← Chapters

တောင်မြစ် အမိန့်။

Vol. 148 Ch. 2070

တောင်မြစ် အမိန့်။

Vol. 148 Ch. 2070

ကူဇီကျန်းမှ စကား အများကြီး မပြောချင် သော်လည်း၊ မဟာမိတ် အဖွဲ့ဝင် တစ်ယောက် အနေဖြင့် တာဝန်ရှိ၏။

“ ယဲ့ချင်းရှန်ရဲ့ ကြယ်ဓားက ... အလယ် အလတ် ကျွမ်းကျင်မှုပဲ ... သူမှာ နေ ဒါမှမဟုတ် လကို ဖန်တီးထားပြီး ... နဂါးငွေ့တန်းတွေ ဆင့်ခေါ် နိုင်တယ်။ ”

“ အဟက် ... ။ ”

ကျောက်ဝူကျိမှ ထိုစကားကို ကြားသောအခါ ရယ်မော လိုက်သည်။

“ သူမှာ အလယ်အလတ် ကျွမ်းကျင်မှု ရှိတယ်လား၊ အစ်ကိုကူ ... မင်းငါ့ကို နောက်နေ တာလား၊ သူက ဓားတာအိုမှာ ထူးချွန်တဲ့ ပန်းသင်္ချိုင်းလို့ ပြောချင် နေတာလား။ ”

ဤတစ်ကြိမ်တွင် စိတ် အနှောင့် အယှက် ဖြစ်ရသောကြောင့် ကူဇီကျန်း မျက်နှာ အေးစက် သွားတော့သည်။

“ ညီအစ်ကို ကူ ... မင်း အရမ်း အလေးအနက်ထား လွန်းတယ်၊ ယဲ့ချင်းရှန်က သန်မာ နိုင်ပေမယ့် ... ဒီလောက် အထိ မရောက်နိုင် သေးပါဘူး။ ”

ဖုန်ရှောက်ယွီမှ ငြင်းဆန် လိုက်သည်။ ကူဇီကျန်းက သူ့ခွက်အား စားပွဲပေါ် ပြန်တင် လိုက်ကာ၊

“ ငါ ပြောစရာ ရှိတာကို ပြောပြီးပြီ၊ နှုတ်ဆက် ပါတယ်၊ သုံးရက်နေရင် ကံကောင်း ပါစေလို့ ... ဆုတောင်း ပေးတယ်။ ”

-ဟု ဆိုလျက် ထွက်ခွာ သွားတော့သည်။

“ ဟမ့် ... ငကြောက် ... ဒါက ရှုံးပွဲလေး တစ်ပွဲပဲ မဟုတ်လား၊ ဓားမဟာမိတ် အဖွဲ့ဝင် တစ်ယောက် အနေနဲ့ ... ၊ ရန်သူ့ဘက်က ပြောဆိုနေတယ်။ ”

ကျောက်ဝူကျိမှ အထင်အမြင် သေးစွာ ပြောကြား လိုက်သည်။ ကျန်းယွင်ရှင်းက ပြုံးပြီး မည်သည့် စကားမျှ ဝင်မပြောချေ။

ကူဇီကျန်းသည် တစ်ဖက် လူအား သဘောကျပြီး၊ သိက္ခာမဲ့သော ဖုန်ရှောက်ယွွီ လုပ်ရပ် အပေါ် သဘောမကျ တော့ကြောင်း သူသိသည်။

“ အစ်ကို ကူဇီကန်းက ... ရေခဲ ဧကရာဇ်ရဲ့ တပည့်ဖြစ်လို့ ... ငါတို့နဲ့ ခပ်ခွာခွာ နေတတ်တာ သဘာဝပါပဲ၊ အစ်ကို ကျောက် ... မင်း အဲဒါကို စိတ်ထဲထားနေဖို့ မလိုပါဘူး။ ”

ဖုန်ရှောက်ယွီမှ အခြေအနေကို ထိန်းလိုက်၏။

“ ဒါဆို သူက ရေခဲ ဧကရာဇ်ရဲ့ တပည့် ဖြစ်တော့ရော ဘာဖြစ်လဲ ... ၊ သူ ရှုံးနေတုန်းပဲ မဟုတ်လား။ ”

ကျောက်ဝူကျိမှ စောဒက တက်ကာ လှောင်ပြောင် လေသည်။

“ နောက်ကျ နေပြီ၊ ကိစ္စလေး ရှိလို့ ငါ့ကို ခွင့်ပြုပါဦး။ ”

