← Chapters

ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ .... ဒီဓား ငှားကို ငှားပေးရ လိမ့်မယ်။

Vol. 148 Ch. 2072

ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ .... ဒီဓား ငှားကို ငှားပေးရ လိမ့်မယ်။

Vol. 148 Ch. 2072

“ ဓားတာအိုက အကန့်အသတ် မရှိဘူးလား။ ”

လင်းယွန်မှ ထိုစကားကို နားမလည်ချေ။

“ အားအနည်းဆုံး တာအိုမှာတောင် ကန့်သတ်ချက် မရှိရင်၊ အသန်မာဆုံး လူတွေ အနိုင်ယူ နိုင်တယ်။ ”

လင်းယွန်မှ သူမ ဆိုလိုသည် များကို အကြမ်းဖျင်း နားလည် လာ၏။ အားနည်းသော တာအို ဖြစ်သော်လည်း၊ သွားနိုင်သည့် အကွာ အဝေးမှာ ကန့်သတ်ချက် မရှိချေ။

“ ထာဝရ တာအို ကိုးပါး ... ၊ အုပ်စိုးရှင် တာအို သုံးဆယ့်ခြောက်ပါး ... ၊ မဟာ တာအို သုံးထောင်၊ ပံ့ပိုးမှု တာအို ရှစ်သိန်းနဲ့ ကနဦး တာအို အမြောက်အများ ရှိတယ်၊ ...

... မိုးပြာ မူလ နယ်ပယ်က၊ သူတော်စင် ရောင်ဝါကို သန့်စင်ဖို့ အာရုံစိုက် ရမယ်၊ မရဏ မူလ နယ်ပယ်မှာ တာအိုကို ပျိုးထောင် ရတယ်၊ ကောင်းကင် မူလ ဆိုရင် ... တာအို တွေထဲ မြင့်မြတ်တဲ့ မီးလျှံကို ပေါင်းထည့် ရမယ်၊ ...

... နင့်မှာ တာအိုများများ ... ဆုပ်ကိုင် ထားနိုင်ရင် မြင့်မြတ်တဲ့ မီးတောက် တွေက အားကောင်း လိမ့်မယ်၊ ဥပမာ ... နင့်နောက်က ပန်းတွေကို ကြည့် ... သူတို့ အားလုံး ကနဦး တာအိုတွေပဲ၊ သူတို့ကို နင့်ရဲ့ ...

... ပင်မ တာအို အဖြစ် မသုံးနဲ့၊ မဟုတ်ရင် ကျင့်ကြံမှု မြင့်တက် လာပေမယ့်၊ အနာဂတ်မှာ သူတော်စင် နယ်ပယ်နဲ့ ... နင့်လမ်း ဆုံးသွား လိမ့်မယ်။ ”

လင်းယွန်က ခရမ်းငယ်၏ ဆိုလိုရင်းအား နားလည် သွားသည်။

“ ထာဝရနဲ့ ... အုပ်စိုးရှင် တာအိုတွေကို ဘယ်လို ကျင့်ကြံရ မလဲ။ ”

သူ့အမြင်တွင် နိဗ္ဗာန် ဟူသည် ထာဝရ တာအို ကိုးပါး အနက်မှ တစ်ပါး ဖြစ်သဖြင့်၊ ၎င်း ကိုသာ သဘာဝ အတိုင်း ဆုပ်ကိုင်လို၏။

“ စိတ်ရှည် သည်းခံမှုနဲ့ ... အခွင့်အလမ်း လိုတယ်၊ ကနဦး တာအို ဆိုရင် ပြဿနာ မရှိ ပေမယ့်၊ မဟာ တာအိုနဲ့ ပံ့ပိုးမှု တာအို တွေက နားလည်ရ ခက်တယ်၊ အုပ်စိုးရှင် တာအိုနဲ့ ထာဝရ တာအို နှစ်ခုလုံး ကတော့၊ ...

... အခြား အဆင့်မှာပဲ ... ၊ ဥပမာ ဓားတာအိုကို ကြည့် ... ၊ အုပ်စိုးရှင် (၃၆)ပါးထဲ ပါပြီး၊ သူ့ကို နှစ်ပေါင်း တစ်ရာ လေ့ကျင့် ရင်တောင် ရနိုင်မှာ မဟုတ်ဘူး၊ ...

