← Chapters

ဖျက်ဆီးခြင်း ကြာနက်။

Vol. 148 Ch. 2059

ဖျက်ဆီးခြင်း ကြာနက်။

Vol. 148 Ch. 2059

သူတို့ နှစ်ဦး စလုံးသည်၊ ပိုးစုန်းကြူး နတ်ဓားကိုသာ အသုံး ပြုခဲ့ကြ သော်လည်း တိုက်ခိုက်မှု အဟုန်မှာ လုံးဝ ကွဲပြားသည်။

နဂါးနှင့် ဖီးနစ်သည် လင်းယွန် ဖြစ်စဉ်နှင့် လိုက်ပါလျက်၊ မီးတောက်နှင့် ကြာနက် များမှာ၊ ကျောက်ဝူကျိ ဖြစ်စဉ်တွင် ပါရှိ၏။

အပြင်းထန် ဆုံးသော တိုက်ခိုက်မှုများ ဖြစ်ကြလေရာ၊ ရေကန် ပေါ်တွင် ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ် လာသည်။

သို့သော် လင်းယွန်၏ တိုက်ခိုက်မှုမှာ အနည်းငယ် အားနည်း သွားသောကြောင့် လက် နှစ်ဖက်ကို ဆန့်ခွဲလျက်၊ ရေကန် အစပ်သို့ ပြန်၍ ဆုတ်ခွာ ပေးလိုက် ရသည်။

“ မင်း လွတ်မြောက် နိုင်မယ် ထင်လား။ ”

ကေျာက်ဝူကျိက ရေကန်ကို နင်းကာ လှိုင်းလုံးကြီး တစ်ခု ဖန်တီးပြီး ခုန်တက် လာ ခဲ့၏။

“ ဝှစ် ... ။ ”

တစ်ဖက်တွင် လင်းယွန် ကလည်း ဓားရောင်ဝါကို ထုတ်သုံးပြီး၊ လှိုင်းလုံး တစ်ခု ဖန်တီးကာ ခုန်တက် လာသည်။

နှစ်ဦးသား လှိုင်းခုံး ပေါ်တွင် ရပ်လျက်၊ လင်းယွန်က ပိုးစုန်းကြူး နတ်ဓား သူတော်စင် ပုံစံကို ထုတ်ဖော်သည်။

“ သွေ့ခြောက် နေသော သစ်ပင် ပြန်လည် အသက်ဝင်ခြင်း။ ”

နိဗ္ဗာန် ရောင်ခြည်ကို ဓား၌ သွန်းလောင်း လိုက်သည်နှင့်၊ ကောင်းကင် အပြည့် ဖုံးအုပ် နေသော ဧရာမ သစ်ပင်ကြီး ပေါ်လာသည်။ လင်းယွန်က သူ့ဓားကို လွှဲလိုက်၏။

“ ကောင်းလိုက်တဲ့ ဓား ... ။ ”

ကျောက်ဝူကျိက ပြုံးပြီး ဝင်လာသော ဓားရိပ်ကို ပိတ်ဆို့ လိုက်သည်။ သို့တိုင် အဟုန် ကြောင့် မီတာ ရာဂဏန်း အကွာသို့ ဆုတ်ခွာ ပေးလိုက် ရ၏။

အခြားသူ တစ်ဦးသာ ဆိုက ထိုမျှဖြင့်၊ ရပ်သွားမည် မဟုတ်ချေ။ ဟန်ချက် ထိန်းနေစဉ်၊ ရေကန် တစ်လျှောက်၊ ရေကန့်လန့်ကာ နှစ်ခု ပေါ်လာသည်။

“ ဝူး ... ။ ”

