← Chapters

လုံလောက် ပြီလား။

Vol. 148 Ch. 2066

လုံလောက် ပြီလား။

Vol. 148 Ch. 2066

လင်းယွန် စကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ဤသည်မှာ အုပ်စိုးရှင် သူတော်စင်ဓား ဖြစ်၏။

၎င်းသည် သာမန် အုပ်စိုးရှင် သူတော်စင် ဓားတစ်လက် မဟုတ်ချေ။ ကောင်ကင်ဘုံနှင့် ပေါင်းစပ် ပြီးနောက် နတ်ဘုရား လက်ရာ အဖြစ် ယူဆနိုင်သည့် ဓား ဖြစ်သည်။

ရှေ့ဦးခေတ် ၌ပင် နတ်ဘုရား အဆင့် ရတနာများ သွန်းလုပ်နည်းမှာ ပျောက်ဆုံး သွားခဲ့ ရသည်။

ဓားညီလာခံ၏ ချန်ပီယံ များသည် ဓားငှားရန် အရည်အချင်း ပြည့်မီပြီး၊ ဓားစံအိမ် မှလည်း ငှားရန် ဆန္ဒ ရှိကြ၏။

ဓားစံအိမ်၏ အဆိုအရ၊ ပြိုင်ဘက်ကင်း ဓားတစ်လက်သည် ပြိုင်ဘက်ကင်း ဓားသမား လက်၌သာ ရှိရပေမည်။ မဟုတ်သော် ၎င်းမှာ ဓားများကို စော်ကားခြင်း မည်ချေ၏။

အဆုံးတွင် ဓားငှားနိုင် သူများသည် ဉာဏ်ကြီးရှင်များ ကြား ဘီလူးများ ဖြစ်ကြပြီး၊ ၎င်းတို့ ကြီးပြင်းလာသော အခါတွင် ဤကျေးဇူး တရား အပေါ်၊ အသိအမှတ် ပြုကြ ပေမည်။

ဓားစံအိမ်သည် ထိုသို့သော ဓားများကို သွန်လုပ်နိုင်သ၍ ဓားမဟာမိတ် အဖွဲ့၌ အဖွဲ့ ခေါင်းဆောင် ရာထူးအား ထိန်းသိမ်း ထားနိုင်မည် ဖြစ်သည်။

သို့သော် ဒေါသအိုးနှင့် ကောင်းကင်ဘုံ ဟူသည့် ဓားနှစ်လက်သည် မတူညီသော ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။

၎င်းတို့၏ သမိုင်းကြောင်းမှာ ဒဏ္ဍာရီ ဆန်လွန်းပြီး ဓားစံအိမ် အတွက် ထင်ရှားသော အဓိပ္ပါယ် ရှိသည်။

တစ်ချိန်က ရွေးချယ်စရာ မရှိသော ကြောင့်သာ ကောင်းကင်ဘုံ ဓားကို ချေးငှား ခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က ချေးငှား သူ၏ နောက်ခံမှာ ကြောက်စရာ ကောင်းချေ၏။

ဓားစံအိမ် အမြင်၌၊ အပြင်လူ များထက် ဓားမဟာမိတ် အဖွဲ့မှ လူများကိုသာ ချေးငှားရန် ဆန္ဒရှိသည်။ အဆုံးတွင် ဖုန်ကျန့်လင်က မျက်နှာ နီမြန်းလာပြီး၊

“ သူ ... အရမ်း လွန်နေပြီ မဟုတ်လား၊ ချန်ပီယံ နေရာကို သိမ်းပိုက်ရုံတင် မကဘူး၊ ဒေါသအိုး ကိုတောင် ငှားဝံ့တယ်။ ”

“ ဒီလူမှာ ဝှက်ဖဲတွေ ရှိနေသေးလား။ ”

ကျန်းယွင်ရှင်းက ကူဇီကျန်းထံ လှည့်ကြည့်ကာ မေးလိုက်သည်။ ကူဇီကျန်းမှ တွေးဆ ဟန်ဖြင့်၊

