← Chapters

ရှေးဟောင်းစစ်နတ်ဘုရား

Vol. 80 Ch. 1036

ရှေးဟောင်းစစ်နတ်ဘုရား

Vol. 80 Ch. 1036

အနောက်နတ်မင်းသည် ချပ်ဝတ်တန်ဆာအား လဲထားပြီးပြီဖြစ်၏။ စောစောက ချပ်ဝတ်တန်ဆာမှာ တစ်ကိုယ်လုံး ဖုံးထားသဖြင့် ရွှန်းလက်လုံးဝန်းနေသော မျက်ဝန်းတစ်စုံမှအပ တခြားမည်သည်ကိုမှ မမြင်ရချေ။ ယခုမှသာ ချင်မူ သူမမျက်နှာအား မြင်ရတော့သည်။

အနောက်နတ်မင်း၏ အဝတ်အစားများက အဖြူရောင်ဖြစ်ပြီး ရွှေချည်ဖြင့် ကျားခေါင်းပုံစံများ ရေးထိုးထား၏။ သူမ၏ခေါင်းတွင် ၆လပန်းဟူခေါ်သည့် ပန်းတစ်ပွင့်ကို ကျားနှစ်ကောင် ပင့်မြှောက်ထားသော အသွင်သဏ္ဍာန်ဖြင့် တော်ဝင်ခေါင်းဆောင်းတစ်ခု ဆောင်းထားသည်။

ပုံမန်တော်၀င်ခေါင်းဆောင်းသည် ပါးလျလျ အနက်ရောင် ပိတ်ကျဲစထည်သားဖြင့် ပုံဖော်ထားသော တောင်ပံလေးနှစ်ဖက် ရှိတတ်၏။ သို့သော် သူမ၏တော်၀င်ခေါင်းဆောင်းတွင်မူ ဘေးတစ်ဖက်တစ်ချက်စီ၌ နားများမှအပ တခြားမတွေ့ရပေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ ခပ်ကားကား ကျားနားရွက်လေးနှစ်ဖက်ကို ခေါင်းဆောင်း၏ဘေးဘက်များတွင် ထားရုံအပြင် နေရာမရှိသောကြောာင့်ပင်။ အမွေးပွပွ နားရွက်လေးနှစ်ဖက်သည် တစ်ချက်တစ်ချက် သတိအနေအထားဖြင့် ဆတ်ခနဲ ထောင်သွားတတ်သည်။

ဤရှေးဟောင်းနတ်ဘုရားမှာ ပါးဖောင်းဖောင်း၊ပါးလုံးလုံးလေးကို ပိုင်ဆိုင်ထားသည်။ အင်္ကျီလက်အိုးများက ရှည်ကျနေသော‌ကြောင့် လက်နှစ်ဖက်အား မမြင်ရပေ။ စကပ်မှာမူ ဒူးအထက် ခုနစ်လက်မအထိသာ ဖုံးထားသည်အထိ တိုလှသည်။ ခြေထောက်တွင်မူ ကျားခေါင်းရှိသော ဖိနပ်တစ်စုံအပြင် တခြားမဝတ်ထားပေ။

သူမစကပ် တိုနေသည့်အကြောင်းရင်းအား ချင်မူ ရှာတွေ့သွားသည်။ အကြောင်းရင်းက သူမအမြီးကို ထားစရ နေရာမရှိ၍ ဖြစ်သည်။ တစ်ချက်တစ်ချက် အမြီးက ထောင်သွားတတ်ပြီး ပခုံးထက်ပင် ကျော်သွားတတ်သေးည်။

ထိုအမြှီး၌ မျက်လုံးသာ ရှိပါက ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ပတ်၀န်းကျင်ကို စပ်စုနေလိမ့်မည်။

ဤမျှ ချစ်စရာကောင်းသည့် ရှေးဟောင်းနတ်ဘုရားအား ချင်မူ ပထမဆုံးမြင်ဖူးခြင်းပင်။ ထို့အပြင် သူမသည် ရှေးဟောင်းနတ်ဘုရားများ၏ နတ်မင်းလေးပါးထဲမှ တစ်ပါးဖြစ်နေသေး၏။