ထိုရေကန့်လန့်ကာ နှစ်ခုက ခွန်ပန်၏ တောင်ပဲများ အလား၊ သူ့ထံ ဒေါသတကြီး ဝင် လာ ပြန်၏။

ထို့ကြောင့် အမြန် ရှောင်တိမ်းလျက် လင်းယွန်ထံ ဓားတစ်ချက် ပြန်ပို့ ပေးလိုက် သည်။

ကန်ရေ များသည် သာမန်ရေ ကဲ့သို့ ကြည်လင် သော်လည်း၊ ဝိညာဉ် ရေးရာ ရွှေရေ ဖြစ်၏။ ရေဝဲကြီးများ ဖြစ်ပေါ်ရန် မဆိုနှင့် လှိုင်းဂယက် ရိုက်ရန်ပင် မလွယ်ချေ။

သို့သော် ကျောက်ဝူကျိ ဓားသည် ရေဝဲ များစွာကို ထကြွ လာ၏။ လင်းယွန်မှ ချက်ချင်း တိမ်းရှောင် လိုက်ရ တော့သည်။

တစ်ဖက်တွင် ကျောက်ဝူကျိမှ ကြာနက် အသွင် ပြောင်းခြင်း ကိုးပါးကို ကန့်သတ်ချက် အထိ လုပ်ဆောင် နေခဲ့သည်။

ရုပ်သွင်မှာ မှုန်ဝါး နေပြီး၊ ရွေ့လျားမှု နည်းပညာ၏ လေးနက်မှုကို အပြည့် အဝ ပြသ နေ၏။

သို့သော် နေနတ်ဘုရားအား ဖမ်းဆီးခြင်း ပညာရပ်ကို ထုတ်ဖော်လျက် လင်းယွန်မှ အမီ လိုက်နိုင် ခဲ့သည်။

“ နေ ထွက်ခြင်း ... ။ ”

လင်းယွန် တစ်ယောက် ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ လှိုင်းလုံးများကို စုစည်း သည်။ ရေလှိုင်းများက မျက်စိ တစ်မှိတ် အတွင်း သတ္တု မီးလုံးကြီး ဖြစ်လာ၏။

၎င်း၏ မြင့်မားသော အပူချိန်သည် ပတ်ဝန်းကျင် လေထု အတွင်းရှိ ရေငွေ့များကို ချက်ချင်း အငွေ့ပျံ သွားစေသည်။

“ ဟိတ် ... ။ ”

ကေျာက်ဝူကျိသည် တောက်လောင် နေသော ထိုမီးလုံးကို ကြည့်ကာ၊ ဆယ်ပေ အရွယ် ဓားအလင်းအား ထုတ်လွှတ် လိုက်၏။

မီးလုံးမှာ နှစ်ပိုင်း ကွဲသွားပြီး၊ ဓားအလင်းက လင်းယွန်ထံ ဆက်သွား၏။ ဓားရောင်ခြည်သည် အနက်ရောင် ဖြစ်ပြီး၊ လေဟာနယ် ကိုပင် ပြတ်ရွေ့ ကြောင်းများ ဖြစ်ပေါ် စေသည်။

သတိ မပြု ပါက၊ ထိုပြတ်ရွေ့ ကြောင်းထဲ ဆွဲငင် ခံရမည် ဖြစ်၏။ ကြာနက်ကို နင်းလျက် ကျောက်ဝူကျိက မူလ နေရာတွင် ရပ်နေကာ၊ ဓားကို မြှောက်လိုက်သည်။

“ ရွှပ် ... ။ ”

နောက်ထပ် ဓားအလင်း တစ်ချက်ကို ထပ်မံထုတ်ဖော်ပြီး၊ ပြတ်ရွေ့ကြောင်း နောက်၌ ကပ်လိုက် သွားစေ၏။

ဓားရောင်ခြည်များ လေထဲ ရောယှက် နေသဖြင့်၊ ပတ်ဝန်းကျင်တွင် ထူးဆန်းသော ကျမ်းစာများ ပြည့်နှက်လာ တော့သည်။

လင်းယွန်က လှိုင်းခုံးထိပ် ပေါ်မှ နဂါး တစ်ကောင် ကဲ့သို့ ရွေ့လျား လိုက်ပြီး၊ ဝင်လာ သော ဓားအလင်းကို ရှောင်ကာ၊ အတောင်ပံ နဂါး ရုပ်တုပေါ် ဆင်းသက် လိုက်၏။

