ကောင်းကင် လောင်မြိုက်ခြင်း မီးလျှံ။
Vol. 148 Ch. 2060
“ ဆန့်ကျင်ဘက် အစွန်း နှစ်ဖက်။ ”
လင်းယွန်က လေဟာနယ် ပြတ်ရွေ့ကြောင်း များကို ဓားဖြင့် ဖြတ်ချကာ၊ အတောင်ပံ နဂါး ရုပ်တု ပေါ်မှ ခုန်ဆင်း လိုက်သည်။
မီတာ တစ်ရာအား စက္ကန့်ပိုင်း အတွင်း ဖြတ်ကျော် သွား၏။ ထို့နောက် လှည့်၍ ဓားဖြင့် ခုတ်ချ လိုက်သော အခါ၊ စွမ်းအားများ ဆယ်ဆ ပေါက်ကွဲ ကုန်တော့သည်။
“ ပိုးစုန်းကြူး နတ်ဓားရဲ့ ... ၊ သူတော်စင် ပုံစံကို ... သူ ဘယ်နှစ်ကွက် လောက် ဆုပ်ကိုင် ထားနိုင်မယ် ထင်လဲ။ ”
ဓားကွက် နှစ်ကွက် ထုတ်ဖော်စဉ် စိတ်ဝင်စာခြင်း မရှိခဲ့ကြ သော်လည်း၊ တတိယ ဓားကို မြင်သော အခါ၊ ဓားမဟာမိတ် အဖွဲ့၏ တပည့်များ စတင် မှန်းဆ လာကြသည်။
ကျောက်ဝူကျိ၏ တိုက်ခိုက်မှုကြောင့် ရေကန်ထဲမှ လမင်း ကောင်းကင်ပေါ် ပျံတက် လာပြီး၊ ရပ်တန့် နေ၏။
“ ငွေရောင် သစ်ပင်မှ၊ မီးလျှံ ပန်းတစ်ပွင့်။ ”
လင်းယွန်က လမင်းကို မော့ကြည့်ကာ၊ တန်ပြန် တိုက်စစ် စတင် လိုက်သည်။ မီးလောင် နေသော ပန်းပင်ကြီး ထွက်ပေါ် လာ၏။
ပန်းပင် ပေါ်တွင် ငွေရောင် ပန်းများ ပွင့်လာပြီး၊ ဓား ရောင်ခြည်များ ပျံ့နှံ့ သွားတော့ သည်။
ဤသည်မှာ ရေကန်ကြီးကို လှပသော မြင်ကွင်းများ ဖြစ်စေသည်။ ထိုပျံ့ကား နေသော ဓားရောင်ဝါ အတွင်း၊ ကျောက်ဝူကျိ ပိတ်မိ သွား၏။
“ ထန် ... ထန် ... ။ ”
ဓား-ဓားချင်း ထိခတ်ကာ မီးပွားများ ပွင့်လျက်၊ မည်မျှ ကြိုးစားစေ ကာမူ၊ ကေျာက်ဝူ ကျိ တစ်ယောက် လွတ်မြောက်ရန်၊ လမ်းစ မတေွ့ ခဲ့ချေ။
အလေး အနက် ထားပြီး နက္ခတ်ကို ခေါ်လိုက်သည်။ အနက်ဝတ် ဘုန်းကြီး တစ်ပါး နှင့် ကြာနက် တစ်ပွင့် ဖြစ်၏။ ဤဘုန်းကြီးတွင် ကြက်သွေးရောင် မျက်လုံးများ ရှိပြီး၊ ရှေးခေတ် နတ်ဘုရား တစ်ပါးနှင့် တူသည်။
“ ဖျက်ဆီးခြင်း ကြာနက် ... ။ ”
နက္ခတ် ပေါ်လာ သည်နှင့် ကျောက်ဝူကျိသည် လင်းယွန် ဖန်တီးသော ဖြစ်စဉ် တိုင်းကို ဖြိုခွဲ ပစ်လိုက်သည်။
ပြီးနောက် အဆုံး စွန်ဆုံးသော လှုပ်ရှားကို ထုတ်ဖော် တော့၏။ အနက်ရောင် ငှက်မွှေး ဓား ကျမ်းတွင် ဓားပုံစံ (၁၃)မျိုး ရှိပြီး၊ ဤသည်မှာ သူ နားလည် ထားသော ပုံစံများ အနက်မှ၊ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။
“ မလုံလောက် သေးဘူး။ ”
