← Chapters

အနက်ရောင် ငှက်မွှေး နန်းတော်။

Vol. 147 Ch. 2048

အနက်ရောင် ငှက်မွှေး နန်းတော်။

Vol. 147 Ch. 2048

လင်းယွန်နှင့် ယဲ့ဇီလင် ပျောက်ကွယ် သွားချိန်၌ မုချွမ် ဘေးတွင် အမျိုးသမီး တစ်ဦး ပေါ်လာ၏။

အမျိုးသမီး၏ ခန္ဓာ ကောက်ကြောင်း အလှမှာ၊ ရင်သပ် ရှုမောဖွယ် ကောင်းသော အသွင် အပြင်မျိုး ပေပင်။

အမျိုးသမီးက ပြုံးပြီး၊

“ ဒါဆို သူက ဆရာရဲ့ အချစ်ဆုံး တပည့်ပေါ့။ ”

-ဟု မေးမြန်း လာ၏။

“ ဒုတိယ အစ်မ အခြေအနေ ဘယ်လိုလဲ။ ”

မုချွမ်မှ ပြန် မဖြေဘဲ၊ အဓိက အကြောင်း အရာကို တည့်တည့် မေးလိုက်၏။

“ ခက်တယ် ... ကောင်းကင်ဘုံကို၊ ငှားထားပြီးသား ဆိုတော့ ... အဲဒီ အဖိုးကြီးက ဒေါသအိုးကို မငှားချင် တော့ဘူး၊ အထူး သဖြင့် ငါတို့ ဆရာ အတွက် ဆိုတာနဲ့ ...

... အားလုံးက ငြင်းဆန် ကြတယ်၊ အရှေ့ ပင်လယ် ကနေ ပြန်လာတဲ့ ငါ့ကိုတောင် အတေွ့ မခံ ကြဘူး။ ”

သူမသည် လျှို့ဝှက် ဓားစံအိမ်၏ သမီး ဖြစ်ပြီး၊ အရှေ့ ပင်လယ်သို့ ခရီး ထွက်နေသူ ဖြစ်သည်။

“ ဒါမှ ဒုက္ခပဲ ... ။ ”

မုချွမ် တစ်ယောက် အနည်းငယ် ခေါင်းကိုက် သွားသည်။

“ တခြား နည်းလမ်း မရှိ တော့ရင် ... ၊ ငါတို့က အဲဒါကို အတင်း လုယူ ရမှာပဲ။ ”

“ ခဏ စောင့်ကြည့် ပါဦး။ ”

ဒုတိယ အစ်မ၏ စကားကြောင့် မုချွမ်မှ ထိတ်လန့် သွားသည်။ ထိုအချိန်တွင် လင်းယွန် နှင့် ယဲ့ဇီလင့်မှာ၊ ဦတည်ရာ အရပ်သို့ ရောက်ရှိ သွားတော့သည်။

ဤနေရာသည် တိမ်လွှာ ကျွန်း ဖြစ်၏။ မြင့်မြတ်သော ငရဲ မြို့တော်ကို မြစ်သုံးစင်း၏ ဗဟိုတွင် တည်ထားပြီး၊ တိမ်လွှာ ကျွန်းသည် မြို့တော် မြောက်ဘက်တွင် တည်သည်။

ကျွန်းပေါ်၌ ဆေးလုံးများ၊ ကိုယ်ခံ ပညာ ရပ်များနှင့်၊ နတ်ဆိုး သားရဲ အစိတ် အပိုင်း များ ကို ရောင်းချသည့် ဆိုင်များစွာ ရှိ၏။

အရောင်းဆိုင် များနှင့် အတူ၊ တည်ခိုခန်း ဆောင်များ တွဲဘက်တည်ဆောက် ထားသည်။ တည်ခိုခန်းများ အလည်တွင်၊ လူ ထောင်ပေါင်း များစွာ ဝင်ဆန့်သော ရင်ပြင်ကြီး တစ်ခု ရှိ၏။

