← Chapters

ငါ ဟန်ဆောင် နေတာ မဟုတ်ဘူး။

Vol. 148 Ch. 2068

ငါ ဟန်ဆောင် နေတာ မဟုတ်ဘူး။

Vol. 148 Ch. 2068

နေဝင်ချိန် ရောက်သည်နှင့်၊ မြို့တော် လမ်းမများတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေ ကြပြီး ယနေ့ ဖြစ်ပျက်ခဲ့ သမျှကို ပြန်လည် ဆွေးနွေး လာကြ၏။

ဓားညီလာခံ ပြီးဆုံးသွား သော်လည်း အရေးကြီးသော ပွဲမှာ နောက်သုံးရက် အကြာ တွင် ဖြစ်၏။

ဖုန်ရှောက်ယွီသည် သာမန် အမည်ခံ သူတော်စင် မဟုတ်ချေ။ ဓားစံအိမ်၏ ဆက်ခံသူ ဖြစ်သည်။

၎င်း၏ ကျင့်ကြံမှု နည်းစနစ်များ၊ အရင်းအမြစ် များနှင့် စွမ်းရည်များသည် သာမန် လူများ ယှဉ်နိုင်သော အရာမျိုး မဟုတ်ချေ။

ဤအဆင့် ပါရမီရှင် တစ်ဦးသည် အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက်သော အခါတွင်၊ သေချာပေါက် အစွမ်းထက် လာမည် ဖြစ်၏။

သူတော်စင် နယ်ပယ်နှင့် နိဗ္ဗာန် အဆင့် ကြားတွင် ကြီးမားသော ခြားနားချက် ရှိသည်။ သာမန် အမည်ခံ သူတော်စင် တစ်ပါးပင် နိဗ္ဗာန် အဆင့်မှ လူတစ်ယောက်ကို နှိမ်နှင်းနိုင်၏။

မရဏ အဆင့် အတွင်း ဝင်သွားသော အမည်ခံ သူတော်စင် အတွက်မူ သာ၍ လွယ်ကူ ပေမည်။

ကောင်းကင် တာအိုဂိုဏ်း ဌာနခွဲတွင် မျက်လုံးမှိတ်လျက် လင်းယွန်မှ ကေျာက်တောင် တစ်ခုပေါ် ထိုင်နေ၏။

ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များကို နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းနှင့် စုပ်ယူ နေခြင်း ဖြစ်သည်။

ဝိညာဉ် စွမ်းအင်သည် ခန္ဓာကိုယ် ထဲသို့ ရောက်သော အခါ၊ နဂါးနှင့် ဖီးနစ်မှ သူ့အား လှည့်လည် လာတော့၏။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းသည် သတ္တမအဆင့်သို့ မရောက်နိုင် သေးဘဲ ပိတ်မိ နေသည်။

အရိယာ ဓားသုတ္တန် သည်လည်း အထွတ်အထိပ် ဒသမ အဆင့်၌ ဖြစ်၏။ သုံးရက် အတွင်း တစ်စုံတစ်ခုကို ဖြတ်ကျော်ရန် မလွယ်ချေ။

သို့သော် ဤသုံးရက် အတွင်း အောင်မြင်မှု တစ်ခု ရအောင် ယူရပေမည်။ သည့်အပြင် သူ့၌ ဝှက်ဖဲ သုံးချပ်ရှိ၏။

ကြယ်ဓားအား ပိုမို ကျွမ်းကျင်လာ ပြီးနောက်တွင် နေနှင့်လအား ဖန်တီးနိုင်ခဲ့သည်။ ၎င်းအား ဆင့်ခေါ် ပေါင်းစပ်သော် နဂါးငွေ့တန်း (၃၆)ခု အဖြစ် ထင်ရှား လာမည် ဖြစ်၏။

ဤအစွမ်းထက်သော ဝှက်ဖဲသည် မိုးပြာ မူလ အမည်ခံ သူတော်စင်များကို ဒဏ်ရာပေး နိုင်သည်။

ဒုတိယ ဝှက်ဖဲမှာ ပိုးစုန်းကြူး နတ်ဓား ဖြစ်၏။ ယုချင်းဖန် မှတ်တမ်းကို မြင်ပြီးနောက် ရည်ရွယ်ချက်အား နားလည် လာသည်။

