ဒါဆို ... တိုက်ရအောင်။
Vol. 148 Ch. 2061
ရေမျက်နှာပြင်က ရေတံခွန် နှစ်ခု အလား၊ နှစ်ခြမ်း ကွဲသွားသည်။ ဤသည်မှာ ကောင်းကင် တာအို ဂိုဏ်းမှ ပါရမီရှင် ပင်လော။
ယဲ့ချင်းရှန်သည် ဓားမဟာမိတ် အဖွဲ့ဝင် ဆိုသော မည်မျှ ကောင်းမည်နည်း။ လက်ခုပ် သံများ ဘဝဂ်ညံ မည်မှာ သေချာသည်။
လင်းယွန်က ဓားကို လေထဲ လွှဲခါလျက် ရုပ်တု တစ်ခုပေါ် ဆင်းသက် မိ၏။ ထို့နောက် ပန်းသင်္ချိုင်းကို ဘေး၌ ချထားပြီး၊ ဒဏ်ရာများ ကုသရန် မျက်လုံး မှိတ်လိုက်သည်။
“ ဘာလဲ ... သူ ဆက်တိုက်ချင် နေသေးတာလား။ ”
“ ဓားမဟာမိတ် အဖွဲ့ကို ... အရှက် ခွဲချင်နေပုံရတယ်၊ သူ ဘယ်လိုတောင် ရက်စက် လိုက်လဲ။ ”
“ သူ့နာမည်က ခွန်လွန်ကို ပျံ့နှံ့ သွားလိမ့်မယ်၊ ဓားမဟာမိတ် အဖွဲ့မှာ သူ့ကို တားနိုင်တဲ့ သူ ... မရှိ တော့ဘူး။ ”
ဒဏ်ရာများ ကုသ နေသော လင်းယွန်ကို ကြည့်ကာ လူတိုင်း အံသြ နေ၏။ ပတ်ဝန်းကျင် တစ်ခုလုံး ဝရုန်းသုန်းကား နိုင်လာသည်။
လူတိုင်း အံကြိတ်လျက် လက်သီးများ ဆုပ်ထား ကြသည်။ သို့သော် မည်သူမျှ စိန်ခေါ် ဝံ့ခြင်း မရှိ ကြချေ။
လေပေါ် နန်းတော်ရှိ ဖုန်ရှောက်ယွီ မျက်နှာ ဖြူဖျော့ သွား၏။ သူ အစိုးရိမ်ဆုံး အရာ ဖြစ်လာ ချေပြီ။ ရှုံးနိမ့် ရုံသာမက ရှက်စရာ ကောင်းသော ပုံစံဖြင့် အဆုံး သတ်ရ၏။
“ ကျန်း ယွင် ရှင်း ... ။ ”
ဖုန်ရှောက်ယွီက အနန္တ ဓားခန်းမမှ ပါရမီရှင်အား မျှော်လင့်ချက် အပြည့်ဖြင့် လှည့်ကြည့် လိုက်သည်။
သို့သော် ကျန်းယွင်ရှင်းက ခေါင်းယမ်း ပြလိုက်၏။ သူ့အသွင်မှာ ခက်ခဲသော အနေ အထားတွင် ရှိနေမှန်း မြင်သာသည်။
“ ညီအစ်ကို ကျန်း ... မင်း ကြောက်နေတာလား။ ”
ဖုန်ရှောက်ယွီ မေခွန်းကြောင့် ကျန်းယွင်ရှင်းက သက်ပြင်းချ လိုက်ပြီး၊
“ သခင်ငယ် ... မင်းက ငါ့ကို နှိုးဆော်ဖို့ ကြိုးစား နေစရာ မလိုပါဘူး၊ ငါ မင်းကို ရိုးရိုး သားသား ပြောရမှာ ကြောက်မိတယ်။ ”
-ဟု ပြောကြား တော့သည်။
“ မင်းမှာ ... မာန မရှိဖူးလား။ ”
“ ဟား ဟား ဟား ... ဘာလဲ မင်းရဲ့ ဓားစံအိမ်လို မာန မျိုးလား၊ ကြယ်ဓားနဲ့ အရမ်း မောက်မာ ပြပြီး ... ဉာဏ်ကြီးရှင်တွေ ကြား တိုက်ပွဲလို့ ကြေငြာတယ်၊ ဒါပေမယ့် မင်းညီက ဓားတစ်ချက်တောင် မယူ နိုင်ဘူး။ ”
“ မင်း ... ။ ”
ကျန်းယွင်ရှင်း စကားက ဖုန်ရှောက်ယွီအား ဒေါသ ထွက်စေ၏။ စကား မပြောနိုင် တော့ဘဲ၊ သူ့မျက်နှာ ကြောက်ခမန်း လိလိ မည်းမှောင် လာလေသည်။
ဖုန်ရှန့်လင်သည် ဓားစံအိမ် အတွက်၊ အရှက်ရဖွယ် ဖြစ်ချေပြီ။ သို့သော် ကျန်းယွင်ရှင်း က ကောင်းမွန်သော စိတ်ထား ရှိသဖြင့်၊
“ စိတ်မပူ ပါနဲ့ ... သာဓက ပြတာပါ၊ ဓားသမား တစ်ယောက်က သေခြင်းနဲ့ တိုက်ပွဲ ကို မကြောက် ပါဘူး၊ ဒါပေမယ့် မင်းမှာ အခွင့် အရေး မရှိမှန်း သိရက်နဲ့၊ ...
