← Chapters

အမည်မဲ့ ဓားသမား။

Vol. 147 Ch. 2050

အမည်မဲ့ ဓားသမား။

Vol. 147 Ch. 2050

“ ဟား ဟား ဟား ... ။ ”

အောင်နိုင်မည် ဆိုလျှင်ပင်၊ လွယ်မည် မဟုတ် သကဲ့သို့၊ အဓိပ္ပါယ် သည်လည်း မရှိမှန်း မူချင်းချင်း တို့မှ သိသည။ ကေျာက်ချွမ်မှ ရယ်မောလျက်၊

“ မင်းတို့လို ပျော့ညံ့တဲ့ ကောင်တွေက ... ၊ ကိုယ့်အနေ အထားကို ရှင်းရှင်း လင်းလင်း နား လည် ထားသင့်တယ်၊ ဒီကမ္ဘာမှာ မင်းတို့ မစွက်ဖက် နိုင်တဲ့ အရာတွေ အများကြီး ရှိတယ်။ ”

ဓားဂိုဏ်း၏ တပည့် များမှာ၊ ဒေါသ ထွက်လာ ကြ၏။ သူတို့ အားလုံးက လင်းယွန် နှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိသည်။

၎င်းအကြောင်း မကောင်းပြော နေသူ တစ်ဦးကို သဘာဝ အတိုင်း ရပ်ကြည့် မနေနိုင် ချေ။ ကုန်းစွန်းယန်မှ၊

“ လူယုတ်မာ ... ၊ ညီအစ်ကို ယွန်သာ အနားမှာ ရှိနေရင်၊ မင်းတို့တွေ အခုလို ရိုင်းရိုင်း စိုင်းစိုင်း ပြောဖို့ ... သတ္တိ ရှိမှာ မဟုတ်ဘူး။ ”

-ဟု ပြန်လည် အော်ဟစ် လိုက်၏။

တစ်ဖက်တွင် ကျောက်ချွမ်နှင့် ဝံပုလွေဖြူထံ လှမ်းကြည့်ကာ၊ လင်းယွန်မှ သင်ခန်းစာ ပေးလို ခဲ့သည်။

“ အရှေ့ဘက် ပျက်စီးမြေမှာ၊ ဘယ်သူမှ မရှိတော့ ဖူးလား၊ ဘယ်လောက် ကြာနေ ပြီလဲ၊ ပန်းသင်္ချိုင်း အကြောင်း ... ခုထိ ပြောနေကြ သေးတယ်၊ သူက မင်း အဖေလား။ ”

ကျောက်ချွမ်မှ လှောင်ပြောင်၏။ သူ့လေသံဖြင့် စော်ကားသံက ပြင်းထန် လာပြီး ဓားဂိုဏ်း အပြင်၊ အရှေ့ဘက် ပျက်စီးမြေမှ လူတိုင်းကို ဒေါသ ထွက်လာ စေသည်။

“ ဒီခွေးက တော်တော် ဟောင် တာပဲ၊ အရှေ့ဘက် ပျက်စီးမြေမှာ ဘယ်သူမှ မရှိဖူးလို့ မင်း တကယ် ထင်နေ သလား။ ”

ကျုံးရီက လူအုပ်ကြားမှ မတ်တပ် ထရပ် လာခဲ့သည်။ သူ ဟူသည် အရှေ့ဘက် ပျက်စီး မြေမှ ဓားသူတော်စင် တစ်ပါး၏ သီးသန့် တပည့် ဖြစ်၏။

ကျင့်ကြံမှုသည် နိဗ္ဗာန်-နဝမ အသွင် ကူးပြောင်းရေး၊ အထွတ်အထိပ် ဖြစ်၏။ ယင်းက လူတိုင်းကို စိတ်လှုပ်ရှား လာစေသည်။

သူတို့သည် ကျုံးရီ အစွမ်းကို ယုံကြည် ကြ၏။ အဆုံးတွင် သူသည် ငရဲ ဓားသူတော်စင် ၏၊ သီးသန့် တပည့် ဖြစ်ချေပြီ။

“ ကျုံးရီမှာ ... မွေးရာပါ သူတော်စင် ခန္ဓာကိုယ် ရှိတယ်၊ သူ့ရဲ့ အရည် အချင်းက ပန်းသင်္ချိုင်းထက် ပိုသာပြီး ... ၊ နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်းထားတယ်။ ”

“ ကျုံးရီ ခွန်အားက အရှေ့ဘက် ပျက်စီးမြေရဲ့ ... ဓားသမား တွေကို ကိုယ်စား ပြုနိုင်တယ်။ ”

