ကောင်းကင်နှင့် မြေကြီး။
Vol. 148 Ch. 2063
ငွေဓား ရောင်ခြည်သည် အချင်းဝက် ပေတစ်ရာကို လွှမ်းခြုံ ထားသည်။ ဤသည်မှာ ဓားနယ်မြေ၏ ရှေ့ပြေး ပုံစံ ဖြစ်ပြီး မိုးပြာ နဂါး ဓားနှလုံးသား၏ စွမ်းအားသည်၊ ဝိညာဉ် အဆင့် ရောက်ရှိ နေ၏။
ဓားနှလုံးသား၏ စွမ်းပကား အောက်တွင် လင်းယွန်၏ ဓားရောင်ဝါသည် ကူဇီကျန်းအား ချက်ချင်း ချေမှုန်း ပစ်တော့သည်။
အဆုံးတွင် ယဲ့ချင်းရှန် တစ်ယောက် အဘယ်ကြောင့် နောက်ဆုတ် သွားခဲ့ရ သည်ကို ကူဇီကျန်း သိလိုက် ရ၏။
သူ့ဓားသည် တစ်ဖက်လူ နဖူးရှေ့တွင် ရပ်တန့် နေပြီး မည်မျှပင် ကြိုးစား စေကာမူ ဆက်၍ တိုး မရနိုင် တော့ချေ။
ဓားက လက်ထဲတွင် တုန်ခါလျက် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျကာ လွင့်ပျံ သွားလေသည်။
လင်းယွန်အား ငွေရောင် အဆင်း သဏ္ဍာန်ဖြင့် ဖုံးအုပ် ထားပြီး ဆံပင်များ လေထဲ တဖျပ်ဖျပ် ခတ်နေ၏။
ပန်းသင်္ချိုင်းမှ ပေတစ်ရာ ကျော်သော ဓားရောင်ခြည်ကို ထုတ်လွှတ်ကာ တိမ်များကို ဖြိုခွဲ တော့သည်။
ဓားနယ်မြေမှ လွတ်မြောက် သွားသော ထိုအခွင့် အရေးကို အားကိုးပြီး၊ ကောင်းကင်ဓား တံဆိပ်အား ကူဇီကျန်းက ဖန်တီး ၏။
ဤသည်မှာ ကောင်းကင် ပိတ်လှောင် ဓားကျမ်း ဖြစ်သည်။ ကြယ်ကိုးပွင့် သူ့နောက်၌ ပေါ်လာပြီး ကြယ်တိုင်းမှာ၊ ထာဝရ တောက်ပ နေ၏။
ဓားရောင်ခြည် နှစ်စင်း ထိပ်တိုက် တွေ့သောအခါ၊ ဆယ်မိုင် ပတ်လည်ရှိ တိမ်များ ကွဲအက် ကုန်သည်။
“ ကောင်းကင်ဘုံ ကိုးပါးက လေနဲ့ ... အနန္တ ရေခဲ တံဆိပ် ... ။ ”
ပြင်းထန်သော လေပြင်းများကြောင့် ကောင်းကင်ရှိ ဧရာမ ဒေါသအိုး ဓားကြီးကို လှုပ်ယမ်း လာစေသည်။
ချည်နှောင် ထားသော သံကြိုးများ လှုပ်ခတ်ကုန် သဖြင့် ရေမျက်နှာပြင်၌ လှိုင်း အတက် အကျများ ဖြစ်ပေါ် လာ၏။
ကူဇီကျန်းနှင့် လင်းယွန်မှာ ၎င်းတို့၏ ဓားများအတွင်းမှ ဘုန်းဝိညာဉ် တော်များ ကိုပင် အသုံး မပြုခဲ့ချေ။
နှစ်ဦး စလုံးသည် သန်မာပြီး ဘုန်း ဝိညာဉ်တော် များ၏ စွမ်းအားကို ရာနှုန်းပြည့် ထုတ်ဖော် နိုင်၏။