... တိုက်ပွဲ ဝင်တာဟာ ကိုယ့်ကိုယ်ကို အရှက်ခွဲ လိုက်တာနဲ့ အတူတူပဲ၊ ငါက အဲဒီလို အဖြစ်ခံမှာ မဟုတ်ဘူး။ ”
ဖုန်ရှောက်ယွီ အမူအရာမှာ ပျော့ပြောင်းလာပြီး ခေတ္တမျှ စဉ်းစားကာ၊
“ မင်း ... အများကြီး လုပ်ပေးစရာ မလိုပါဘူး၊ သူ့ကို တိုက်တာနဲ့ ရလဒ် ဘယ်လိုပဲ ရှိရှိ၊ မဟာ နေမင်း သူတော်စင် ဆေးလုံး ဆယ်လုံး ပေးမယ်။ ”
-ဟု ညှိနှိုင်း လိုက်၏။
ထိုစကားကို ကြားသော အခါ၊ ကျန်းယွင်ရှင်း၏ မျက်လုံးများ တောက်ပ သွားသည်။ သို့သော်လည်း မကြာမီ ကူကယ်ရာမဲ့ စွာဖြင့်၊
“ သခင်ငယ် ... မင်းက ရက်ရောတယ်၊ ဒါပေမယ့် ငါသာ တိုက်ပွဲမှာ တကယ် ယုံကြည်မှု ရှိတယ် ဆိုရင် မင်းရဲ့ ကမ်းလှမ်းချက် မပါ ပဲနဲ့ လှုပ်ရှား မိလိမ့်မယ်၊ နောက်ဆုံးတော့ ...
... ငါလည်း ဓားမဟာမိတ် အဖွဲ့ဝင် တစ်ယောက်ပဲ၊ ဒါပေမယ့် ... ငါ့ရဲ့ အခွင့်အရေး တွေက တကယ် နည်းပါတယ်။ ”
“ ဘာကို ဆိုလို တာလဲ ... ။ ”
“ လက်ရှိ သူ ထုတ်ပြထား သမျှဟာ သူ့ရဲ့ ဝှက်ဖဲတွေ အားလုံး ဆိုရင်တော့ ငါ့မှာ အနိုင် ရဖို့ ၃၀% လောက် ရှိတယ်။ ”
“ ၃၀% က အရမ်း နည်းတယ်။ ”
ဖုန်ရေှာက်ယွီမှ ဆိုသည်။
“ ဒါက မနည်းဘူး၊ တကယ်သာ အနိုင်ရဖို့ ၃၀% သေချာနေရင် ... ငါ စင်ပေါ် တက်မိမယ်၊ အခုတော့ လက်ရှိ သူ အသုံးပြု ခဲ့တဲ့ နောက်ဆုံး ဓားကို မတားဆီး နိုင်သေးဘူး။ ”
ဖုန်ရှန့်လင်က၊
“ အဲဒီဓားက ဒီထက် ပိုပြင်းမယ် ထင်တယ်။ ”
“ မှန်တယ် အဲဒါ ... အဓိကပဲ၊ အရေး အကြီးဆုံး ကတော့ သူ ဆက်ပြီး တိုက်ပွဲဝင်ဖို့ ရည်ရွယ် ထားတယ်၊ သူ့မှာ တခြား ဝှက်ဖဲတွေ ရှိသေးတယ်၊ အဲ့ဒါကြောင့် ငါ သွားရင် အရှုံးပေးဖို့ သွားတာနဲ့ အတူတူပဲ။ ”
ကျန်းယွင်ရှင်း စိတ်ထဲ ရှင်းလင်း နေခဲ့သည်။ သူ ဟူသည် ကျောက်ဝူကျိနှင့် အဆင့်တူ ဖြစ်၏။ ထို့ကြောင့် ယဲ့ချင်းရှန် မျက်နှာသာ ပေးသော်၊ သိုင်းကွက် တစ်ရာ အထိ ရင်ဆိုင် နိုင်မည်။
မဟုတ်သော် လှုပ်ရှားမှု အနည်းငယ် အတွင်း၊ တိုက်ပွဲ ပြီးဆုံးသွား နိုင်၏။