ကျောက်ချွမ်မှ ပတ်ဝန်းကျင် စကားများကို နားထောင်ကာ၊

“ နောက်ဆုံးတော့ ... စိတ်ဝင် စားစရာ တစ်စုံ တစ်ယောက် ထွက်လာ ပြီပေါ့၊ ကောင်းပြီ ငရဲဓား သူတော်စင် တပည့်က၊ ဘယ်လောက် အစွမ်း ထက်လဲ၊ ငါ သိချင်သား။ ”

-ဟု ရေရွတ် လိုက်သည်။

သူတို့သည် ကျုံးရီအား ကျောက်ဝူကျိ ကိုယ်စား စစ်ဆေးရန် အမှန်တကယ် တာဝန် ရှိပေသည်။

“ ငါ တာဝန်ယူ လိုက်မယ်။ ”

ဝံပုလွေဖြူမှ ဝင်ပြော လာ၏။ ကျောက်ချွမ်က ဝံပုလွေဖြူကို ကြည့်ကာ စကား မဆို တော့ဘဲ၊ နောက်ဆုတ် ပေးလိုက်သည်။

စိတ်ထဲ သက်ပြင်း တစ်ချက် ချမိ၏။ ဤကျုံးရီသည် အန်းဇီယွင်နှင့် မတူညီသော အဆင့်တွင် ရှိနေသည်။

ထိုမြင်ကွင်းကို အရှေ့ဘက် ပျက်စီးမြေမှ ဓားသမား မြင်သော အခါတွင် မကျေနပ်မှုများ ဖြစ်ပေါ် လာကြ၏။

ကျုံးရီ၏ ပြိုင်ဘက်သည် ကျားနက် မျက်နှာဖုံးကို ၀တ်ဆင် ထားသော ကေျာက်ဟူ ဖြစ်သင့် ချေပြီ။

“ ကေျာက်ဝူကျိ ... ၊ ငါ မထိန်း နိုင်ဘဲ မင်းဓားကျွန်ကို မတော် တဆ သတ်ပစ် မိမှာကို၊ မကြောက် ဘူးလား။ ”

ကျုံးရီ မေးခွန်းကို ကျောက်ဝူကျိမှ လျစ်လျူရှု လိုက်သည်။ ဝံပုလွေဖြူက ပြုံးပြီး၊

“ မင်းမှာ ဒီလို ... အရည် အချင်းမျိုး ရှိနေခဲ့ရင် ငါ့ကို သတ်နိုင်တယ်၊ ဒါပေမယ့် မင်း ရဲ့ ဂုဏ် သတင်းလောက် ... မင်းဓားက မစွမ်းဆောင် နိုင်မှာ၊ ...

... ငါ ကြောက်တယ်၊ မင်းက ... ဓား သူတော်စင် တပည့် ဖြစ်နေ ရင်ရော ဘာဖြစ်လဲ၊ သက်တံဓားပဲ ဖြစ်ဖြစ် ... ငရဲဓား ပဲ ဖြစ်ဖြစ် အထင် ကြီးစရာ မရှိ ပါဘူး။ ”

“ မင်း ငါ့ဆရာကို စော်ကား ရဲလား။ ”

ကျုံးရီ၏ အကြည့်များ အေးစက် လာ၏။

“ ဟား ဟား ဟား ... ၊ မင်း ဆရာကို စော်ကားရင် ဘာဖြစ်လဲ၊ ဒီနေ့ ဓား သူတော်စင် တပည့်ကို ... ၊ ငါ အနိုင် ယူပြမယ်၊ ပန်းသင်္ချိုင်း ပေါ်လာ ရင်တောင်၊ ချွင်းချက် မရှိဘဲ။ ”

ဝံပုလွေဖြူက စကား ဆုံးသည်နှင့် ပြေးလွှားလာ တော့သည်။ သူ့ လက်ဖဝါးကို တွန်းထုတ် လိုက်သော အခါတွင်၊ ကြီးမားသော လက်ဖဝါးကြီး တစ်ဖက် ကျုံးရီပေါ် ဖုံးအုပ် သွား၏။

သူတော်စင် ရူရ်များက ပြိုးပြက် လင်းလက်လာပြီး၊ လက်ဖဝါး၌ စွမ်းအင်များ ပေါက်ကွဲ လာ၏။

“ ဒါ ... မဟာ နေမင်း သူတော်စင် ရူရ်ရဲ့ ဖျက်ဆီးခြင်း လက်ဖဝါးပဲ ... ၊ သူက တကယ်ပဲ ဓားကျွန် တစ်ယောက်လား။ ”

အရှေ့ဘက် ပျက်စီးမြေ၏ ဓားသမားများ မျက်နှာ ပြောင်းသွား၏။

ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းသော တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်ပြီး၊ လက်ဖဝါးရှိ သူတော်စင် ရူရ်သည် အဆင့် သစ်သို့ ပို့ဆောင် ပေးသည်။