ကျန်းယွင်ရှင်းက ဤပွဲကို ငြီးငွေ့လာပြီး ဖြစ်သဖြင့်၊ ဆက်နေရန် အကြောင်း မရှိတော့ဟု ခံစား လိုက်ရသည်။

“ ကောင်းကောင်း သွားပါ ... အစ်ကူကျန်း။ ”

ဖုန်ကျန့်လင်မှ ကူဇီကျန်းအား လိုက်ပို့ပေး၏။ အခန်းထဲ၌ ဖုန်ရှောက်ယွီနှင့် ကျောက်ဝူကျိသာ ကျန်ရစ်ခဲ့သည်။

ထိုအချိန်၌ ၎င်းတို့၏ အပြုံးများ ပျောက်ကွယ် သွားသည်။ ဖုန်ရှောက်ယွီမှ သက်ပြင်းချ လိုက်၏။

“ စံအိမ် သခင်ငယ် ... ကူဇီကျန်း ပြောတာကို ... မင်း စဉ်းစားနေ တာလား။ ”

“ ဟုတ်တယ် ... ကူဇီကျန်းက စကား တစ်ခွန်းကို လွယ်လွယ် မပြောတတ်ဘူး၊ သူ ပြောတာ မှန်နိုင်တယ်။ ”

ဖုန်ရှောက်ယွီမှ အဝေးကို လှမ်းကြည့်ကာ ခေါင်းညိမ့် ပြန်ဖြေ၏။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

“ ဖြစ်နိုင်ခြေ ရှိရှိ မရှိရှိ ... သုံးရက်နေရင် ငါသူ့ကို အနိုင်ယူမယ်၊ ဒေါသအိုးကို ဘယ်သူမှ ယူ မသွား စေရဘူး။ ”

ဖုန်ရှောက်ယွီက ပြတ်သားစွာ ပြောကြား လိုက်သည်။ ထိုအချိန်တွင် သူတို့ အစည်းဝေး အခန်း၏ မြေအောက် မီတာ တစ်ရာ၌၊ လူနှစ်ယောက် ရှိ၏။

ထိုအခန်းသည် နတ်မီးတောက် ထားရာ အခန်း ဖြစ်သည်။ နတ်မီးတောက် အထက်တွင် သံရည်ကြိုရန် မီးဖိုကြီး တစ်လုံး ရှိ၏။

အခန်း အတွင်း၌ ဓားကျိုး အပိုင်းအစ များကို စစ်ဆေးနေသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက် ရှိသည်။

ဤသည်မှာ ယနေ့ လင်းယွန် ချိုးခဲ့သော ကောင်းကင်ခွဲသူ ဖြစ်၏။ စစ်ဆေး နေခဲ့သည့် ဤလူရွယ်၏ အမည်မှာ ဖုန်ဝူကျိ ဖြစ်ပြီး၊ လက်ရှိ ဓားစံအိမ် သခင် ဖြစ်သည်။

သူနှင့် မျက်နှာချင်းဆိုင် အရပ်တွင် ချောမောလှပသော အမျိုးသမီး တစ်ဦးက ဝိုင် တစ်ခွက်ကို အရသာခံ သောက်နေသည်။

သူမ အမည်မှာ ဖုန်ယွီ ဖြစ်ပြီး၊ နဖူး၌ ထူးဆန်းသော အမှတ်အသား တစ်ခု ပါရှိ လေသည်။

“ သဲလွန်စ မတေွ့သေးဘူးလား။ ”

ဖုန်ယွီက အပြုံးဖြင့် မေးလိုက်သည်။ ဖုန်ဝူကျိက ခေါင်းယမ်း ပြပြီး၊

“ မတွေ့ဘူး ... နိဗ္ဗာန် အဆင့်ရဲ့ တစ်စုံ တစ်ယောက်က ကောင်းကင်ခွဲသူကို ဘယ်လိုမှ ချိုးနိုင်စရာ အကြောင်း မရှိဘူး၊ ဒါက ... မယုံနိုင်စရာပဲ။ ”

“ မြေမီးတောက်နဲ့ သန့်စင်ဖို့ ကျန်သေးတာဆို ... ။ ”

“ အဲဒါ လိမ်လိုက်တာ ... ဒီဓားကို သွန်းလုပ်ထားတာ ကြာပြီ။ ”

