← Chapters

ဆက်ပြောပါ။

Vol. 148 Ch. 2069

ဆက်ပြောပါ။

Vol. 148 Ch. 2069

သူ့ရှေ့တွင် ရပ်ဝံ့သော မည်သူ့ကို မဆို ဓားဖြင့် ခုတ်ကာ ဒေါသအိုးအား ဓားဂိုဏ်းထံ အပ်နှင်းရ ပေမည်။

ငရဲပန်း ပါရှိသော သေတ္တာကို ကိုင်လျက်၊ ဓားသေတ္တာ ထဲသို့ ဝင်ရောက် လာခဲ့သည်။ အရိယာ ဓားသုတ္တန်၌ နောက်ဆုံး အဆင့် တစ်ခု ကျန်ရှိနေ သေးသည်။

အရိယာ ဓားသုတ္တန်အား ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်သော်၊ ကြီးကြီး မားမား အသွင်ပြောင်းမည် ဖြစ်သည်။

တစ်ဖက်တွင် ဖုန်ရှောက်ယွီ သည်လည်း အနား မယူနိုင်ချေ။ ကျောက်ဝူကျိ၊ ကူဇီကျန်းနှင့် ကျန်းယွင်ရှင်း တို့ကို တွေ့ဆုံ နေခဲ့သည်။

“ မင်းတို့ အားလုံးက ... ယဲ့ချင်းရှန်နဲ့ တိုက်ဖူးကြတယ်၊ သူ့အပေါ် အမြင် ငါ့ပြောပြပါ၊ ဘယ်လို ထင်လဲ၊ ဒီလို အချိန်မျိုးမှာ စည်းစည်း လုံးလုံး ရှိသင့်ပြီ၊ သူ့ကိုသာ ဒေါသအိုး ငှားလိုက် ရရင် ဓားမဟာမိတ် အဖွဲ့ရဲ့ ... ဂုဏ်သိက္ခာ အတွက် ထိုးနှက်ချက် ဖြစ်လာလိမ့်မယ်။ ”

နေ့ခင်းဘက်က ကဲ့သို့ မောက်မာသော အသွင် အပြင်မျိုး၊ ဖုန်ရှောက်ယွီ၌ မရှိ တော့ချေ။ သတိကြီးစွာဖြင့် ယဲ့ချင်းရှန်အား ကိုင်တွယ်ရန် အဖြေထုတ် လေသည်။

“ စံအိမ် သခင်ငယ် ... မင်းက ယဉ်ကျေး လွန်းနေပြီ။ ”

ကျောက်ဝူကျိ၊ ကူဇီကျန်းနှင့် ကျန်းယွင်ရှင်းက ခွက်များကို မြှောက်ကာ ဆိုလိုက် ကြသည်။

ဖုန်ရှောက်ယွီ၏ စကားများ မှန်၏။ ယဲ့ချင်းရှန် ကိုသာ ဒေါသအိုး ငှားခဲ့သော်၊ ဓား မဟာမိတ် အဖွဲ့၏ ဂုဏ်သိက္ခာ ထိခိုက် ပေလိမ့်မည်။

“ အဲဒီ လူက အရမ်း လွန်တယ်၊ ကောင်းကင်ခွဲသူကို ချိုးပြီး၊ ဒေါသအိုးကို ငှားယူချင် နေတယ်၊ ငါတို့ သူ့ကို သင်ခန်းစာ ပေးရမယ်။ ”

ဖုန်ကျန့်လင်မှ ဒေါသတကြီး ပြောကြား လိုက်သည်။ အထူးသဖြင့် ဓားစံအိမ်မှ ဓားများ အားလုံး အမှိုက်ဟု ပြောသောအခါ ၎င်းအား သတ်ချင်နေ ခဲ့သည်။

အကြွင်းမဲ့ မြို့တော် သည်ပင်၊ ဤကဲ့သို့ အရှက်ခွဲဝံ့ခြင်း မရှိချေ။ ကူဇီကျန်း မျက်ဝန်းများ မှေးစင်း သွား၏။

ဖုန်ရှောက်ယွွီမှ ဦးစွာ အနိုင်ကျင့် အရှက်ခွဲခဲ့သဖြင့်၊ ယဲ့ချင်းရှန် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း သူ သိသည်။ ထို့ကြောင့် မှားသည်ဟု မထင်ချေ။