အတွင်း၌ အရှေ့ဘက် ပျက်စီးမြေမှ ဉာဏ်ကြီးရှင် ဓားသမားများ အားလုံး စုဝေး နေခဲ့ ကြသည်။

ယဲ့ဇီလင် နောက်မှ လိုက်လာသည့် လင်းယွန်ကို မြင်သော အခါတွင် ကေျာက်ယန်၊ ကုန်းစွန်းယန်၊ မူချင်းချင်းနှင့် ယဲ့ဇီယွင် တို့က မျက်မှောင်ကြုတ် လိုက်ကြသည်။

လူတိုင်းသည် သက်ဆိုင်ရာ အုပ်စုများ ဖွဲ့ကာ၊ စုရုံး နေကြပြီး၊ အချင်းချင်း စကားစမြည် ပြောဆို နေ၏။

အများစုမှာ နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်း မှုတွင် ရှိကာ၊ အစွမ်းထက်သော ဓား ရည်ရွယ်ချက် များ ဖြာထွက် နေသည်။

ယဲ့ဇီလင်မှ ဓားဂိုဏ်းထံ ဦးတည် လျှောက်လှမ်း သွားစဉ်၊ ကုန်းစွန်းယန်က ဦးစွာ လှမ်းထွက် လာသည်။

“ စီနီယာ အစ်မ ... ဒီကောင် ဘယ်သူလဲ၊ နိဗ္ဗာန်-သတ္တမ ကျင့်ကြံမှု လောက်နဲ့ ... လာရှုပ် ချင်နေ တာလား၊ သေချင် နေတာပဲ။ ”

ဤရက်များ အတွင်း၊ လူများစွာ၏ နှောင့်ယှက်ခြင်းကို ခံနေခဲ့ ရသည့် အတွက်၊ ဓား ဂိုဏ်း၏ တပည့် များမှာ၊ စိတ် မကြည် တော့ချေ။

ထို့ကြောင့် ကုန်းစွန်းယန်မှ လင်းယွန်၏ ရန်ပြုရန် အင်္ကျီ ကော်လံကို ဆုပ်ကိုင် လိုက်စဉ် ယဲ့ဇီလင်မှ၊

“ သူက ကောင်းကင် တာအို ဂိုဏ်းရဲ့ ယဲ့ချင်းရှန်ပဲ။ ”

-ဟု မိတ်ဆက် ပေးလိုက် ရသည်။

“ ယဲ့ချင်းရှန် လား ... ၊ ဒါဆို သူက (၆) ပါးသော မြို့တော်မှာ ကျင်းရွှမ်ယီကို သတ်ခဲ့တဲ့ လူပေါ့၊ ဘုရင် အဆင့် ပထမ။ ”

ကုန်းစွန်ယန် တစ်ယောက် ချက်ချင်း တုန်လှုပ် သွားသည်။

“ အင်း ... ငါပဲ။ ”

လင်းယွန်မှ ပြန်ဖြေ၏။ ထိုအဖြေ စကားကြောင့် ကုန်းစွန်းယန် ခမျာ အဆင် မပြေ ဖြစ်လာပြီး၊ အင်္ကျီ ကော်လံကို လွှတ်ကာ၊

“ သခင်လေး ယဲ့က ... ကောလ ဟာလ တွေထဲက အတိုင်း ... တကယ် ကြည့်ကောင်း တာပဲ၊ မင်းရဲ့ အဝတ် အစားတွေ သပ်သပ် ရပ်ရပ်လေး ဖြစ်အောင်၊ ငါကူညီ ပေးမယ်။ ”

-ဟု ပြောကြား လိုက်တော့သည်။

အဝတ်အစား များကို သပ်သပ် ရပ်ရပ် ပြင်ဆင်ပေး ပြီးနောက်၊ ကျောက်ယန် နောက် အမြန် ဝင်ပုန်း လေသည်။

‘ယဲ့ချင်းရှန်၊’ ဟူသော နာမည်ကို ကြားလိုက်ရ သည်နှင့်၊ များစွာသော အကြည့် များက၊ သူ့ထံ ဦးတည် လာ၏။

