← Chapters

ဖုန် ရှန့် လင် ... ။

Vol. 147 Ch. 2057

ဖုန် ရှန့် လင် ... ။

Vol. 147 Ch. 2057

အူယန်ဟောင် တစ်ယောက် ကြောက်ရွံ့ တုန်လှုပ်သွားပြီး နောက်ဆုံးတွင် ရပ်တန့် လိုက် ရ၏။

ခေါင်းကိုပင် မမြှောက်ဝံ့ သဖြင့်၊ ဤမြင်ကွင်းက လူတိုင်းကို အံသြ သွားစေ ခဲ့သည်။

နန်းတော် အတွင်းရှိ ဖုန်ရှောက်ယွီ အပါအဝင် လူတိုင်း ပါးစပ် ဟောင်းလောင်း ဖြစ်ကုန်သည်။ အထူးသဖြင့် ကျောက်ဝူကျိ ဖြစ်၏။

“ ငါ့ ရှုံးတယ်။ ”

အူယန်ဟောင်က ခက်ခက် ခဲခဲ ဝန်ခံ လိုက်သည်။

“ ကောင်းပြီ ... ၊ ခု ဆင်းသွားတော့ ... ။ ”

လင်းယွန်မှ ခေါင်းညိတ်ပြီး ပန်းသင်္ချိုင်းကို ဖယ်လိုက်၏။ အူယန်ဟောင် တစ်ယောက် စိတ် ပျက် သွားသည်။

မကြာသေး မီမှ (၁၀)ပွဲ ဆက်တိုက် အနိုင်ရပြီး၊ မိနစ် အနည်းငယ် အတွင်း မှာပင်၊ ဒူးထောက်ပြီး ရှုံးနိမ့်ကြောင်း ဝန်ခံ ခဲ့ရ၏။

“ ယဲ့ချင်းရှန် အဲဒီမှာ ရပ်နေ ... ။ ”

အနန္တ ဓားခန်းမမှ ကျန်းဖန်က စင်ပေါ် ပျံသန်း လာပြီး၊ ဓား ရည်ရွယ်ချက်အား ထုတ်ပြ လိုက်သဖြင့်၊ ရေဝဲကြီး (၉)ခု မိုးပေါ် ထောင်တက် လာသည်။

ရေကန်သည် ဝိညာဉ် ရေးရာ ရွှေရေ ဖြစ်သောကြောင့်၊ ဤလုပ်ဆောင်ချက် တစ်ခု တည်းဖြင့်၊ အထင် ကြီးစရာ ဖြစ်နေ၏။

၎င်းကို သတ္တု အရည်များ သို့မဟုတ်၊ သူတော်စင် ရှေးဟောင်း ရွှေအရည် အဖြစ် ရည်ညွှန်း ကြသည်။

“ အနက်ရောင် ငှက်မွှေး နန်းတော်ရဲ့ အမှိုက်လို ငါ့ကို မဆက်ဆံနဲ့၊ အနန္တ ဓားခန်းမ ဆိုတာ၊ တောင်ပိုင်း နယ်စပ်ရဲ့ ဓားတာအို မြင့်မြတ်မြေပဲ။ ”

အနန္တ ဓားခန်းမသည် သူတော်စင် ဓားများစွာကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်၏။ ဆိုလို သည်မှာ ဓားအစီရင် များကို အသုံးပြု ချေပြီ။

ကျန်းဖန်က လက်ဖဝါး နှစ်ဖက်ကို ပူးကပ်လိုက် သောအခါ၊ သူ့နောက်၌ ဓား(၁၈) လက် ပေါ်လာ၏။

သည့်နောက် လက်ဖဝါး နှစ်ဖက်ကို ဆန့်ကျင်ဘက် လှည့်ပတ်ကာ၊ တံဆိပ်အား ဖန်တီး နေစဉ်၊ ဓား(၁၈) လက်မှ နာရီ လက်တံ အတိုင်း၊ လည်လာ၏။

“ ယဲ့ချင်းရှန် ... မျက်လုံး မလွှဲနဲ့။ ”

မျက်စိ တစ်မှိတ် အတွင်း၊ ဓားရိပ်များ ပေါ်လာပြီး ကြီးမားသော ဓားအစီရင် ဖွဲ့တည် လာသည်။

