက၊ ခေတ်သစ် မြင့်မြတ်မြေ တွေထက် ပိုသန် မာတယ်၊ ...

... ဓားတာအို ထာဝရ မြင့်မြတ်မြေ သုံးခု အမည်က ... မြင့်မြတ်သော နှင်းရေခဲ နန်းတော်၊ အနန္တ ဓားခန်းမနဲ့၊ အနက်ရောင် ငှက်မွှေး နန်းတော် တို့ပဲ၊ ...

... ကျန်တဲ့ မြင့်မြတ်မြေ သုံးခုက ... အဆင်ပြေ ပေမယ့်၊ အနက်ရောင် ငှက်မွှေး နန်းတော် ကတော့ ... နတ်မိစ္ဆာ တံခါးနဲ့ ချိတ်ဆက်မှု ရှိတယ်။ ”

“ အကြွင်းမဲ့ ကောင်းကင် မြို့တော် ကရော ... ။ ”

လင်းယွန်မှ မေးမိ၏။

“ ဓားဧကရာဇ် တည်ထောင် ထား တာကြောင့် ... သူတို့မှာ သက်တမ်း နှစ်ပေါင်း သုံးထောင် လောက်သာ ရှိပေမယ့်၊ ဓား မဟာမိတ် အဖွဲ့ရဲ့၊ ...

... မြင့်မြတ်မြေ တိုင်းထက် ... ပို သန်မာတယ်၊ သူတို့နဲ့ ဓား မဟာမိတ် အဖွဲကြား ဆက်ဆံ ရေးက၊ နည်းနည်း ထူးခြားတယ်။ ”

၎င်းသည် အကြမ်းအားဖြင့် မြင့်မြတ်မြေ အသစ်နှင့် အဟောင်းကြား၊ ခွန်အား လွန်ဆွဲပွဲ အချို့ ရှိချေပြီ။

ထို့ကြောင့် ၎င်းတို့ နှစ်ဘက်သည်၊ ပူးပေါင်း ဆောင်ရွက်မှု များတွင်၊ ကောင်းစွာ စွမ်းဆောင် နိုင်ခြင်း မရှိ ကြချေ။

ဓားမဟာမိတ် အဖွဲ့သည်၊ ရှည်လျားသော သမိုင်းကြောင်း မရှိဘဲ၊ ဧကရာဇ် ကိုးပါးအား ရင်ဆိုင် ရန်သာ၊ ထူထောင် ထားသော အဖွဲ့ ဖြစ်၏။

ခွန်လွန် နယ်မြေ အတွင်း၊ ထိုသို့သော မဟာမိတ်များ များစွာ ရှိသည်။ သို့သော် ၎င်းတို့ မှာ၊ နိမ့်ကျသော အသွင် ယူလျက်၊ အင်ပါယာနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ထူထောင် ခဲ့ကြသည်။

ဧကရာဇ် ကိုးပါးသည် ထိုစဉ်က တန်ခိုး ကြီးလွန်း သဖြင့်၊ မြင့်မြတ်မြေများ အချင်းချင်း မဟာမိတ် ပြုကြ သည်မှာ သဘာဝ ဖြစ်၏။

သို့သော် ငြားလည်း ဧကရာဇ် ကိုးပါးကို ရင်ဆိုင်ရန် ခက်ခဲ နေဆဲ ပေပင်။ တောင်ပိုင်း ဧကရာဇ် သည်သာ ရှိနေ သေးသော်၊ ထိုမဟာ မိတ် အဖွဲများ အတွက်၊ လွယ်မည် မဟုတ်ချေ။

“ ဒါပေမယ့် အခု အခြေအနေက မတူ တော့ဘူး၊ ရွှေခေတ် ရောက်လာပြီ၊ နတ်နဂါး အင်ပါယာက မြင့်မြတ်မြေတွေ အားလုံးကို၊ စုစည်း လိုတယ်၊ ဒါကြောင့် ခွန်လွန်က တသားတည်း ဖြစ်လာ လိမ့်မယ်၊ ...