လင်းယွန်က လက်ကောက် ဝတ်ကို ယမ်းလိုက်ပြီး၊ ပန်းသင်္ချိုင်းအား လှည့်လိုက် သော အခါ၊ ငွေရောင် ပန်းပွင့် များက ငွေနဂါးကြီး အသွင် သိုင်းဖွဲ့ လာ၏။
“ ဝုန်း ... ။ ”
ဖြစ်စဉ် နှစ်ခု ထိပ်တိုက် တွေ့သွားကာ၊ ကျယ်လောင်သော သတ္တု တိုက်မိသံ တစ်သံ ထွက်ပေါ် လာသည်။
နှစ်ဦးလုံးကို မမြင်နိုင် တော့ချေ။ ကြာနက်နှင့် ငွေနဂါး ဖြစ်စဉ်များ ကြားတွင် ပေါက်ကွဲမှုများ ပြင်းထန် လာ၏။
ရေကန် တစ်လျှောက် လှိုင်းလုံးများ အလိပ်လိပ် ဖြစ်ပေါ် လာသည်။ ယင်းကြောင့် ပတ်ဝန်းကျင်မှ အာမေဋိတ် သံများ ဆက်တိုက် ထွက်ပေါ် လာခဲ့၏။
“ သူတို့ နှစ်ယောက်က အရမ်း အစွမ်း ထက်တယ်၊ လက်ရှိ ပြသ ထားတဲ့ စွမ်းအားပေါ် အခြေ ခံပြီး၊ နိဗ္ဗာန် အဆင့်က အခြား ဘယ်သူမှ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ ”
“ ဟုတ်တယ် ... ၊ အမည်ခံ သူတော်စင် နယ်ပယ်က လူတွေသာ နှိမ်နှင်း နိုင်လိမ့် မယ်လို့ ငါ လောင်းကြေး ထပ်ရဲတယ်။ ”
“ ငါလည်း မင်းလိုပဲ တွေးမိတယ်၊ သူတို့ နှစ်ယောက်လုံး အမည်ခံ သူတော်စင် တွေကို သတ်ပစ် ခဲ့ဖူးတယ်လို့ ကြားတယ်၊ ကျောက်ဝူကျိ ဒါမှ မဟုတ်၊ ...
... ယဲ့ချင်းရှန် ... ဘယ်သူပဲ ဖြစ်ဖြစ်၊ အနာဂတ်မှာ ဒီကမ္ဘာကြီးရဲ့ အုပ်စိုးရှင်တွေ ဖြစ်လာ လိမ့်မယ်။ ”
“ နှစ်ယောက်လုံး ဓားသူတော်စင် ဖြစ်ဖို့ အလားအလာ ရှိတယ်။ ”
လူတိုင်းက ယဲ့ချင်းရှန်၏ အရှက်မဲ့သော ဂုဏ်သတင်းကို မေ့ကုန် ကြပြီး၊ တိုက်ပွဲ အတွင်း နစ်မျော လာကုန်၏။
ဤနေရာသည် ဓားညီလာခံ မဟုတ်သော်၊ သည်အဆင့် တိုက်ပွဲ မျိုးကို၊ ကြည့်ခွင့် ရလိမ့် မည် မဟုတ်ချေ။
မီးပွားများ လွင့်ပျံ လာခဲ့ပြီး၊ နှစ်ယောက်လုံးက ရုပ်တု များပေါ်၊ ဆုတ်ခွာ ဆင်းသက် လိုက်သည်။
လင်းယွန် လက်ဖဝါး ပေါ်တွင် အက်ကွဲ ကြောင်းများ ပေါ်လာပြီး၊ သွေးများ ယိုစီးကျ နေ၏။
ကျောက်ဝူကျိသည် နက္ခတ်အား ခေါ်ယူ ထားသဖြင့်၊ သန်မာသော ရုပ်ခန္ဓာသာ မရှိသော်၊ သူ့အား အပိုင်းပိုင်း ခွဲပစ် ပေလိမ့်မည်။
တစ်ဖက်တွင် ကျောက်ဝူကျိ မှလည်း ဓားကိုင်လျက်၊ လင်းယွန်အား ကြည့်လိုက်၏။ သူသည် အပြင်းထန်ဆုံး ပြိုင်ဘက်ကို ရင်ဆိုင် နေခဲ့ရကြောင်း နားလည် လာသည်။
သို့သော် ကြောက်ရွံ့မှု အရိပ် အမြွက်မျှ မရှိချေ။ ဆန့်ကျင်ဘက် အနေဖြင့် သူ့မျက်လုံး များ၌ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာသည်။
