← Chapters

အားလုံး လိုချင်တယ်။

Vol. 148 Ch. 2067

အားလုံး လိုချင်တယ်။

Vol. 148 Ch. 2067

မရေမတွက် နိုင်သော လူသတ်ရန် ရည်ရွယ်ချက်များ လင်းယွန် ပေါ်သို့ ကျရောက် လာသည်။

အထူးသဖြင့် အမှောင်ထဲမှ ကြည့်နေသော အကြီးအကဲ အများအပြားမှာ ဒေါသတကြီး အံကြိတ် လိုက် ကြ၏။

အဘယ်ကြောင့် ဆိုသော် သမိုင်း တစ်လျှောက် သူတို့၏ ဓားများကို အမှိုက်ဟု မည်သူမျှ ညွှန်းဆို စော်ကား ဝံ့ခြင်း မရှိချေ။

နိဗ္ဗာန် အဆင့် ပုရွက်ဆိတ် တစ်ကောင်မှ ဤအမှုကို ပြုလာပြီ ဖြစ်သည်။ ဘိုးဘေး ကိုပင် စော်ကား နေ၏။

ဖုန်ရှောက်ယွီ၏ အဖိုးသည် ကမ္ဘာ့ အကောင်းဆုံး ပန်းပဲ ဆရာများ အနက်မှ တစ်ဦး ဖြစ်သည်။

ခွန်လွန်၌ အုပ်စိုးရှင် သူတော်စင် လက်ရာ များကို သွန်းလုပ် နည်းများ ပျောက်ဆုံး သွားပြီ ဖြစ်၏။

ဆန်းကြယ်သော မိုမိသားစု မှတပါး အခြားသော မည်သူမျှ နားမလည် နိုင်တော့ချေ။ ရှိပြီးသား အုပ်စိုးရှင် လက်ရာများ အားလုံးသည် ရှေးဦးခေတ်၏ လက်ရာများ ဖြစ်၏။

ဥပမာ အားဖြင့် ကောင်းကင်ဘုံနှင့် ဒေါသအိုးပေပင်။ ၎င်းတို့အား ဓားစံအိမ်မှ ပြုလုပ်ထားခြင်း မဟုတ်ချေ။

သို့သော် ဖုန်ရှောက်ယွီ၏ အဖိုးသည် မိုမိသားစု၏ သားမက် တစ်ဦး ဖြစ်သောကြောင့် ဒဏ္ဍာရီလာ အရည်အချင်းများ ရှိ၏။

အုပ်စိုးရှင် သူတော်စင် လက်ရာ နီးပါး ရောက်ရှိနိုင်သော ဘုန်း သူတော်စင် လက်ရာ များ အပါအဝင် နာမည်ကြီး ဓားများစွာကို သွန်းလုပ် နိုင်ခဲ့သည်။

ထို့ကြောင့် ကောင်းကင်ခွဲသူကို ချိုးကာ အမှိုက်အဖြစ် ပြောဆိုနေခြင်း အပေါ် မှတ်ချက် ပေးစရာ မရှိတော့ချေ။

လုပ်ရပ် ဖြင့်သာ သက်သေ မပြပါက၊ ဤယဲ့ချင်းရှန်အား မောက်မာသူ အဖြစ် ဟာသ လုပ်မိ ပေမည်။

“ စံအိမ် သခင်ငယ် ... မင်းဘာလို့ စကား မပြောရတာလဲ၊ ငါပေးတဲ့ ... အကြောင်းပြချက် မလုံလောက်ဘူးလား၊ မလုံလောက် သေးရင် မင်းရဲ့ ဓားတွေ ထပ်ယူ လာလို့ ရတယ်။ ”

လင်းယွန်က ဖုန်ရှောက်ယွီကို ကြည့်ပြီး ပြောကြား လိုက်သည်။ ၎င်းအား လွယ်လွယ် လွှတ်မပေး လိုတော့ချေ။

“ မင်း ... ဘာပြော လိုက်တာလဲ။ ”

ဖန်ရှောက်ယွီ တစ်ယောက် သတိ ပြန်ဝင်လာသည်။

“ မင်း မယုံရင် ... ငါ့ကို ဓားတွေ ... ထပ်ယူလာ ပေးလို့ ရတယ်၊ မင်းတို့ ဓားတွေကို အမှိုက် ဖြစ်ကြောင်း သက်သေပြ ပေးမယ်။ ”

“ ငါ့ဓားစံအိမ်က ... မင်းကို ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေလား၊ မင်းကို ဒီနေရာ မှာတင် သတ်ပစ်လို့ ရတယ်။ ”

“ ဘယ်လိုတောင် ဒေါသကြီး လိုက်လဲ၊ ငါဘယ်မှာ စော်ကားခဲ့လဲ၊ အကြောင်းပြချက် ပေးဖို့ မင်းကိုယ်တိုင် တောင်းဆိုခဲ့တာ မဟုတ်လား၊ အခု ငါက ...