ကျန်းဖန် ထံမှ ဖြာထွက် နေသော ဓားရောင်ဝါသည် ပိုမို အားကောင်း လာပြီး ရေကန်အား ဖုံးအုပ် သွား၏။

သူ့လက်ကို ခွာလိုက်သော အခါ၊ မရေ မတွက် နိုင်သည့် ဓားမြည်သံများ ကျယ်လောင် လာတော့သည်။

ဤအခိုက်တွင်၊ သူ၏ အမည်ခံ ကြယ်ဓား သည် ပိတ်ဆို့မှုကို ဖြတ်ကျော်လျက်၊ ကြယ်ဓား အဆင့်သို့ ယာယီ မြင့်တက် လာ၏။

“ ယဲ့ချင်းရှန် ... ၊ မင်း ငါ့ဓားကို ယူဝံ့လား။ ”

ကျန်းဖန် နဖူး၌ ကြယ်အလင်းများ တောက်ပလာကာ၊ လှောင်ပြောင် လိုသော အပြုံး နှင့်၊ မေးလေသည်။

“ ကြယ်ဓား ရည်ရွယ်ချက် ... ။ ”

“ ဒါက အနန္တ ဓားခန်းမရဲ့ ... လျှို့ဝှက် နည်းစနစ် မြင့်မြတ်သော အနန္တ ဓားများ၊ မဟုတ်လား။ ”

“ ကြယ်ဓားတောင် ထုတ်ပြ ထားတယ်၊ ယဲ့ချင်းရှန်ကို တစ်ချက်တည်းနဲ့ အဆုံးသတ်ချင် ပုံပဲ။ ”

လူတိုင်း စိတ်လှုပ်ရှား လာသည်။ တစ်ဖက်တွင် ယာယီ အဆင့် မြှင့်တင်ထားသော ကြယ်ဓား ဟူသည်၊ ကြယ်ဓား စင်စစ် မဟုတ်ချေ။

ထို့ကြောင့် ဓားနှလုံးသား အသုံး ပြု စရာ မလိုဘဲ၊ အားနည်းချက်ကို လင်းယွန်မှ အလွယ် တကူ ရှာတွေ့ နိုင်ခဲ့သည်။

“ ဝုန်း ... ။ ”

“ ခရစ် ... ။ ”

လက်သီးဆုပ်ကာ အားနည်းချက်ထံ ထိုးချပစ် လိုက်ပြီး၊ ဓားအစီရင်အား အလွယ် တကူ ချိုးဖျက် ပစ်လိုက်သည်။

ဓားရိပ်များ ပျောက် သွားကာ၊ ဓား (၁၈) လက် ခမျာ လေထဲ ယိမ်းထိုး လာသဖြင့်၊ ရပ်ခြေ ငြိမ်အောင် ကျန်းဖန်မှ ထိန်းလိုက် ရ၏။

“ ဘာလဲ ... ၊ ငါ့ဓားတွေက သူ့ကို ကြောက်နေ တာလား၊ မဖြစ် နိုင်တာ။ ”

ကျန်းဖန် တစ်ယောက် နားမလည် နိုင်စွာဖြင့်၊ လင်းယွန်ထံ ပြန်ကြည့် လိုက်သည်။ တစ်ဖက် လူမှ လှောင်ပြုံးဖြင့် သူ့အား ခေါင်းယမ်း ပြလာ၏။

“ ဝှစ် ... ။ ”

ထို့နောက် အင်္ကျီ လက်ကောက်ဝတ် အိုးကို ဝှေ့ယမ်းပြီး၊ တိမ်များ ကဲ့သို့ မျောလွင့် သွားကာ၊ လင်းယွန်က ဓား ရောင်ဝါအား ဖွင့်ထုတ် လိုက်သည်။

“ ဝေါ့ ... ။ ”

သွေးအန်လျက် ကျန်းဖန် တစ်ယောက် လွင့်စဉ် သွား၏။ ထိန်းချုပ်မှု ကင်းမဲ့ ကုန်သော ဓား (၁၈)လက် ခမျာ၊ ရေကန်ထဲ ပြုတ်ကျ သွားသည်။