ဖုန်ဝူကျိက ပြတ်ပြတ် သားသား ဝန်ခံလိုက်သည်။ ထို့နောက် သက်ပြင်းချလျက် ဖုန်ယွီအား ပြန်ကြည့်၏။

“ တတိယ ညီမ ... ၊ နင်က ဖုန်မိသားစု အရှက်ခွဲ ခံနေရတာကို ကြည့်ဖို့ အရှေ့ ပင်လယ် ကနေ ပြန်လာတာလား။ ”

ဖုန်ယွီမှ ဝိုင်ခွက်ကို လက်စသပ်ကာ၊

“ ဒေါသအိုးကို ငှားဖို့ ... ခွင့် မပြုခဲ့တာ ဘယ်သူလဲ၊ ဓားကိုသာ ငှားလိုက်ရင် ... ဒီလို ဒုက္ခမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ”

-ဟု ပြန်လည် ပြောကြား လိုက်သည်။

“ ငါ နင့်ကို ပေးလိုက်ရင် ... နင်က သက်တံဓား သူတော်စင်ဆီ သွားပေးမယ်၊ ငါတို့ အဖေက သူ့နဲ့ ... ရန်ငြိုး ရှိနေတာ ... နင် သိပါတယ်၊ ငါ့ကို သတ်လိမ့်မယ်။ ”

ဖုန်ဝူကျိမှ ကူကယ်ရာမဲ့ ဟန်ဖြင့် ပြန်ဖြေလာသည်။

“ သနားစရာပဲ ... ကောင်းကင်ခွဲသူ ကျိုးသွားတာ အဖိုးကြီး သိလား။ ”

“ မသိဘူး ... ငါသူ့ကို ပြောပြရဲမယ် ထင်လား။ ”

“ ဟား ဟား ဟား ... ပြောပြလိုက် သင့်တယ်၊ သူ့ကိုယ်သူ ကမ္ဘာ့ အကောင်းဆုံး ပန်းပဲ ဆရာ အဖြစ် ... အမြဲ မောက်မာနေတာ အခုတော့ လူငယ် တစ်ယောက် စော်ကားတာ ခံလိုက်ရပြီ။ ”

“ တတိယ ညီမ ... မင်း ဇာတ်ရှုပ်ဖို့ ... စဉ်းစား မနေနဲ့၊ ဒါ ကောင်းကင် တာအိုဂိုဏ်းနဲ့ ဓားစံအိမ် ကြားက ကိစ္စပဲ ... ၊ ဒီကောင်လေး ဓားကို ယူသွားရင် ... မင်း အတွက်လည်း အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ”

“ ဒါဆို ငါ့ရဲ့ ကျင့်ကြံမှုကို ချိပ်ပိတ်ပြီး၊ ဒီကောင်လေးနဲ့ တိုက်ရအောင် လုပ်ပေးပါ၊ ဒါဆို သူ ဘယ်လိုမှ အနိုင်ရမှာ မဟုတ်ဘူး။ ”

“ ဟား ဟား ဟား ... ။ ”

ထိုစကားကို ကြားသောအခါ ဖုန်ဝူကျိမှ ရယ်သည်။

“ ဘာလို့လဲ ... ငါက အရမ်း အသက်ကြီး နေလို့လား၊ (၁၇)နှစ် သမီးလေးလို နုပျိုပါတယ်၊ ပြီးတော့ ငါက မိသားစုဝင် တစ်ယောက်ပဲ၊ ဓားကိုင်သူ ဖြစ်နိုင်တယ် မဟုတ်လား။ ”

“ ဖေဖေ … ၊ ဒေါ်လေး … ။ ”

ရုတ်တရက် ဖုန်ရှောက်ယွီ ဝင်လာ သဖြင့်၊ စကားပြတ်သွား တော့သည်။ ဖုန်ရှောက်ယွီက ဖုန်ယွီကို မြင်ချိန်၌ အံ့အားသင့် သွား၏။

“ မင်းမှာ ပြောစရာ ရှိလား။ ”

ဖုန်ဝူကျိ မေးခွန်းကို ဖုန်ရှောက်ယွီမှ ခေါင်းညိတ်ပြသည်။ သို့သော် ဖုန်ယွီ ရှိနေသဖြင့် စကားသံ ထွက်မလာချေ။

“ အစ်ကိုကြီးတို့ သားအဖ နှစ်ယောက် စကားပြော နှင့်ကြ ... ငါလို အပြင် လူတွေက ဒီစကားဝိုင်းကို နားမထောင် သင့်ဘူး။ ”