ဓားသမား လူငယ် တစ်ယောက်က၊

“ မင်းက ကောင်းကင် တာအို ဂိုဏ်းရဲ့ ဉာဏ်ကြီးရှင် ဓားသမား မဟုတ်လား၊ မင်းမှာ ကြယ်ဓား ရည်ရွယ်ချက် ကိုတောင်၊ ဆုပ်ကိုင် ထားတယ်။ ”

-ဟု စုံစမ်း လာတော့သည်။

ဤလူ၏ အမည်မှာ အန်းဇီယွင် ဖြစ်ပြီး၊ ရှေးဟောင်း သူတော်စင် မိသားစု၏ တိုက်ရိုက် မျိုးဆက် ဖြစ်ချေ၏။

အဖိုးတန် အဝတ် အစား များကို ၀တ်ဆင်ထားပြီး၊ ထူးထူး ခြားခြား ထင်ပေါ် လှသည်။ အသက်မှာ နှစ်ဆယ်ကျော် ခန့်သာ ရှိပုံ ရ၏။

“ ငါ့ကို ဉာဏ်ကြီးရှင် တစ်ယောက်လို့ သတ်မှတ်လို့ မရ ပါဘူး၊ ကံကောင်း ခဲ့တာပါ။ ”

လင်းယွန်မှ ပြန်လည် ပြောကြား လိုက်သည်။ ဤနေရာရှိ လူတိုင်းမှာ အရှေ့ဘက် ပျက်စီးမြေမှ ဓားသမားများ ဖြစ်ကြ သဖြင့်၊ မာန ကြီးကြ၏။

အများစုသည် ယဲ့ချင်းရှန် ခွန်အားကို မမြင်ဖူးချေ။ ထို့ကြောင့် လင်းယွန်၏ အပြု အမူ အရ၊ ကြယ်ဓား ဆုပ်ကိုင် ထားသည် ဟူသော၊ သတင်း အပေါ်၊ သံသယဝင် လာကုန်၏။

“ မင်းက ကောလဟာလ တွေနဲ့ မတူဘူး၊ ကောလ ဟာလတွေ ထဲမှာ မိုက်မဲပြီး၊ အမည်ခံ သူတော်စင် ကိုတောင် ... မျက်လုံးထဲ မထားဘူးတဲ့။ ”

အန်းဇီယွင်မှ ပြုံးပြီး ပြောကြား လာ၏။

“ အဲဒါက အမှား တွေပါ ... ပြောဖို့ မထိုက်တန် ပါဘူး။ ”

လင်းယွန်က ပြန်လည် ပြုံးပြ လိုက်သည်။

“ သူက တကယ်ပဲ ယဲ့ချင်းရှန်လား၊ ဘာလို့ ဒီလောက်တောင် နိမ့်ချ နေရ တာလဲ ... ။ ”

“ ယဲ့ချင်းရှန်က မာန ကြီးပြီး ... သူ့ကို စိုက်ကြည့်ဝံ့တဲ့ လူတိုင်းကို၊ သတ်ပစ် တယ်လို့ သတင်းကြီး နေတာ၊ သန့်ရှင်းသော သမီးတော် ကို စော်ကား ရုံသာ မကဘူး၊ သူတော်စင် ဘုရင် တစ်ပါးရဲ့ တပည့် တစ်ဦး ကိုတောင်၊ သတ်ပစ် ဝံ့တယ်။ ”

“ ဟုတ်တယ် ... သခင်ငယ် ဝူရှောင်လည်း သူ့ကြောင့် အရှက် ရပြီး၊ ဒေါသ ထွက်ခဲ့ ရတယ်။ ”

ယဲ့ချင်းရှန်တွင် ဓားသမား အမူအရာမျိုး မရှိသည့် အပြင်၊ ကောလာဟလ များနှင့် ကွဲပြား နေ သဖြင့်၊ လူ အများက မထီ မဲ့မြင် ပြုလာ ခဲ့ကြသည်။

လင်းယွန်မှ ဂရု မစိုက်ချေ။ ယဲ့ဇီလင်ကို စိတ်ပူကာ၊ ဓားဂိုဏ်းအား ကြည့်ရန် လိုက်လာ ခြင်း ဖြစ်၏။