ရှေးဟောင်းနတ်ဘုရားများကား အဆင့်အတန်း အလွန်မြင့်မားကြသည်။ အမိကမ္ဘာမြေ၏ မြက်နတ်ဘုရားများပင်လျှင် ကြောက်မက်တုန်လှုပ်ဖွယ် အဆင့်အတန်းကို ပိုင်ဆိုင်ထားကြ၏။ ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါးတို့၏ အဆင့်အတန်းမှာတော့ ပို၍ပင် မြင့်မားသေးသည်။

ယနေ့ခေတ် ရှေးဟောင်းနတ်ဘုရားတို့၏ အဆင့်အတန်းမှာ အတိတ်နှင့် ယှဉ်မရနိုင်သော်လည်း စကြ၀ဠာ၏ ဝင်ရိုးစွန်းလေးခုကို အုပ်စိုးသော မဟာဖြစ်တည်မှုများအဖြစ် ဆက်လက်တည်ရှိနေကြဆဲ မဟုတ်ပါလော။

ချင်မူ ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါးအနက် သုံးပါးနှင့် တွေ့ပြီးချေပြီ။ ချင်လုံတွင် ဧကရာဇ်တစ်ပါး၏ အဟန့်အထည် ရှိသည်။ ရွှမ်ဝူသည် ထိန်းထိန်းသိမ်းသိမ်း ရှိသော်လည်း သူ၏အင်အားနှင့် အာဏာက သူများနှင့်မတူပေ။ တောင်နတ်မင်းကျူချွဲသည် သူများတကာ၏ အတွေးရေးကိစ္စများကို စပ်စုတတ်သော်လည်း ရှေးဟောင်းနတ်ဘုရား နတ်မင်းတစ်ပါးပီပီ အားလုံး၏အရှေ့နှင့် ကွယ်ရာတွင်ပါ ဣန္ဒြေသိက္ခာရှိသော အမူအရာကို ပြသတတ်၏။

အနောက်နတ်မင်းသာလျှင် အရွယ်မရောက်သေးသော မိန်းကလေးငယ်တစ်ဦးနှင့် တူနေသည်။

ချင်မူ၏မျက်နှာအမူအရာမှာ အနည်းငယ်ထူးဆန်းနေ၏။ ‘အနောက်နတ်မင်းက ရှေးဟောင်းနတ်ဘုရားတွေအားလုံးအတွက် ညီမလေးတစ်ယောက်လို ဖြစ်နေမှာပဲ’

အနောက်နတ်မင်းက ရှေ့သို့လျှောက်လာကာ ပြုံးပြသည်။ “ချပ်၀တ်ကြီး ချွတ်လိုက်မှ နေလို့ကောင်းတော့တယ်... ကောင်းကင်နတ်အရှင်၊ ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ”

သူမ ပြုံးလိုက်လျှင် ကျားအစွယ်လေးနှစ်ခု ပေါ်လာ၏။

ချင်မူ သူမအနောက်မှ လိုက်သွားနေစဉ် သူမ၏အမြီးမှာ အငြိမ်မနေနိုင်ကြောင်း တွေ့နေရသည်။ တစ်ချက်တစ်ချက် သူမခါး၌ ရစ်ပတ်နေပြီး တစ်ချက်တစ်ချက် ပခုံးပေါ် တက်နေ‌တတ်သည်။ ဘေးရှိ သစ်ကိုင်းများ၊ အပင်များကိုပင် ပွတ်သပ်သွားတတ်သည့် အချိန်များပင် ရှိသေး၏။

‘ချပ်၀တ်တန်ဆာ၀တ်ထားတုန်းက သူ့အမြီးကို ငါ မတွေ့ပါဘူး... ဘယ်မှာများ ဝှက်ထားလဲမသိဘူး’

ချင်မူမှာ ဖြူဆွတ်နေသော ကျားအမြီးလေးကို ကြည့်ရင်း တွေးလိုက်မိသည်။ ‘ကိုင်လိုက်ရရင်တော့ကွာ...’