ကျောက်ဝူကျိသည် အနက်ရောင် ငှက်မွှေး နန်းတော်၏ ပါရမီရှင် တစ်ဦး ဖြစ်ထိုက် ချေပြီ။

ဓားတာအို၊ အခြေခံ အုတ်မြစ်၊ နိဗ္ဗာန် ရောင်ဝါ သိပ်သည်းမှု၊ ရုပ်ခန္ဓာ စသော ကဏ္ဍ အသီးသီးတွင် ကြံ့ခိုင် ပြည့်စုံ၏။

အတောင်ပံ နဂါး ရုပ်တုကြီး ပေါ်တွင် ရပ်လျက်၊ ၎င်း၏ ခွန်အားကို လျင်မြန်စွာ ပြန်၍ သုံးသပ် နေမိသည်။

ကျန်းဝူကျိ သည်သာ ခွန်အား အပြည့်အဝ ထုတ်ဖော်ခဲ့ ပါက၊ မိုးပြာ မူလ အဆင့်ရှိ အမည်ခံ သူတော်စင် ပင်လျှင်၊ သူ့ အပေါ် ဒဏ်ရာများ ပေးရန် ခက်ခဲပေ လိမ့်မည်။

ဆိုလို သည်မှာ နိဗ္ဗာန် အဆင့်၏ သာမန် ကျင့်ကြံ အဖြစ်၊ ကျောက်ဝူကျိအား သတ်မှတ်၍ မရ တော့ချေ။

“ ကြယ်ဓား ကနဦး ကျွမ်းကျင်မှု ရထားတဲ့ ၊ ကျောက်ဝူကျိ ကတောင် သူ့ကို လွယ်လွယ်နဲ့ အနိုင် မယူ နိုင်သေး ပါလား ။ ”

ဖုန်ရှန့်လင်မှ မယုံကြည်နိုင်စွာ အော်ဟစ် မိလေသည်။ ယင်းကြောင် ကူဇီကျန်းမှ ပြုံးပြီး၊

“ ဖုန်ကျန့်လင် ... မင်း သတိ မထားမိ သေးဘူးလား၊ ယဲ့ချင်းရှန်ရဲ့ ဓား ရည်ရွယ်ချက် က ကနဦး ကျွမ်းကျင်မှု ဒါမှ မဟုတ် အဲဒီ ထက်တောင် သာနိုင်တယ်။ ”

“ ဘာ ... ။ ”

ဤသုံးသပ်ချက်သည် ဖုန်ရှန့်လင်အား ကြီးမားသော ထိုးနှက်ချက် ဖြစ်စေ၏။ ယခင်က သူနှင့် ယဲ့ချင်းရှန်ကြား ကွာခြားချက် အဘယ် ကြောင့်၊ ဤမျှကြီးမား နေရ သည်ကို စဉ်းစား မရ ခဲ့ချေ။

သီအိုရီ အရ တစ်စုံ တစ်ဦးသည်၊ ကြယ်ဓားအား ကနဦး အဆင့်သို့ ရောက်ရှိ ပါက၊ အရင်းအမြစ် များဖြင့်၊ အထွတ် အထိပ်သို့ ရယူ သွားနိုင်မည် ဖြစ်သည်။

သို့သော် ထိုဓားသမား၏ နားလည် နိုင်စွမ်းသည် နောက်ဆက်တွဲ မြင့်မား ရမည် ဖြစ်၏။ လုံလောက်သော နားလည် နိုင်စွမ်း မရှိပါက ရပ်တန့် သွားပေမည်။

မဟုတ်သော် အရင်း အမြစ်များ ပေါလျှံ နေသော သူ့ကဲ့သို့ လူမျိုးသည်၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ နေလောက်ပြီ ဖြစ်၏။