အခြားသူများ အမြင်တွင်၊ ဓားပုံစံ ကိုးမျိုးကိုသာ ကျွမ်းကျင်သည်ဟု ထင်ထား ကြ၏။ အမှန်မှာ ဓားပညာရပ် တစ်ခုလုံးကို သူ ကျွမ်းကျင်နေပြီ ဖြစ်သည်။

နောက်ဆုံး ဝှက်ဖဲသည် ကနဦးဓား ဖြစ်လေသည်။ ယင်းသည် သူပိုင်သော ဓားရေး တစ်ရပ် ဖြစ်ချေ၏။

ပထမဓား ပုံစံကိုသာ ကျွမ်းကျင်မိ သော်လည်း၊ အကောင်းဆုံး ဝှက်ဖဲ ဖြစ်နေဆဲ ပေပင်။

သို့သော် ၎င်းသည် မြန်လွန်းကာ၊ ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့်၊ အဆုံးသတ် မဟုတ်သော်၊ အသုံး မပြုသင့်ချေ။

ယင်းအတွက် ရလဒ် နှစ်ခုသာ ရှိသည်။ ပြိုင်ဘက်အား သတ်ခြင်းနှင့်၊ သူ ရှုံးနိမ့်ခြင်းသာ ဖြစ်၏။

“ အဲဒီလူက တကယ့်ကို သန်မာတယ် ... ။ ”

ဖုန်ရှောက်ယွီ ထုတ်လွှတ် လိုက်သော ဓားရောင်ခြည်ကို ပြန်လည် အမှတ်ရ လာသည်။ ထိုသူသည် ဤခရီးစဉ်၏ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်လာ ပေမည်။

ရုတ်တရက် ဝင်ပေါက် အနားတွင် လာရပ်သော မရဏ မိုးကြိုး တောင်ထိပ် သခင်အား ခံစားမိသည်။

“ တောင်ထိပ် သခင်။ ”

တရား ထိုင်ခြင်းကို ရပ်နားကာ ပြုံးပြ လိုက်၏။

“ မင်းမှာ ပြုံးဖို့တောင် ... အချိန် ရှိနေသေး တာလား။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ သက်ပြင်းချကာ လှမ်းဝင် လာ၏။

“ တောင်ထိပ် သခင် ... ဒါက အမည်ခံ သူတော်စင် တစ်ယောက်လေပါ၊ အရင်က မသတ်ဖူးတာ ကျလို့ ... ။ ”

လင်းယွန်က ပေါ့ပေါ့ ပါးပါး ပြန်ပြော လိုက်သည်။ သို့သော် သူ သတ်ခဲ့သော အမည်ခံ သူတော်စင် များသည်၊ ဖုန်ရှောက်ယွီအား ယှဉ်နိုင်စရာ နည်းလမ်း မရှိချေ။

(၆)ပါးသော မြို့တော်တွင် အသတ်ခံ ခဲ့ရသော အမည်ခံ သူတော်စင်မှာ ကံဆိုးသွား ခြင်းသာ ဖြစ်သည်။

“ ဖုန်ရှောက်ယွီက မင်-ဂိုဏ်းရဲ့ အမည်ခံ သူတော်စင်နဲ့ မတူဘူး။ ”

မရဏ တောင်ထိပ် သခင်မှ လေးနက်သော အမူအရာဖြင့် သူ့ဘေး၌ ဝင်ထိုင်ကာ ပြောကြား လာခဲ့သည်။

“ ..... ။ ”

“ ဘာလို့ ... ဒေါသအိုးကို ယူချင် နေရတာလဲ။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ကူကယ်ရာမဲ့စွာ မေးလာသည်။ ကောင်းကင် ကျောက်စိမ်းဓား သူတော်စင်နှင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင် တို့သည်၊ ဤခရီးစဉ်၏ ရည်ရွယ်ချက်ကို သူ့အား မပြောခဲ့ချေ။

သို့သော် သူ့အမြင်အရ ဓားညီလာခံတွင် ချန်ပီယံ ဖြစ်လာခြင်း သည်ပင် လုံလောက်နေပြီ ဖြစ်သည်။

နောက်ထပ် စွန့်စားရန် မလိုအပ်ချေ။ ရှုံးနိမ့်သော် ချန်ပီယံ ရာထူးတင် မက အသက်ပါ ဆုံးရှုံး နိုင်မည်။

“ ကျွန်တော့်မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိပါတယ်။ ”

“ အနိုင်ရဖို့ ... အလားအလာ ဘယ်လောက်ရှိလဲ။ ”