“ ဒေါ်လေး နှုတ်ဆက်ပါတယ်။ ”

ဖုန်ယွီက ပြုံးလျက် ဖုန်ရှောက်ယွီ အနားမှ အဖြတ်တွင်၊

“ ရှောက်ယွီ ... မင်းအဖေက ဒီအဒေါ်ရဲ့ ပြိုင်ဘက် အဆင့်မှာ မရှိတော့တာ ... နှစ်ပေါင်း အတော် ကြာနေပြီ၊ ဒါကြောင့် ... မင်းအဖေနဲ့ စကား ပြောတာထက် ... ဒီအဒေါ်နဲ့ စကား ပြောတာ ပိုကောင်းလိမ့်မယ်။ ”

-ဟု ဖြားယောင်း လိုက်၏။

ဤအဒေါ်နှင့် ပတ်သက်သော ကောလာဟလ များစွာကို ကြားသိထား သဖြင့်၊ ဖုန်ရှောက်ယွီမှ မော့ကြည့်သည်။

“ ထွက် သွား ... ။ ”

ဖုန်ဝူကျိမှ လက်ဝှေ့ယမ်းကာ မောင်းထုတ် တော့၏။

“ ရှောက်ယွီ ... ၊ မင်း ငယ်ငယ်ဆို ... ဒီအဒေါ်ကို အရမ်းချစ်တာ၊ ဒီအဒေါ်နဲ့ စကား ပြောဖို့ ... အချိန် နည်းနည်း ပေးသင့်တယ်။ ”

ဖုန်ယွီ ထွက်သွား ပြီးနောက် ဖုန်ရှောက်ယွီမှ သူ့အဖေထံ အာရုံ ပြန်ရောက် လာသည်။

“ ကူဇီကျန်းက ... ယဲ့ချင်းရှန်မှာ အလယ်အလတ် ကြယ်ဓား ရှိိတယ်လို့ ပြောတယ်။ ”

သူ့စကားကို ဖုန်ဝူကျိမှ စိတ်မဝင်စားချေ။ သူ့ရှေ့ စားပွဲပေါ်ရှိ၊ ဓားကျိုး အပိုင်းအစ များကို ညွှန်ပြကာ၊

“ ဒါ ဘာဖြစ် သွားတာလဲ ယွီအာ ... ၊ ဒီဓားကို ချိုးဖို့ ... ခွန်အား ဘယ်လောက်လိုလဲ မင်းသိလား။ ”

-ဟု မေးမြန်း လိုက်သည်။

“ အနည်းဆုံး သူတော်စင် နယ်ပယ်၊ ဒါပေမယ့် လွယ်မှာ မဟုတ်ဘူး၊ ဂရုမစိုက်ရင် သူတော်စင် သခင်တောင် အရှက်ရ လိမ့်မယ်။ ”

“ ဒါဆို ... သူ ဘယ်လိုလုပ် လိုက်တာလဲ။ ”

“ ကျွန်တော်လည်း နားမလည်ဘူး။ ”

ဖုန်ရှောက်ယွီက ပြတ်ပြတ် သားသား ပြန်ဖြေသည်။ အချိန်အတော် ကြာအောင် သူ စဉ်းစားဖူး သော်လည်း၊ အဖြေ မရချေ။

“ ငါလည်း အဖြေ ရှာမတွေ့ဘူး ... ၊ ဒီကောင်းကင်ခွဲသူက သာမန် ဘုန်းဝိညာဉ်တော် နှစ်ပါး လက်ရာမှ မဟုတ်တာ။ ”

“ ဝှစ် ... ။ ”

စကားဆုံး သည်နှင့် ဓားကျိုး အပိုင်းအစ များကို မီးအိုးထဲ ပစ်ထည့်ပြီး ပြန်လည် ပြုပြင် ရန် ပြင်တော့သည်။

ဖုန်ရှောက်ယွီက အနားတွင် ရပ်လျက် တိတ်ဆိတ် သွားသည်။ စကား မပြော ဝံ့ချေ။ အချိန်အတော် ကြာသည် အထိ၊ သူ့အဖေ လုပ်သမျှ ရပ်ကြည့် နေပြီးမှ၊

“ ကူဇီကျန်း ပြောတာတော့ ... ၊ ယဲ့ချင်းရှန်မှာ အရမ်းမြန်တဲ့ ... ဓားကွက် တစ်ကွက် ရှိတယ်တဲ့ ... ။ ”