လူအုပ်ကြီးက အဆိုပါ မြင်ကွင်းကြောင့်၊ ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။ နဂါးနှင့် ဖီးနစ်မှာ ငရဲပန်း ပင်လယ် အတွင်း ပျံသန်း နေ၏။
ကောင်းကင်တွင် မျောနေသော ဓားကြီး သည်လည်း လေထု အလယ် ဝှေ့ယမ်းလျက် တချွင်ချွင် မြည်နေ၏။
လင်းယွန်က ဓားနှလုံးသားကို သုံးထား သောကြောင့်၊ ပန်းသင်္ချိုင်း သွားရာ လမ်းတွင် အရာရာ ဦးညွှတ် ကုန်သည်။
ကူဇီကျန်း၏ အနန္တ ကြယ်တာရာ မျက်စိသည် ကောင်းကင် ပိတ်လှောင်ခြင်း ဓား ကျမ်းကို အားဖြည့်ကာ၊ ဝင်လာသော ဓား ရောင်ဝါ အပေါ်၊ တွန်းလှန် ၏။
သူ့ နောက်၌ ကြယ်ကိုးပွင့် ထွက်ပေါ် လာကာ၊ ထုတ်ပြ လိုက်သော ခွန်အားသည် ပတ်ဝန်းကျင်ရှိ လူတိုင်း အပေါ်၊ အသက်ရှူ ကြပ်စေသည်။
“ ဒါက နည်းနည်းတော့ မယုံနိုင် စရာ ကောင်းနေတယ် မဟုတ်လား ... သူတို့ တွေက တကယ့် ဘီလူး တွေပဲ။ ”
“ ယဲ့ချင်းရှန် ရှုံးမယ်လို့ ... ထင်နေတုန်း ဓားနှလုံးသား ထုတ်ခဲ့တယ်၊ ကူဇီကျန်း ပြီးသွား ပြီလို့ ထင်တော့ ပြန်ထရပ် လာတယ်။ ”
“ ရေခဲ ဧကရာဇ်ရဲ့ မျိုးရိုးက တကယ်ကို ကြောက်စရာ ကောင်းတယ်၊ ပြီးတော့ ဧကရာဇ် ကိုးပါးထက် ... ပို အားမနည်း တော့မှာကို ငါကြောက်မိတယ်။ ”
“ မင်းတို့ ဘာသိ လိုလဲ၊ ယဲ့ချင်းရှန်က ကောင်းကင်ကို အံတု နေတာ၊ ငါတို့ ပြောပြော နေတဲ့ ဓားနှလုံးသားကို ... နိဗ္ဗာန် အဆင့်မှာ ဆုပ်ကိုင် နိုင်တယ် ဆိုတာ ... မယုံနိုင်စရာ ဖြစ်နေပြီ။ ”
ဓားမဟာမိတ် အဖွဲ့သည် ကမ္ဘာ ပေါ်ရှိ ဓားတာအို မြင့်မြတ် နယ်မြေ အားလုံးကို စုစည်း ထားသဖြင့် ဓားနှလုံးသားအား ဆုပ်ကိုင်ရန် မည်မျှ ခက်ခဲကြောင်း သိရှိ ကြသည်။
ဖုန်ရှောက်ယွီ မျက်နှာမှာ မည်းမှောင် လာ၏။ ကူဇီကျန်းမှ လျှို့ဝှက် နည်းပညာကို အားကိုးပြီး ရင်ဆိုင် နေရသည်။
အကယ် ၍သာ ၎င်းနေရာ၌ အခြားသူ တစ်ဦး သာဆိုက ယဲ့ချင်းရှန်၏ ဓားနှလုံးသား ကြောင့် ရှုံးနိမ့် သွားမည် ဖြစ်သည်။
ကေျာက်ဝူကျိမှ၊
“ ယဲ့ချင်းရှန်က ဓားနှလုံးသားကို ဘယ်လောက် ကြာကြာ ဆက်သုံး နေနိုင်မယ် ဆိုတာ ပြောဖို့ ခက်တယ်၊ ပြီးတော့ ကူဇီကျန်းရဲ့ ဒီဓားက ဝှက်ဖဲပဲ၊ ယဲ့ချင်းရှန် တစ်ယောက် ...