“ စွပ် ... ။ ”

“ စွပ် ... ။ ”

များမကြာခင် သတ္တု ရွှေရည်ကြောင့် သူတော်စင် ဓား(၁၈)လက် စလုံး၊ အရည်ပျော် ကျ ကုန်၏။

“ ဒါ … ။ ”

ကျန်းဖန် တစ်ယောက် စကားလုံးများ ပျောက်ဆုံး သွားသည်။ စကား ပြောတော့မည့် အချိန်တွင်၊ သူ့ကိုယ်သူ ရေကန်ထဲ ပြုတ်ကျ သေဆုံး သွားကြောင်း သိလိုက် ရ၏။

မြန်လွန်း သဖြင့်၊ မည်သို့ အသတ်ခံ လိုက်ရ သည်ကို မသိလိုက် ကြချေ။ ချက်ချင်း လူတိုင်း တိတ်ဆိတ် သွား၏။

“ ယဲ့ ချင်း ရှန် ... ။ ”

တစ်စုံ တစ်ယောက်က ဒေါသတကြီး တိတ်ဆိတ်မှုကို ဖြိုခွင်း လိုက်သည်။ ဤသူသည် (၉)ပွဲ ဆက်တိုက် အောင်ပွဲများ ရရှိ ထားသော နှင်းရေခဲ နန်းတော်မှ နန်းဂွန်းဟဲ ဖြစ်သည်။

၎င်းကောင်းကင်ပေါ် ပျံတက် လာစဉ်၊ ‘ထွက်သွား၊’-ဟု ဆိုလျက် လင်းယွန်မှ လက် ညှိုးဖြင့် လှမ်းထိုး လိုက်၏။

“ ရွှပ် ... ။ ”

အရိယာ ဓားသုတ္တန်ကို ဖြန့်ဝေ ထားရာ၊ ရေကန် ပေါ်တွင် ထောင်ပေါင်း များစွာသော အနက်ရောင် ပန်းများ ပွင့်လာ တော့သည်။

ရင်ဘတ်၌ အပေါက် တစ်ပေါက် ဖြစ်ပေါ် လာပြီး၊ နန်းဂွန်းဟဲ တစ်ယောက် လွင့်စဉ် သွား တော့၏။

ပြိုင်ဘက် သုံးယောက်ကို တစ်ချက်တည်း လှုပ်ရှားကာ၊ အနိုင်ယူ ပြသောကြောင့်၊ လူတိုင်း တုန်လှုပ် လာကုန်သည်။

ဖုန်ရှောက်ယွီက စိုးရိမ် တကြီးနှင့်၊

“ အရှေ့ဘက် ပျက်စီးမြေရဲ့ ... ဓားတာအို မြင့်မြတ်မြေ တွေကို ... ဖျက်ဆီး ခံထား ရတယ် မဟုတ် ဖူးလား။ ”

-ဟု စူးစမ်း လာသည်။

“ သခင်ငယ် မသိ လို့ပါ၊ ယဲ့ချင်းရှန်က ကောင်းကင် တာအို ဂိုဏ်းရဲ့၊ နှစ်ပေါင်း ငါးရာ အတွင်း အသန်မာဆုံး ဓားသမားပဲ၊ ...

... သူ့မှာ ကြယ်ဓား ဆုပ်ကိုင် ထားတယ် ဆိုတဲ့ ကောလဟာလ တွေလည်း ရှိသေးတယ်၊ ဒါက ဖြစ်နိုင်မယ်။ ”

ကူဇီကျန်းမှ ရှင်းပြ လိုက်သည်။

ထိုစကားကို ကြားသော အခါတွင် ဖုန်ရှောက်ယွီ တစ်ယောက် ထိတ်လန့် သွား၏။ သူ့ဘေးရှိ ဖုန်ရှန့်လင်မှ၊

“ အဲဒီ လူက ... ဒုတိယ ကျန့်ကျင်းရှန် ဖြစ်မလာ နိုင်ပေမယ့် ... အမည်ခံ သူတော်စင် နယ်ပယ် အောက်မှာ၊ ခက်ခဲတဲ့ ပြိုင်ဘက်ပဲ၊ ကြယ်ဓား မရှိရင် ... သူ့ကို အနိုင် ယူဖို့ ... မဖြစ်နိုင်ဘူး။ ”