“ တကယ်ပဲ ... လွန်ခဲ့တဲ့ နှစ်ငါးရာနဲ့ အနာဂါတ် နှစ်ပေါင်း ငါးရာ အတွင်းမှာ ... သူက တကယ့် ပြိုင်ဘက်ကင်း ပါပဲ။ ”

“ အဲဒါတော့ ငါ မသိဘူး၊ သေချာတာ ကတော့ သူ့ရဲ့ ဓားက ကနဦး ကျွမ်းကျင်မှုသာ မဟုတ်ရင်၊ ကျောက်ဝူကျိကို ဟိုးအရင် တည်းက ရှုံးသွား ပြီးပြီ။ ”

ကူဇီကျန်း စကားကြောင့်၊ ဖုန်ရှန့်လင် မျက်နှာသည် ဖြူဖျော့ လာပြီး၊ သူတို့ နှစ်ဦး စလုံးသည် ဉာဏ်ကြီးရှင်များ ဖြစ်သည်ဟု ကြေငြာခဲ့ မိသည့် အပေါ်၊ မည်မျှ နုံအ ခဲ့ကြောင်း၊ ပြန်၍ သတိ ရလာ မိသည်။

ရှက်စရာ ကောင်းပေ၏။ သူ ဟူသည် ယဲ့ချင်းရှန်၏ ခြေနင်းတုံး ဖြစ်ရန်ပင် အရည် အချင်း မပြည့့်မီချေ။ သူတို့ နှစ်ဦး၏ ပင်ကိုယ် စွမ်းရည် ကွာခြားချက်သည်၊ နှစ်ပေါင်း ငါးရာ မကကြောင်း သတိ ပြုမိ၏။

ကူဇီကျန်းက တည်ငြိမ်စွာ သုံးသပ်ပြ နေသော်လည်း၊ အမှန်မှာ အလွန် တုန်လှုပ်ပြီး၊ မနာလို ဖြစ်နေ မိသည်။

ဤမျှသော အသက် အရွယ်ဖြင့်၊ ထူးချွန်သည့် အရည် အချငများ ရှိနေသည် ဖြစ်ရာ၊ အကွာ အဝေး မည်မျှ ရောက်ရှိ နိုင် မည်ကို၊ တွက်ဆ နေမိ၏ ။

“ အဲဒီ တုန်းက ... ဒီလူ သူ့ကိုယ်သူ လေးလေး နက်နက် ဖုံးကွယ် ထားခဲ့ တာပဲ၊ သူ့ကို ဒီလောက် သန်မာ လိမ့်မယ်လို့ မမျှော်လင့် ထားဘူး၊ ...

... ဒီလူ တကယ် ကြည့်ကောင်း တာပဲ၊ အရည်အချင်း အရ ဆိုရင်၊ ပန်းသင်္ချိုင်း တောင် သူ့ထက် ပိုသန်မာမှာ မဟုတ်ဘူး။ ”

ကြည့်ရှု သူများ ကြားတွင်၊ ယဲ့ဇီယွင်က တုန်လှုပ် နေခဲ့သည်။ ယဲ့ချင်းရှန်သည် အလွန် ကြောက်စရာ ကောင်းကြောင်း ချေ၏။

“ သူက လူယုတ်မာလို့ ... ၊ နင် ပြောခဲ့တာ ငါမှတ်မိ ပါသေးတယ်။ ”

ယဲ့ဇီလင်မှ သူ့ညီမအား လှည့်ကာ ပြောကြား လိုက်သည်။

“ အဲဒါက ဟိုတုန်းက... အခုက မတူ တော့ဘူး၊ ကြည့်ရတာ ... ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော်ကို ... သူ တကယ် ချစ်ပုံပဲ၊ အချစ်မှာ အပြစ် မရှိ ပါဘူးလေ။ ”

ယဲ့ဇီယွင်၏ အဖြေကြောင့် ယဲ့ဇီလင် တစ်ယောက် မျက်လုံးပြူးကာ ပြုံးလိုက် မိ၏။ ခွန်အား သည်သာ အရာရာ ဖြစ်ချေပြီ။