လင်းယွန်က လက်ငါးချောင်း ထောင်ပြ လိုက်သည်။

“ ငါးဆယ် ရာခိုင်နှုန်း ... ။ ”

ယင်းသည် မြင့်မားသော ပမာဏ ဖြစ်သောကြောင့်၊ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ဝမ်းမြောက် သွားခဲ့သည်။ သို့သော် လင်းယွန်က လက်တစ်ချောင်း ချိုးချလိုက်၏။

“ လေးဆယ် ရာခိုင်နှုန်း။ ”

လင်းယွန်မှ ခေါင်းယမ်းပြီး နောက်ထပ် လက်ချောင်း တစ်ချောင်းကို ချိုးချ လိုက်သည် ။

“ သုံးဆယ် ... ။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ အော်ဟစ် လိုက်၏၊။ ဤပမာဏ အတွက်မူ ကိုယ့်ကိုယ်ကို သေခြင်းတရား ရှာဖွေ နေခြင်းသာ ဖြစ်သည်။

လင်းယွန်မှ နောက်ထပ် လက်ချောင်း တစ်ချောင်းကို ချိုးချ လိုက်သော အခါတွင်၊ မရဏ မိုးကြိုး တောင်ထိပ်သခင်မှ၊

“ နှစ်ဆယ် ရာခိုင်နှုန်း ... ဒါဆို ငါတို့ ဒီကိစ္စကို သွားပြီးတော့ မပတ်သက် သင့်ဘူး။”

-ဟု ဆိုကာ ထရပ် လာတော့၏။

“ မဟုတ်ဘူး ... ၊ သူ အနိုင်ရဖို့ နှစ်ဆယ် ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြောချင်တာ ... ဘာတွေ တွေးနေတာလဲ။ ”

လင်းယွန်က ပြုံးလျက် ရှင်းပြ လိုက်တော့သည်။ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ လင်းယွန်အား စိုက်ကြည့်ပြီး၊

“ ယဲ့ချင်းရှန် ... ၊ မင်း လိမ်နေတာလား။ ”

“ စိတ် မပူပါနဲ့ ... ၊ ကျွန်တော် ... အမှန်အတိုင်း ပြောနေတာပါ ... ၊ ဒီတိုက်ပွဲမှာ ဖိအားတွေ ရှိပေမယ့် ... သူ ရှုံးမှာ သေချာပါတယ်။ ”

“ ဘာလို့လဲ ... ။ ”

“ ကျွန်တော့်မှာ ဒေါသအိုးကို ယူဖို့ ... အကြောင်းပြချက် ခိုင်ခိုင် မာမာ ရှိနေတယ်၊ အနည်းဆုံးသော ဓားကိုင်သူကို မရဏ မူလ အမည်ခံ သူတော်စင် အဆင့်က တစ်စုံ တစ်ယောက်လို့ တွေးထားတာ။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ထိတ်လန့်သွားပြီး၊

“ အစတည်းက ဒီဒေါသအိုးကို ... ဖုန်ရှောက်ယွီဆီ သူတို့ ပေးချင်နေ တယ်လို့ ငါ ကြားထားတယ်၊ အခု မင်းပေါ် လာတာတော့ ... အကြောင်းပြချက် ရသွားပုံပဲ။ ”

“ မိုးပြာ မူလ အဆင့်က ... အမည်ခံ သူတော်စင် တစ်ယောက် လောက်နဲ့ ဟန့်တား နိုင်မယ်လို့ ထင်နေတာလား၊ ဓားစံအိမ်က ကျွန်တော့်ကို လျှော့တွက် လွန်းတယ်။ ”

လင်းယွန်မှ လှောင်ပြုံးဖြင့် ပြောကြား လိုက်သည်။

“ နိဗ္ဗာန် အဆင့် ကျင့်ကြံသူက၊ အမည်ခံ သူတော်စင် တစ်ပါးကို စိန်ခေါ်တာ နဲ့တင်၊ လွန် နေပြီ မဟုတ်လား။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ သက်ပြင်းချကာ ပြောကြား လာ၏။ လင်းယွန်မှ တုန့်ပြန်ခြင်း မရှိချေ။ ပြုံးရုံသာ ပြုံးနေသည်။

“ အခု ဟန်ဆောင် နေတာကို ရပ်ပြီး ... မင်းရဲ့ နိုင်ခြေအကြောင်း ငါ့ကို ရိုးရိုး သားသား ပြောပြပါ။ ”

“ ကျွန်တော် ... ဟန်ဆောင် နေတာ မဟုတ်ဘူး၊ ကျွန်တော် သူ့ကို မျက်နှာသာပေး ရမယ် ဆိုရင်၊ သူ့အတွက် အနိုင်ရဖို့၊ နှစ်ဆယ် ရာခိုင်နှုန်း အခွင့်အလမ်း ရှိတယ်၊ ...