... အဲဒီ အချိန်မှာ ... နတ်နဂါး ဧကရီရဲ့ ဘုန်းတော်က၊ နတ်နဂါးခေတ် တစ်ခု လုံးကို ထွန်းတောက် လာစေမယ်။ ”

လင်းယွန်က မရဏ မိုးကြိုး တောင်ထိပ် သခင်အား ကြည့်လိုက်၏။ လျှို့ဝှက်ချက် အချို့ ကို သိထား သောကြောင့်၊ ပေါင်းစည်း ရုံမျှနှင့်၊ ဧကရီသည် ကျေနပ်မည် မဟုတ်မှန်း၊ လင်းယွန် သိသည်။

မိနစ် အနည်းငယ် အကြာတွင် မြို့ကြီး တစ်မြို့ အနား ပြန်ပေါ် လာသည်။ ဤသည်မှာ ဓားဂိုဏ်း အပြင်၌၊ တည်ထားသော မြို့ကဲ့သို့၊ ဓားစံအိမ်၏ ပြင်ပ မြို့တော် ဖြစ်၏။

မြို့၏ အမည်မှာ၊ မြင့်မြတ်သော ငရဲ မြို့တော် ဖြစ်ပြီး၊ မြို့တော် အတွင်း၌ အင်အားစု အသီးသီးမှ လူများနှင့် ပြည့်နှက် နေသည်။

မြို့တော်ကို အပိုင်း လေးပိုင်း ခွဲခြား ထားကာ၊ ကောင်းကင် တာအို ဂိုဏ်းမှ ဌာန ခွဲအား၊ ထိုအရပ် တစ်နေရာ၌ တည်ထား၏။

ဓားညီလာခံကို ဆယ်ရက် အကြာတွင် ကျင်းပ ပေမည်။ ထို့ကြောင့် သူတို့ ရောက်လာ သည်မှာ၊ နောက်ကျ ချေ၏။

လက်ရှိ မြင့်မြတ်သော ငရဲ မြို့တော်သည်၊ ခွန်လွန်၏ ဓားသမား များဖြင့် ပြည့်နှက် နေပြီး၊ ရှားရှား ပါးပါး တွေ့ရခဲသော ဉာဏ်ကြီးရှင် ဓားသမား များပင် ရောက်ရှိ နေသည်။

လင်းယွန်က ကောင်းကင် တာအိုဂိုဏ်း ဌာနခွဲတွင် (၂)ရက်ခန့် အနား ယူကာ၊ မြို့ထဲ လမ်းလျှောက် ထွက်လာ ခဲ့သည်။

“ မိတ်ဆွေလေး ဓားဝယ်ချင် လို့လား၊ လျှို့ဝှက်ဓား စံအိမ်က ကောင်းကင် ဝိညာဉ်ရေး ဆရာ သခင် သွန်းလုပ် ထားတဲ့ ဓားတွေကို စိတ်ဝင် စားလား။ ”

လူငယ် တစ်ယောက်က လင်းယွန်အား ပြုံးပြုံးလေး ကြည့်ပြီး မေးလာသည်။

“ မင်းက လျှို့ဝှက် ဓားစံအိမ်ရဲ့ တပည့် တစ်ယောက်လား။ ”

“ ဒီလို သတ်မှတ်လို့ ရပါတယ်။ ”

လျှို့ဝှက် ဓားစံအိမ်မှ တပည့် များကို အဝတ်အစား တံဆိပ် များဖြင့်၊ အမှတ် အသား ပြုထား သောကြောင့်၊ မည်သူမျှ ဟန်ဆောင် ဝံ့ခြင်း မရှိချေ။

“ ဓားစံအိမ်ရဲ့ တပည့်က ဓားရောင်းဖို့ တာဝန် ရှိတာလား။ ”