သူမ သည်ပင် ၎င်းကို အံ့အားသင့် ခဲ့ရကြောင်း ဝန်ခံ ရမည် ဖြစ်၏။ တောင်ထိပ် သခင် မုချွမ်မှ သူမအား ယဲ့ချင်းရှန်နှင့်၊ သိကျွမ်း စေလိုသည့် အကြောင်း ရင်းကို၊ ယခု သိလိုက်ပြီ ဖြစ်သည်။

၎င်းကို တွေးကြည့် မိချိန်၌၊ တောင်ထိပ် သခင်၏ မျက်လုံး များမှာ၊ ထူးခြား နေကြောင်း သတိ ထားမိ လာသည်။

“ ကျောက်ဝူကျိက သန်မာတယ် ... ၊ ဒါပေမယ့် ယဲ့ချင်းရှန်က တိုက်ပွဲကို အနိုင်ရ လိမ့်မယ်။ ”

ယဲ့ဇီလင်မှ ပြောကြား လိုက်သည်။ ကျောက်ဝူကျိက အနက်ရောင် တောင်ပံ များနှင့် ကြာနက် ပေါ်တွင် ရပ်နေ၏။

သူ မလှုပ်ရှား လျှင်ပင် မမြင် နိုင်သော ဓားတစ်လက်က သူ့အား ဖုံးအုပ်ပေး ထား သည်။

ဤသည်မှာ နက်နဲသော ဓားရေး တစ်ရပ် ဖြစ်ပြီး၊ အနက်ရောင် ငှက်မွှေး နန်းတော်၏ အပြင်းထန်ဆုံး အမွေ ဖြစ်သည်။

ဓားနှလုံးသားကို ဆုပ်ကိုင် မထား သော်လည်း၊ ဓား ရည်ရွယ်ချက်က သူ့ဝန်းကျင် (၁၀)ပေ ပတ်လည်အား နယ်မြေ အဖြစ် ဖန်တီး ထား၏။ ဤအကွာအဝေး အတွင်း ဝင်ရောက် လာ သူတိုင်းကို ဖြိုခွဲ ပစ်နိုင်သည်။

လင်းယွန်မှ ပန်းသင်္ချုင်းကို ကိုင်ဆောင် လျက် တောင်ပံ နဂါး ရုပ်တု ပေါ်တွင် ရပ်ကာ၊ ကျောက်ဝူကျိထံ ကြည့်၏။ ဤလူအား လျှော့မတွက် ရဲချေ။

အလင်း မူလကို သုံးပါက၊ အနိုင် ရရန် (၉၀%) အလား အလာ ရှိသည်။ သို့သော် ထိုအတွေးကို ပယ်ချ မိ၏။

အလင်း မူလသည် နိဗ္ဗာန် အစ ဟုလည်း ယူဆ နိုင်၏။ ၎င်းသည် သူ၏ အပြင်း ထန်ဆုံး သော ဝှက်ဖဲများ ထဲမှ တစ်ခု ဖြစ်သည်။

နန်းတော် အတွင်းမှ၊ ကြောက်မက်ဖွယ် ကောင်းသော လူ နှစ်ယောက် စောင့်ကြည့် နေ သေးသည်။ ထို့ကြောင့် ဤဝှက်ဖဲအား ထုတ်ဖော်ရန် အချိန် မကျ သေးချေ။

“ ဖျက်ဆီးခြင်း ကြာနက် ... ။ ”

ကျောက်ဝူကျိမှ သည်းမခံ နိုင်တော့ဘဲ၊ တိတ်ဆိတ်မှုကို ချိုးဖျက်ကာ၊ ကောင်းကင်ပေါ် ခုန်တက် လာလေသည်။

ဤသည်မှာ အနက်ရောင် ငှက်မွှေး နန်းတော်၏ တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်ပြီး၊ နဂါး ဝိညာဉ် အဆင့်ကို မီပေ၏။

***

All Chapters