-ဟု ဝင်ရောက် ပြောကြား လာ၏။

ထိုစကားက ဖုန်ရှောက်ယွီကို မျက်မှောင်ကြုတ် သွားစေသည်။ သူသည် အမည်ခံ သူတော်စင် ဖြစ်ပြီး၊ သူ့အား ဝင် မပါသင့် ဟု၊ သတိ ပေးနေ၏။

“ အခု ... ငါတို့ ဘာလုပ် သင့်လဲ၊ သူ တကယ်ပဲ ပထမ ဖြစ်သွားရင် ဓားမဟာမိတ် အဖွဲ့ တော်တော် အရှက် ရလိမ့်မယ်။ ”

“ သခင်ငယ် ... ၊ အဲဒီ အတွက် စိတ်ပူ နေစရာ မလိုပါဘူး၊ ဖုန်ရှန့်လင် ကလည်း ဓား စံအိမ်ရဲ့ ပါရမီရှင်ပဲ ... မဟုတ်လား။ ”

ကူဇီကျန်းမှ ပြုံးကာ ပြန်ပြော လိုက်သည်။

“ လွန်ခဲ့တဲ့ ခြောက်လ လောက်က ကြယ်ဓားကို ငါ နားလည် ခဲ့တယ်၊ ကနဦး ကျွမ်းကျင်မှု ရဖို့ ... ခြေတစ်လှမ်းပဲ လို တော့တယ်၊ သူ့ကို အနိုင် ယူနိုင် ပါတယ်။ ”

ဖုန်ရှန့်လင်မှ ခေါင်းညိတ်ကာ ဝင်ပြော၏။ သူ့မျက်ဝန်းများ၌ တိုက်ပွဲ ဝင်လို စိတ်များဖြင့်၊ တောက်ပ နေသည်။ ယဲ့ချင်းရှန်အား နင်းတက်လို ခဲ့၏။

၎င်းအား အနိုင်ယူ နိုင်သော်၊ ဓား ရည်ရွယ်ချက်ကို နောက်တစ်ဆင့် တက်လှမ်း နိုင်မည် ဖြစ်သည်။

“ ငါ့ကို စိန်ခေါ်ချင်တဲ့ လူ ... ရှိသေးလား။ ”

လင်းယွန်က လက် နှစ်ဖက်ကို ဟန်ပါပါ နောက်ပို့လျက်၊ ဓားမဟာ မိတ်၏ ပါရမီရှင်များ အားလုံးထံ၊ ဝေ့ကြည့် လိုက်သည်။

“ ငါ့ကို ခွင့်ပြုပါ။ ”

ဖုန်ရှန့်လင်က လေပေါ် နန်းတော်မှ ပျံဝဲလာပြီး၊ ခွန်ပန် ရုပ်တုပေါ် ဆင်းသက် လိုက် မိ၏။

သူ့အောက်ရှိ ရုပ်တုနှင့် ပေါင်းစပ်ပြီး၊ ဓားရောင်ခြည် တစ်စင်းကို လွှတ်ထုတ် လိုက်ရာ တောင်ပံ တစ်စုံလို တောက်ပ နေခဲ့သည်။

“ ဒါက လျှို့ဝှက် ဓားစံအိမ်ရဲ့ ... ခွန်ပန် ဓားသုတ္တန်ပဲ၊ အထွတ် အထိပ် ရောက်သွားရင်၊ ခွန်ပန် ဓားရောင်ဝါ ... ရရှိ လာလိမ့်မယ်။ ”

“ ဖုန်ကျန့်လင်က ဉာဏ်ကြီးရှင် တစ်ယောက်လို့ လူ သိများတယ်၊ သူ ဆိုရင် ယဲ့ချင်းရှန် ရှုံးသွား နိုင်တယ်။ ”

ခန့်မှန်းချက် သုံးပွဲလုံး လွှဲမှား ပြီးနောက်၊ လူတိုင်း ယခင် ကလောက် ယုံကြည့်မှု ပြင်းထန် ခြင်း မရှိ တော့ချေ။