... ဒါပေမယ့် သူက အုပ်စိုးရှင် တာအို ဖြစ်တာကြောင့် မြင့်မြတ်တဲ့ မီးလျှံကို တိုက်ရိုက် ပေါင်းထည့် နိုင်တယ်၊ မဟာ တာအိုနဲ့ ပံ့ပိုးမှု တာအို ကတော့ ... ကနဦး တာအိုတွေနဲ့ ခိုင်ခံ့အောင် တည်ဆောက်ပြီး မှသာ ...

... မြင့်မြတ်တဲ့ မီးတောက်ကို ပေါင်းထည့် နိုင်မယ်၊ တချို့သော ပါရမီရှင်တွေက အုပ်စိုးရှင် တာအိုတွေကို ကူညီဖို့ ... ပံ့ပိုးမှု တာအိုတွေ ပေါင်းထည့် ကြတယ်၊ ...

... အချို့က အုပ်စိုးရှင် အချင်းချင်း ပေါင်းတယ်၊ ဒါမျိုးက ရွှေခေတ် မှာတောင် ရှားပါးတဲ့ ပါရမီရှင်မျိုး တွေပဲ လုပ်နိုင်တာ။ ”

ခရမ်းငယ် စကားများကို နားထောင်ပြီး အဆုံးတွင် ၎င်းနှင့် ပတ်သက်၍ အကြမ်းဖျင်း အကြံတစ်ခု ရလာခဲ့သည်။

“ ကံကြမ္မာက ထာဝရ တာအို ကိုးပါးမှာ အသန်မာဆုံး လို့ကြားဖူးတယ်၊ နိဗ္ဗာန်တောင် သူ့ကို ယှဉ်လို့ မရဘူး မဟုတ်လား။ ”

“ ကံကြမ္မာ တာအိုက ဆန်းကြယ်တယ်၊ ငါ့ခေတ်တုန်း ကတောင် ... ဒဏ္ဍာရီ အဖြစ်ပဲ ကြားဖူးတယ်။ ”

ခရမ်းငယ်က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ် လိုက်သည်။

“ ငါ့ရဲ့ မှတ်ဉာဏ်တွေ ... ပျောက်ဆုံး နေခဲ့တော့ ... ကံကြမ္မာ တာအို ဆိုတာ ဘာမှန်း သေသေချာချာ မသိဘူး၊ ကံကြမ္မာ တာအိုကို လောက တာအိုကလွဲရင် ... ဘယ်တာအိုမှ မယှဉ်နိုင်ဘူး။ ”

“ ကံကြမ္မာ တာအိုက တကယ် အစွမ်းထက်တာလား။ ”

“ ဟုတ်တယ် ... ဒါကို ပြောဖို့ ... နင်နဲ့ အလှမ်းဝေးနေ သေးတယ်၊ နင့်ရဲ့ ကနဦးဓားကို ကျွမ်းကျင်အောင် လုပ်နိုင်ရင် နိဗ္ဗာန်ကို ဖမ်းဆုပ် နိုင်ဖို့ ... အခွင့်အလမ်း မြင့်မားတယ်၊ ...

... နိဗ္ဗာန် တာအိုရဲ့ နက်နဲမှုက ခွန်လွန်မှာ ကျော်ကြားဖို့ ... လုံလောက် နေပြီ ... ဒါတောင် လွယ်တဲ့ အလုပ် မဟုတ်သေးဘူး။ ”

“ ငါ ... ကိုယ့်လမ်း ကိုယ်ဖောက် ရမယ်။ ”

လင်းယွန်မှ ခေါင်းညိမ့် လိုက်သည်။ ခရမ်းငယ်က ကျေနပ်စွာ ခေါင်းညိတ် လိုက်ပြီး၊

“ နင့်မှာ ... တစ်ရက် ကျန်သေးတယ်၊ ဒါကြောင့် ကောင်းကောင်း အနားယူ သင့်ပြီ၊ ဒီတိုက်ပွဲက အရေးကြီးတယ်၊ စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းထားပါ။ ”

-ဟု သတိပေး စကား ပြောကြားလာ၏။

“ ကောင်းပြီ ... ။ ”

လင်းယွန်က သေတ္တာ တစ်လုံးကို ခရမ်းငယ်ထံ ကမ်းပေး လိုက်သည်။

“ ဒါ ဘာလဲ ... ။ ”

