ကူဇီကျန်း၏ ခန့်မှန်းချက် ... ။
Vol. 148 Ch. 2062
ကူဇီကျန်း တစ်ယောက် နန်းတော်မှ ဆင်းလာပြီး၊ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက် မိရာ၊ လူတိုင်း၏ မျှော်လင့်ချက် မျက်ဝန်းများ မြင်လိုက် ရသည်။
“ ကောင်းကင် သုံးဆယ့်ခြောက် လွှာမှ ကြယ်များ ... ။ ”
ကူဇီကျန်း စကားစလိုက် သည်နှင့် ကောင်းကင်ကြီး ကွဲအက်ကာ၊ ကြယ်ရောင်များ တောက်ပ နေသည့်၊ နဂါး ငွေ့တန်း တစ်ခုအား မြင်လာရ၏။
ကြယ်ဓားကို ကနဦး ကျွမ်းကျင်မှုသာ ပိုင်ဆိုင်ထား သော်လည်း၊ ကျောက်ဝူကျိထက် များစွာ အားကောင်း ချေပြီ။
သူ့ နဂါးငွေ့တန်းသည် ကျစ်လစ် သိပ်သည်းပြီး အလယ်အလတ် ကျွမ်းကျင်မှု ရောက်ရန်၊ ခြေလှမ်း တစ်ဝက်သာ လို၏။
ထို့ကြောင့် ကြယ်ဓား ရည်ရွယ်ချက်ဖြင့် ဖုံးအုပ် ထားသော သူသည် ဓား တစ်လက်လို ထက်ရှ နေသည်။
လင်းယွန်က ရပ်ကြည့် နေ၏။ ဤလူနှင့် ဆုံဖူးသော်လည်း၊ ရထားလုံးကြောင့် ကောင်းစွာ အကဲမဖြတ် နိုင်ခဲ့ချေ။
တစ်ဖက် လူသည် စိတ်နေ စိတ်ထား ထူးခြားကာ၊ ရေခဲ ဧကရာဇ် တပည့် အဖြစ်၊ သူ့ လက္ခဏာ အပြည့်အဝ ပြသနိုင်သည်။
ဧကရာဇ် တစ်ပါးနှင့် ထိတွေ့ ဆက်ဆံရ သောကြောင့်၊ ဧကရာဇ် ရောင်ဝါ အချို့ ကိုပင်၊ သဘာဝ အလျောက် ရရှိ ထားခဲ့သည်။
“ ငါက ရေခဲ ဧကရာဇ်ရဲ့ ... တိုက်ရိုက် တပည့်ပဲ၊ မင်းနဲ့ မတိုက်သင့်ဘူး ... ၊ ဒါပေမယ့် မင်းရဲ့ အံ့အားသင့်ဖွယ် စွမ်းရည် အရ၊ ငါ့ဆရာ ရေခဲ ဧကရာဇ်ရဲ့ တပည့် ဖြစ်ထိုက်ပါတယ်၊ ဒါကြောင့် အခု မင်းကို ငါ တိုက်ရင်တောင် မတရားတာ မရှိတော့ဘူး။ ”
ကူဇီကျန်း၏ အကဲဖြတ်မှုသည် မြင့်မား နေခဲ့ပြီး၊ သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိ၏။ ၎င်းက ပြုံးပြီး၊
“ ငါ့မှာ မင်းကို မေးစရာ ရှိသေးတယ်၊ ခန့်မှန်းချက် အချို့ ရှိပေမယ့် ဒါကို အတည်ပြု ရမယ်၊ ငါက ရေခဲ ဧကရာဇ်ရဲ့ တပည့်မို့ ... ဒီတိုက်ပွဲက အကျိုးရှိ လိမ့်မယ်လို့ ယုံကြည်တယ်။ ”
-ဟု ပြောကြား လိုက်သည်။
လင်းယွန်က သတိဖြင့် ကူဇီကျန်းအား စောင့်ကြည့် နေမိသည်။ သူ့ အစွမ်းကို ထုတ်ပြ ပြီးနောက် တွင်ပင်၊ ထွက်လာ ရဲ၏။
အခြားသူများ ထံမှ မခံစား ရသည့် ခြိမ်းခြောက်မှုမျိုး ခံစား လာရသည်။ ထိုအခြေ အနေကြောင့်၊ ကူဇီကျန်းသည် ၎င်းတို့ထက် ပိုသန်မာ သည်ဟု ဆိုနိုင်၏။
