← Chapters

ငါ ရှုံးပြီ ... ။

Vol. 148 Ch. 2064

ငါ ရှုံးပြီ ... ။

Vol. 148 Ch. 2064

ရေခဲ ဖီးနစ်သည် လင်းယွန်အား ရင်းနှီးသော ခံစားချက်မျိုး ပေးသည်။ ၎င်းသည် ခရမ်းငယ်၏ မူလ အသွင်အပြင် ဖြစ်၏။

“ ကျီး ... ။ ”

ရေခဲ ဖီးနစ်က အော်ဟစ် လိုက်စဉ်၊ ဓားရှည်ကြီး တစ်ဝိုက်ရှိ သံကြိုးများ တုန်လှုပ် ကုန်တော့သည်။

မကြာမီ နှင်းခဲ အလွှာ တစ်ခုသည် ရေခဲဖီးနစ်ထံမှ ပြန့်ကျဲလာပြီး သံကြိုးများကို ဖုံးအုပ် သွား၏။

ဤမြင်ကွင်းသည် လူများစွာကို ထိတ်လန့် စေသည်။

( အိုး ... ငါ့မျိုးရိုးရဲ့ လျှို့ဝှက် နည်းပညာက တော်တော် အားကောင်း တာပဲ။ )

ခရမ်းငယ်မှ ချီးကျူး ခဲ့သည်။

“ ဒါက နတ်ဖီးနစ် မျိုးနွယ်စုရဲ့ ... ရေခဲဖီးနစ်ပဲ၊ ရှေးဦးခေတ် တုန်းက ရေခဲ ဖီးနစ် တစ်ကောင်က ဒီကမ္ဘာကြီးကို ဖျက်ဆီးခဲ့ ဖူးတယ်။ ”

( တစ်ယောက် ယောက်က ငါ့ကျေးဇူးတော်ကို၊ တကယ် မှတ်မိ နေသေးတာလား၊ အံ့သြ မိပါတယ်။ )

ကူဇီကျန်း စကားကို ခရမ်းငယ်မှ ပြုံးလိုက်၏။ ရေခဲ ဖီးနစ်၏ အစွမ်းအောက်တွင် ကူဇီကျန်း၏ ဓားရောင်ဝါများ မြင့်တက် လာသည်။

ရေခဲဖီးနစ်သည် အချိန်နှင့် အမျှ ကြီးထွားနေပြီး ဓားရည်ရွယ်ချက် အတွင်း ရှေးဟောင်း ရောင်ဝါများ ပေါင်းထည့် ပေးနေ၏။

နှစ်ယောက်သား ထိပ်တိုက် တွေ့ချိန်၌ ကူဇီကျန်းမှ သူ့အား အလွယ်တကူ ဖိနှိမ် လာ သဖြင့်၊ လင်းယွန် တစ်ယောက် ခေါင်းကိုက် လာတော့သည်။

“ ရေခဲ ဖီးနစ်က ... အစွမ်းထက်တယ်၊ ပြီးတော့ ငါ့ရဲ့ အနန္တ ကြယ်တာရာ မျက်လုံးတွေ ရှေ့မှာ၊ လျှို့ဝှက်ချက် ဆိုတာ မရှိပါဘူး၊ ဒီနေ့ ဓားနှလုံးသား ရှိနေရင်တောင် ... မင်းကို ငါ အနိုင်ယူဦးမှာပဲ။ ”

တိုက်ပွဲတွင် အသာစီး ရနေသဖြင့် ကူဇီကျန်းမှ ပြုံးကာ ပြောကြားလာ၏။ ဤပွဲကို အောင်နိုင်မည် ဟုလည်း ယုံကြည်သည်။

တစ်ဖက် လူသည် မည်ကဲ့သို့ ကြွားဝါ ကိုယ်ရည်သွေး ရမည်ကို အမှန် တကယ် သိနေ ချေပြီ။ သို့သော် လင်းယွန် အတွက်မူ၊ စိတ်ရှည် သည်းခံမှု ပျောက်ဆုံး သွား၏။

( ဟေ့ ... ငါ့အကူအညီ လိုသေးလား။ )