လူငယ်၏ ကျင့်ကြံမှုသည်၊ နိဗ္ဗာန် အဆင့်တွင် ရှိပြီး၊ လင်းယွန် ပြောသည့် စကား ကြောင့်၊ ချက်ချင်း ပြန်ဖြေ နိုင်ချေ။

လင်းယွန်က ဆိုင်အတွင်း ခင်းကျင်း ထားသော ဓားများထံ ကြည့်၏။ အများ စုမှာ သာမန် သူတော်စင် လက်ရာများ ဖြစ်သည်။

၎င်းတို့အား မဆွဲဝံ့ သောကြောင့်၊ ဓားရည်ရွယ်ချက် ဖြင့်သာ စစ်ဆေး လိုက်မိ သည်။

“ ဓားစံအိမ်က ဓားတွေက၊ ကျော်ကြားပြီး ဓားညီလာခံ ဆိုတာ ခမ်းနားတဲ့ ပွဲပဲ၊ ခွန်လွန်က ပါရမီရှင် ဓားသမား အားလုံး၊ ဒီပွဲမှာ ဓားစံအိမ် လက်ရာ ဓားတွေကို ဝယ်ချင် ကြတယ် မဟုတ်လား။ ”

လူငယ်က ဖြေရှင်းစရာ စကားလုံးများ တွေ့ရှိသွား သဖြင့်၊ ပြုံးပြီး ပြန်လည် ပြောကြား လာသည်။

“ ဒီဓားတွေက မဆိုး ပါဘူး၊ သာမာန် သူတော်စင် ဓားတွေထက် ပိုကောင်းတယ်။ ”

လင်းယွန်မှ ခေါင်းညိမ့် လိုက်သည်။ လူငယ်လေးမှာ မျက်လုံးများ တောက်ပ လာ တော့သည်။

“ မင်းမှာ တော်တော် ကောင်းတဲ့ မျက်လုံးတွေ ရှိတယ်၊ သာမန် သူတော်စင်ဓား တွေ ကိုတောင်၊ မြေအောက် သွေးကြောက၊ မြင့်မြတ် မီးတောက်နဲ့ သွန်းလုပ် ရတယ်၊ အချို့သော အနန္တ သူတော်စင် လက်ရာ တွေကိုတော့ နဂါးမီးတောက် ...

... ဒါမှ မဟုတ် ဖီးနစ် မီးတောက်နဲ့ ... ၊ သွန်းလုပ် ရတယ်၊ မိတ်ဆွေလေး ကြိုက်ရင် စမ်းကြည့်လို့ ရပါတယ်။ ”

ထိုစကားကို ကြားသော အခါ လင်းယွန်မှ ပြုံးလျက်၊ ‘ဒေါသအိုး ကရော ဘယ်လို ဓားလဲ၊’ -ဟု မေး မြန်း လိုက်သည်။

“ အဲဒါက ... အုပ်စိုးရှင် သူတော်စင် လက်ရာပဲ၊ ကောင်းကင် မီးတောက် တွေနဲ့ သွန်းလုပ် ထားတယ်။ ”

လူငယ်မှ ပြန်ဖြေသည်။ စူးစမ်းချင်စိတ် ပေါ်လာ သဖြင့်၊ လူငယ်နှင့် စကား စမြည် ပြော ဆိုရန်၊ ဆိုင်ဘေးသို့ ဝင်ထိုင် လိုက်သည်။

သို့သော် ရုတ်တရက် ယဲ့ဇီလင်အား မြင်လိုက်လေရာ၊ ချက်ချင်း ထရပ် လိုက်မိ၏။ သိုင်း လောက ရေနွေးကြမ်း သောက်ပွဲတွင် သူတို့ နောက်ဆုံး တွေ့ခဲ့ ရသည်။