“ ငါ ... မျှော်လင့်ပါတယ်။ ”
သည်ပွဲ အန္တရာယ် ရှိချေပြီ။ ကူဇီကျန်းမှ နောက်ထပ် စားကား ပြောရန် ရည်ရွယ်ချက် မရှိဘဲ ခြေတစ်လှမ်း တိုးလိုက်၏။
အဆုံး မရှိသော နိဗ္ဗာန် ရောင်ဝါများ သူ့ခြေထောက်မှ ဖြာထွက် လာပြီး ရေကန်ကြီး တစ်ခုလုံးကို တုန်ခါလာ စေသည်။
လင်းယွန်က ဓားဆွဲလျက် ချက်ချင်း ပေါ်လာ၏။ နောက်ဆက်တွဲ အဖြစ် အပျက် တစ်ခု မဟုတ်ချေ။
သူ ဓားဆွဲ လိုက်ရုံဖြင့် ကူဇီကျန်း၏ တိုက်ခိုက်မှုက ဝင်ရောက် လာသည်။ ထိုအရှိန် ကြောင့် လင်းယွန်မှ ထိတ်လန့် သွား၏။
“ ဝှစ် ... ။ ”
လင်းယွန်နှင့် ကူဇီကျန်းတို့ ပုံရိပ်များက လူတိုင်း အမြင်မှ ပျောက်ကွယ် သွားလေသည်။ မြန်လွန်းသဖြင့် ပြန်ပေါ် လာသော အခါတွင်၊ တတိယ ဖလှယ်မှု ရောက်နေပြီ ဖြစ်၏။
အချိန်များ နှေးကွေး သွားကုန်သည်။ လင်းယွန်က နတ်ဘုရား ပုံရိပ်ယောင် ဓားအား ခင်းကျင်း လိုက်သည်။
သူ့ဘယ်လက်တွင် တောက်ပသော ဓားရောင်ခြည် များဖြင့် ပြည့်နှက်ကာ လေးညှို့ တင်ထားသော မျှားအလား ထင်ရှား လာ၏။
အရိယာ ဓားသုတ္တန်ကြောင့် ရေကန် ပေါ်တွင် ပန်းများ ပွင့်လာပြီး ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးကို ပန်းပင်လယ် အဖြစ် ချက်ချင်း ပြောင်းလဲ လိုက်သည်။
“ နဂါး လက်ချောင်း ... ။ ”
ကူဇီကျန်း မှလည်း ဘယ်ဘက်ဖြင့်၊ လင်းယွန်ထံ ညွှန်ပြ လိုက်၏။ ရွှေရောင် ဓား အလင်းများ ပွင့်ထွက် လာသည်။
“ ဝုန်း ... ။ ”
အနက်ရောင်နှင့် ရွှေရောင် ဓားအလင်းများ တိုက်မိကာ၊ ပေါက်ကွဲမှုကြီး ဖြစ်ပွား လာခဲ့၏။
“ သွား ... ။ ”
“ ဝှစ် ... ။ ”
သူတို့ လက်ထဲတွင် ရှိနေသော ဓားများကိုလည်း အဝေးမှ ပစ်လွှတ်ကာ ထိန်းချုပ် ချယ်လှယ် တော့သည်။
ပြီးနောက် နှစ်ဦးသား လျှပ်စီးများ အလား ရွေ့လျားကာ၊ ဆက်လက် တိုက်ပွဲ ဝင်နေ ခဲ့ကြ သည်။
လက်ဖဝါးနှင့် လက်သီးက ရေမျက်နှာပြင် ပေါ်တွင်၊ ကြီးမားသော လှိုင်းလုံးများ ဖန်တီးနေ ခဲ့သည်။
ပစ်လွှတ်ထားသော ဓားနှစ်လက် သည်လည်း တချွင်ချွင်နှင့် အချင်းချင်း ခုတ်ထစ်နေသည်။
တိုက်ပွဲမှာ အန္တရာယ်များ လွန်းချေပြီ။ လူတိုင်း ထိတ်လန့် တုန်လှုပ် ကုန်သည်။ သတိ မထားသော် အသက် ဆုံးရှုံး နိုင်၏။