မည်သို့ပင် ဆိုစေ ကာမူ၊ ဖုန်ရှန့်လင်သည် ဓားမဟာမိတ် အတွက် မျှော်လင့်ချက် ဖြစ်နေပြီ ဖြစ်၏။

“ မင်းက ကောင်းကင် တာအို ဂိုဏ်းရဲ့ ဓားသမား ဖြစ်ပြီး၊ ငါက လျှို့ဝှက် ဓားစံအိမ်ရဲ့ ဓားသမားပဲ၊ ငါတို့ နှစ်ယောက်လုံး ဉာဏ်ကြီး ရှင်တွေ ဖြစ်လို့၊ ဒီတိုက်ပွဲက စိတ်ဝင်စားဖို့ ကောင်းပါ လိမ့်မယ်။ ”

ဖုန်ရှန့်လင်၏ စကား နောက်ကွယ်ရှိ အဓိပ္ပါယ်ကို လင်းယွန်မှ ချက်ခြင်း သတိပြု မိ၏။

“ ဉာဏ်ကြီးရှင်တွေ အချင်းချင်း ပြိုင်ပွဲလို့ မင်း ပြောချင် နေတာလား။ ”

“ မှန်တယ် ... ။ ”

ဖုန်ရှန့်လင်က ရုပ်တုမှ ခုန်ဆင်းလျက်၊ ယဲ့ချင်းရှန်ရှေ့ ခြေလှမ်း ဆယ်လှမ်း အကွာတွင် ရပ်လိုက်သည်။ သူက၊

“ ဓားတာအို အရ ပြောမယ် ဆိုရင်၊ ကောင်းကင် တာအို ဂိုဏ်းရဲ့ ပါရမီရှင် တွေက ဓားစံအိမ်ကို ယှဉ်လို့ မရဘူး၊ ”

“ ဒါဆို ကွာခြားချက် ဘယ်လောက် ရှိလဲ။ ”

“ ကွာခြားချက်က မီးဖို ပေါ်မှာ ... ၊ ပျံဝဲ နေတဲ့ ... ၊ အဲဒီ ဓားကြီးနဲ့ တူတယ်။ ”

ဖုန်ရှန့်လင်မှ ဂုဏ်ယူစွာ ပြောသည်။

“ ကောင်းကင် လောက် မြင့်တယ်ပေါ့။ ”

လင်းယွန်မှ စကား ဝင်ထောက် ပေးလိုက်၏။

“ ဟား ဟား ဟား ... မှန်တယ်၊ ငါ့ရဲ့ ဓားရည်ရွယ်ချက်က ကောင်းကင် ထက်တောင် မြင့်သေးတယ်။ ”

ဖုန်ရှန့်လင်က ရယ်မောပြီး ကောင်းကင် (၃၆) လွှာကို ခွဲလိုသော ကြောက်မက်ဖွယ် ဓား ရည်ရွယ်ချက်အား၊ ထုတ်လွှတ် လိုက်သည်။

ကြယ်ရောင်များ လင်းလက် လာကာ၊ ဖြန်ရှန့်လင် အပေါ် ဖြာဆင်း လာ၏။ ၎င်းသည် ကြယ်ဓား ရည်ရွယ်ချက် စင်စစ် ဖြစ်သည်။

ဖုန်ရှန့်လင်သည် မောက်မာရန် အရည် အချင်း ပြည့်မီ၏။ ဤမြင်ကွင်းကြောင့် လူတိုင်း သွေးများ ပွက်ပွက်ဆူ လာတော့သည်။

သို့သော် ကြည့်နေစဉ် မှာပင်၊ ကြယ်ဓားက ယဲ့ချင်းရှန်ပေါ် ကျရောက် ပျောက်ကွယ် သွားခဲ့ သည်။

“ မျှော်လင့် ထားတဲ့ အတိုင်းပဲ ... ၊ မင်းလည်း ကြယ်ဓား ရည်ရွယ်ချက်ကို ... ၊ ဆုပ်ကိုင် နိုင်နေပြီ။ ”