ယဲ့ဇီလင်က သူ့အား ကာကွယ် ပေးရန် ရည်ရွယ်ချက် မရှိ သဖြင့်၊ ယဲ့ဇီယွင် အနားသို့ ဆက်လျှောက် သွားသည်။

သူတို့ ညီအစ်မ နှစ်ယောက်ကြား ဆက်ဆံရေးသည်၊ ယခင်လို မဟုတ် တော့ဘဲ ပြေလျော့ နေပြီ ဖြစ်၏။

“ ယဲ့ချင်းရှန် ... မင်း ဘာလုပ် တာလဲ၊ မင်းကို ဘယ်သူက လာခွင့် ပြုလို့လဲ။ ”

ယဲ့ဇီလင်နောက် လိုက်ရန် ပြင်နေသော လင်းယွန်ကို ကြည့်ကာ၊ ကုန်းစွန်းယန်မှ ဟိန်း ဟောက် လိုက်သည်။

ယင်းကြောင့် ဤကုန်းစွန်းယန်သည် ယခင် အတိုင်း ရှိနေဆဲ ဖြစ်မှန်း သိလိုက်ကာ၊ စိတ်ထဲမှ ပြုံးလျက် ခြေလှမ်း အနည်းငယ် နောက်ပြန် လိုက်မိသည်။

ဤသည်မှာ သူရဲဘော ကြောင်သော အပြုအမူမျိုး ဖြစ်သဖြင့်၊ ယဲ့ဇီလင်မှ စိတ်ပျက် သွား လေသည်။

“ ယဲ့ချင်းရှန် ... ငါတို့ ဇီလင်ကို ... နင် လက်လွှတ် လိုက်ပါ၊ တစ်ချိန်က နင် ဘာတွေ လုပ်ခဲ့လဲ၊ ငါ မသိဘူး မထင်နဲ့ ... ။ ”

ယဲ့ဇီယွင်မှ သတိပေး စကား လှမ်းပြော လိုက်သည်။

“ ငါ ဘာလုပ် လို့လဲ ... ။ ”

လင်းယွန်က မေးမိ၏။

“ အပြစ် မရှိသလို ဟန်ဆောင် ပြနေ တာလား၊ တစ်ချိန်က ကောင်းကင် ရေကန်မှာ တစ်လကြာ ပုန်းအောင်းပြီး ... ၊ ငရဲ သစ်ခွ ခြံဝင်းက သန့်ရှင်းသော သမီးတော်ကို ချောင်းကြည့် ခဲ့တာ မဟုတ်လား။ ”

“ အင်း အဲဒါတော့ မှန်တယ်။ ”

“ ဟမ့် ... ၊ နင်က ဒါကို ဝန်ခံရဲတယ်၊ ကောင်းကင် တာအို ဂိုဏ်းရဲ့ ... ဉာဏ်ကြီးရှင် ဓားသမား ဆိုတဲ့ ဘွဲ့ထူးနဲ့၊ ငါတို့ ဇီလင် အနား လာနိုင်မယ် မထင်နဲ့၊ နင်က လူယုတ်မာပဲ။ ”

ယဲ့ဇီယွင်က အထင် သေးစွာဖြင့် နှာခေါင်းရှုံ့ လိုက်သည်။ သူမ စကားကြောင့် တိတ်တဆိတ် စောင့်ကြည့် နေသော လူအုပ်မှာ ပြုံးရယ် လိုက်ကြသည်။

“ အစ်ကို ရီ ... ၊ ဒီကောင်ရဲ့ ဂုဏ်သတင်းက အမှန် ဟုတ်ပုံ မရဘူး၊ ကြွားလုံး ထုတ်ခဲ့ တာနေ မယ်၊ အမည်ခံ သူတော်စင် သေဆုံးခြင်း နောက်မှာ ဇာတ်လမ်း တစ်ပုဒ် ရှိရမယ်။ ”