... သူနဲ့ ကူဇီကျန်းကြား ခြားနားချက်ကို သိလိမ့်မယ်၊ ပိုးစုန်းကြူး နတ်ဓား သူတော်စင် ပုံစံကို အပြီးသတ် ပြီးသွားတာနဲ့ ပွဲပြီးပြီ။ ”
ကျောက်ဝူကျိသည် သူ့ အရှုံးကို မယုံကြည်ဘဲ ကူဇီကျန်းမှ ယင်းအစား ကလဲ့စား ချေနိုင်မည်ဟု မျှော်လင့် ထား၏။
ဖုန်ရှောက်ယွီက လက်သီးကို ဆုပ်လျက်၊
“ မှန်တယ် ... ဒီတိုက်ပွဲရဲ့ ရလဒ်ကို မဆုံးဖြတ် ရသေးသလို ... ကူဇီကျန်း မှာလည်း အခွင့်အရေး ရှိပါသေးတယ်။ ”
ကျန်းယွင်ရှင်းက စကား တစ်ခွန်းမျှ ဝင်မပြောချေ။ သို့သော် ယဲ့ချင်းရှန်ကို ကြည့် နေသော သူ့အကြည့်မှာ လေးနက်နေ၏။
ပိုးစုန်းကြူး နတ်ဓား အကြောင်းလား။ ဤယဲ့ချင်းရှန်သည် ဓားနှလုံးသားကို ဆုပ်ကိုင် ထားသောကြောင့်၊ ပဉ္စမ ဓားသာ သိလိမ့် မည်ဟု မည်သူ ပြောဝံ့ သနည်း။
ထိုမျှ နုံချာသော လူများ အတွက်၊ ပြောပြ နေစရာ စကားလုံး မရှိချေ။ သို့တိုင် သူ ဟူသည် ဓားမဟာမိတ် အဖွဲ့ဝင် တစ်ဦး ဖြစ်သောကြောင့် သူ့အမြင် မှားယွင်းကာ၊ ကူဇီကျန်းအား အနိုင်ရ စေလို ပြန်သည်။
“ ဝုန်း ... ။ ”
ဓားနှစ်လက်ကြောင့် ကောင်းကင်တွင် နောက်ထပ် ပေါက်ကွဲသံများ ထွက်ပေါ် လာခဲ့ လေသည်။
“ မင်းရဲ့ ... ဓား နှလုံးသားကို၊ ငါ သဘောကျတယ်၊ နဂါးပြာ မှတ်တမ်း မကြာခင် ပေါ်လာတော့ မှာမို့၊ မင်းလို ... ပြိုင်ဘက် မျိုးနဲ့ တွေ့ရတာ ဂုဏ်ယူ စရာပဲ၊ ဒီတိုက်ပွဲ အတွက် ကျေးဇူး တင်ပါတယ်။ ”
ကူဇီကျန်း၏ မျက်နှာတွင် အပြုံး တစ်ပွင့် ပေါ်လာသည်။ ယဲ့ချင်းရှန်သည် သူ့အား အံ့သြ စရာများ ပေးစွမ်း ချေ၏။
၎င်းကိုသာ အနိုင်ယူ နိုင်ခဲ့ ပါက၊ ကြယ်ဓားတွင် အောင်မြင်မှုများ ထပ်မံ ရရှိနိုင် ပေမည်။
“ ကြယ်ကိုးပွင့် လျှို့ဝှက် ပညာရပ်က ... ၊ မိနစ် အနည်းငယ်ပဲ နေနိုင်တယ် ... ၊ ဒါကြောင့် မင်းနဲ့ အချိန် အများကြီး မဖြုန်းနိုင်ဘူး။ ”
ကူဇီကျန်းမှာ ယုံကြည်ချက် ရှိသော လေသံဖြင့် ပြောကြား လာသည်။ ထို့နောက်
“ ကောင်းကင် ... ။ ”
-ဟူပြီး၊ ရှေးဟောင်း တံဆိပ် တစ်ခုကို ဖန်တီးကာ၊ အားကောင်းသော ရောင်ဝါများ ထုတ်လွှတ် လာ၏။
“ မြေကြီး ... ။ ”
ရှည်လျားသော တောင်တန်း ကြီးများ ပေါ်တွင် မြစ်ဖျားခံကာ စီးဆင်း လာသော မြစ် ရေစီးကြောင်း ဖြစ်စဉ် ထွက်ပေါ် လာသည်။
ဤအခိုက် အတန့်တွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ တသားတည်း ဖြစ်ကုန် တော့၏။
အဆုံးတွင် သူ့နောက်၌၊ ရေခဲ ဖီးနစ် တစ်ကောင်ပေါ် လာပြီး၊ ရှေးခေတ် ရောင်ဝါများ ထွက်ပေါ် လာလေသည်။
***