... မင်းလိုချင်တဲ့ အကြောင်းပြချက် ပေးနေတာလေ မကျေနပ် ဖူးလား၊ ဒါဆို မင်းရဲ့ ဓားတွေ ထပ်ယူ လာပါ၊ ငါ မင်းယုံတဲ့ အထိ သက်သေပြမယ်။ ”

ဖုန်ရှောက်ယွီ တစ်ယောက် မျက်နှာ နီရဲလာ၏။ ယဲ့ချင်းရှန်ကို သတ်လို သော်လည်း အကြောင်းပြချက် ရှာမတွေ့ချေ။

အသက် ပြင်းပြင်း ရှူလျက်၊ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစား မိ၏။ တစ်ဖက်လူ စကား အတိုင်း ဓားများ ထပ်ပေးရန် ဆန္ဒ မရှိချေ။

ဓားစံအိမ် နာမည်ပျက် သွားပေလိမ့်မည်။ ထိုအချိန်တွင် တိုးညှင်းသော အသံအချို့ ကြား လိုက်ရသည်။ သည့်နောက် မျက်နှာပြောင်း သွားပြီး၊

“ သခင်လေး ယဲ့က ... တကယ့်ကို အထင်ကြီးစရာ ပါပဲ၊ ငါတို့ ကောင်းကင်ခွဲဓားက မြေမီးတောက်နဲ့ သန့်စင်ဖို့ ကျန်သေးတယ်၊ ဒါက ငါ့ အပြစ်ပါ၊ သုံးရက် အတွင်း နောက်ထပ် ဓားတစ်လက် ထပ်ပို့ပေးမယ်။ ”

-ဟု ပွဲအား ထိန်းလိုက်သည်။

“ ဒါဆို ဒီဓားက မြေမီးတောက်နဲ့ သန့်စင်ဖို့ ကျန်နေသေး တာပေါ့။ ”

“ မင်း ယုံလား ... ။ ”

“ မဟုတ်ရင် ဓားက ဘာလို့ ရုတ်တရက် ကျိုးရမှာလဲ။ ”

“ ဒါတော့ ... မသိဘူး။ ”

ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ညံလာ တော့သည်။ တစ်စုံ တစ်ယောက်မှ ဖြေရှင်းရန် နည်းလမ်းအား ဖုန်ရှောက်ယွီထံ ပြောကြား ခဲ့ပုံရ၏။

“ စံအိမ် သခင်ငယ် ... စိတ်မကောင်း ပါဘူး၊ ငါ ဒေါသအိုးပဲ ငှားချင်တယ်။ ”

လင်းယွန်က ပြတ်သားစွာ ဆိုသည်။ ဖုန်ရှောက်ယွီ တစ်ယောက် နှုတ်ခမ်းများ တုန်ယင် သွား၏။

“ ပြောပါ ... ဘယ်တော့ အစီရင်ကို ဖြတ်ကျော်လို့ ရမလဲ။ ”

လင်းယွန်မှ ထပ်မေး၏။

“ အစီရင်လား ... မင်း မှားနေပြီး၊ တခြား ဓားတွေ ဆိုရင်တော့ မင်း ပြောသလို အစီရင်ကို ဖြတ်ကျော်ရမယ်၊ ဒေါသအိုး ကတော့ မတူဘူး၊ လိုချင်ရင် ဓားကိုင်သူကို အနိုင်ယူရမယ်။ ”

“ ဓားကိုင်သူက ဘယ်သူလဲ။ ”

“ မင်းရှေ့က လူ။ ”

“ မင်းလား ... ။ ”

“ မှန်တယ် ... ။ ”

“ ဟမ့် ... မင်းလို လူကို ဒီဓားက အသိအမှတ် ပြုမယ် တဲ့လား ... ဟာသပဲ။ ”

လင်းယွန်မှ ပြတ်ပြတ် သားသား ခေါင်းယမ်း လိုက်သည်။

“ အခုတော့ အသိအမှတ် မပြုသေးဘူး၊ ဒါပေမယ့် အနာဂတ်မှာ ... ဖြစ်မလာ နိုင်ဘူးလို့ ဘယ်သူ ပြောဝံ့လဲ၊ အခုပဲ ငါ့ကို ... ဓားကိုင်သူ အဖြစ် ... စံအိမ်က သတ်မှတ် လိုက်ပြီ၊ ...

