← Chapters

ဓားငှားမို့ လာတာပါ။

Vol. 148 Ch. 2065

ဓားငှားမို့ လာတာပါ။

Vol. 148 Ch. 2065

တိုက်ပွဲက သည်မျှ ပြင်းထန် လိမ့်မည်ဟု မမျှော်လင့် ထားချေ။ သူတော်စင် နယ်ပယ်သို့ မရောက်မီ ပိုးစုန်းကြူး နတ်ဓား၏ ပုံစံ (၉)မျိုး ဆုပ်ကိုင် ထားနိုင်သည်မှာ မယုံနိုင်စရာပင်။

အနန္တ ကြယ်တာရာ မျက်လုံးနှင့် ရေခဲဖီးနစ်ကို ဆင့်ခေါ်ပြီးသည့် နောက်၌ပင် ရှုံးနိမ့်ရ သေးသည်။

သည့်အပြင် ယဲ့ချင်းရှန်မှ နောက်ဆုံး ဓားကိုသာ အပြည့်အဝ ထုတ်ဖော်လိုက် ပါက၊ သူ အသက် ဆုံးရှုံး သွားနိုင်မည်။ ကူဇီကျန်းက သက်ပြင်းချ လိုက်သည်။

( ကြည့်ရတာ သနားဖို့ ကောင်းတယ်၊ နှင်းရေခဲ သူတော်စင် နန်းတော်က ငါ့အမွေကို ယူထား ပုံပဲ၊ လင်းယွန် ... သူ့ကို ဒီပုံစံမျိုးနဲ့ ငါ မကြည့်ရက်ဘူး၊ ငါ့အစား သူ့ကို စကား ပြောပေးပါ။ )

လင်းယွန်က အံအားသင့်စွာဖြင့် ခရမ်းငယ် တောင်းဆိုမှုကို လိုက်နာပြီး၊ ကူဇီကျန်းထံ စကားအချို့ တိုးတိုးလေး ပြောပြ လိုက်သည်။

“ ဒီလိုလား ... ။ ”

ကူဇီကျန်းက လင်းယွန် စကား များကို ကြားပြီးနောက် မျက်လုံးများ မှေးစင်းလျက် ပြန်ကြည့် သည်။

ရေခဲ ဖီးနစ် လျှို့ဝှက် ပညာရပ်၏ အားနည်းချက် များနှင့် ပြီးပြည့်စုံအောင် လုပ်နည်းကို ပြောပြ လာခြင်း ဖြစ်၏။

ရေခဲဖီးနစ်ကို ဆင့်ခေါ်ခြင်းသည် ရေခဲ ဧကရာဇ်၏ ဖီးနစ် ဆင်းသက် လာခြင်း ကျမ်း ဖြစ်သည်။

၎င်းအား ကန့်သတ်ထား သဖြင့် လူအနည်းငယ်သာ လေ့ကျင့်ခွင့် ရ၏။ နှင်းရေခဲ နန်းတော်၏ နောက်ဆုံးသော အမေွလည်း ဖြစ်သည်။

အရေးအကြီးဆုံးမှာ ထိုကျမ်းသည် မပြည့်စုံသေး သဖြင့်၊ ရေခဲ ဧကရာဇ် ကိုယ်တိုင် သင်ကြား ပေးရသည်။

တစ်ဖက် လူသည် ၎င်းကို စကားလုံး အနည်းငယ်ဖြင့် ပြီးမြောက် စေခဲ့သည်။ ရေခဲ ဧကရာဇ် သည်သာ ဤအကြောင်းကို ကြားသိ ခဲ့သော် အံ့အားသင့် သွားနိုင်၏။

“ ဒါကို မင်းဘယ်လို သိတာလဲ ... ။ ”

“ လူတိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိတယ်။ ”

လင်းယွန်က ပြုံးပြုံးလေး ပြန်ဖြေ၏။ ကူဇီကျန်းမှ အသိစိတ် ပြန်ဝင် လာပြီး လက်သီး ဆုပ်လျက်၊

“ ဒီအတွက် ကျေးဇူး တင်ပါတယ်၊ အခွင့်အရေး ရှိရင် ... နှင်းရေခဲ သူတော်စင် နန်းတော်ကို လာခဲ့ပါ၊ ငါ့ ဆရာက မင်းကို ကြိုဆို ပါလိမ့်မယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်မှ ခေါင်းညိမ့်၏။

“ မင်း ရောက်အောင် လာရမယ်။ ”