... ကျွန်တော်သာ မျက်နှာသာ မပေးချင်ရင် သူ အနိုင်ရဖို့ တစ်ဆယ် ရာခိုင်နှုန်းတောင် အခွင့် မသာဘူး။ ”

“ မင်း ... ဟန်ဆောင် နေတာ။ ”

“ ဝှစ် ... ။ ”

မရဏ မိုးကြိုး တော်ငထိပ် သခင်မှ လင်းယွန်၏ ခေါင်းကို ခေါက်ကာ ဒေါသတကြီး ခုန်ဆင်း သွားတော့သည်။

နာကျင်မှုကြောင့် လင်းယွန်မှ မျက်နှာ ရှုံ့တွလာပြီး၊

“ တောင်ထိပ် သခင် ငါ တကယ် ပြောနေတာပါ။ ”

-ဟု အော်လိုက်သည်။

ဖုန်ရှောက်ယွီသည် မိုးပြာ မူလ အထွတ်အထိပ်တွင် ရှိနေသင့်ပြီး ၎င်းသည် ကြောက်စရာ ကောင်းချေပြီ။

ထိုသို့သော တစ်စုံ တစ်ယောက်သည် အားကောင်း နေမည်မှာ သံသယ ဖြစ်ဖွယ် မရှိ နိုင်ချေ။ သို့သော် သူ့ဝှက်ဖဲ သုံးချပ်သည် ပို၍ အားကောင်း ချေ၏။

သူကိုယ်တိုင်ပင် ကြယ်နှစ်စင်း မည်မျှ အစွမ်းထက် မည်ကို မသိချေ။ နိဗ္ဗာန် အဆင့်၏ ကန့်သတ်ချက် များကို ကျော်လွန် နိုင်၏။

အရေးအကြီးဆုံးမှာ ထိုဝှက်ဖဲ သုံးချပ်လုံးအား တစ်ပြိုင်နက်တည်း အသုံးပြု နိုင်နေခြင်း ဖြစ်သည်။

“ ဘယ်လို နှိမ့်ချပြီး ... ၊ နေထိုင်ရမလဲ ဆိုတာ မင်း သိပုံမရဘူး။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင် စကားကြောင့်၊ လင်းယွန်မှ ခါးသီးသော အပြုံးဖြင့်၊

“ ကျွန်တော် နှိမ့်ချ နေတာပါ၊ အခု သူ့ကို မသတ်ဘဲ တိုက်ပွဲကို ဘယ်လို အနိုင်ယူ ရမလဲ တွေးနေတာ။ ”

-ဟု ပြန်ပြောလိုက် တော့သည်။

ဖုန်ရှောက်ယွီ ကိုသာ သတ်မိပါက ဓားစံအိမ်မှ ဒေါသအိုး ယူကာ ထွက်ခွာခွင့် ပေးမည် မဟုတ်ချေ။

“ မင်း ... အဲဒီလို လုပ်လို့ မရဘူး၊ ဒါက အသက်နဲ့ သေခြင်း တိုက်ပွဲပဲ၊ အခွင့်အရေး ရှိရင် လက်မလွှတ်နဲ့၊ မင်းက သူ့ကို လွှတ်ပေး ရင်တောင်၊ ...

... သူက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး၊ တစ်ယောက် ယောက် .. သေကို သေရလိမ့်မယ်၊ ကောင်းကင် တာအို ဂိုဏ်းက ... ဓားစံအိမ်ကို မကြောက်ဘူး။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ချက်ချင်း သတိပေး လိုက်သည်။ သို့သော် ကူကယ်ရာမဲ့စွာ ပြုံးမိ၏။

ဖုန်ရှောက်ယွီအား ယဲ့ချင်းရှန် သတ်နိုင် လိမ့်မည်ဟု အဘယ်ကြောင့် ယုံကြည် နေမိ သည်ကို မသိတော့ချေ။

ယင်းသည် ယုံကြည်ချက် ပြင်းထန်သော ယဲ့ချင်းရှန် အမူအရာကြောင့် ခံစား လာရခြင်း ဖြစ်ပေမည်။