အန်းဇီယွင်က တစ်စုံ တစ်ယောက်ထံ တိုးကပ် သွားပြီး၊ အထင် အမြင် သေးစွာ ပြောကြား လိုက်သည်။

တစ်ဖက်တွင် အစ်ကိုရီ ဆိုသော လူငယ်သည် လူအချို့ ခြံရံလျက်၊ ယဲ့ချင်းရှန်ထံ အထင် အမြင် သေးစွာ ကြည့်လိုက်၏။

သူ့အမည်မှာ ကျုံးရီ ဖြစ်သည်။ သူ့ ဆရာသည် အရှေ့ဘက် ပျက်စီးမြေ၏ ဓား သူတော်စင် သုံးပါး အနက်မှ၊ တစ်ပါး ဖြစ်သော ငရဲဓား သူတော်စင် ဖြစ်သည်။

မြင့်မြတ်မြေ၏ ထူးချွန်သူ အချို့ မှလွဲပြီး၊ ယဲ့ဇီလင် အပါအဝင်၊ ဤနေရာရှိ မည်သူမျှ သူ့ ပြိုင်ဘက် မဖြစ် နိုင်ချေ။

လင်းယွန်သည် မရိုးရှင်းဟု ခံစားရ သော်လည်း၊ သူရဲဘော ကြောင်သော အပြု အမူ ကြောင့်၊ ကျုံးရီမှ စိတ်မဝင် စားချေ။

ဓားသမား များသည် မာန ရှိသင့်ပြီး၊ လက်ထဲတွင် ဓားကိုင်နိုင် သရွေ့၊ မကြောက်မရွံ့ တိုက်ပွဲ ဝင်နိုင်ရ ပေမည်။

များမကြာခင် လင်းယွန်အား မည်သူမျှ ဂရုမစိုက် တော့ဘဲ၊ ပြောလက်စ အကြောင်း အရာများ ထံသာ၊ ဦးလှည့် သွားသည်။

“ ဓားညီလာခံမှာ သုံးကြိမ် စမ်းသပ်မယ်၊ သုံးကြိမ်လုံး အောင်နိုင်မှ ... တကယ့်ပွဲကို ပါဝင် ခွင့် ရနိုင်မှာ၊ သုံးကြိမ်လုံး အောင်မြင်ဖို့ ဆိုရင်၊ မြင့်မားတဲ့ စွမ်းရည်တွေ လိုအပ်တယ်။ ”

“ ငါတို့က အရှေ့ဘက် ပျက်စီးမြေရဲ့ ပါရမီရှင် ဓားသမားတွေ ဆိုပေမယ့်၊ နည်းနည်း တော့ အားနည်း နေသေးတယ် မဟုတ်လား၊ တော်တော် များများက ဒီသုံးကြိမ်ကို ကျော်ဖြတ် နိုင်မယ် မထင်ဘူး။ ”

လူတိုင်း ဓားညီလာခံ အကြောင်း စိတ်ဝင်တစား ဆွေးနွေး နေကြ တော့သည်။

“ ဓားဂိုဏ်းရဲ့ ကျောက်ယန် ... ။ ”

ကျောက်ယန်က လက်သီးဆုပ်ကို လက်ဖဝါးတွင် ထိကပ်လျက် မိတ်ဆက် လာ၏။ ၎င်း၏ မိတ်ဆက် စကားကြောင့်၊ သူ့အား မှတ်မိ သွားသည် လောဟု၊ လင်းယွန် တစ်ယောက် တွေးမိ လာသည်။

“ မင်းဆီမှာ ကြောက်စရာ ကောင်းတဲ့ ဓားတစ်လက် ရှိတယ်။ ”

ကျောက်ယန်မှ သူ့ကို ကြည့်ကာ စကား ဆက်ပြောမှ သာလျှင်၊ စိတ် သက်သာရာ ရပြီး၊ ပြုံးလိုက် မိ၏။

“ အဲဒါကို မင်း ဘယ်လို သိလဲ။ ”