ဖုန်ရှန့်လင်မှ ပြုံး၏။ တစ်ဖက် လူမှ ကြယ်ဓားအား ထုတ်ပြခြင်း မရှိ သော်လည်း၊ သူ့ ဓားကို ခံနိုင်ရည် ရှိခြင်းသည်၊ တူညီသော အဆင့် ဖြစ်ကြောင်း သက်သေ ဖြစ်သည်။

“ ကောင်းပြီ ... မင်းကို ငါ အခွင့်ရေး မယူပါဘူး၊ ယဲ့ချင်းရှန် ငါ့ဓားက ဘုန်းဝိညာဉ် သူတော်စင် လက်ရာပဲ၊ မင်းရော တစ်လက် လိုချင်လား၊ ငါ ငှားပေး နိုင်တယ်။ ”

“ မလို ပါဘူး၊ မင်း ... စတိုက်လို့ ရပြီ။ ”

“ ဟား ဟား ဟား ... ၊ တကယ် မောက်မာတယ်၊ ငါ သဘောကျတယ်။ ”

ဖုန်ကျန့်လင်မှ ပြုံးလိုက်သည်။ ယဲ့ချင်းရှန် ထံမှ ဖိအားကို သူ ခံစား နိုင်၏။ ဗီဇ အသိ အရ၊ လွယ်ကူသော ပြိုင်ဘက် မဟုတ်ကြောင်း နားလည် ထားသည်။

အနည်းဆုံး ဓားကွက် တစ်ထောင် အထိ၊ အချိန်ယူရ နိုင်၏။ သို့သော်မှ အောင်ပွဲ အတွက်၊ (၇၀%)သာ မျှော်လင့် နိုင်မည်။

တိုက်ခိုက်ရေး စိတ်ဓာတ်များ တောက်လောင် လာသဖြင့် သူ့သွေးများ ပွက်ပွက်ဆူ လာသည်။

ဤသည်မှာ သူ ရင်ဆိုင် လိုသော ပြိုင်ဘက်မျိုး ဖြစ်ပြီး၊ နင်းချေရန် ထိုက်တန်၏။ နှစ်ဦးသား တစ်ယောက်နှင့် တစ်ယောက် ဆယ်လှမ်း အကွာ၌ ရပ်နေ မိသည်။

ပထမဆုံး လှုပ်ရှားနိုင် သူသည်၊ အသာစီးရမည် ဖြစ် သကဲ့သို့၊ အားနည်းချက် များ ကိုလည်း၊ ထုတ်ဖော် မိမည် ဖြစ်၏။

ထို့ကြောင့် မလှုပ်ရှား သေးဘဲ၊ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေမိ ကြသည်။ တစ်ဖက်က တည်ငြိမ် နေသော်လည်း တစ်ဖက်မှာ သည်းမခံနိုင် တော့ချေ။

( ဒီကောင်က တကယ် စိတ်ရှည်တယ်။ )

ဖုန်ရှန့်လင်မှ ဦးစွာ စတင် လိုက်သည်။ ရိပ်ခနဲ ဓားက ယဲ့ချင်းရှန် လည်ပင်းသို့ ရောက်ရှိ သွားပြီး၊ ဦးခေါင်း ပျံထွက် သွား၏။

“ ရွှပ် ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

သို့သော် ယဲ့ချင်းရှန် ဦးခေါင်း ပျံထွက် မလာခင်၊ သူ့ရင်ဘတ်၌ အပေါက် တစ်ပေါက် ပေါ်လာပြီး သွေးများ စီးကျကာ၊ နောက်သို့ ခြေလှမ်း တစ်ရာ ဆုတ်ခွာ ပေးလိုက် ရ၏။

ခြေလှမ်း တစ်ရာ ပြည့်သည်နှင့်၊ ဒူးတစ်ဖက် ထောက်ကျ သွားပြီး၊ ချက်ချင်း တိုက်ပွဲ ပြီးဆုံး သွား ခဲ့သည်။

“ ငါ မင်းကို ပြောဖို့ မေ့နေတယ်၊ ငါက ကောင်းကင် တာအို ဂိုဏ်းရဲ့ ... ၊ အတိတ်နဲ့ အနာဂါတ်ပေါင်း နှစ်ပေါင်း (၁၀၀၀) အတွင်း အသန်မာဆုံး ဓားသမားပဲ။ ”

***

All Chapters