ခရမ်းငယ်မှ မေး၏။

( မလိုပါဘူး၊ ရေခဲ ဧကရာဇ် လောက် မပြောနဲ့၊ သူက ဓားဧကရာဇ် ယုချင်းဖန် တပည့် ဖြစ်နေ ရင်တောင် ... ငါ အနိုင်ယူမယ်။ )

လင်းယွန်မှ အသက် ပြင်းပြင်းရှူ လိုက်ကာ၊ နိဗ္ဗာန် ရောင်ဝါအား သူ့ခန္ဓာကိုယ် တစ်ခုလုံး၌ ပြည့်နှက် လာစေ၏။

“ ပြန်လည် ရှင်သန် လာသော သစ်ခြောက်ပင်။ ”

“ အိုး ... ပိုးစုန်းကြူး နတ်ဓားလား၊ နောက်ဆုံးတော့ အားလုံးကို ထုတ်တော့မယ် ပုံရတယ်၊ စိတ်မကောင်း ပါဘူး၊ ငါလည်း ပိုးစုန်းကြူး နတ်ဓားကို သိတယ်။ ”

ကူဇီကျန်းက လင်းယွန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ပိုးစုန်းကြူး နတ်ဓားအား ပြန်လည် အသုံးပြု လိုက်သည်။

နှစ်ယောက် စလုံး၏ တိုက်ခိုက်မှုကို လွှတ်လိုက်သော အခါတွင်၊ ကြီးမား လှသည့် သစ်ပင်ကြီး နှစ်ပင် မြေပြင်မှ ပေါက်ရောက် လာသည်။

“ နေထွက်ခြင်း ... ။ ”

“ နေထွက်ခြင်း ... ။ ”

“ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းများ ... ။ ”

“ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းများ ... ။ ”

နှစ်ယောက် စလုံးက ရပ်တန့်ရန် မရည်ရွယ်ချေ။ သူတော်စင် ပုံစံတွင် ဓားကွက် ဆယ့်သုံးကွက် ရှိပြီး၊ တစ်ကွက်စီသည် အခြား သော ဓားရေး များထက် သန်မာ၏။

မျက်စိ တစ်မှိတ် အတွင်း ကောင်းကင်လောင်မြိုက်ခြင်း မီးလျှံအား ထုတ်ဖော် လိုက် ကြသည်။

မီးတောက်များ ကောင်းကင် အပြည့် ဖုံးလွှမ်းသွားပြီး၊ ကြောက်မက်ဖွယ် ဓားရောင်ဝါ နှစ်စင်း ထိပ်တိုက် တွေ့ကာ၊ ကောင်းကင်၌ အပေါက် တစ်ခု ဖြစ်ပေါ် လာသည်။

“ ကောင်းကင်ကို လောင်မြိုက်မယ့် မီးလျှံ။ ”

“ ကောင်းကင်ကို လောင်မြိုက်မယ့် မီးလျှံ။ ”

ဆဋ္ဌမမြောက် ဓားပုံစံဖြင့် ရပ်တန့်ရန် ရည်ရွယ်ချက် မရှိချေ။ ထိုမြင်ကွင်းက လူတိုင်း ကို၊ စိတ်လှုပ်ရှား လာစေ၏။

သို့သော် ဤဓား အပြီးတွင် ကူဇီကျန်း တစ်ယောက် အသက်ရှူ မဝတော့ဘဲ နဖူး၌ ချွေးများ ရွှဲနစ်လာသည်။

“ ကောင်းကင်ဘုံ ကိုးပါးက လေ ... ။ ”

လင်းယွန်က သတ္တမမြောက် ဓားကို ဆက်ကာ၊ ခင်းကျင်း လိုက်သည်။ ကူဇီကျန်း ခမျာ အံကြိတ်လျက် လိုက်ပါလာ၏။ တစ်ဖက် လူနှင့် သူ့ကြား ကွာဟချက် ရှိလာ ချေပြီ။

လင်းယွန်၏ ဓားရောင်ဝါက သူ့နောက်ရှိ ရေခဲ ဖီးနစ်ပေါ်တွင် အက်ကြောင်းများ ဖြစ်ပေါ် လာစေ၏။