ကူဇီကျန်းမှ ဓားညီလာခံကို မေ့သွား တော့သည်။ ရေခဲ ဧကရာဇ်ထံ ပေါ့ပေါ့ ဆဆ မသွားဝံ့ သောကြောင့်၊ လင်းယွန် မှလည်း ယင်းကို ကတိ မပေး ဝံ့ချေ။

ခရမ်းငယ်မှ သူ့ကို မကယ်တင် နိုင်သော် သူ ပြီးသွား ပေလိမ့်မည်။

( ငါ့ အထင်တော့ ... အုပ်စိုးရှင် ရေခဲ နတ်ရူရ်က ... ရေခဲ ဧကရာဇ် လက်ထဲမှာ ရှိနေ နိုင်တယ်။ )

ခရမ်းငယ်မှ သုံးသပ် ပြောကြား လာခဲ့သည်။

( မင်းဘယ်လို သိလဲ။ )

( ဗီဇ အသိ ... ။ )

ကူဇီကျန်း ထွက်သွား ပြီးနောက် ဒဏ်ရာများကို ကုသရန် အတွက် ဆေးတစ်လုံး သောက်ကာ ထိုင်ချ လိုက်သည်။

“ နောက်ဆုံးတော့ ယဲ့ချင်းရှန်က ပိုသန်မာတာပဲ၊ ပိုးစုန်းကြူး နတ်ဓားရဲ့ နဝမ ပုံစံကိုတောင် ဆုပ်ကိုင် ထားတယ်။ ”

ကျင်းယွင်ရှင်းက သက်ပြင်းချ လိုက်တော့သည်။ ရလဒ်ကို သူ ခန့်မှန်းထား ပြီးသား ပေပင်။

“ ဒီနေ့ပြီးရင် ယဲ့ချင်းရှန် အမည်က ခွန်လွန်မှာ ကျော်ကြား လာလိမ့်မယ်။ ”

နန်းတော်ထဲမှ တစ်စုံ တစ်ယောက်က ဝင်ပြော လာသည်။

“ သူက ပထမ ရသွားပြီ ... ။ ”

ဖုန်ရှန့်လင်မှ တိုးတိုးလေး ပြောသည်။ လူတိုင်း တိတ်ဆိတ် ကုန်ပြီး ဖုန်ရှောက်ယွီ မျက်နှာ မည်းမှောင် လာ၏။

ဤသည်မှာ သူ မမြင်လိုသော အရာ ဖြစ်သည်။ အထူးသဖြင့် ဓားညီလာခံ အိမ်ရှင်မှာ ဓားစံအိမ် ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်း (၂၀)က ကဲ့သို့၊ အပြင်လူ တစ်ယောက် လက်ထဲ ချန်ပီယံ ရာထူး ပေးအပ် ရပေတော့မည်။

အကြွင်းမဲ့ ကောင်းကင် မြို့တော်သည် လျင်မြန်စွာ တိုးတက်နေပြီး၊ ဤသတင်း ကိုသာ ကြားသော် ဓားစံအိမ် အတွက် အဆင်မပြေ သည့် အနေအထား ဖြစ်သည်။

“ ငါတို့မှာ အစ်ကိုကျင်း ရှိပါသေးတယ်။ ”

ကျောက်ဝူကျိမှ ပြောလာသည်။ ထိုစကားကြောင့် ကျင်းယွင်ရှင်းထံ လူတိုင်း လှည့်ကြည့် ကုန်ကြ၏။

ကျင်းယွင်ရှင်း သည်လည်း ကြယ်ဓားကို ဆုပ်ကိုင် ထားသော ပါရမီရှင် တစ်ပါး ပေပင်။ ယဲ့ချင်းရှန်သည် ဝှက်ဖဲ များစွာကို ထုတ်ပြခဲ့ပြီး ဖြစ်ရာ၊ သူ တိုက်ခိုက် လိုလျှင် အနိုင်ရရန် အခွင့်အလမ်း ရှိနိုင်၏။

“ ဒီမှာပဲ ရပ်လိုက် ရအောင်။ ”

ကျင်းယွင်ရှင်းက လက်ကို ဝှေ့ယမ်းပြီး ငြင်းဆန်လိုက်သည်။

“ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး၊ အနည်းဆုံးတော့ လက်ရှိ အချိန်မှာ ... ။ ”