သူမ၏ နတ်နဂါး ခန္ဓာကိုယ်သည် ထိုစဉ်ကထက် သာလွန် အားကောင်း နေချေ၏။

‘ငါကြိုက်တာ ပန်းသင်္ချိုင်းပဲ ... ၊ လင်းယွန် မဟုတ်ဘူး။’ -ဟူသော စကားကို ပြန်ကြား လာ ကာ၊ ကူကယ်ရာ မဲ့စွာ ကြည့်နေ မိ၏။

“ လှတယ်နော် ... ။ ”

လူငယ် ကလည်း ယဲ့ဇီလင်အား သတိပြု မိကာ ပြုံးပြီး မှတ်ချက် ပေးလာ၏။ လင်းယွန်မှ ခေါင်းညိတ် ပြလိုက်သည်။

“ ဒါပေမယ့် မိတ်ဆွေလေး သူ့ကို မနှောင့်ယှက်နဲ့၊ သူ့ အမည်က ယဲ့ဇီလင် ဖြစ်ပြီး၊ ရေခဲ နတ်နဂါး ဘွဲ့ကို ရရှိ ထားတယ်၊ ...

... သူ့မှာ ရေခဲ ရည်ရွယ်ချက် ဆုပ်ကိုင် ထားပြီး၊ ရှေးဟောင်း သူတော်စင် မူလကို ရရှိ ခဲ့ဖူးတယ်၊ မြင့်မြတ်သော ငရဲ မြို့တော်ကို၊ ...

... သူ ရောက်လာတဲ့ နေ့တုန်းက၊ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ သေးတယ်၊ သူ့ဒေါသက အထိန်း အကွပ် မရှိဘူး၊ ရင်းနှီးဖို့ ကြိုးစားတဲ့ လူတိုင်းကို သင်ခန်းစာ တစ်ခု ပေးခဲ့တယ်။ ”

လူငယ်က သူ့လက်ကို ဝှေ့ယမ်းပြီး၊

“ အဲဒီ နဂါးဖြူ သူတော်စင် ဓားကို တွေ့လား၊ ဒါက ... ပျောက်ကွယ် သွားခဲ့တဲ့ ရှေးဟောင်း သူတော်စင်ဓား တစ်လက်ပဲ။ ”

ထိုဓားကို သူ ပေးထားခြင်း ဖြစ်သော ကြောင့်၊ လင်းယွန်မှ ပြုံးသည်။ လူငယ်လေးက သူ သိထား သမျှ၊ အချက် အလက် များကို တောက်လျှောက် ပြောပြ လာ၏။

“ သူမှာ ထူးထူး ခြားခြား ဇစ်မြစ် ရှိတယ်၊ ရှေးဟောင်း သူတော်စင် မိသားစုရဲ့ တိုက်ရိုက် ဆင်းသက် လာသူ ဖြစ်ပြီး၊ ကျန့်ကျင်းရှန်ရဲ့ သမီးလည်း ဖြစ်တယ်၊ ကျန့်ကျင်းရှန်ကို သိတယ် မဟုတ်လား။ ”

“ အင်း ... နည်းနည်း ကြားဖူးတယ်။ ”

လင်းယွန်မှ ခေါင်းညိတ်သည်။

“ ကျန့်ကျင်းရှန်က ဒဏ္ဍာရီပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်က ... ဓားညီလာခံရဲ့ ပထမ ဖြစ်ခဲ့တယ်၊ သူ့လို ပါရမီရှင် မျိုးကို ဓားတာအို မြင့်မြတ်မြေ မဟုတ်တဲ့ ...