“ နဂါး နှစ်ကောင် ... ။ ”
ကူဇီကျန်းက သူ့လက်ကောက် ဝတ်ကို ယမ်းလိုက်ပြီး ရေနဂါး နှစ်ကောင်အား ဖန်တီး လိုက်သည်။
ရေကန်ထဲမှ နဂါးများ ထွက်လာကာ လင်းယွန်ထံ ပျံသန်း လာ၏။ သည့်နောက် လေ နှင့်ရေ ရည်ရွယ်ချက်အား ပေါင်းထည့် လိုက်သည်။
ရေကန်၏ စွမ်းအားကို လုံးလုံး လျားလျား အသုံးပြုထား သောကြောင့်၊ ဤလှုပ်ရှားမှုအား ရှောင်တိမ်း၍ မရချေ။
လင်းယွန် တစ်ယောက် အဝေးသို့ ဆုတ်ခွာ လိုက်ရသည်။
“ လာ ဦး မယ် ... ။ ”
ကူဇီကျန်းမှ ပြုံးပြီး သူ့လက်အား ဝှေ့ယမ်း လိုက်သည်။ ကြီးမားသော လှိုင်းလုံးများ ထပ်မံ ဖြစ်ပေါ် လာ၏။
လက်သီးချက်များ ပစ်လိုက်သော အခါ ပတ်ဝန်းကျင် တစ်ခုလုံး ရေနဂါး ဓားရောင်ဝါ များ ပြည့်နှက် ကုန်သည်။
ရေကန် တစ်ခုလုံး ဓားရောင်ခြည်များ၊ နတ်နဂါးများ၊ လေနှင့် ရေများ ဖုံးလွှမ်းထား သည်ကို လူတိုင်း မြင်နိုင်၏။
ကူဇီကျန်း၏ တိုက်ပွဲဝင် ပုံစံသည် မြင့်မားသော အဆင့်သို့ ရောက်ရှိ နေသဖြင့်၊ လင်းယွန်မှာ အံ့အားသင့် မိသည်။
ပတ်ဝန်းကျင် အနေအထားကို အသုံးချ နိုင်ကာ၊ စိတ်ဝိညာဉ် ထံပါ ဖိအားပေး နိုင်၏။ ထို့ကြောင့် ခုခံရန် မဖြစ်နိုင်ချေ။
“ အနန္တ ဓားများ ပေါင်းစည်းခြင်း။ ”
ကူဇီကျန်းက ဓားကို လက်နှစ်ဖက်ဖြင့် ဖမ်းဆွဲကိုင်ပြီး ခုတ်ချလိုက်သည်။
ရေနဂါး တစ်ကောင်က သူ့ဓားဖြင့် ပေါင်းစပ်သွားပြီး ကောင်းကင်ကို ခွဲလျက် ပြန်လည် ထွက်ပေါ် လာ၏။
လင်းယွန်က ပန်းသင်္ချိုင်းကို လှမ်းခေါ်ကာ၊ ဝင်လာသော သက်ရောက်မှုအား လက်နှစ်ဖက် ဆန့်ထုတ်လျက်၊ နောက်ဆုတ် ရှောင်တိမ်း လိုက်ရသည်။
နောက်ဆုတ် နေစဉ် ဓားအလင်းများ ထုတ်လွှတ်ကာ သက်ရောက်မှုအား ခေျဖြတ် နေရသည်။ သို့တိုင် သူ့ခန္ဓာ အစိတ်အပိုင်း တော်တော် များများကို ထိမှန် စေ၏။
“ မင်း ... ထွက်သွားလို့ မရဘူး၊ ဟား ဟား ဟား ... ။ ”
ကူဇီကျန်းက ရယ်မောပြီး၊ သူတော်စင် ဓားကို ညာလက်ဖြင့် ပြောင်းကိုင်ကာ လင်းယွန် နောက် ဆက်လိုက် လာ၏။
“ အနန္တ ဓားများ ပေါင်းစည်းခြင်း။ ”
လင်းယွန်မှ ထိတ်လန့် သွားသည်။
“ ငါ့ရဲ့ ဓားကို ... မင်းတားဆီးလို့ မရဘူး။ ”
ကူဇီကျန်း၏ ဓားရောင်ဝါမှာ ပြောင်းလဲ သွားသည်။ အပြစ် အနာအဆာများ ပြည့်နှက် နေပုံရ သော်လည်း၊ မည်သည့် အားနည်းချက် ကိုမှ ဖမ်းဆုပ်၍ မရချေ။