သက်ပြင်းချလျက် လင်းယွန်ထံ မျှော်ကြည့်ကာ၊

“ သူ့မှာ ဝှက်ဖဲတွေ ကျန်သေးတယ်၊ တကယ်လို့ ဝှက်ဖဲတွေ မကျန်တော့ ရင်တောင် နောက်ဆုံး ဓားတစ်ချက် တည်းနဲ့ ... သူ ငါ့ကို အနိုင်ယူ နိုင်ပါသေးတယ်။ ”

-ဟု ဝန်ခံ လိုက်သည်။

သူ့တွင် ရေခဲ ဧကရာဇ် မျိုးရိုး၏ လျှို့ဝှက် ပညာရပ်မျိုး မရှိချေ။ တစ်ဖက်လူ သည်သာ ဓား နှလုံးသားနှင့် နဝမမြောက် ဓားပုံစံကိုသာ သုံးခဲ့မည် ဆိုသော် ရှုံးနိမ့် သွားပေမည်။

ယဲ့ချင်းရှန်ကို စိန်ခေါ် ခြင်းသည် အရှက်ခွဲပါဟု တောင်းဆိုခြင်းနှင့် ညီမျှသည်။ သည့်အပြင် ကျောက်ဝူကျိ၌ ကောင်းမွန်သော ရည်ရွယ်ချက် မရှိနိုင်သည်ကို သူ သိသည်။

ဖုန်ရှောက်ယွီ၏ အကြည့်များ မှိန်ဖျော့သွားပြီး သက်ပြင်းသာ ချနိုင် တော့၏။ ညင်သာသော ခြေသံ နှင့်အတူ ရှုံးနိမ့်သွားသည့် ကူဇီကျန်း ပြန်ရောက် လာသည်။

“ စိတ်ပျက် စေမိတဲ့ အတွက် တောင်းပန်ပါတယ် ... သခင်ငယ်။ ”

အပြစ်ရှိ သဖြင့် လက်သီး ဆုပ်ကာ တောင်းပန် လိုက်သော်လည်း သူ့ အမူအရာက တည်ငြိမ် နေခဲ့သည်။

“ ညီအစ်ကို ကူ ... ၊ မင်း အကောင်းဆုံး လုပ်ခဲ့တာပါ။ ”

ကူဇီကျန်းက ဖုန်ရှောက်ယွီ စကားကို ခေါင်းယမ်းပြီး မည်သည့် အပြစ်တင် စကားမျှ မဆိုချေ။ နန်းတော်ရှိ လူတိုင်း တိတ်ဆိတ် သွားကြသည်။

ယဲ့ချင်းရှန်သည် သူ့တို့အား ရယ်မော ပေတော့မည်။ အထူးသဖြင့် ကေျာက်ဝူကျိ အတွက် အဆင်မပြေ လှချေ။

သူသည် တစ်ဖက် လူနှင့် ပတ်သက်သော ကောလာဟလ များကို ဖြန့်ခဲ့သူ ဖြစ်သည်။ ထိုစကားများ အတိုင်း ယဲ့ချင်းရှန်သည် ဒုတိယ ကျန့်ကျင်းရှန် ဖြစ်လာသည်။

အချိန်များ တရေွ့ရွေ့ စီးဆင်း နေပြီး၊ အဆုံးတွင် လင်းယွန်က ဖြည်းညှင်းစွာ ထရပ် လာခဲ့သည်။

“ ငါ့ကို စိန်ခေါ်ချင်တဲ့ လူ ... ရှိသေးလား။ ”

ခန်းမ တစ်ခုလုံး တိတ်ဆိတ် သွား၏။ ဆယ့်ငါးမိနစ် ကြာသည်အထိ တုန့်ပြန်မှု မရှိ ခဲ့ချေ။ အချိန်များ ရပ်တန့်နေ သလိုပင်။

“ စံအိမ် သခင်ငယ် ... ငါ့ကို ဘယ်သူမှ စိန်ခေါ်ချင်တဲ့ စိတ် ... မရှိတော့လို့၊ ငါ ပထမ ဆိုတာ ယုံပြီ မဟုတ်လား။ ”

လင်းယွန် စကားကြောင့် ဖုန်ရှောက်ယွီမှ ထရပ်လာသည်။

“ ယဲ့ချင်းရှန်ကို စိန်ခေါ်ချင်တဲ့ လူ ... ရှိသေးလား၊ မရှိတော့ရင် ဒီနှစ် ဓားညီလာခံ ချန်ပီယံက ... ကောင်းကင် တာအို ဂိုဏ်းရဲ့ ယဲ့ချင်းရှန်ပဲ။ ”