... ဂိုဏ်း တစ်ခုက ပျိုးထောင် ခဲ့တာ ဘယ်လောက် တုန်လှုပ်စရာ ကောင်းလိုက်လဲ ဆိုတာ တွေးကြည့် လိုက် ... ။ ”

ထိုအချိန်တွင် ကြောက်မက်ဖွယ် ကောင်းသော အအေးလှိုင်း တစ်ခု လမ်း၏ အဆုံးမှ ရိုက်ခတ် လာသည်။

များမကြာခင် နှင်းဖြူ-ရေခဲငှက် တစ်ကောင်မှ ဇိမ်ခံ လှည်းရထား လုံးကို ဆွဲကာ ယဲ့ဇီလင် လမ်းအား၊ ပိတ်ရပ် လိုက်၏။

ရေခဲငှက်သည် ရေခဲ ဖီးနစ်၏ သွေးကြောများ ပါရှိပြီး၊ အမည်ခံ သူတော်စင် နယ်ပယ်တွင် ရှိနေသည်။

ကြောက်မက်ဖွယ် ကောင်းသော ၎င်းရောင်ဝါကြောင့်၊ လမ်းသွား လမ်းလာ များက နောက်ပြန် ဆုတ်သွား ကြသည်။

“ အဲဒီ လူက ဘယ်သူလဲ။ ”

လင်းယွန်မှ မျက်မှောင် ကြုတ်ကာ၊ မေးလိုက်သည်။

“ မင်း ... မသိ ဘူးလား၊ ရထား ပေါ်မှာ ထိုင်တဲ့ လူငယ်က ... ရေခဲ ဧကရာဇ်ရဲ့ တပည့် ကူဇီကျန်း ပဲ။ ”

လူငယ်က တုန်လှုပ် ခြောက်ခြားစွာ ပြောကြား လာ၏။ ရေခဲ ဧကရာဇ် ဟူသည် ခွန်လွန်၏ ဒဏ္ဍာရီလာ ဧကရာဇ် ကိုးပါး စာရင်း အတွင်း၊ မပါဝင် သော်လည်း၊ သန်မာသော ဧကရာဇ် တစ်ပါး ဖြစ်နေဆဲ ပေပင်။

မြင့်မြတ်သော နှင်းရေခဲ နန်းတော်သည် ဓားမဟာမိတ် အဖွဲ့၏ ဓားတာအို မြင့်မြတ်မြေ (၃)ပါး စာရင်း ဝင်၏။

နန်းတော် သခင် ရေခဲ ဧကရာဇ်သည် ထက်မြက်သော ဓားသမား တစ်ဦး ဖြစ်ကာ၊ သူ၏ နှင်းခဲဓား တာအိုသည်၊ ယုချင်းဖန် ထက်ပင် အားကောင်း ချေ၏။

ဤလူသည် ရေခဲ ဧကရာဇ်၏ တပည့် ဖြစ်သောကြောင့်၊ ဉာဏ်ကြီးရှင် ဓားသမား ဖြစ် မည်မှာ သေချာ ချေပြီ။

ဓားညီလာခံ၏ ချန်ပီယံ ရာထူး အတွက် ရောက်ရှိ လာခြင်း ဖြစ်မည်။ သို့သော် အဘယ့် ကြောင့် ယဲ့ဇီလင်းအား တားဆီး နေသည်ကို တွေးမရချေ။

ရထား ပေါ်မှ ကူဇီကျန်း အသံ ထွက်လာ၏။

“ မိန်းကလေး ယဲ့ ... ၊ ငါ မင်းကို ဖိတ်စာ သုံးစောင် ပို့ပြီး တာတောင်၊ အကြောင်း မပြန် ခဲ့တဲ့ အတွက်၊ ကိုယ်တိုင် လာရောက် ဖိတ်ကြား ရတာပါ၊ ငါ့ကို မျက်နှာသာ ပေးလို့ ရမလား။ ”

ယဲ့ဇီလင် မျက်နှာမှာ အေးစက် နေပြီး၊ စကား မပြန်ချေ။ ခပ်တည်တည်နှင့် ရှောင်ကွင်း သွားတော့သည်။

“ မင်းက ဘယ်လိုတောင် မောက်မာ လိုက်လဲ။ ”