“ ဖွင့် ကြည့် လိုက် ... ။ ”

“ လောက နိဗ္ဗာန် ဆေးလုံး ... ။ ”

ခရမ်းငယ် မျက်လုံးများ ရွှင်မြူးလာ၏။ ဤသည်မှာ လင်းယွန်၏ ဒုက္ခကို ရင်ဆိုင်ရန် အိုင်းရစ် ဓားသူတော်စင်မှ သန့်စင်ပေး ထားသော ဆေးလုံး ဖြစ်သည်။

“ မင်း ငါ့အတွက် သိမ်းထားပေး။ ”

ထိုစဉ်က လင်းယွန်မှ သူ့ဆရာ အတွက် ရအောင်ယူ သွားခဲ့၏။ ခရမ်းငယ်က သေတ္တာကို သိမ်းလျက်၊

“ ဒါက ငါ့လက်ထဲ ရောက်ပြီ ဆိုတော့ ... နင့်ကို ပြန်ပေးဖို့ ဆုတောင်း နေလိုက် ... ။ ”

လင်းယွန်မှ ပြုံးလိုက်သည်။ သူမသည် ဝုန်းဒိုင်းကြဲ နေလျှင်ပင်၊ သူ ဒုက္ခ ရောက်ချိန်၌ အနားတွင် အမြဲ ရှိ၏။

သူမ နှလုံးသားသည် လူ အများကြီး မဆန့်ချေ။ သို့သော် တစ်စုံ တစ်ယောက်အား နေရာ ပေးပြီးပါက၊ အသက်စွန့်ရန် တွန့်ဆုတ် နေမည် မဟုတ်ကြောင်း သိထား၏။

တောင်မြစ် လျှို့ဝှက် နယ်မြေ အတွင်း၊ ဖုန်ရှောက်ယွီမှ တစ်နှစ်ကြာအောင် နေနိုင်ခဲ့ လေသည်။

မိုးပြာ မူလ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ရှေ့တစ်လှမ်း တိုးရန် အရိပ်အယောင်များ ပြသလာ၏။

တောင်မြစ် အလယ်တွင် မြူခိုးနှင့် ပန်းပွင့်များ ဖုံးလွှမ်း နေသည်။ ဤနေရာသည် ကောင်းကင်ဘုံ တစ်ခုလို ဖြစ်နေ၏။

ဖုန်ရှောက်ယွီ ရှေ့တွင် ကျောက်တိုင် တစ်ခုရှိပြီး ထိုတိုင်ထိပ် ပေါ်၌ အဘိုးအို တစ်ဦး ထိုင်နေသည်။

အဘိုးအို၏ မုတ်ဆိတ်မွေးနှင့် ဆံပင်ရှည် များမှာ အဖြူရောင် ဖြစ်သည်။ ဤအဖိုးအိုသည် ဓားစံအိမ်၏ ဘိုးဘေး မုန်တိုင်း မဟာ သူတော်စင် ဖြစ်၏။

ကောင်းကင်ခွဲသူအား သွန်းလုပ် ခဲ့သူ ဖြစ်သည်။ မုန်တိုင်း မဟာ သူတော်စင်က ပြုံးပြီး၊

“ မင်း ... အောင်မြင်မှု ရသွားပြီး၊ ထွက်သွားတော့ ဒီမှာ ဆက်နေလည်း အဓိပ္ပါယ် မရှိတော့ဘူး။ ”

-ဟု ပြောကြား လိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

ဖုန်ရှောက်ယွီမှ ခေါင်းညိမ့် လိုက်သည်။

“ တောင်မြစ် ကမ်းပါးက ... အချိန်-အာကာသ ရတနာ တစ်ခုပဲ၊ သူ့ကို အသက်သွင်း ချင်ရင် သုံးရတဲ့ အရင်းအမြစ် ပမာဏက ကြောက်စရာ ကောင်းတယ်၊ ...