“ အဋ္ဌမမြောက် ဓားကို ... မင်း လုပ်နိုင်လိမ့် မယ်လို့ ... ငါမယုံဘူး။ ”

ဓားကို တင်းတင်း ဆုပ်ကိုင်လျက် ကူဇီကျန်းမှ ပြောလိုက်သည်။ သူ့ လက်ဖဝါးမှ သွေးများ စီးကျနေ၏။

“ ငြိမ်းချမ်းသော ပင်လယ် လေးစင်း ... ။ ”

လင်းယွန်မှ ပြန်မပြောဘဲ အဋ္ဌမမြောက် ဓားကို ခင်းကျင်း လိုက်သည်။ လေထု အလယ် ပင်လယ် လေးစင်း ဖြစ်ပေါ် လာကာ၊ ဓားတစ်လက် ကျဆင်း လာ၏။

ကြယ်ရောင် များက ကမ္ဘာကြီးကို ထွန်းလင်း တောက်ပစေလျက်၊ ကူဇီကျန်းထံ ပြေးဝင် သွားသည်။

ကူဇီကျန်း ခမျာ ဓားရောင်ဝါကို တားဆီးလျက် ရေကန် အစွန်းသို့ ဆုတ်ခွာ သွားတော့သည်။ သူ့နောက်ရှိ ရေခဲ ဖီးနစ် သည်လည်း ပြိုကျသွား၏။

“ မဖြစ် နိုင်ဘူး ... ။ ”

ကူဇီကျန်း တစ်ယောက် မျက်လုံးများ ပြူးကျယ် သွားသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

နန်းတော် ပေါ်ရှိ ဖုန်ရှောက်ယွီနှင့် ကျောက်ဝူကျိ သည်လည်း ခုန်ဆင်းလု နီးပါး အံ့ဩ သွားသည်။

ယင်းမှာ အဆုံး မဟုတ်ချေ။ လင်းယွန်မှ လှည့်ကြည့်ပြီး၊ နဝမမြောက် ဓားကို ထုတ်ဖော် လိုက်ပြန်သည်။

“ လရောင် အလင်း ပြန်ခြင်း။ ”

ကူဇီကျန်း နောက်ရှိ ကြယ်တာရာ မျက်လုံးများ ပေါက်ကွဲ သွားသည်။ ရင်ဘတ်၌ ကြီးမားသော အပေါက် တစ်ခု ဖြစ်ပေါ် လာ၏။

ဤတိုက်ခိုက်မှုသည် သူ့အား သတ်ပစ် နိုင်လု နီးပါး ပေပင်။ တစ်ဖက်တွင် စူးရှရှသော အလင်းများ ထုတ်လွှတ်လျက်၊ ပန်းသင်္ချိုင်းမှ လင်းယွန် လက်ထဲ တဆတ်ဆတ် တုန်ယင် နေခဲ့သည်။

တစ်ဖက်လူသည် ဓား၏ အစွမ်းကို သူ့အပေါ်၊ အပြည့်အဝ ပို့လွှတ်ခဲ့ခြင်း မရှိမှန်း၊ ကူဇီကျန်းမှ နားလည် လိုက်သည်။

“ ငါ ရှုံးပြီ ... ။ ”

ထို့ကြောင့် တုန်လှုပ်စွာ ဝန်ခံ လိုက်ရ၏။

သူ့ စကားသည် ဓားမဟာမိတ် အဖွဲ့မှ တပည့်များ၏ နှလုံးသားကို ကွဲကြေ သွားစေ ခဲ့သည်။

“ အနည်းဆုံးတော့ မင်းက ဉာဏ်ကောင်းတယ်။ ”

လင်းယွန်က ပြုံးလျက် ပန်းသင်္ချိုင်းအား ရေမျက်နှာပြင်ပေါ် ခုတ်လွှဲ ပစ်သည်။ လက်ကျန် စွမ်းအင်များက ဝုန်းခနဲ ထွက်ပေါ် လာခဲ့၏။

***

All Chapters