“ ရွှပ် ... ။ ”
ကျောက်ဝူကျိက ဓားကို မြှောက်ပြီး ကိုယ်ထည်ပေါ်၊ လက်နှစ်ချောင်းဖြင့် ပွတ်ဆွဲ လိုက်သည်။
ကန်ရေများ မြင့်တက် လာကာ၊ သူ့ အနားတွင် စုရုံး သွား၏။ သည့်နောက် လေဆင် နှာမောင်း အသွင်၊ လှည့်ပတ် လာသည်။
သူ့တွင် မီး ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားသဖြင့်၊ ဝိညာဉ် ရေးရာ ရွှေရေ များအား မီး တောက်လောင် စေခဲ့၏။ ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့် စေသည်။
“ ဓား ... ။ ”
ပွတ်ဆွဲ လိုက်သော လက်နှစ်ချောင်းမှ သွေးများ ဓားတွင် စွန်းထင်း လာသည်။ ပြီး ချက်ချင်း ခုတ်ပိုင်း ချလိုက်၏။
ဝိညာဉ် ရေးရာ ရွှေရေ များက မိုးအဖြစ် သဲသဲ မဲမဲ ရွာချ လာတော့သည်။ ၎င်း ရေစက် များသည် လေဟာနယ် ကိုပင် လောင်ကျွမ်း စေနိုင်၏။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
လင်းယွန်က အသက် ပြင်းပြင်း ရှူလျက် ပန်းသင်္ချိုင်းအား ရေကန်ထဲ လွှဲခုတ် ပစ်လိုက် သည်။
အမြင့်ပေ တစ်ရာ ကျော်သော ရေဝဲကြီး ကိုးစင်းက၊ လေဆင် နှာမောင်းများ အလား ကောင်းကင်ပေါ် ထိုးတက် လာ၏။
မိုးများ သည်းထန်စွာ ရွာသွန်းပြီး၊ မီးပွားများက ရေတံခွန် အလား ရွာကျ လာကာ၊ ကမ္ဘာကြီး အဆုံးသတ် အချိန် ကာလ ကဲ့သို့၊ ဖြစ်စဉ်များ ထင်ဟပ် နေသည်။
“ လျှပ်စီး ထိန်းကြောင်းခြင်း ... ။ ”
လင်းယွန် အနားတွင်၊ ရေဝဲကြီး ကိုးစင်း နှင့်အတူ၊ မိုးခြိမ်းသံများ မြည်ဟည်း လာသဖြင့်၊ ကောင်းကင်ပေါ် ခုန်တက် သွားသည်။
မိုးကြိုး မုန်တိုင်း များက လျှပ်စီး များကို ထုတ်လွှတ်ကာ ပန်းသင်္ချိုင်းနှင့် ပေါင်းစည်းစေ ခဲ့သည်။
ယင်းကြောင့် ကြောက်မက်ဖွယ် ကောင်းသော ဓားတစ်လက် ထွက်ပေါ် လာ၏။ ပိုးစုန်းကြူး နတ်ဓား၏ ပဉ္စမ မြောက် ဓားပုံစံ ဖြစ်ချေပြီ။
ပိုးစုန်းကြူး နတ်ဓား၏ သူတော်စင် ပုံစံများကို၊ ငါးမျိုး အထိ၊ ဆုပ်ကိုင် ထားပြီး ပုံစံ တစ်မျိုး စီသည် သရုပ်ဖော် အဆင့်ဖြင့် နီးကပ် နေ၏။
“ ရွှပ် ... ။ ”
“ ဝှစ် ... ။ ”
ကျောက်ဝူကျိမှ အန္တရာယ်ကို ကြိုမြင်ကာ ရှောင်တိမ်းခဲ့ သော်လည်း၊ အနက်ရောင် ဝတ်ရုံ အပေါ်၊ ဓားဖြင့် ခုတ်ခွဲ ခံလိုက် ရသည်။ ရင်ဘတ် ၌ ဆိုးရွားသော ဒဏ်ရာများ ရရှိ သွားပြီး၊ ရေကန်ထဲ သွေးများ စီးကျ ကုန်၏။