ကောင်းကင်ကို တံဆိပ်ခတ် နိုင်သည့် အရှိန်အဟုန် များပင်၊ လိုက်ပါလာ ခဲ့တော့၏။ ယင်းကြောင့် လင်းယွန် ခမျာ၊ မီတာ ရာဂဏန်း အကွာသို့ ဆုတ်ခွာ ပျံသန်း သွားမိသည်။
လင်းယွန်က ရေကန်ပေါ် ဆင်းသက် လိုက်သော အခါ၊ ကူဇီကျန်းမှာ ထပ်မံ ပြေးဝင် လာနေပြီ ဖြစ်၏။
“ ထန် ... ထန် ... ။ ”
ထို့ကြောင့် ကူဇီကျန်း ဓားကို ရင်ဆိုင်ရန် မှတပါး အခြား မရှိခေျ။ သူတို့ ပတ်ပတ် လည်၌ ဓားရိပ်များ ပြည့်နှက် သွားသည်။
ကျောက်ဝူကျိ နှင့် နှိုင်းယှဉ် ရသော် ကူဇီကျန်းသည် သိုင်း ရည်ရွယ်ချက်ကို သိပ် ဂရုမစိုက်ကြောင်း တွေ့ရှိရ၏။
ခိုင်မာသော အခြေခံ အုတ်မြစ် ကိုသာ အသုံးချ သောကြောင့် လင်းယွန်အား အခက် တွေ့ စေသည်။
“ ဟိတ် ... ။ ”
ရေကန်ကြီး ပွင့်သွား သဖြင့်၊ လင်းယွန် တစ်ယောက် နောက်တစ်ကြိမ် ဆုတ်ခွာ လိုက် ရပြန်သည်။
ကူဇီကျန်းသည် အနာဂတ်ကို မြင်နိုင် သကဲ့သို့ လင်းယွန်၏ လှုပ်ရှားမှုများ အပေါ်၊ ကောင်းကောင်း သိနေ ခဲ့သည်။
ထို့အပြင် ၎င်း၏ မျက်လုံး များ၌ ထူးဆန်းသော အရာ တစ်ခု ရှိ၏။ ကြယ်ဓားကို ဆုပ်ကိုင်နိုင် ပြီးနောက်၊ ဤကဲ့သို့ ခက်ခဲသော ပြိုင်ဘက်မျိုး ပထမဆုံး အကြိမ် ကြုံရခြင်း ဖြစ်သည်။
“ ဝှစ် ... ။ ”
အဆုံးတွင် တစ်ဖက်လူ စိုးမိုးနေသော နယ်မြေ အတွင်းမှ အတင်း ရုန်းထွက် လိုက်ရ တော့သည်။
လေထု အလယ် တစ်ပါတ် ဂျွမ်းပစ်ကာ၊ ရုပ်တုများကို ချုပ်နှောင် ထားသော သံကြိုးများ ထံသို့ ဆင်းသက် လိုက်၏။
ကူဇီကျန်းက ဆက်လိုက် မလာဘဲ၊ သူ့လက် နှစ်ဖက်ကို နောက်ပို့ကာ ပြုံးပြီး၊
“ အံ့သြ သွားလား၊ မင်းရဲ့ ခွန်အားကို လွန်လွန်ကဲကဲ ပြသခဲ့ တာကြောင့် ငါကံကောင်း သွားတယ်၊ စောစောက အနန္တ ကြယ်တာရာ မျက်ဝန်းနဲ့ ... မင်းဓားရေး အပေါ်၊ ငါ အကြိမ် ပေါင်းများစွာ ခွဲခြမ်း စိတ်ဖြာခဲ့တယ်။ ”
-ဟု ရှင်းပြ လာ၏။
လင်းယွန်မှ သံကြိုး ပေါ်တွင် ရပ်ကာ၊ ကူဇီလင်အား ကြည့်ပြီး၊ လေးလေး နက်နက် တွေးတော နေမိသည်။
ကူဇီကျန်းသည် ဓားနှလုံးသားကို ပိုင်ဆိုင်ထားပြီး၊ သူ့ဓားရေး၏ ချို့ယွင်းချက် အချို့ကို၊ သိရှိ ထားရ ပေမည်။
ကျောက်ဝူကျိ ကဲ့သို့ လူကိုပင်၊ အလွယ်တကူ အနိုင်ယူ နိုင်သည် ဖြစ်ရာ၊ တကယ် ဒုက္ခ ရောက် ချေ၏။