အမှား လုပ်သူမှာ ဖုန်ရှောက်ယွီသာ ဖြစ်သည်။ ၎င်းမှ စည်းကမ်း များကို လိုက်နာ သင့်၏။

အစီရင် သုံးရပ်သည် ခက်ခဲ သော်လည်း တစ်စုံ တစ်ယောက်၏ ဓား ထက်ရှနေ သ၍ ပြဿနာ မဟုတ်ချေ။

ယင်းအစား နိဗ္ဗာန်-သတ္တမ အသွင် ကူးပြောင်းမှုမှ၊ တစ်စုံ တစ်ယောက်အား မိုးပြာ မူလ အဆင့်ဖြင့်၊ တိုက်ခိုက် စေခြင်းသည် လွန်ကဲ လွန်းလှ၏။

ထိုအတွေးကြောင့် ဝိုင်အရသာသည် ကူဇီကျန်း လျှာ၌ ပို၍ ခါးသက်သက် ဖြစ်လာ တော့သည်။

“ အစ်ကို ကျောက် ... မင်းအရင် ပြောပါ၊ သူ့ကို ဘယ်လို ထင်လဲ။ ”

ဖုန်ရှောက်ယွီမှ မေးသည်။

“ ယုတ္တိဗေဒ အရ ပြောရရင် ... နိဗ္ဗာန် သတ္တမ အသွင် ကူးပြောင်းမှုက ... သူ့လို လူကို အနိုင်ယူဖို့ ပြဿနာ မဖြစ်သင့်ဘူး၊ ဒါပေမယ့် နောက်သုံးရက် နေရင် တိုက်မယ် ပြောရအောင် သူ့မှာ ယုံကြည်ချက် ရှိရမယ်။ ”

ဖုန်ရှောက်ယွီက ခေါင်းညိတ် လိုက်ပြီး၊

“ ညီအစ်ကိုကျောက် ဆက်ပြောပါ။ ”

“ ပိုးစုန်းကြူး နတ်ဓားရဲ့ နောက်ထပ် ဓားကွက် အနည်းငယ်ကို ... သူ သိနိုင်ဦးမယ် ထင်တယ်။ ”

“ နဝမဓား အပြင်လား။ ”

ဖုန်ကျန့်လင်မှ ထိတ်လန့်စွာ မေးသည်။

“ ဟုတ်တယ် ... ၊ ဒသမမြောက် ဓားပုံစံဆိုရင် ကြောက်စရာ မရှိဘူး၊ မဟုတ်လို့ နောက်ဆုံးဓား သုံးကွက်ကို ... ဆုပ်ကိုင်ထား ရင်တော့ စိုးရိမ်စရာပဲ။ ”

ကျောက်ဝူကျိက ခွက်ထဲမှ ဝိုင်ကို လှုပ်ခါလျက် ပြန်လည် ပြောကြား လာသည်။ နောက်ဆုံး ဓားသုံးကွက်သည် အမည်ခံ သူတော်စင် တစ်ပါးကို သတ်နိုင်၏။

“ ဖြစ်နိုင်တယ် ... ၊ အဲဒါကို ငါ သတိ ထားရမယ်၊ အစ်ကိုကျန်း ... ဒါကို မင်းရော ဘယ်လို ထင်လဲ။ ”

ဖုန်ရှောက်ယွီမှ ကျန်းယွင်ရှင်းအား လှည့်ကြည့်ကာ ဆန္ဒ တောင်းခံ လိုက်သည်။

“ ခြောက်ပါးသော မြို့တော်မှာ အမည်ခံ သူတော်စင်ကို သူ သတ်ခဲ့တယ်၊ အဲဒီတုန်းက အရမ်း မြန်တဲ့ ဓားရေး တစ်ရပ်ကို ... သုံးခဲ့ တယ်လို့ ကြားမိတယ်။ ”

ကျန်းယွင်ရှန်းမှ တွေးဆဆဖြင့် ပြောကြားလာသည်။ ဖုန်ရှောက်ယွီက ခွက်ကို ချလိုက်ပြီး၊

“ ဒါကို ငါလည်း ကြားမိတယ်၊ အဲဒီဓား အမည်က အလင်း မူလလို့ ခေါ်ပြီး ရွှေခေတ်က ဓားရေး တစ်ရပ် အဖြစ် သတ်မှတ်ကြတယ်။ ”

ဓားညီလာခံ ပြီးဆုံး သည်နှင့်၊ ယဲ့ချင်းရှန် အကြောင်း စုံစမ်းစေ ခဲ့သည်။ နာရီ အနည်းငယ် အတွင်း အချက်အလက် အားလုံးကို ရရှိ ထားပြီး ဖြစ်၏။