လုပ်ထုံး လုပ်နည်း အရ မေးမြန်းခြင်းသာ ဖြစ်သည်။ ယဲ့ချင်းရှန်အား တိုက်ဝံ့သူ မရှိတော့ ကြောင်း မြင်နိုင်၏။

မိနစ် အနည်းငယ် ကြာသည် အထိ၊ မည်သူမျှ ပြန်မဖြေသော အခါ ဖုန်ရှောက်ယွီမှ အသက် ပြင်းပြင်းရှူကာ၊

“ ကောင်းကင် တာအို ဂိုဏ်းက ... အရှေ့ဘက် ပျက်စီးမြေရဲ့ ခေါင်းဆောင် ပီသပါ ပေတယ်၊ ဘယ်သူမှ စိန်ခေါ်လိုခြင်း မရှိတော့တဲ့ အတွက်၊ ချန်ပီယံဟာ ယဲ့ချင်းရှန်ပဲ။ ”

-ဟု ကြေငြာပြီး လက်နှစ်ဖက်ကို ဆန့်ခွဲကာ ဓားကျွန် နှစ်ဦးနှင့် အတူ နန်းတော်မှ ဆင်းသက် လာခဲ့သည်။

ဓားကျွန်များ ထဲမှ တစ်ယောက်က ဓားသေတ္တာ တစ်လုံးကို သယ်ဆောင်လျက် ယဲ့ချင်းရှန် အနား တိုးကပ်လာသည်။

ဖုန်ရှောက်ယွီက ဓားသေတ္တာကို ညွှန်ပြပြီး၊

“ ငါ့အဘိုးက ဒီထဲက ဓားကို ... ကိုယ်တိုင်ကိုယ်ကျ သွန်းလုပ်ခဲ့တယ်၊ နတ်ဆိုး သွေး အမျိုးအစားပေါင်း တစ်ရာနဲ့ ... ဥက္ကာခဲ တစ်ထောင်ကို ပေါင်းစပ်ဖို့ အတွက် နှစ်တစ်ရာ အချိန် ပေးရတယ်၊ သူ့နာမည်က ကောင်းကင်ခွဲသူ ... ။ ”

-ဟု မိတ်ဆက် ပေးလာ၏။

ထို့နောက် အချိန်အတော် ကြာအောင် စကားကို ရပ်ထား လိုက်ပြီး အပြုံး တစ်ပွင့်ကို ညှစ်ထုတ်ကာ၊

“ အခု မင်း ... ပိုင်တယ်၊ ဒါ့အပြင် ငါတို့ရဲ့ စာကြည့်တိုက်ကို ကြည့်ရှု နိုင်ပြီး၊ မဟာ နေမင်း သူတော်စင် ဆေးလုံး သုံးဆယ်နဲ့၊ မဟာ လမင်း သူတော်စင် ဆေးလုံး သုံးဆယ် ရရှိမယ်။ ”

ဤဆုလာဒ်များသည် မြင့်မြတ်မြေတိုင်း စွန့်ကျဲနိုင်သော အရာမျိုး မဟုတ်ချေ။ ဓားစံအိမ် မို့သာ ပေးအပ်နိုင်ခြင်း ဖြစ်သည်။

ထိုကြောင့် လူတိုင်း ယဲ့ချင်းရှန် အပေါ်၊ မနာလို ဖြစ်လာကြ၏။

“ မင်း စမ်းကြည့်လို့ ရတယ်။ ”

ဖုန်ရှောက်ယွီမှ သူ့လက်ကို ဝှေ့ယမ်း ပြလိုက်သည်။ မကျေနပ် သော်လည်း ကျင့်ဝတ် အပေါ်၊ စောင့်ထိန်းရ ပေမည်။

ဤသည်မှာ ဓားသမားများ အတွက် ကျက်သရေ ရှိသော အခိုက်အတန့် ဖြစ်ချေ၏။ ဓားကျွန် နှစ်ဦးက ဓားသေတ္တာကို ဖွင့်ကာ၊ ဘုန်း ဝိညာဉ်တော် နှစ်ပါး လက်ရာ ဖြစ်သည့် ဓားတစ်လက်အား ပြသလာသည်။

ဓားသေတ္တာကို စိုက်ကြည့်ပြီး လင်းယွန် မျက်ဝန်းများ တောက်ပ လာ၏။ ဓားစံအိမ်သည် အမှန်ပင် ရက်ရော လှချေပြီ။ သို့သော်။