... မင်း နိုင်ရမယ် ... ဒါကို မမေ့နဲ့ ... ဓားမဟာမိတ် အဖွဲ့က အားနည်း နေရင်တောင်၊ ကောင်းကင် တာအိုဂိုဏ်းကို ဖြတ်ကျော်ခွင့် မပေးနိုင်ဘူး။ ”

“ ဟုတ်ကဲ့ ဒီတိုက်ပွဲမှာ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်။ ”

ဖုန်ရှောက်ယွီမှ ဦးညွှတ် ကတိပေး လိုက်သည်။ လှည့်ထွက်လာစဉ် ယုံကြည်မှု အပြည့်ဖြင့်၊ ပြုံးလိုက် မိ၏။

တောင်မြစ် အမိန့်အား မသုံးမီကပင် ယဲ့ချင်းရှန်အား မကြောက် လေရာ၊ ယခု အနိုင် ယူရန် သေချာနေပြီ ဖြစ်သည်။

“ ထွက် လာ ခဲ့ ... ။ ”

ဖုန်ရှောက်ယွီ ထွက်သွား ပြီးနောက်၊ မုန်တိုင်း မဟာ သူတော်စင်မှ အေးစက်စွာ အော်ငေါက် လိုက်၏။ ဖုန်ယွီက ပြုံးလျက် အကွယ်မှ ထွက်လာသည်။

“ ပြန် မရောက်တာ အတော် ကြာပြီ၊ ဒါပေမယ့် ဓားစံအိမ်က ဒေါသအိုးကို ကာကွယ်ဖို့ လိမ်လည် လှည့်ဖြားတဲ့ ... နည်းလမ်းမျိုး သုံးနေ လိမ့်မယ် မထင်ထားမိဘူး။ ”

“ မင်း ပြန်လာဖို့ ... မျက်နှာ ရှိသေးလား၊ ဧကရာဇ်ဘုံ တက်ရောက်ဖို့ ... အခွင့်အလမ်းကို မင်း စွန့်ပြစ်ရက်တယ်၊ ဒါ ငါ့ကို ဘယ်လောက် နာကျင်စေလဲ ... မင်းသိလား။ ”

မုန်တိုင်း မဟာ သူတော်စင်မှ အေးစက်စွာ အပြစ်တင်သည်။ ထိုအကြောင်း ပြောချိန်တိုင်း စိတ်တည်ငြိမ်အောင် မနည်း ထိန်းနေရ၏။

“ ဒီအကြောင်းကို ထပ်ပြောရဲလား ... ဟမ့်၊ အဖိုးကြီး ... နင်က ငါ့အဖေ ဆိုပေမယ့် ငါ့ဆရာ့ လောက်တောင် နားလည် မပေး နိုင်ဘူး၊ ...

... ငါ သူ့ကို မကြိုက်ဘူး၊ ဒါကို အတင်း အကြပ် လက်ထပ်ခိုင်းတာ ဘယ်လောက်ထိ၊ နာကျင်ရလဲ နင် သိလား။ ”

ဖုန်ယွီမှ အံကြိတ်ကာ ပြော၏။ မုန်တိုင်း မဟာ သူတော်စင်မှ လူသတ်လိုသော အငွေ့ အသက်ကို ထုတ်ဖော်ကာ၊

“ အဲဒီကောင် အကြောင်း ... ငါ့ရှေ့မှာ မပြောနဲ့၊ နင်နဲ့ လိုက်ဖက်တဲ့လူ တွေ့အောင် ငါ ဘယ်လောက် ကြိုးစားခဲ့ရလဲ နင် သိလား၊ နင့်ကို ... သူ ခေါ်သွားခဲ့လို့ ...

... ငါ အရှက်ကွဲ ခဲ့ရတယ်၊ ဒီကောင့်ကို ငါ သတ်ချင်စိတ်က လေျာ့ မသွားဘူး၊ အခု နင်က ဒီကောင့် အတွက် ဓားငှားဖို့ ရောက်လာတာ မဟုတ်လား၊ ကောင်းကင်ဘုံကို ...

... တစ်ချိန်က ငှားလိုက် ရတယ်၊ ဒါကြောင့် ဒီကောင့်ကို ကူညီဖို့ ... နင်က ဒေါသအိုး လာငှား နေတာ ငါသိတယ် ... မစဉ်းစားနဲ့ ငှားပေးမှာ မဟုတ်ဘူး၊ ...

... လွန်ခဲ့တဲ့ နှစ် ရာဂဏန်းလောက် ဆိုရင်တော့ လူတွေက သူ့ကို ကြောက်ကောင်း ကြောက်ကြ လိမ့်မယ်၊ ဒါပေမယ့် အခု ...