အရေး ကြီးသော အစိတ်အပိုင်း များကို ရှောင်ရှား နိုင်ခဲ့ သော်လည်း၊ ဒဏ်ရာ တစ်ခုချင်း စီသည်၊ အလွန် နက်ရှိုင်းကာ၊ အရိုး ထိတိုင် မြင်နေ ရသည်။
လင်းယွန်၏ တိုက်ခိုက်မှုတွင် ကြယ်ဓား ပါဝင် သောကြောင့်၊ ကျောက်ဝူကျိ ခမျာ မသက် သာ လှချေ။ မျက်နှာ ဖြူဖျော့ သွားပြီး နာကျင်မှု အပေါ်၊ အံကြိတ် ခံနေ ရ၏။
သူ အရှောင် မြန်၍ သာပင်။ မဟုတ်သော် ယဲ့ချင်းရှန်၏ ဓားသည် သူ့အား နှစ်ပိုင်း ခွဲပစ် မည် ဖြစ်၏။
လင်းယွန်က ကျောက်ဝူကျိအား အသက် ရှူချိန် မပေးလိုချေ၊ ပန်းသင်္ချိုင်းကို ကောင်းကင်ပေါ် ညွှန်ပြပြီး၊ ကောင်းကင် တခွင် မီးတောက် များဖြင့် ပြည့်စေ ခဲ့ ပြန်၏။
ပြင်းထန် လှသော ဖိအား အရှိန်ကြောင့် ရေ မျက်နှာပြင် ပေါ်တွင် လှိုင်းများ တက်လာသည်။ ကျောက်ဝူကျိပင် ယိမ်းထိုး သွား၏။
“ ဒါ ... ။ ”
လင်းယွန်ကို ကြည့်ကာ ထိတ်လန့် သွားသည်။ ဆဋ္ဌမမြောက် သူတော်စင် ပုံစံကို ထပ်မံ လုပ်ဆောင် နေခြင်း ဖြစ်၏။
“ ကောင်းကင်ကို လောင်မြိုက်မယ့် မီးလျှံ။ ”
“ ကောင်းကင်ကို လောင်မြိုက်မယ့် မီးလျှံ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ ဆဋ္ဌမမြောက် ဓားပုံစံကို သူ နားလည် ထားတာလား။ ”
စောင့်ကြည့် နေသူများ အားလုံး၊ မတ်တပ် ထရပ်မိ ကုန်၏။ ယဲ့ချင်းရှန်သည် ကြောက်စရာ ကောင်းလွန်း ချေပြီ။
“ ငါ ... ငါ အရှုံး ပေးတယ်။ ”
ထိုအချိန်တွင် လင်းယွန်သည် ကောင်းကင်တွင် ပျံဝဲ နေသော နတ်ဘုရား ကဲ့သို့ ကြီးစိုး နေ၏။
ကျောက်ဝူကျိမှ ချက်ချင်း ဝန်ခံ လိုက် တော့သည်။ သို့သော် လင်းယွန်က ဓား ရည်ရွယ် ချက်ကို စုဆောင်းပြီး ဖြစ် သောကြောင့် အနည်းငယ် နောက်ကျ သွား၏။
သူ ဆန္ဒ ရှိသော်လည်း ရုတ်သိမ်းရန် မဖြစ်နိုင် တော့ချေ။ ထို့ကြောင့် ပန်းသင်္ချိုင်းအား ကျောက်ဝူကျိနှင့် လွတ်ရာသို့၊ လွှဲချ လိုက်ရ တော့သည်။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
အကန့် အသတ်မဲ့ မီးတောက်များ တောက်လောင် လာသည်ပြီး၊ ရေကန်ကြီး နှစ်ခြမ်းကွဲ သွား၏။
ပြင်းထန်သော ဓားရောင်ဝါကြောင့် ကျောက်ဝူကျိမှာ မုန်တိုင်း အတွင်း၊ မျောပါသွား သော ရေတစ်စက် အလား လွင့်ပျံ သွားသည်။
လူတိုင်းက သူ့အား ဂရုမစိုက် နိုင်ချေ။ ထိတ်လန့် တုန်လှုပ် စွာဖြင့်၊ ယဲ့ချင်းရှန် ဆိုသည့် လူငယ်အား ကြည့်နေ မိခဲ့ ကြသည်။
***