“ ကျုံးရီ ... ဒူးထောက်ပါ ... ။ ”

ဝံပုလွေဖြူက နေမင်းကြီးကို လက်ဖဝါးပေါ် တင်ကာ၊ ဖိချလိုက် သကဲ့သို့၊ ပုံရိပ်ကြီး ကျဆင်း လာတော့၏။

ယင်းကြောင့် ကျုံးရီမှာ လေးနက်သော အမူအရာဖြင့်၊ ဤလူကို လျှော့ မတွက်သင့်ဟု စိတ်ထဲမှ သတိ ပေးနေ မိသည်။

“ ကောင်းကင် ငရဲ သူတော်စင် အလင်း။ ”

သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်ကို အသက် သွင်းကာ၊ အမည်ခံ ကြယ်ဓား ရည်ရွယ် ချက်ကို လွှတ်ပေး လိုက်၏။

တန်ခိုးကြီးသော သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်မှ ရောင်ဝါများ တိုးထွက် လာသော အခါ၊ လက်ဖဝါးက အောက်သို့ ဆင်းမလာ နိုင်တော့ချေ။

“ ရွှပ် ... ။ ”

“ ခရစ် ... ။ ”

တစ်ချိန်တည်း မှာပင် သူ့ ညာလက်၌ ဓားတစ်ချောင်း ပေါ်လာ၏။ ဓားအား လွှဲခုတ် လိုက်သော အခါတွင်၊ လက်ဖဝါး ပေါ်၌ အက်ရာကြီး ဖြစ်ပေါ် လာသည်။

“ မွေးရာပါ ငရဲ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် ... ။ ”

ဝံပုလွေဖြူက ဤမြင်ကွင်းကြောင့် ပြုံးလိုက်သည်။ မြင့်မြတ်သော သူတော်စင် ခန္ဓာကိုယ် ဟူသည်၊ မွေးရာပါ သူတော်စင် ခန္ဓာကိုယ် များကို တင်စားခြင်း ဖြစ်၏။

တစ်ဖက် လူ၏ ဓား ရောင်ဝါ အထွတ် အထိပ်သို့ ရောက်ခါနီး အချိန်တွင်၊ သူ့နှလုံး သွေးများ ဆူပွက် လာတော့သည်။

“ မွေးရာပါ ဓားနှလုံးသား။ ”

ထွက်ပေါ် လာသော ရောင်ဝါကြောင့်၊ လူတိုင်း ဝံပုလွေဖြူအား ကြောက်လန့် တကြား ကြည့်လိုက် မိသည်။

“ ဒူး ထောက် ... ။ ”

ဝံပုလွေဖြူက ပြုံးပြီး၊ သူ့လက်ဖဝါးတွင် ဓားနှလုံးသား၏ စွမ်းအားများ တိုးမြှင့် လိုက်၏။ ကျုံးရီ ခမျာ ဓား မလွှဲနိုင် တော့ဘဲ၊ ဒူးတစ်ဖက် ထောက်ကျ သွားသည်။

လက်ဖဝါး ဆင်းသက် လာသည့် အခါ၊ အားပြင်းသော လှိုင်းလုံး ကြီးက ရင်ပြင် အနှံ့ ပျံ့ကား လာ၏။

လူတိုင်းမှ ဝင်လာသော လှိုင်းကို တွန်းလှန်ရန်၊ ဓားရောင်ဝါအား ထုတ်ဖော် လိုက် ရသည်။ သို့တိုင် ဒဏ်ရာ ရရှိ သူများ ရှိနေ သေး၏။

“ မင်း ဘယ်သူလဲ ... ၊ မင်းရဲ့ အရည်အချင်းနဲ့ ... အမည်မဲ့ မဖြစ် နိုင်ဘူး။ ”

ကျုံးရီ တစ်ယောက် ထိတ်လန့်စွာ ပြန်မော့ ကြည့်ပြီး မေးမြန်း တော့သည်။ မျက်နှာ ဖုံးစွပ် ထားသော ဝံပုလွေဖြူက၊

“ အရင် တုန်းက ... ၊ ငါ့မှာ နာမည် ရှိခဲ့ ဖူးတယ်၊ အခုတော့ သခင်ငယ် ကျောက်ဝူကျိရဲ့ ဓားကျွန် ဖြစ်နေပြီ။ ”

-ဟု ပြန်လည် ဖြေကြား လာ၏။

ဝံပုလွေဖြူက သူ့ဓားကို ဆွဲထုတ်ပြီး၊ ကျုံးရီထံ ပြေးဝင် လိုက်တော့သည်။ ကျုံးရီက ကျောက်တိုင်ကို ခြေဖြင့် ကန်ကာ၊ အားယူ လိုက်၏။

“ ဟိတ် ... ။ ”