-ဟု သူ့စကားအား ပြန်စလိုက်သည်။

“ အဲဒီတော့ ... ။ ”

ဖုန်ဝူကျိမှ မျက်နှာ အပြောင်းအလဲ မရှိဘဲ ပြန်မေး လာသည်။ ထိုမေးခွန်းအား ဖြေချင်မိ သော်လည်း မဖြေဝံ့ချေ။ စိုးရွံ့ နေမိ၏။

နောက်ဆုံးတွင် ဖုန်ဝူကျိ ကသာ သူ လိုချင်သော အရာကို စကားကို ပြောကြားလာ တော့သည်။

“ တောင်မြစ် နယ်မြေ ထဲမှာ ... တစ်နှစ်လောက် သွားနေလိုက်၊ အဲဒီအတွက် ညွှန်ကြားချက် ငါ ပေးထား ပြီးပြီ။ ”

တောင်မြစ် နယ်မြေသည် အချိန်ကို ဝယ်ယူနိုင်သော ဓားစံအိမ်၏ လျှို့ဝှက် နယ်မြေ တစ်ခု ဖြစ်သည်။

၎င်းအား အသက်သွင်းရန် လိုအပ်သော အရင်းအမြစ်မှာ များလှပြီး၊ ဖုန်ရှောက်ယွီအား တစ်ကြိမ် ဝင်ခွင့် ပေးထားဖူး၏။

စည်းမျဉ်း စည်ကမ်းများ အရ၊ ဒုတိယအကြိမ် ဝင်ခွင့် မရှိတော့ချေ။

“ ကျွန်တော့်မှာ ... ယုံကြည်မှု ရှိပါတယ်၊ မလိုအပ် ပါဘူး။ ”

“ ယုံကြည်မှု ရှိတာ ကောင်းပါတယ်၊ ဒါပေမယ့် ယုံကြည်မှု ရှိတာ တစ်ခုတည်းနဲ့ မပြီးမြောက် နိုင်တဲ့ အရာတွေ ... အများကြီး ရှိတယ်၊ အထဲ ရောက်ရင် ...

... မင်း အဘိုးကို ... သွားတွေ့လိုက်ပါ၊ ဒါပေမယ့် ကျိုးသွားတဲ့ သူ့ဓားအကြောင်း လုံးဝ မပြောမိ စေနဲ့၊ ...

... ရွှေခေတ်က ရောက်တော့မယ်၊ ဒေါသအိုးက ဓားစံအိမ်မှာ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဆက်ရှိ နေရမယ်။ ”

“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”

ဖုန်ရှောက်ယွီက မထွက်ခွာခင် လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်သည်။ ပြီး မြေအောက်ခန်းမှ ထွက်ကာ လျှို့ဝှက် နယ်မြေဆီသို့ ဦးတည် သွားတော့၏။

နန်းဆောင် ခေါင်မိုး တစ်ခုပေါ်၌ ထိုမြင်ကွင်းကို ကြည့်ပြီး ဖုန်ယွီမှ သက်ပြင်းချ လိုက်သည်။

“ ဒီလိုတွေ ... လုပ်တော့မယ် ဆိုတာ ငါသိတယ်၊ ငါ့မောင်လေးရဲ့ ဘဝက တကယ့်ကို ခါးသီး လွန်းတာပဲ။ ”

သူမ အစ်ကိုသည် ယဉ်ကျေးသည့် အသွင်အပြင်မျိုး ရှိသော်လည်း၊ ပြတ်သားသူ ဖြစ်၏။

တစ်စုံတစ်ဦး အပေါ် ပြိုင်ဘက် အဖြစ် မှတ်ယူလိုက်သည့် အခိုက်၊ ဂျူနီယာ တစ်ဦးဖြစ် လျှင်ပင် ပေါ့ပေါ့ဆဆ နေမည် မဟုတ်ချေ။

“ အဖိုးကြီးနဲ့ တွေ့ဖို့ ... လိုပြီ ထင်တယ်။ ”

ဖုန်ယွီက စိတ်ကို တည်ငြိမ်အောင် ထိန်းလျက်၊ ဖုန်ရှောက်ယွီ ဝင်ရောက် သွားသည့် လျှို့ဝှက် နယ်မြေဆီသို့၊ ဦးတည် ပျံသန်းလိုက် တော့သည်။

***

All Chapters