ကြယ်ဓားကို နက်နက် ရှိုင်းရှိုင်း ဝှက်ထား ခဲ့ပြီး မလွှတ် ပါက၊ သူတော်စင် တစ်ပါးပင် သိရှိ နိုင်မည် မဟုတ်ချေ။

“ ငါ့ရဲ့ ဗီဇ အသိပဲ ... ။ ”

“ ဟား ဟား ဟား ... မင်းရဲ့ ဗီဇ အသိက အားကိုးလို့ မရပါဘူး။ ”

ကုန်းစွန်းယန်က လင်းယွန်အား အထင် မကြီးသော လေသံဖြင့် ဝင်ပြော၏။ လင်းယွန်မှ ပြုံးရုံသာ ပြုံးပြီး၊ သူ့အား တုန့်ပြန်ခြင်း မပြုချေ။

“ ကြယ်ဓားနဲ့ အမည်ခံ သူတော်စင် တစ်ပါးကို သတ်လိုက် တယ်လို့၊ ငါ ကြားတယ်၊ ဒါပေမယ့် မင်း ဘာလို့ သူရဲ ဘောကြောင်တဲ့ ပုံ ပေါက်နေ ရတာလဲ၊ မင်းရဲ့ ဂုဏ်သတင်းက အတု အယောင်လား။ ”

ကုန်းစွန်းယန်မှ မျက်မှောင်ကြုတ်ကာ ထပ်မေး၏။

“ ကောလဟာလ တွေပါ ... ၊ အလေး အနက် မထားနဲ့။ ”

“ မင်း ... ကြားလား၊ ဒါတွေက ကောလဟာလ တေွတဲ့၊ ကျောက်ယန် ... မင်း အရူး တစ်ယောက်ကို အထင်ကြီး နေတာပဲ။ ”

ကုန်းစွန်းယန်မှ ကျောက်ယန်အား လှည့်ပြော၏။ ထိုအချိန်တွင် လူတိုင်း၏ စကား ဝိုင်းကို၊ အနှောင့် အယှက် ဖြစ်စေသော အသွင် အပြင်များ ဝင်ရောက် လာတော့သည်။

ပြင်းထန်သော ဓားရောင်ဝါ ကြီးက၊ ရင်ပြင် ခြေနင်း ကျောက်ပြား များအား အပိုင်း အစများ အဖြစ်၊ လွင့်ထွက် လာစေ၏။

“ ဝုန်း ... ။ ”

“ ဝှစ် ... ။ ”

လူတိုင်းမှ ထိုအပိုင်း အစ များကို၊ အမြန် ရှောင်တိမ်း လိုက်ရသည်။ ကောင်းကင် မီးလျှံ ဂိုဏ်းမှ သူတော်စင် တပည့် တစ်ယောက်က၊ ‘ဘယ်သူလဲ၊’ ဟု အော်ငေါက် လိုက်၏။

အခြားသော ပါရမီရှင်များ သည်လည်း တင်းမာ ကုန်ကြသည်။ သူတို့ အားလုံး သည် ထက်မြက်သော ဓားသမားများ ဖြစ်၏။

ထို့ကြောင့် ရိုင်းစိုင်း ကြမ်းကြုတ်စွာ ဝင်ရောက် လာသူ၏ ခွန်အားကို စမ်းသပ်ချင် လာကြ လေသည်။ လူတိုင်း မြင်ကွင်း ထဲသို့၊ လူရိပ် ငါးရိပ် ဝင်ရောက် လာ၏။

၎င်းတို့ အားလုံးသည် ခရမ်းရောင် တောင်ပံများ ပါသော အနက်ရောင် အဝတ် အစား များကို ၀တ်ဆင် ထားသည်။

“ အနက်ရောင် ငှက်မွှေး နန်းတော်က ကျောက်ဝူကျိ ... ။ ”

တစ်စုံ တစ်ယောက်မှ ကြောက်ရွံ့စွာ ထအော် လိုက်သည်။ ၎င်းနှင့် အတူ နတ်ဆိုး သားရဲ မျက်နှာ ဖုံးများ ဝတ်ဆင် ထားသော ဓားကျွန် လေးယောက် ပါရှိ၏။

***

All Chapters