... ဒီကောင်က သေလူ ဖြစ်နေပြီ ... ၊ ဘယ်သူမှ မျက်လုံးထဲ မထားကြ တော့ဘူး၊ နင် ကူညီဖို့ အိမ်မက်တောင် မမက်နဲ့။ ”

အဖိုးအို၏ စကားကြောင့် ဖုန်ယွီ မျက်နှာ ပေါ်၌ ကောက်ကျစ်သော အပြုံး တစ်ပွင့် ဖြစ်ပေါ် လာ၏။

“ ကြည့်ရတာ ... ကောင်းကင်ခွဲသူ ကျိုးသွားတဲ့ အကြောင်း၊ ဘယ်သူမှ မပြောပြဘူး ထင်တယ်။ ”

“ ဘာ ... ၊ နင် ဘာပြော လိုက်တာလဲ၊ ငါ့ကောင်းကင်ခွဲသူက ဘာလို့ ကျိုးရမှာလဲ၊ အဓိပ္ပါယ် မရှိတာ ... ။ ”

“ တောင်ပိုင်း ဒေသက လူတိုင်း ... ဒီအကြောင်းကို သိတယ်၊ ကောင်းကင်ခွဲသူကို ချိုးလိုက်တဲ့ လူက နိဗ္ဗာန်အဆင့် ကပဲ၊ အခု သူကပဲ ဒေါသအိုးကို ငှားနေတာ။ ”

“ ဒါ ... မဖြစ်နိုင်ဘူး ။ ”

ကောင်းကင်ခွဲသူသည် ဓားညီလာခံ ချန်ပီယံအတွက် ရည်ရွယ်ကာ သူ သွန်းလုပ် ထားသော ဓားဖြစ်၏။

လျှို့ဝှက် ဓားစံအိမ် ဂုဏ်သတင်းကို ၎င်းမှ တဆင့် ခွန်လွန်အပေါ် လွှမ်းမိုးရန် ကြံရွယ်ထား လေသည်။

“ နိဗ္ဗာန် အဆင့် ကျင့်ကြံသူက ... ဘယ်လိုလုပ်ပြီး ငါ့ဓားကို ချိုးနိုင်မှာလဲ။ ”

မုန်တိုင်း မဟာ သူတော်စင်မှ မျက်မှောင်ကြုတ် သွား၏။ သို့သော် ဖုန်ယွီမှ လိမ်မည် မဟုတ်မှန်း သူ သိသည်။

“ ဝူကျိက ... ယွီအာကို တောင်မြစ် ကမ်းပါးအထိ လာခိုင်းတာ အံ့သြစရာ မရှိတော့ ပါဘူး။ ”

မုန်တိုင်း မဟာ သူတော်စင် ခမျာ သက်ပြင်းချလျက်၊

“ အမှန်ဆို ... ဒီလို ဉာဏ်ကြီးရှင် မျိုးကို ဒေါသအိုး ငှားလိုက်ရမှာ ... ၊ ဝူကျိ ... ဘာတွေ တွေးနေတာလဲ။ ”

-ဟု ညည်းတွား လိုက်သည်။

အုပ်စိုးရှင် ဓားတစ်လက် ဓားစံအိမ်၌ ရှိနေခြင်းမှာ တင့်တယ်၏။ သို့သော် ဓားဟူသည် ဓားသမား ပါရမီရှင် တစ်ယောက် လက်၌သာ အသင့်လျော်ဆုံး ဖြစ်သည်။

ရွှေခေတ်ရောက် လာချိန်၌ ထိုသို့သော ပါရမီရှင်များမှာ ကောင်းကင်ပေါ် ပျံတက်သွား ပေလိမ့်မည်။

၎င်းနှင့်အတူ သူ့ဓား သည်လည်း၊ ကျော်ကြား လာမည် ဖြစ်၏။ ထိုသို့သော ပါရမီရှင် တစ်ပါးထံ ဓားငှားနိုင်ခြင်းသည် အခွင့်အလမ်း တစ်ခု ဖြစ်သည်။

“ သြော် ... ဒါနဲ့ ပြောဖို့ မေ့နေတယ်၊ ဒေါသအိုးကို ငှားနေတဲ့ လူက ငါ့ရဲ့ ဂျူနီယာ မောင်လေးပဲ၊ ငါ့ဆရာ သက်တံဓား သူတော်စင်ရဲ့ အချစ်ဆုံး တပည့်။ ”