“ အဲဒါက အရမ်း ထက်ရှတဲ့ ဓားပဲ ... ၊ ဒါပေမယ့် ငါမကြောက်ဘူး၊ ငါမှာ ... ဖြေရှင်းဖို့ နည်းလမ်း ရှိတယ်၊ သူသာ အဲဒီဓားကို ဝှက်ဖဲ အဖြစ် အားကိုးနေရင် သနားစရာ ... ။ ”

“ ဒါဆို ဒီအကြောင်းကို ငါတို့ ကျော်လိုက်မယ်။ ”

ကျန်းယွင်ရှင်းက ပြုံးပြီး၊

“ အစ်ကိုကူ ... မင်းကော ဘယ်လို ထင်လဲ။ ”

-ဟု ကူဇီကျန်းအား လှည့်မေး လိုက်သည်။

ကူဇီကျန်းသည် သူတို့သုံးယောက်တွင် အမြင့်ဆုံး စွမ်းဆောင်ရည် ပြသထားနိုင်သူ ဖြစ်၏။

၎င်းခွန်အား အရ အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက်ရှိသော်၊ ကောင်းကင်ပေါ် ပျံတက် သွားမည် ဖြစ်သည်။

“ ငါ့ အမြင်လား ... သခင်ငယ်၊ မင်းရဲ့ ကျင့်ကြံမှု အရ ... နိဗ္ဗာန် ရောင်ဝါ အားလုံးကို သူတော်စင် ရောင်ဝါအဖြစ် ပြောင်းလဲ နိုင်ခဲ့ပြီ မဟုတ်လား၊ မင်းက ... ဓားတာအို အရလည်း အားနည်းလှတာ မဟုတ်ဘူး၊ ...

... အခြေခံ အုတ်မြစ် မှာလည်း နက်ရှိုင်းမှု ရှိတယ်၊ အချိန်မရွေး အကြီးအကဲတွေ ဆီကနေ လမ်းညွှန်မှု ရယူနိုင်တယ်၊ ဒါကြောင့် သုံးရက် အတွင်း ကိုယ့်ကိုယ်ကို ကြံ့ခိုင်အောင် လုပ်နိုင်ပါတယ်၊ ...

... တကယ်တော့ ယဲ့ချင်းရှန် ဆိုတာ မင်းအတွက် ဘာမှ မဟုတ်ပါဘူး၊ ငါတို့က အရှုံး သမား တေွပဲ ... မင်းကို ဘယ်လိုများ အကြံဉာဏ် ပေးနိုင်ဦး မှာလဲ။ ”

ကျန်းယွင်ရှင်းက မျက်ခုံးပင့် မိသည်။ ကူဇီကျန်း စကားများ၌ အဓိပ္ပါယ် များစွာ ပါရှိ နေ၏။

သို့သော် ဖုန်ရှောက်ယွီက ထိုအဓိပ္ပါယ်ကို သတိ မထားမိဘဲ၊

“ ညီအစ်ကို ကူ... မင်းက ယဉ်ကျေး လွန်းတယ်၊ ကျားတစ်ကောင်က အမဲလိုက်တဲ့ အခါမှာ သူ့ခွန်အားကို အပြည့် သုံးရတယ်၊ သားကောင်က ယုန်ဖြစ်နေရင် တောင်မှ ...

... ချွင်းချက် မရှိဘဲ၊ ဒါကြောင့် ... သူက ဘာမှ မဟုတ်ရင်တောင် လျှော့တွက်လို့ မရဘူး၊ ညီအစ်ကိုကူ ... မင်းပြောလို့ ရပါတယ်။ ”

“ သူ့ရဲ့ ခွန်အားက ငါ့အတွက် နားမလည် စရာပါပဲ၊ မဖြစ်မနေ ပြောရမယ် ဆိုရင် ... သူက အမည်ခံ သူတော်စင်ကို ကောင်းကောင်း ရင်ဆိုင်နိုင်တယ်။ ”

ကူဇီကျန်းမှ ထိုသို့ ပြောလာသော အခါ ကျောက်ဝူကျိနှင့် ဖုန်ရှန့်လင်က မရွှင်မပြ ဖြစ် လာသည်။

“ အစ်ကို ကူ ... မင်း သူ့ကို ရှုံးလိုက်ရလို့ ကြောက်သွား တာလား။ ”