သို့သော် အစောပိုင်း ဓားချက်များသည် သူ့ဝှက်ဖဲများ အကုန် မဟုတ်ချေ။ ကူဇီကျန်းမှ လွန်လွန်း ကျူးကျူး တွေးနေသော်၊ နောင်တ ရနိုင်မည်။
“ အစ်ကို ကူ ... ကောင်းတယ်။ ”
“ အစ်ကိုကူ ... သူ့ကို တောင်းပန် ခိုင်းပါ၊ ဓားမဟာမိတ် အဖွဲ့ ဆိုတာ ... အားနည်းသူ မဟုတ်မှန်း သင်ခန်းစာ တစ်ခု သင်ပေးပါ။ ”
“ ဒါက ရေခဲ ဧကရာဇ်ရဲ့ တပည့်ပဲ၊ အရှေ့ဘက် ပျက်စီးမြေရဲ့ တစ်စုံ တစ်ယောက် က၊ ဘယ်လိုလုပ် ရင်ဆိုင် နိုင်မှာလဲ။ ”
ဓားမဟာမိတ် အဖွဲ့မှ လူတိုင်း၊ ချိုနှိမ် ထားသော ခံစားချက်များ ပွင့်ထွက် လာတော့ သည်။
“ စိတ် မကောင်းပါဘူး ... ဒီတိုက်ပွဲက ဓားမဟာမိတ်ရဲ့ ဂုဏ်သိက္ခာ ဖြစ်ပြီး၊ ငါ့ ဆရာရဲ့ ဘုန်းအသရေ ကိုလည်း ကိုယ်စားပြုတယ် ... ၊ နောင်မှာ အခွင့်အရေး ရှိရင် ... တောင်းပန် ပါ့မယ်။ ”
အောင်ပွဲသည် သူ့လက်ထဲတွင် ရှိနေပြီဟု ကူဇီကျန်းမှ ခံစားမိကာ၊ ရေကန်ပေါ် နင်းလျက် ကြယ်တံခွန် တစ်စင်းလို ပြေးဝင်လိုက်သည်။
သူ့လက်ထဲတွင် ရှိသော ဓားသည် နတ်နဂါးနှင့် တူ၏။ ဓားရောင်ဝါ သွားရာလမ်း၌ အရာ အားလုံး ကန့်သတ်ခံလိုက် ရသည်။
လင်းယွန်က မျက်လုံးများ မှေးစင်းလျက် ကူဇီကျန်းထံ ကြည့်မိသည်။ ဤတိုက်ခိုက်မှုတွင် မည်သည့် အပြစ် အနာအဆာ ကိုမျှ မမြင်ချေ။
ဝင်လာသော ဓားသည် သူ့အား ပြင်ပ ကမ္ဘာနှင့် အဆက်ပြတ် စေသည်။ ကမ္ဘာမြေ ပြိုကျသည့် ဖြစ်စဉ်မျိုး မဟုတ် သော်လည်း သေစေ နိုင်၏။
ဤအရာက သူ့အား ကူကယ်ရာမဲ့ သွားစေသည်။ လက်ကို ဆန့်ခွဲကာ ရှောင်တိမ်း လိုက် သော်လည်း၊ ဓားက နဂါး တစ်ကောင် ကဲ့သို့ သူ့နောက် လိုက်နေသည်။
“ ဟိတ် ... ။ ”
ယင်းကြောင့် လက်များကို ကြိုးကြာ တောင်ပံ ကဲ့သို့ ဖြန့်လျက် ကောင်းကင်ပေါ် ပျံတက် လိုက်မိသည်။
သို့သော် မည်မျှပင် ကြိုးစား စေကာမူ၊ ဓားရောင်ဝါမှ မလွတ်မြောက် နိုင်ချေ။ လင်းယွန် ၏ ဓားရောင်ဝါသည် အဆက်မပြတ် ယိုယွင်း လာကာ ဆုတ်ခွာရန် လမ်းကြောင်း မရှိတော့ လောက်အောင် ဆိုးရွား လာ၏။
“ ယဲ့ချင်းရှန် ... မင်းရဲ့ ကောင်းကင် လောင်ကျွမ်းမှု မီးတောက်ကို မင်းလွှတ်ပေး နိုင်ပါတယ်၊ ငါ့ ဒီဓားရဲ့ နာမည်က ကောင်းကင် ပိတ်လှောင်ခြင်း နဂါးပဲ၊ ...