“ သူက သတ္တိ ရှိရှိ တောင်းဆိုတဲ့ အတွက်၊ ပြင်ဆင်လာ တယ်လို့ အဓိပ္ပါယ် ရတယ်၊ ဒီလိုမှ မဟုတ်ရင် သူ ပြသ ထားတဲ့ ... ၊ ခွန်အား လောက်နဲ့ ... အဲဒီဓားကို ငှားလို့ မရဘူး။ ”

“ ..... ။ ”

ကူဇီကျန်း အဖြေကြောင့် ကျန်းယွင်ရှင်းမှ အံ့သြသွားသည်။ ထိုအချိန်တွင် ဖုန်ရှောက်ယွီက လှောင်ပြောင် လိုသော အပြုံးဖြင့်၊

“ မင်း ငှားချင်လို့လား ... ၊ ဘာကို အခြေခံပြီးလဲ။ ”

“ စည်းကမ်း တွေကို ငါ သိပါတယ်၊ ဓားငှားလိုတဲ့ လူက ... အစီရင် သုံးရပ်ကို ဖြတ် ရမယ်၊ ငါ ... ဒီဓားကို ခဏတဖြုတ် ငှားတာပါ၊ မကြာဖူး ပြန်လာပေး ပါ့မယ်။ ”

“ ငါ့ဓားစံအိမ်က ဓားတွေကို ငှားပြီးရင် ပြန်ပေးစရာ မလိုဘူး၊ ဒါပေမယ့် ငါ့ကို ပြောပါ ... မင်းကို ငါက ဘာလို့ ငှားရမှာလဲ။ ”

ဖုန်ရှောက်ယွီ ပြောသည့် စကားမှာ၊ အမှန်ဖြစ်သည်။ ငှားထားသော ဓားများကို မည်သူ့ ထံမှ ပြန် မတောင်းချေ။

ဓားကိုင် သူသည် ဆိုးရွားသော ရာဇ၀တ်မှုများ ကျူးလွန်သည့် အခြေအနေမျိုး ရောက်မှသာ ဓားမဟာမိတ် အဖွဲ့ထံ သတင်း ပို့ကာ၊ ပြန်လည် သိမ်းယူမည် ဖြစ်သည်။

“ စံအိမ် သခင်ငယ် ... ၊ မင်းငါ့ကို ရန်လို နေစရာ မလိုပါဘူး၊ အရေးကြီးတဲ့ ကိစ္စ တစ်ခု ကြောင့်သာ ငှားဖို့ ... လာရ တာပါ၊ ငါ့ကို အခွင့်အရေး ပေးပါ။ ”

လင်းယွန်က ယဉ်ကျေးစွာ ပြောကြား လိုက်သည်။

“ ဘာလို့ အခွင့်အရေး ပေးရမှာလဲ။ ”

ဖုန်ရှောက်ယွီမှ ငြင်းဆန်သည်။ ယဲ့ချင်းရှန်အား မကြိုက်သလို အမုန်းတရား များပင် အခံ ရှိနေသည်။

စည်းမျဉ်းများ ကြောင့်သာ မဟုတ်က ကောင်းကင်ခွဲသူ ကိုပင် ပေးမည် မဟုတ်ချေ။ ယခုမူ အကြောင်းပြချက် ရှိလာပြီ ဖြစ်သဖြင့်၊ ဟန်ဆောင် နေစရာ မလိုတော့ချေ။

“ ကျေးဇူးပြုပြီး ... ငါ့ကို ဒီအခွင့်အရေး ပေးပါ စံအိမ် သခင်ငယ်၊ ငါ မအောင်မြင် ခဲ့ရင် လည်း ... အရေး မကြီးပါဘူး၊ ဒီအခွင့်အရေး ပေးသရွေ့ ... အနာဂတ်မှာ ဓားစံအိမ် အပေါ်၊ သုံးကြိမ် ကူညီဖို့ ကတိ ပေးနိုင်ပါတယ်။ ”