ကျောက်ဝူကျိမှ မကျေမနပ်ဖြင့် မေး၏။

“ အရေးမကြီး ပါဘူး၊ အစ်ကိုကူ ဆက်ပြောပါ။ ”

“ အမည်ခံ သူတော်စင် တစ်ပါးက အားကောင်းပေမယ်၊ ယဲ့ချင်းရှန်ကို မရိုက်နိုင်ရင် အလကားပဲ။ ”

ကူဇီကျန်း စကားကြောင့် ကျောက်ဝူကျိမှ လှောင်ပြုံး ပြုံးလိုက်သည်။

“ ဟာသပဲ ... ၊ အမည်ခံ သူတော်စင် တစ်ပါးရဲ့ ရောင်ဝါကို ဘယ်သူက ခံနိုင်မှာလဲ။ ”

ကူဇီကျန်းက ကျောက်ဝူကျိအား အေးစက်စွာ တစ်ချက်ကြည့်ပြီး သူ့စကားကို ဆက်ပြောသည်။

“ သူ့ရဲ့ မိုးပြာ နဂါး ဓားနှလုံးသားက ... တိုက်ခိုက်မှုတေွကို ကြိုတင် ခန့်မှန်း နိုင်တယ်၊ ဒါက ငါတို့ မြင်ခဲ့တာထက် အများကြီး ကျန်နေသေးတယ်၊ ...

... ပြီးတော့ ... ပိုးစုန်းကြူး နတ်ဓား ကိုလည်း မမေ့နဲ့၊ သူ့လက်မှာ ဒီဓားရေးက တကယ် ထူးဆန်းတယ်။ ”

ထိုစကားကြောင့် ကျန်းယွင်ရှင်း မျက်လုံးများ တောက်ပလာပြီး၊ ‘ ဒါက ဘာကို ဆိုလိုတာလဲ၊ ’- ဟု မေးမြန်း လေသည်။

“ သူ့ရဲ့ ပိုးစုန်းကြူး နတ်ဓားက ... ငါတို့လို ဖရိုဖရဲ မဟုတ်ဘူး၊ နက်နဲ သိမ်မွေ့မှုကို ဆုပ်ကိုင် ထားနိုင်တယ်။ ”

တိုက်ပွဲ အတွင်း ပိုးစုန်းကြူး နတ်ဓားကို အတူတူ အသုံးပြုခဲ့ ကြသော်လည်း၊ တစ်ဖက် လူသည် ပိုမို ပြင်းထန် ခဲ့၏။

သူ့တွင် နဝမမြောက် ဓားပုံစံ မရှိ သောကြောင့် ရှုံးနိမ့်သည်သာ မက၊ အဟုန် ကိုပင် လိုက်မမီခဲ့ချေ။

“ ယဲ့ချင်းရှန် ဓားက ... အစမှ အဆုံး တိုင်အောင် အချိတ်အဆက် မိနေ ခဲ့တယ်၊ သူက နဝမပုံစံ ရောက်တဲ့ အခါမှာ၊ စွမ်းအား ကိုးဆ တိုးသွားတယ်။ ”

ထိုစကားကို ကြားသော အခါ ကျောက်ဝူကျိနှင့် ဖုန်ရှောက်ယွွီ မျက်နှာ ပြောင်းသွားသည်။

အဆုံးတွင် ဤဓားရေးကို သူတို့ လေ့ကျင့်ဖူးကြသည်။ ဓားပညာသည် ဖရိုဖရဲနှင့် ဝရုန်းသုန်းကား နိုင်ချေ၏။ အချိတ်အဆက် မမိကြောင်း သိရှိလေသည်။

“ ညီအစ်ကိုကူ ... မင်းက ဒီကိစ္စကို တကယ် အလေးအနက် ထားတာပဲ။ ”

“ ငါ မြင်တာကို ပြောတာပါ ... မပြီးသေးဘူး။ ”

“ ဆက် ပြော ပါ ... ။ ”

“ ငါတို့ အားလုံးက ... ဓားမဟာမိတ် အဖွဲ့ဝင်တွေပဲ၊ သခင်ငယ်က ငါ့အမြင်ကို ပွင့်ပွင့် လင်းလင်း ကြားချင်တယ် ဆိုရင်တော့ ... ဒါက နားဝင်ဆိုးမှာ ကြောက်မိတယ်။ ”

“ အဆင်ပြေပါတယ်၊ ညီအစ်ကို ကူ ဆက်ပြောပါ။ ”

ဖုန်ရှောက်ယွီက ခေါင်းညိတ် ပြလာ၏။

***

All Chapters