... သူတော်စင် ဖြစ်တာနဲ့ ... အသိအမှတ် ပြုတာကို ခံယူဖို့ စမ်းသပ်မယ်၊ ဖုန်-မိသားစုရဲ့ သားစဉ် မြေးဆက် တွေသာ ... ဆန္ဒရှိရင် အချိန် မရွေး ဒီရာထူးကို ခံယူနိုင်တယ်၊ ဒါက စည်းမျဉ်းပဲ။ ”

ဓားစံအိမ်၏ အကြီးအကဲ များပင် ယဲ့ချင်းရှန်၏ ခွန်အားကို မမြင်နိုင်သဖြင့် အစီရင်အပေါ် အလုံးစုံ ပုံအပ်ဝံ့ခြင်း မရှိတော့ချေ။

ထို့ကြောင့် ဓားကို ကာကွယ်ရန် ဓားကိုင်သူအား ဖန်တီးကာ စည်းမျဉ်းများ ပြောင်းလဲ ပစ်ရခြင်း ဖြစ်သည်။

လူတိုင်းက ယင်းကို နားလည် သော်လည်း ဝင်ရောက် စွက်ဖက်နိုင်သည့် အနေအထားမျိုး မဟုတ်ချေ။

“ ဒါဆို ... မင်းကို အနိုင်ယူ နိုင်ရင် ... ဓားကို ရပြီပေါ့။ ”

“ ဟုတ်တယ် ... ငါ မင်းကို ရိုးသားမယ်၊ လွန်ခဲ့တဲ့ နှစ်တည်းက ငါ အမည်ခံ သူတော်စင် နယ်ပယ်ကို ရောက်ခဲ့တာ၊ အခု မိုးပြာ မူလ အထွတ်အထိပ် ရောက်နေပြီ၊ ...

... အချိန်မရွေး အောင်မြင်မှု တစ်ခု လုပ်နိုင်တယ်၊ မင်းရှုံးရင် ချန်ပီယံ ရာထူးနဲ့ ... ၊ ဆုလာဒ် တေွကို ဆုံးရှုံးမယ်၊ အရေးအကြီး ဆုံးက မင်းအသက်ပဲ၊ ...

... အဲဒီ အချိန် ... ငါမင်းကို သတ်ပစ် လိုက်ရင်တောင် ... ကောင်းကင် တာအိုဂိုဏ်းက ဖြေရှင်းချက် တောင်းလာမှာ မဟုတ်ဘူး၊ ...

... ကောင်းကင် တာအိုဂိုဏ်းက မင်းလို ဉာဏ်ကြီးရှင် တစ်ယောက် မွေးထုတ်ဖို့ ဆိုတာ ခက်ခဲတယ်၊ မင်း ပြန်သွား သင့်တယ်၊ အမည်ခံ သူတော်စင် ဖြစ်မှ ပြန်လာခဲ့ ... ငါ့ကတိက တည်မြဲ နေမှာမို့၊ နောက်မကျ သေးဘူး။ ”

သူ့ခွန်အား သူ ယုံကြည်လှ သဖြင့်၊ ယဲ့ချင်းရှန်မှ တိုက်ခိုက်ဝံ့မည် မဟုတ်ဟု ယူဆ မိသည်။

ယနေ့ ဆုတ်ခွာကာ၊ နောင်တွင် ပြန်လာ လျှင်ပင် သူ့၌ နည်းလမ်း များစွာ ရှိနေပေမည်။ အထူးသဖြင့် လှည့်ပြန် သွားသူ တစ်ယောက် အနေဖြင့်၊ မျက်နှာချင်းဆိုင်ရန် ပြန်လာ ဝံ့တော့မည် မဟုတ်ချေ။

“ စောစောက မင်း ပြောခဲ့တာတွေကို ငါ မကြားဖူးပဲ ထားလိုက်တော့ ကောင်းကင်ခွဲသူ အသစ်နဲ့ ... ဆုလာဘ်ကို၊ ငါ ပို့ပေးလိုက်မယ်၊ မင်းက ငယ်သေးတယ်၊ ...