ထျန်ရွှမ်ဇီ လက်တွင် ကောင်ကင်ဘုံ ရှိေနသည့် အတွက် ဒေါသအိုးအား အရယူရန် စိတ်ပိုင်းဖြတ် ထားသည်။

ထို့ကြောင့် တစ်ဖက် လူမှ အေးစက်စွာ လှောင်ပြောင် လျှင်ပင်၊ ဆရာ သခင် ဘဝနှင့် ယှဉ်နေသဖြင့် သူ သည်းခံ ရမည် ဖြစ်၏။

“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန် ဘယ်သူက မင်းရဲ့ ကျေးဇူးကို လိုချင်နေလို့လဲ၊ မင်းက ငါ့ဓားစံအိမ်ကို ငုံ့ကြည့် နေတာလား၊ ဓားစံအိမ်က ဘာအတွက် မင်းဆီက ... အကူအညီ ယူရမှာလဲ ဖြေပါ၊ ...

... ယဲ့ချင်းရှန် ဖြေပါ ... ၊ ငါမင်းကို ဘာလို့ ဒီလို အခွင့်အရေးမျိုး ပေးသင့် တာလဲ ... ဘာကို အခြေခံပြီး မင်းတောင်း တာလဲ၊ ပြောပါ ဘာလို့လဲ။ ”

တစ်ဖက် လူမှ တောင်းပန်ဖို့ ကြိုးစား လာသည်ကို မြင်ပြီးနောက်၊ အရာများစွာကို ပို၍ ခက်ခဲအောင် ပြုမူချင်လာ၏။ ယင်းကြောင့် လှောင်ပြောင် လိုသော အပြုံးဖြင့်၊

“ ယဲ့ချင်းရှန် ... မင်း ဒူးထောက်ပြီး တောင်းပန်လာ ရင်တောင် ... မင်းကို ဒီလို အခွင့်အရေးမျိုး ငါ မပေးနိုင်ဘူး၊ ပြောပါဦး ... ငါက ဘာလို့ အခွင့်အရေး ပေးသင့်လဲ။ ”

-ဟု အသံကို မြှင့်ကာ ဖုန်ရှောက်ယွီမှ မေးမြန်း လိုက်သည်။

“ ဒီလူ အရမ်း လွန်နေပြီ ... ။ ”

ပွဲကြည့်စင် ပေါ်ရှိ ယဲ့ဇီယွင်က ဖုန်ရှောက်ယွီအား ကြည့်မရ တော့ချေ။ အလွန် မောက်မာ ပြနေသောကြောင့် ဒေါသ ထွက်လာ၏။

ယဲ့ဇီလင် သည်လည်း မျက်မှောင် ကြုတ်လျက် ယဲ့ချင်းရှန်ထံ ကြည့်နေ မိသည်။ အကြောင်း တစ်ခုခုကြောင့် သူမ နှလုံးသား၌ စူရှ နာကျင် လာမိ၏။

ကျောက်ယန်က ယဲ့ချင်းရှန် ဟူသည် မည်သူ မည်ဝါ ဖြစ်သည်ကို သိပြီး ဖြစ်သဖြင့် လက်သီး ဆုပ်ကာ အသက်အောင့် ထားမိသည်။

လင်းယွန် မှာမူ နှလုံးသား အတွင်း၌ စုစည်းလာသော ဒေါသများကို မျိုသိပ်လျက် တိတ်ဆိတ်စွာ သတိ ပေးနေ ခဲ့သည်။

“ ယဲ့ချင်းရှန် ... ပြောပါ၊ ငါ မင်းကို ဘာလို့ ဒီလို အခွင့်အရေး ပေးရမှာလဲ။ ”