ရထား ပေါ်ရှိ အစေခံ တစ်ဦးက ကောင်းကင်ပေါ် ပျံတက်ကာ ယဲ့ဇီလင် ရှေ့တွင် ပေါ်လာသည်။

“ ဖယ် စမ်း ... ။ ”

“ သခင်ငယ်က ရေခဲ ဧကရာဇ်ရဲ့ ... ၊ တိုက်ရိုက် တပည့်ပဲ၊ မင်း အရမ်းကြီး မောက်မာ ပြ နေစရာ မလိုဘူး။ ”

ယဲ့ဇီလင်မှ နဂါးဖြူ ဓားရိုးပေါ် လက်တင် လိုက်သည်။ ထို့နောက်တွင် ပြင်းပျသော သတ် ဖြတ်လို စိတ်က၊ နဂါး တစ်ကောင် အလား၊ လေထဲ ရစ်သိုင်း လာ၏။

“ ပြန်လာခဲ့ ... မိန်းကလေးယဲ့ အတွက် ခက်ခဲအောင် မလုပ်နဲ့၊ မိန်းကလေး ယဲ့ ... မင်း နာမည် ကြားပြီး ... ငါ မင်းနဲ့ တွေ့ချင်ရုံပါ၊ မင်း အတွက် ခက်ခဲအောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ”

ကူဇီကျန်းမှ လှမ်းပြော လာ၏။ သို့သော် သူ့ကို တုံ့ပြန် သည်မှာ၊ ဓားရောင်ခြည် တစ်စင်း သာ ဖြစ်သည်။ ယဲ့ဇီလင်မှ သူ့အစေခံအား ဓားဖြင့် ခုတ်ချ လိုက်တော့၏။

“ ငါ စိတ်မဝင်စားဘူး။ ”

ပြောပြီး ဆက်၍ ထွက်ခွာ သွားသည်။ ရထားလုံး ပေါ်ရှိ ကူဇီကျန်း ခမျာ ဝိုင်ခွက်အား ပြန်ချလျက်၊

“ သူမရဲ့ ဒေါသက ... ၊ ကောလ ဟာလတွေ အတိုင်း ပါပဲလား ... ၊ အရမ်း ကြောက်စရာ ကောင်း တယ်။ ”

-ဟု ညည်းတွား လိုက်၏။

ရထားလုံး အတွင်း ပိုင်းသည်၊ နန်းတော် တစ်ဆောင်နှင့် တူ၏။ သူ့ဘေးတွင် လှပသော အစေခံ (၆) ယောက် ထိုင်နေသည်။

“ သွား ရ အောင် ... ။ ”

အဝေး၌ ပျောက်ကွယ် သွားသော ယဲ့ဇီလင်အား ကြည့်ကာ၊ သက်ပြင်းချလျက် အစေခံ တစ်ယောက်အား၊ ရထားလုံးကို မောင်းနှင် စေလိုက်သည်။

“ ဟား ဟား ဟား ... ၊ နာမည်ကြီး ကူဇီကျန်းတောင် ရေခဲ နတ်နဂါး လက်မှာ၊ ရှုံးနိမ့် လိမ့်မယ်လို့ ... မထင်ထား မိဘူး။ ”

ဓားစံအိမ်မှ လူငယ်က မှတ်ချက် ပြု လိုက်တော့သည်။ သို့သော် လင်းယွန် မရှိတော့ သည်ကို၊ သိရှိ သွားကာ၊ မျက်နှာ ပျက်သွား၏။

“ ဘယ်လိုတောင် မြန်လိုက်တဲ့ လူလဲ။ ”

ယနေ့တွင် ဓား တစ်ချောင်းမျှ မရောင်း ရသေး လေရာ၊ သူ့ဆိုင်ထံ ပြန်လှည့် ကြည့်ပြီး၊ စိတ်ပျက် လက်ပျက် သက်ပြင်းချ လိုက်မိ၏။

***

All Chapters