သူမ၏ အဓိက ရည်ရွယ်ချက်မှာ ဓားအကြောင်း ပြောပြရန် ဖြစ်သည်။ သို့သော် သူမ အဖေမှ သူမ ဆရာ အပေါ်၊ စော်ကားနေ သည်ကို ကြားပြီးနောက်၊ ဒေါသဖြင့် သွေးအန်အောင် လုပ်လိုခဲ့သည်။

သူမ ခန့်မှန်းထား သလိုပင်၊ မုန်တိုင်း မဟာသူတော်စင် မျက်နှာမှာ ခြောက်ခြားသော အမူအရာမျိုး ဖြစ်ပေါ် လာ၏။

သို့သော် မကြာခင်မှာပင် ငြိမ်သက် သွားတော့သည်။ သူ လေးစား နေမိသော ပါရမီရှင်သည် သက်တံဓား သူတော်စင်၏ တပည့် ဖြစ်နေခဲ့၏။

မည်မျှ နာကျင်စရာ ကောင်းမည်ကို တွေးကြည့်နေ စရာ မလိုချေ။ အများ အမြင်၌ သူဟူသည် လူပြက်နှင့် မခြားဖြစ်လာ၏။

တစ်ဖက်တွင် ဖုန်ယွီ မျက်ဝန်းများရှိ ရွှင်မြူးရိပ်များကို မြင်ပြီးနောက်၊ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့မှန်း၊ နားလည် လိုက်သည်။

ဤသမီးသည် သူ့အား ကောင်းကောင်း နားလည်၏။ ဖုန်ဝူကျိပင် သူမကဲ့သို့ သူ့အပေါ် နားလည် နိုင်မည် မဟုတ်ချေ။

အချိန်အတော်ကြာ ငြိမ်သက်နေ ပြီးနောက်တွင် သက်ပြင်းချ လိုက်ကာ၊

“ ငါက ပါရမီရှင်တွေကို မြတ်နိုးတာ ... နင်သိပါတယ်၊ ဒါတောင် နင်က သူ့အကြောင်း ငါ့ကို ဘာလို့ မပြောသေး တာလဲ၊ နင်သာ စကား ကောင်းကောင်း ပြောခဲ့ရင် ... သူ ရှုံးရင်တောင် ဒေါသအိုးကို ငါပေးနိုင်တယ်။ ”

-ဟု ပြောကြား လိုက်တော့သည်။

ဖုန်ယွီက ဂုဏ်ယူသော အပြုံးဖြင့် မတ်တပ် ထရပ်ကာ

“ လာတုန်း ကတော့ ... ပြောပြမို့ ပါပဲ၊ ဒါပေမယ့် ... ငါ့ဆရာကို စော်ကားတဲ့ အတွက် စိတ်ကူးပြောင်း သွားတာ၊ ဓားစံအိမ်က ဆန္ဒ မရှိရင်တောင် ...

... ဒီဓားကို ငှားကို ငှားပေးရ လိမ့်မယ် ဆိုတာ ... မင်းကို သိစေချင်လို့ပဲ၊ သက်တံဓား သူတော်စင်ရဲ့ ...

... မျိုးဆက်က ဘယ်သော အခါမှ ... ခေါင်းငုံ့နေမှာ မဟုတ်ဘူး၊ တစ်နေ့ ဓားဂိုဏ်းက မြင့်မြတ်မြေ ပြန်ဖြစ် လာရလိမ့်မယ်။ ”

-ဟု ဆိုလျက် လှည့်ထွက် သွားတော့သည်။

မုန်တိုင်း မဟာ သူတော်စင် ခမျာ တစ်ကိုယ်လုံး တုန်ယင်လျက် ဒေါသများ ထွက်ကာ ကျန်ရစ်ခဲ့၏။

“ ဝုန်း ... ။ ”

အချိန်အ တော်ကြာ ပြီးနောက်၊ သူက ကျောက်တုံးကြီး တစ်တုံးအား လက်သီးဖြင့် ထိုးနှက် ပစ်လိုက်သည်။

“ ခွေးကောင် သက်တံ ... မင်း အရမ်းတော်တယ် ။ ”

All Chapters