“ ကောင်းပြီ ... ၊ ငါ မင်းကို ထပ်ပြီး ဖျောင်းဖျနေ တော့မှာ မဟုတ်ဘူး၊ ဒါနဲ့ မင်းက ဓားဂိုဏ်းက တောင်ထိပ် သခင်နဲ့ သိနေ တာလား။ ”

“ ကျွန်တော့် ဆရာ မူလ နဂါး မဟာ သူတော်စင်က ... သက်တံဓား သူတော်စင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်၊ ဘာလို့ မေးတာလဲ။ ”

“ ဒီမှာ မင်းကို ပေးခိုင်း လိုက်တယ်။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ သေတ္တာ တစ်လုံးကို ထုတ်ယူပြီး၊

“ ပန်းသင်္ချိုင်းက ရှေးဟောင်း စစ်မြေပြင် ကနေ၊ ငရဲ သူတော်စင် ဓားတစ်လက် ရရှိတယ်၊ ဒီဓားရဲ့ စွမ်းအင်ကြောင့် ဓားဂိုဏ်းရဲ့ အရိယာ တောင်ထိပ်မှာ ... ပွင့်ချပ် ကိုးချပ် ငရဲပန်း ပွင်လာပြီလို့ ပြောတယ်။ ”

ပွင့်ချပ် ကိုးချပ်ပါသော ငရဲပန်းသည် ရတနာတစ်ပါး ဖြစ်သောကြောင့် လင်းယွန်မှ ဝမ်းမြောက် သွားသည်။

များမကြာမီ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ နှုတ်ဆက်ကာ ထွက်ခွာ သွားတော့၏။ ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ထွက်လာပြီး၊

“ နင်က ... ငါ့ရဲ့ ဝင့်ကြွားမှုမျိုး အမွေ ရထားတာပဲ၊ ဒီတိုက်ပွဲမှာ စောစောက ပြောခဲ့ သလို တကယ်ရော ယုံကြည်မှု ရှိရဲ့လား။ ”

-ဟု စူးစမ်းလို စိတ်ဖြင့် မေးမြန်း လာ၏။

“ ငါးဆယ် ရာခိုင်နှုန်း။ ”

လင်းယွန်မှ ပြန်ဖြေသည်။

“ ဒါဆို ... နင် ဘာလို့ အဲ့ဒီလိုတွေ ပြောလိုက်တာလဲ။ ”

“ အဲဒီလိုမှ မပြောရင် ... သူက ငါ့ကို ကောင်းကင် တာအို ဂိုဏ်းဆီ ... ဖမ်းခေါ် သွား လိမ့်မယ်။ ”

စကားပြောလျက်မှ လက်ထဲက သေတ္တာကို ဖွင့်လိုက်သည်။

“ မိုးပြာ မူလ အဆင့်က အမည်ခံ သူတော်စင် တစ်ပါးက ကြောက်စရာ မဟုတ်နိုင် ပေမယ့် ... စိတ်မချရဘူး။ ”

“ နင့်ကိုယ်နင် ယုံကြည်မှု ရှိလား။ ”

လင်းယွန်က သေတ္တာကို ပြန်ပိတ်ပြီး၊

“ ဒီမေးခွန်းကို ... ငါ မေးပါရစေ၊ ဖုန်ရှောက်ယွီ ဒါမှမဟုတ် ... ကူဇီကျန်း ဘယ်သူ ပိုသန်မာ တယ်လို့ ... မင်း ထင်လဲ။ ”

“ ကူဇီကျန်း ... ။ ”

ခရမ်းငယ်မှ ပြန်ဖြေ၏။

“ ကူဇီကျန်းသာ ... အမည်ခံ သူတော်စင် ဆိုရင် ... ငါ အနိုင်ရဖို့ မသေချာဘူး၊ ဒါပေမယ့် ဖုန်ရှောက်ယွီ ဆိုရင်တော့ ... အနည်းဆုံး ငါးဆယ် ရာခိုင်နှုန်း အခွင့်အရေး ရှိတယ်၊ ...

... ဖုန်ရှောက်ယွီ ဆိုတာ ဖုန်ရှန့်လင် အသက်ကြီး သွားတဲ့ ပုံစံပဲ၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ အကြောင်းပြချက် ရှိလို့၊ ဒီဓားကို ယူရမယ်။ ”

လင်းယွန်မှ တည်ငြိမ်စွာ ပြောကြား လိုက်တော့၏။

***

All Chapters