တစ်ကြိမ်ထက် တစ်ကြိမ် သူ၏ စကားများက၊ လင်းယွန် အပေါ် နှိမ့်ချ စော်ကား လိုစိတ်များ ပြင်းထန် လာသည်။

ကျောက်ဝူကျိမှာ ဤမြင်ကွင်းကြောင့် ကျေနပ်သွား၏။

“ ချန်ပီယံ ဖြစ်တာနဲ့ပဲ ... ပြိုင်ဘက် ကင်းနေပြီလို့ ထင်နေတာလား၊ ဒါက သူနဲ့ ထိုက်တန်တယ်။ ”

ဆန့်ကျင်ဘက် အနေဖြင့် ကူဇီကျန်းနှင့် ကျန်းယွင်ရှင်းမှာ မျက်မှောင်ကြုတ် သွားကြ တော့သည်။

ဖုန်ရှောက်ယွီ လွန်၏။ ဓားကို ငှားရန် ဆန္ဒမရှိ လျှင်ပင်၊ တစ်ဖက် လူအား ဤပုံစံဖြင့် အရှက် ရအောင် မလုပ်ဆောင် သင့်ချေ။

ယဲ့ချင်းရှန်၏ စကားနှင့် အမူအရာမှာ၊ အလွန် ယဉ်ကျေးနေပြီ ဖြစ်သည်။ လူတိုင်း တိတ်ဆိတ် သွား၏။

“ လုံလောက်ပြီ ... ။ ”

ရုတ်တရက် လင်းယွန်က ခေါင်းပြန်မော့ကာ၊ ကောင်းကင်ခွဲသူအား ဆွဲယူလျက် ဒေါသတကြီး ပြောကြား လိုက်သည်။

“ ရွှပ် ... ။ ”

ဓားအား ဓားအိမ်ထဲမှ ဆွဲထုတ် လိုက်သော အခါ တောက်ပသော ဓားရောင်ဝါများ ထွက်ပေါ် လာ၏။

ဤမြင်ကွင်းက လူတိုင်းကို မနာလို စိတ်များ ဖြစ်ပေါ် လာစေသည်။ တစ်ဖက်၌ ဖုန်ရှောက်ယွီ သည်လည်း ပြုံးမိ၏။ အဆုံးတွင် ယဲ့ချင်းရှန်မှ နောက်ဆုတ် ပေးလိုက်ရ ချေပြီ။

“ ဂျွတ် ... ။ ”

သို့သော် သူ့ အပြုံးများ ပီပြင်လာခြင်း မရှိသေးခင်၊ ယဲ့ချင်းရှန်မှ ကောင်ကင်ခွဲသူကို အဖျားမှ ကိုင်ကာ၊ ချိုးချ ပစ်လိုက်သည်။

“ ဂျွတ် ... ။ ”

လူတိုင်း ရှေ့မှာပင် ကောင်ကင်ခွဲသူ၏ ရောင်ဝါများ မှိန်ဖျော့လျက်၊ ဂျွတ်ခနဲ-ဂျွတ်ခနဲ အပိုင်းပိုင်း ချိုးခြင်း ခံနေ ရတော့၏။

ဤသည်မှာ ဘုန်းဝိညာဉ်တော် နှစ်ပါး လက်ရာ ဖြစ်သည်။ ထို့ကြောင့် လင်းယွန်မှ ရေကန်ထဲ ပစ်ချလိုက်သော်မှ အရည်ပျော် သွားခြင်း မရှိချေ။

“ ဘာလဲ ... ။ ”

အဆုံးတွင် နှစ်ပေါင်း တစ်ရာ တိုင်အောင် အချိန်ပေး သွန်းလုပ်ထား ရသည့်၊ ဂုဏ်ယူဖွယ် ဓားတစ်လက် ပျက်စီးသွား ချေပြီ။

ဤမြင်ကွင်းကြောင့် ဓားစံအိမ်၏ အစောင့်များ အပါအဝင် လူကြီးလူငယ် အားလုံး မျက်နှာများ မည်းမှောင် သွားခဲ့၏။