... ရေခဲ ဧကရာဇ် ကိုယ်တိုင် ... ဖန်တီး ထားတဲ့ လှုပ်ရှားမှုမို့ ... ရှုံးနိမ့် ရင်တောင် မင်း ဂုဏ်ယူ နိုင်ပါတယ်။ ”
ကူဇီကျန်း စကားကြောင့် လူ အများက ခေါင်းညိတ် လိုက်ကြသည်။ ဤလူသည် ရေခဲ ဧကရာဇ်၏ တပည့် အဖြစ် ထိုက်တန်၏။
သို့သော် လင်းယွန် အမြင်၌မူ၊ ရေခဲ ဧကရာဇ်၏ တပည့်အဖြစ်၊ သူ့ကိုယ်သူ မကြာ မကြာ ထုတ်ဖော် ကိုယ်ရည်သွေး နေသော အပြုအမူကို စိတ်ပျက် လာခဲ့သည်။
ယင်းကြောင့် မိုးပြာ နဂါး ဓားနှလုံးသား အတွင်း ကြယ်ဓား ရည်ရွယ်ချက်ကို ပေါင်းထည့် လိုက်၏။
လင်းယွန်မှ အရှုံး မပေးသေး သည်ကို မြင်သောအခါ၊ ကူဇီကျန်းက သူ့ဓားအား နဖူးထံ ဦးတည်ချက် ပြောင်းလျက် ထိုးသွင်းသည်။
“ တောင်းပန်ပါတယ်။ ”
သို့သော် မထင်မှတ် ထားသော မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာ၏။ ကူဇီကျန်း ပတ်ဝန်းကျင် ရှိ ဓားရောင်ဝါများ ပေါက်ကွဲ ကုန်ခြင်း ဖြစ်သည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲ သံသည် လူတိုင်းကို ထိတ်လန့် စေပြီး၊ မည်သည့် အရာများ ဖြစ်ပျက်ခဲ့ သည်ကို နားမလည်နိုင် ဖြစ်လာ၏။
အထူးသဖြင့် လင်းယွန် နှလုံးသားမှ တောက်ပသော ငွေရောင် ဓားရောင်ခြည်များ လင်းလက် လာသည် ကိုသာ မြင်သည်။
“ ဓားနှလုံးသား ... ။ ”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”
“ ဒီလူက နိဗ္ဗာန် အဆင့်နဲ့ ... ဓားနှလုံးသားကို ဆုပ်ကိုင်ထား တာလား။ ”
တက်ရောက် လာသူ အားလုံး အံသြ မှင်တတ် ကုန်၏။ ထိုစဉ် ငွေနဂါး တစ်ကောင် ထပ်မံ ပျံထွက် လာပြန်သည်။
ကူဇီကျန်းမှ ခေါင်းမော့ ကြည့်လိုက် သောအခါ၊ သူ ရောက်နေသည့် အရပ်သည် ချက်ချင်း အန္တရာယ်ဇုန် ဖြစ်သွားမှန်း သတိထားမိ လာ၏။
တစ်ဖက် လူသည် သူ့အား အပြင် လောကနှင့် ပြန်၍ ကန့်သတ် လာခြင်း ပေပင်။ မယုံနိုင် စရာ ဖြစ်၏။
“ ဓားနှလုံးသား၊- ဝိညာဉ် အဆင့်။ ”
“ ဓားနှလုံးသားကို ... ငါ ဆုပ်ကိုင် ထားတယ်လို့ မင်း သိခဲ့တယ် မဟုတ်လား ... ၊ ဒါပေမယ့် ငါ့ ဓားနှလုံးသားက ဝိညာဉ် အဆင့် ရောက်နေတာတော့ ... မင်း သိပုံ မရဘူး။ ”
လင်းယွန်၏ စကားများက ကူဇီကျန်အား ထိတ်လန့် သွားစေသည်။ သူ မြင်ခဲ့ သမျှသည် ရေခဲတောင် အစွန်းမျှသာ ဖြစ်နေတော့၏။
***