... ဓားညီလာခံမှာ ပထမ ရတာနဲ့ပဲ လောကကြီးမှာ ပြိုင်ဘက်ကင်း နေပြီ မထင်နဲ့၊ အထူးသဖြင့် ဓားစံအိမ်လို မိသားစု ရှေ့မှာ။ ”

ဖုန်ရှောက်ယွီက စကား ပြောပြီး သည်နှင့်၊ ဓားအလင်းအား ရေကန်ပေါ် တောက်ထုတ်ပစ် လိုက်သည်။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ရေမျက်နှာပြင် နှစ်ခြမ်းခွဲလျက် ရေကန် တစ်ခုလုံး တုန်ခါ ကုန်၏။ ၎င်းစွမ်းအားသည် လင်းယွန်၏ ကောင်းကင် လောင်မြိုက်ခြင်း မီးလျှံနှင့် ယှဉ်နိုင်လေသည်။

ဖုန်ရှောက်ယွီမှ သူ၏ အစွမ်း သတ္တိကို ပြသနေမှန်း သိသောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် နေခဲ့သည်။

“ လူငယ်တွေက ... ကောင်းကင် ဘယ်လောက် မြင့်လဲ၊ မြေကြီး ဘယ်လောက် နက်လဲ မသိကြဘူး။ ”

ဓားရောင်ခြည်ကို ထုတ်လွှတ်လိုက် ပြီးနောက် မောက်မာသော အသွင် အပြင်ဖြင့် ဖုန်ရှောက်ယွီမှ လှည့်ထွက် လိုက်တော့၏။

ယခု အချိန်၌ ဓားစံအိမ်သည်၊ သူ၏ လုပ်ရပ်ကြောင့် ဂုဏ်သတင်းကို ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။ ယဲ့ချင်းရှန်၏ အသွင်မှာ ရယ်စရာ ကောင်းသွား၏။

“ ခဏ နေဦး ... ။ ”

လင်းယွန်က ဟန့်တားလိုက်၏။ ထိုအသံကြောင့် ဖုန်ရှောက်ယွီမှာ စိတ်မရှည် တော့ဘဲ၊ မျက်မှောင် ကြုတ်လျက် ပြန်လှည့် ကြည့်လာ တော့သည်။

“ ဝူး ... ။ ”

ပြန်လှည့် လိုက်စဉ်၊ လေပြင်းများ သူ့မျက်နှာပေါ် ရုတ်တရက် ဖြတ်တိုက် လာရာ အနည်းငယ် ကြောက်လန့် သွား၏။

( ဘာဖြစ် တာလဲ။ )

ယဲ့ချင်းရှန်မှ သူ့ညာလက်ကို ရေမျက်နှာပြင်ပေါ် ရိုက်ချ လိုက်ခြင်း ဖြစ်သည်။ ကိုယ်ခံပညာကို အသုံးမပြုဘဲ ရေကန်ကြီး နှစ်ခြမ်း ကွဲသွား တော့၏။

“ ငါ့ စကား မဆုံးသေးဘူး၊ မင်းက ဘာလို့ ထွက်သွား ရတာလဲ။ ”

လင်းယွန်က ပြုံးကာ မေးလိုက်သည်။ သူ့အပြုံးသည် အကြောင်း တစ်ခုခုကြောင့် မြင်သူတိုင်းကို ချမ်းစိမ့် သွားစေ၏။

“ ငါ အမည်ခံ သူတော်စင် နယ်ပယ် ... ရောက်မှ ပြန်လာ ရမှာလား၊ ငါ အဲဒီလောက် မအားဘူး၊ သုံးရက်နေရင် ဒေါသအိုးကို ငါ လာပြန်ယူမယ်၊ ...

... အဲဒီ အချိန်မှာ ... မင်း ငါ့ကို ထပ်ပြီး လှည့်စားဖို့ မကြိုးစားနဲ့၊ ဒီနေ့ မင်း ... ပြောခဲ့တဲ့ စကားကို ခွန်လွန်က လူတိုင်း ကြားတယ်။ ”

ဖုန်ရှောက်ယွီ တစ်ယောက် မှင်တတ် သွား၏။ လင်းယွန်မှ သူ့တုန့်ပြန်မှုအား မစောင့် တော့ဘဲ၊ ဦးစွာ လှည့်ထွက် သွားတော့သည်။

“ အော် ... ငါ့ကိုပေးမဲ့ ဓားအတွက်၊ မြေမီးတောက်နဲ့ သန့်စင်ဖို့ မေ့မနေနဲ့ဦး၊ ငါ ရမဲ့ ဓားအပြင်၊ ဒေါသအိုးနဲ့ ဆုလာဘ်တွေ အကုန်လုံး ငါယူမယ်၊ ...

... အဲဒီ အချိန်မှာ ... မင်းပြောတဲ့ ကောင်းကင်ကြီး ဘယ်လောက် မြင့်လဲ၊ မြေကြီး ဘယ်လောက် နက်လဲ ဆိုတာ သိလိမ့်မယ်၊ ဟား ဟား ဟား ... ။ ”

လင်းယွန် ပျောက်ကွယ် သွားသော်လည်း ရယ်မော လှောင်ပြောင်သံက လေထဲ ပဲ့တင်ထပ် ကျန်ရစ်ခဲ့ လေသည်။

***

All Chapters