“ ဒါဆို ... ငါတို့ ဘာလုပ် သင့်လဲ၊ သူ့ကို ဒီအတိုင်းပဲ ကြည့်နေ ရမှာလား။ ”
ဖုန်ရှောက်ယွီ မျက်နှာ ပို၍ မည်းမှောင် လာ၏။ ဓားစံအိမ်၏ အခြေခံ အုတ်မြစ်သည် အခြားသော ဓားတာအို မြင့်မြတ်မြေ များထက် သာလွန်သည်။ ဓားညီလာခံ ပထမ ရမည့် သူအတွက် ဆုကြေးမှာ ရက်ရော၏။
“ အဲဒါကို စိတ်မပူ ပါနဲ့ ... ၊ ငါတို့မှာ ညီအစ်ကို ကူဇီကျန်း ရှိပါသေးတယ်။ ”
ကျန်းယွင်ရှင်းမှ ပြောသည်။ ထိုစကားကြောင့် ဖုန်ရှောက်ယွီက ကူဇီကျန်းထံ လှည့်ကြည့် လိုက်၏။
“ ကူဇီကျန်း ... ၊ မင်း ဘာလို့ စကား မပြောတာလဲ။ ”
ဓားမဟာမိတ် အဖွဲ့၏ ဉာဏ်ကြီးရှင် လေးပါးအနက်၊ ဖုန်ကျန့်လင်သည် အသက် အငယ်ဆုံး ဖြစ်ကာ၊ အနိမ့်ဆုံး ဖြစ်၏။
ကေျာက်ဝူကျိနှင့် ကျန်းယွင်ရှင်းသည် အဆင့်တူသည်။ ကူဇီကျန်းသည် ၎င်းတို့ အနက် အသန်မာဆုံး ဖြစ်ချေ၏။
ကူဇီကျန်းက ဖုန်ရှောက်ယွီ ပြောသည် များကို မကြားသလို ယဲ့ချင်းရှန်ထံ ငေးကြည့် နေသည်။
“ ငါ အခု စဉ်းစားနေတာ။ ”
“ ဘာကိုလဲ ... ။ ”
ကူဇီကျန်းမှ ပြန် မဖြေချေ။ တစ်ခုခုကို ဆက်တွေး နေခဲ့၏။ သူ့အတွေးသာ မှန်ပါက၊ ယဲ့ချင်းရှန် ခွန်အားကို သူ ရှင်းပြ နိုင်သည်။
မှားယွင်းသော် နည်းနည်း ကြောက်စရာ ကောင်းပေ လိမ့်မည်။ လောက၌ ဤသို့သော ပါရမီရှင်မျိုး ရှိလိမ့်မည်ဟု မယုံချင်ချေ။ တွေးလိုက်တိုင်း ခေါင်းခါ မိ၏။
သူ ဟူသည် ဓာတ်ပုံ မှတ်ဉာဏ်ကို ပိုင်ဆိုင် ထားသောကြောင့်၊ ယဲ့ချင်းရှန်နှင့် ကျောက်ဝူကျိ အကြား၊ တိုက်ပွဲ မြင်ကွင်းများကို ပြန်လည် ပုံဖော်ရန်၊ မျက်လုံး မှိတ်လိုက်သည်။
ဖုန်ရှောက်ယွီမှ ဆက်ပြီး မေးချင် သော်လည်း ကျန်းယွင်ရှင်းက၊
“ သူ့ကို မနှောင့်ယှက် နဲ့ဦး၊ သူ ဘာတွေ တွေးနေလဲ ငါ နည်းနည်းတော့ သိပါတယ်၊ ရေခဲ ဧကရာဇ်ရဲ့ ကောင်းကင် ပိတ်လှောင် ဓားကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်က၊ သူ လေ့ကျင့် ထားတယ်၊ ...