“ သေစမ်း ... ။ ”

ဆယ်ကြိမ် ဖလှယ် ပြီးနောက်၊ ကျုံးရီမှ ကျိန်ဆဲ မိ၏။ သူ ဟူသည် ဓား သူတော်စင်၏ သီးသန့် တပည့် ဖြစ်သော်လည်း၊ ဓားကျွန် တစ်ယောက် ကိုပင်၊ အနိုင် မယူနိုင်ချေ။

“ ဖျပ် ... ဖျပ် ... ။ ”

နောက်ပြန် ဆုတ်ကာ၊ ဒဏ်ရာ များကို ကုသရန်၊ မွေးရာပါ ငရဲ သူတော်စင် ခန္ဓာ ကိုယ် အား၊ အသက် သွင်းလိုက်၏။

“ ကောင်းပြီ ... ထပ်လာမယ်။ ”

“ ဟား ဟား ဟား ... ။ ”

ဝံပုလွေဖြူ ခန္ဓာကိုယ်မှ ဓားလှိုင်းများ ပဲ့တင်ထပ် လာကာ၊ ရယ်မော လိုက်တော့၏။ သူ့ဝန်းကျင်တွင် ကျောက်စိမ်းရောင် အဆင်း သဏ္ဍာန်များ ရစ်သိုင်း လာသည်။

အဆုံးတွင် ဓားရောင်ဝါ ပေါက်ကွဲ ထွက်လာပြီး၊ မွေးရာပါ ငရဲ သူတော်စင် ခန္ဓာ ကိုယ်၏ ဖိအားကို ချိုးဖျက် လိုက်၏။

ဤအရာက ကျုံးရီ ခန္ဓာကိုယ်မှ ထွက်လာသော ရောင်ခြည် များကို ချက်ချင်း ငြိမ်းသတ် ပစ်လေသည်။

“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

“ ဟား ဟား ဟား ... ။ ”

အားလုံးက အံ့အားသင့် စွာဖြင့်၊ မတ်တပ် ထရပ်ကာ အော်ဟစ် လိုက်ကြသည်။ ဝံပုလွေဖြူ မှ သူ့လက် များကို နောက်ပစ်လျက်၊ ရယ်မော လိုက်တော့သည်။

“ ဟား ဟား ဟား ... ။ ”

သူ့ဓား ရည်ရွယ်ချက်သည် ကြယ်ဓား မဟုတ် သော်လည်း၊ ၎င်းအား မီလုမီခင် အမြင့် သို့၊ ရောက်ရှိ နေ၏။

“ အဲဒါ မွေးရာပါ ဓားခန္ဓာပဲ။ ”

ဝံပုလွေဖြူ၏ မွေးရာပါ ကိုယ်လုံး ကိုယ်ပေါက်ကို အသိအမှတ် ပြုမိခဲ့ ပြီးနောက် လူတိုင်း အသက်ရှူ ကြပ်သွား ကြသည်။

မွေးရာပါ ဓားခန္ဓာသည် အနက်ရောင် ငှက်မွှေး ဓားကျမ်းနှင့် တွဲဖက် လိုက်သော အခါ၊ ပြိုင်ဘက် ကင်းသော အသွင်သို့ ပေးစွမ်း လာ ခဲ့၏။

ကျုံးရီ တစ်ယောက် မြေပြင်ပေါ် ဒူးထောက်ကျ သွားရန်၊ အချိန် သိပ် မကြာလိုက် တော့ချေ။

“ ဟား ဟား ဟား ... ၊ ဒါဆို မင်းက ငရဲ ဓားသူတော်စင်ရဲ့ သီးသန့် တပည့် တစ်ယောက် ဖြစ်နေတယ် ဆိုရင်ကော ... ၊ အခု ငါ့ရှေ့မှာ ဒူးထောက် ရတာပဲ မဟုတ်လား။ ”

ဝံပုလွေဖြူမှ နာကျင်စွာ ဟက်ဟက် ပက်ပက် ရယ်မော လိုက်တော့သည်။ ဤအခင်း အကျင်း အရ၊ ဝံပုလွေဖြူ မည်သူ ဖြစ်မည်ကို၊ လင်းယွန်မှ အတည်ပြု နိုင်ခဲ့၏။

နောက်ဆုံးတွင် ဤလူသည် ဓားဂိုဏ်း အပေါ်၊ အဘယ်ကြောင့် ဤမျှ ကြီးမားသော အာဃာတ ရှိနေရ သည်ကို သိလိုက် ချေပြီ။

ကမ္ဘာ ကြီးသည် မိတ်ဆွေများ ပြန်လည် တွေ့ဆုံရန်၊ အမှန် တကယ်ပင် ကျဉ်းမြောင်း လှ ချေ၏။

***

All Chapters