“ မလိုတော့ ပါဘူး၊ ဓားစံအိမ်က ပေးဖို့ ဆန္ဒရှိ နေတာကြောင့် ... ဒီဓားဟာ ထူးခြားမယ် ဆိုတာ ငါ ... ယုံပါတယ်။ ”

လင်းယွန် ဓားအား ကိုင်ကြည့်ရန် ရည်ရွယ်ချက် မရှိချေ။ ယင်းက ဖုန်ရှောက်ယွီကို မျက်မှောင်ကြုတ် သွားစေ၏။

“ သူ ဘာလုပ်ဖို့ ... ရည်ရွယ် နေတာလဲ၊ ဓားက ထူးခြားတယ်လို့ ပြောပြီး ကိုင်တောင် မကြည့်ချင် ဖူးလား။ ”

“ သူက စံအိမ် သခင်ငယ်ကို ခက်ခဲတဲ့ အနေအထားမှာ ထားဖို့ ... ကြိုးစား နေတာပဲ။ ”

“ ဟုတ်တယ် ... ။ ”

လျှို့ဝှက် ဓားစံအိမ်သည် သူတို့၏ ပန်းပဲပညာ စွမ်းရည်ကို ပြသရန် ဤပွဲအား အကုန်ကျခံ ကျင်းပခြင်း ဖြစ်သည်။

ဖုန်းရှောက်ယွီမှ ဒေါသကို ထိန်းကာ ပြုံးလျက်၊

“ ညီအစ်ကိုယဲ့ ဓားကို ... စမ်းကြည့် ကြတာက ... ဒီပွဲရဲ့ အစဉ်အလာပဲ၊ ငါ့အဖိုးက ဒီဓား အတွက် ... နှစ်ပေါင်း တစ်ရာလောက် အချိန်ယူခဲ့ ရတယ်၊ ဒါကြောင့် သူ့အစွမ်းကို လူတိုင်း ကြည့်ခွင့် ပေးရအောင်။ ”

-ဟု ချော့မော့ လိုက်သည်။

လင်းယွန်မှ ဓားကို ဆွဲချင်သော်လည်း သူ့ကိုယ်လုံး ကိုယ်ပေါက်ကြောင့် ဓားကျိုးသွား မည်ကို ကြောက်နေခြင်း ဖြစ်၏။

“ ဘာလို့ မင်းကိုယ်တိုင် မစမ်းကြည့် ရတာလဲ သခင်ငယ်။ ”

အတွေးတစ်ခု ပေါ်လာကာ၊ ချက်ချင်း အကြံပြု လိုက်သည်။ ဖုန်ရှောက်ယွီ မျက်နှာရှိ အပြုံးများ ပျောက်ကွယ် လာပြီး၊

“ မင်းအတွက် ... ငါ့ကို ဓားဆွဲ စေချင်တာလား၊ ယဲ့ချင်းရှန် ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ... ဟမ့်၊ မင်း ဓားကို မစမ်းချင်ရင် အခု ထွက်သွားလို့ ရတယ်။ ”

-ဟု အော်ငေါက်လျက် အမည်ခံ သူတော်စင် ရောင်ဝါအား ထုတ်လွှတ် လိုက်သည်။

ယဲ့ချင်းရှန် ကဲ့သို့ အပြင်လူ တစ်ဦးမှ ဓားညီလာခံတွင် ဗိုလ်ဆွဲ သွားသည့် အပေါ် ဒေါသ ထွက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဆက်၍ ယဉ်ကျေး မနေနိုင် တော့ချေ။

“ အမှန်အတိုင်း ပြောရရင် ... ငါက ဒီကောင်းကင်ခွဲသူ အတွက် လာတာ မဟုတ် ပါဘူး၊ ဓားတစ်လက် ငှားချင်လို့ လာတာပါ။ ”

“ မင်းက ဓားငှားချင်လို့ လာတာလား ... ။ ”

ဖုန်ရှောက်ယွီ မျက်နှာ ထိတ်လန့် တကြား ဖြစ်သွား၏။ သူတင်မကဘဲ တခြား သူများပင် အံသြ ကုန်သည်။

“ ဟုတ်တယ် ... အုပ်စိုးရှင် သူတော်စင် ဓားတစ်လက် ဖြစ်တဲ့ ... အဲဒီ ဒေါသအိုး ဆိုတဲ့ ဓားကို ... ငှါးမို့ ငါ ရောက်လာတာပါ။ ”

လင်းယွန်က ပြန်ဖြေ လိုက်သည်။ သူ့ အသံသည် ညင်သာ သော်လည်း ပြတ်သားနေ ချေ၏။

***

All Chapters