... ပိုးစုန်းကြူး နတ်ဓား သူတော်စင် ပုံစံ ကိုတောင် ကောင်းကင် လောင်ကျွမ်းခြင်း မီးလျှံ ပုံစံ အထိ ရရှိ ထားတယ်၊ သူ့မျက်လုံး ပြန်ဖွင့် လာရင် တိုက်ပွဲအတွက်၊ ယုံကြည်မှုတွေ ရှိနေ ပါလိမ့်မယ်။ ”
ဖုန်ရှောက်ယွီက ထိုစကားကို ကြားလိုက်ရသည့် အတွက် ဝမ်းသာ သွားသည်။
“ သူဘာတွေ တွေးနေတာ ဖြစ်နိုင်လဲ။ ”
“ ယဲ့ချင်းရှန်က ထူးဆန်းတယ်၊ သူက ရန်သူရဲ့ ချို့ယွင်းချက်ကို ... အလွယ် တကူ သိရှိ နိုင်တယ်၊ အကြိမ်ပေါင်း များစွာ အန္တရာယ်တွင်း ကျရောက် နေပေမယ့်၊ အနာဂါတ်ကို ကြိုမြင် နေသလိုမျိုး ရှောင်ထွက် နိုင်တယ်၊ ...
... ကျင့်ကြံမှု နိမ့်ကျသူ တစ်ယောက်က ... ဒီလိုနည်းနဲ့ တိုက်ပွဲကို အသာစီး ရယူထားတာ အံ့သြစရာပဲ မဟုတ်လား။ ”
နန်းတော် အတွင်းရှိ လူတိုင်းသည် ဂုဏ်သိက္ခာ ရှိသော မျိုးနွယ်စု များမှ ဆင်းသက် လာ သူများ ဖြစ်၏။
ထို့ကြောင့် ကျန်းယွင်ရှင်း ပြောသည်ကို ကြားလိုက်ချိန်၌ ယဲ့ချင်းရှန်သည် တစ်စုံ တစ်ရာ ထူးခြားနေကြောင်း၊ သဘောပေါက် လာကြသည်။
“ ငါတို့ အစ်ကို ကျောက်က ကျင့်ကြံမှု၊ ရုပ်ခန္ဓာ၊ ဓား ပညာရပ်နဲ့ ဓားရည်ရွယ်ချက် အရ ပြိုင်ဘက်ထက် လုံးဝ မနိမ့်ဘူး၊ သူက ပိုတောင် သန်မာ နေသေးတယ်၊ ဒါပေမယ့် ... ရှုံးတုန်းပဲ၊ ဒါ ဘာကြောင့်လဲ နားမလည် နိုင်ရင်၊ ...
... တစ်စုံ တစ်ယောက်က ကောင်းကင် လောင်ကျွမ်းခြင်း မီးတောက်ကို ခံနိုင်ရည် ရှိရင် တောင်မှ၊ အနိုင် ရဦးမှာ မဟုတ်ဘူး။ ”
ဖုန်ရှောက်ယွီက တုံ့ဆိုင်း သွားပြီး၊
“ ဒါကို အဖြေရှာ နိုင်ရင် ... ယဲ့ချင်းရှန်က ဘာမှ မဟုတ်တော့ဖူး ဆိုတဲ့ သဘောပေါ့ ... ၊ သူ ခြိမ်းခြောက် နိုင်တော့မှာ မဟုတ်ဘူး။ ”
“ အမှန်ပဲ ... ဒါပေမယ့် တခြား သူတွေ နဲ့တော့ မတူဘူး၊ ညီအစ်ကို ရှန့်လင်ကိုပဲ ဥပမာ ယူကြည့် ရအောင်၊ သူက ကြံ့ကြံ့ခံပြီး ရင်ဆိုင် တာတောင် နိုင်ပွဲ မရခဲ့ဘူး၊ ဓားတစ်ချက် တည်းနဲ့ ... ရှုံးနေရ တုန်းပဲ။ ”
ဥပမာကို ကြားသော အခါတွင် ဖုန်ရှန့်လင် တစ်ယောက် မျက်နှာ မည်းမှောင် သွားခဲ့သည်။ သူ၏ ဖြစ်တည်မှုကို နိမ့်ကျသော အသွင်မျိုး ယူထား သော်မှ၊ သတိရနေ ကြ၏။
“ အစ်ကို ကူက ... ဒါကို အဖြေရှာ နိုင်မယ်လို့ ယုံကြည်တယ်။ ”
ဖုန်ကျန့်လင်မှ ရှက်ရွံ့စွာဖြင့် ပြောကြား လိုက်ရသည်။
“ ကြည့်စမ်း ... ယဲ့ချင်းရှန် မျက်လုံးတွေ ဖွင့်လိုက်ပြီ။ ”
နန်းတော်ထဲမှ တစ်ယောက်က အံ့သြ သွား၏။ ယဲ့ချင်းရှန် ဒဏ်ရာများမှာ လျင်မြန်စွာ ပျောက်ကင်း လာသည်။