“ ဘယ်လို ... ။ ”

ကျောက်ဝူကျိမှ မျက်လုံးပြူး သွားသည်။ ကူဇီကျန်း သည်လည်း မယုံနိုင်ချေ။ သူ့ ဘေးမှ ကျန်းယွင်ရှင်းထံ ပြန်လှည့်လိုက်ရာ ခေါင်းခါ နေချိန်နှင့်၊ ကြုံလိုက် ရသည်။

ဖုန်ကျန့်လင် မျက်နှာမှာ အဆိုးဆုံး ဖြစ်သည်။ ဤဓားသည် သူ့အဖိုး၏ ဂုဏ်သိက္ခာ ဖြစ်မှန်း၊ သူ သာလျှင် သိသည်။

ယခု ကဲ့သို့ နိဗ္ဗာန်အဆင့်မှ တစ်စုံ တစ်ယောက်က ချိုးပစ် ခဲ့သည် ကိုသာ ကြားသိ သွားသော်၊ မည်သို့ ဖြစ်ကုန်မည်အား မတွေးတော နိုင်တော့ချေ။

သူ့အဖိုး မျက်နှာကို ပါးရိုက်ခြင်း မည်သည်။ ယနေ့ ပြီးနောက် ဓားစံအိမ်၏ ဂုဏ်သတင်းများ ပျက်ယွင်းသွား ပေတော့မည်။

“ ဘာဖြစ် သွားတာလဲ။ ”

“ ကောင်းကင်ခွဲသူ ကျိုးသွားပြီ ... ၊ အဲဒါ ငါတို့ ပြောပြောနေတဲ့ ဘုန်ဝိညာဉ်တော် နှစ်ပါး လက်ရာ မဟုတ်လား ... ဟာသပဲ။ ”

ဓားညီလာခံ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ လူအုပ် အတွင်းရှိ ယွင်ဖုန်း မှလည်း အံသြ လာသည်။

“ ဒီလို အမှိုက်အတွက် ... နှစ်တစ်ရာတောင် အချိန် ဖြုန်းခဲ့တာလား ... စိတ်ပျက် စရာပဲ၊ အခု လုံလောက် ပြီလား၊ မင်းရဲ့ ဓားစံအိမ်က ဓားတွေ အားလုံး ယူလာလို့ ရတယ်၊ ...

... နှစ်တစ်ရာ အမှိုက် ... နှစ်နှစ်ရာ အမှိုက် နှစ်တစ်ထောင် အမှိုက်... ဘာဖြစ်ဖြစ် ရတယ်၊ စံအိမ် သခင်ငယ် အခု မင်းလိုချင်တဲ့ အဖြေ ငါပေးမယ်၊ မင်းအဘိုး အပါအဝင်၊ ...

... ဓားစံအိမ် တစ်ခုလုံးရဲ့ ဓားတွေက ငါ့လက်နဲ့ ထိဖို့တောင် မတန်တဲ့ .. အမှိုက်တွေပဲ၊ ဒါကြောင့် ငါက အုပ်စိုးရှင် သူတော်စင် ဓားကို တောင်းဆို ရတာ၊ ဘယ်လိုလဲ ငါရဲ့ အကြောင်း ပြချက်က လုံလောက် ပြီလား။ ”

ဖုန်ရှောက်ယွီ တစ်ယောက် စကားလုံးများ ပျောက်ဆုံး သွား၏။ လှောင်ပြုံးဖြင့် ရဲဝံ့နေသော အသွင်မှ၊ ဖြူဖျော့ တုန်ယင်လာသည်။

“ ယဉ်ကျေးနေလို့ ... ငါ့မှာ ဒေါသ မရှိဖူး မထင်နဲ့၊ မေးပါရစေ အခု ... အကြောင်းပြချက် လုံလောက် ပြီလား။ ”

***

All Chapters