ကူဇီကျန်းမှ အဖြေ မရှာ နိုင်သေးချေ။ ကျောက်ဝူကျိနှင့် သူ၏ တိုက်ပွဲသည် မြေပြိုကျ စေပြီး၊ ဤမျှ မြန်မြန် ပြန်ကောင်း လာရန် အဓိပ္ပါယ် မရှိပေ။
ယဲ့ချင်းရှန်က ထရပ်ကာ ပန်းသင်္ချိုင်အား ဆုပ်ကိုင် လိုက်သည်။ လူအုပ်ထံ ဝေ့ဝဲကြည့်ပြီး၊ စိန်ခေါ်ရန် ပြင်လိုက်၏။ မည်သူမျှ သူနှင့် မျက်လုံးချင်း မဆုံချင် ကြချေ။
“ ငါ့ကို တိုက်ချင်တဲ့သူ ရှိသေးလား။ ”
နဂါးပြာ အရိုးကြောင့်၊ လျင်မြန်စွာ ပြန်၍ ကောင်းမွန် လာပြီး၊ အထွတ်အထိပ် အခြေအနေ သို့ ရောက်ရှိ သွားခဲ့သည်။
“ သူ ... စိန်ခေါ် နေပြီ၊ ဓားမဟာမိတ် အဖွဲ့က သူ့ကို တားနိုင်တဲ့ လူ မရှိတော့ဘူး။ ”
ဓားမဟာမိတ် အဖွဲ့၏ ဉာဏ်ကြီးရှင်များ အချင်းချင်း ဆေွးနွေးကာ စိုးရိမ် ကုန်ကြသည်။
“ မိုးတိမ် စံအိမ်က ... ကူဇီကျန်းကို ထွက်လာဖို့ တောင်းဆို ပါတယ် ... ။ ”
မိုးတိမ်ဂိုဏ်းမှ တစ်စုံ တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။ သူ့အသံကြောင့် ကူဇီကျန်းထံ အကြည့်များ ရောက်ရှိကုန်သည်။
၎င်းသည် ရေခဲ ဧကရာဇ်၏ တပည့် တစ်ယောက် ဖြစ်ပြီး၊ ဓားမဟာမိတ် အဖွဲ့တွင် ထိပ်တန်း ပုဂ္ဂိုလ် ဖြစ်၏။
“ ကောင်းကင် တိမ်လွှာဂိုဏ်း ကလည်း ညီအစ်ကို ကူဇီကျန်းကို တောင်းဆို ပါတယ်။ ”
“ ဓားတောင်တန်း ကလည်း မျှော်လင့်နေပါတယ်။ ”
လူတိုင်းက ကူဇီကျန်းအား သတိရလာ ကုန်ကြသည်။
“ ကောင်းလိုက်တာ၊ ဒါက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကထက် ပိုကြီးကျယ်တယ်၊ ကျန့်ကျင်းရှန်တောင် ဓားမဟာမိတ် အဖွဲ့ကို ဒီလို ဖိနှိမ် မထားနိုင် ခဲ့ဘူး။ ”
ဤမြင်ကွင်းကို ကြည့်ပြီး ယွင်ဖုန်း တစ်ယောက် အံ့သြ သွား၏။ ဓားဂိုဏ်း မှလည်း စိတ်လှုပ်ရှား လာသည်။
ယဲ့ချင်းရှန်သည် ဤမျှ အထိ ဖိအားပေးနိုင်လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ချေ။ အဆုံးတွင် ဓားမဟာမိတ် ဟူသည် ဓားတာအို မြင့်မြတ်မြေ (၁၈)ပါး ပါဝင်သော အဖွဲ့အစည်း ဖြစ်သည်။
လင်းယွန် သည်သာ ရှိနေပါက ဤဓားညီလာခံ၌ နေရာတစ်ခု ရရှိမည်ဟု သူတို့ ယုံကြည် လာကြ၏။
ကျယ်လောင်သော တောင်းဆို သံများ အောက်တွင်၊ ကူဇီကျန်း၏ မျက်လုံးများ ဖွင့်လာပြီး၊
“ ဒါဆို ... တိုက်ကြရအောင်။ ”
-ဟု ကြေငြာ လိုက်တော့သည်။
လက်နှစ်ဖက်ကို ဆန့်ခွဲကာ နန်းတော်မှ ဆင်းသက် လိုက်၏။ လေပြင်းများ သူ့မျက်နှာ ပေါ် ဖြတ်တိုက် သွားပြီး တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း လာခဲ့သည်။
***