သူ့မှာ တွေး‌လေလေ၊ ကိုင်ချင်လေလေ ဖြစ်နေသည်။ သို့သော် သူမသည် ရှေးဟောင်းနတ်ဘုရားတို့၏ နတ်မင်းတစ်ပါး မဟုတ်ပါလော။ ခွင့်ပြုချက်မရှိဘဲ ကိုင်ရန် မသင့်တော်ပေ။

ယန်အာ့အတွက်မူ ထိုသို့ ဂရုစိုက်နေစရာမလိုချေ။ သူမက ရှေ့သို့ခုန်ကာ အနောက်နတ်မင်း၏အမြှီးအား ကိုင်ကြည့်လိုက်သည်။

အနောက်နတ်မင်းက တခစ်ခစ် ရယ်လျက် ယန်အာ၏မေးအား သူမ၏အမြီးဖြင် ပင့်တင်လိုက်သည်။ “ကလေးမ... ငါက နင့်ရဲ့အဒေါ်နော်... လာရန်စတယ်ပေါ့လေ”

ယန်အာသည် အစိမ်းရောင်စာကလေးအသွင် ပြောင်း၍ အမြီးဖျားအပေါ်၌ နားကာ စပ်စုလိုက်၏။ “ဒေါ်လေးက ကျွန်မကို မှတ်မိတယ်လား”

“မှတ်မိတာပေါ့... နင့်ရဲ့သွေးက ထူးခြားတယ်လေ... တစ်ချက်ကြည့်ရုံနဲ့ မှတ်မိတယ်”

အနောက်နတ်မင်း၏ အမြီးဖျားက ပခုံးပေါ် တက်လာပြီး ယန်အာကို ပခုံးပေါ် တင်လိုက်သည်။ သူမအမြီးသည် အစိမ်းရောင်စာကလေးကို ညင်ညင်သာသာ ပွတ်သပ်ပေးနေ၏။ ယန်အာမှာ ဇိမ်ရှိလွန်းသဖြင့် အိပ်ပျော်သွားပြီး ခေါင်းတစ်ခြမ်း စောင်းလျက် ဟောက်ပင် ဟောက်နေသေးသည်။

အနောက်နတ်မင်းက ရှုခင်းကြည့်ရန် နဂါးစံအိမ်ဆီသို့ သူတို့ကို ခေါ်လာသည်။ ကျားဖြူကောင်းကင်နန်းတော်၏ နဂါးသွဲ့စံအိမ်မှာ ချင်မူတွေးထင်ထားသည်နှင့် မတူချေ။ နဂါးသွဲ့ရေကန်ဘေးတွင် အစီအရီနေရာချထားသော သတ္ထုမီးဖိုများစွာ ရှိနေသည်။ ဤနေရာရှိ မီးဖိုများမှာ နေ့နေ့ညည လည်ပတ်နေရသောကြောင့် လေထုပင် ပူနေသည်။

ချင်မူက သတ္ထုမီးဖိုများကို လေ့လာ၍ တအံ့တဩ ပြောလိုက်၏။ “ဒါတွေက ခိုင်ဧကရာဇ်ခေတ် ကောင်းကင်စက်မှုလုပ်သားတွေရဲ့ လက်ရာတွေပဲ... ခိုင်ဧကရာဇ် ဒီကို ရောက်ခဲ့ဖူးတာလား”

“ဟုတ်တယ် သူ ဒီကို ရောက်ဖူးတယ်”

အနောက်နတ်မင်းက သစ်သားတိုင်ကြီးတစ်တိုင်ကို တွေ့သွားပြီး ထိုနေရာသို့ ပျံသွားသည်။ သူမ၏လက်များက အင်္ကျီလက်အိုးထဲမှ ထွက်လာကာ ကျားလက်သည်းများ ထုတ်လိုက်သည်။ သူမက လျှပ်တစ်ပြက်အမြန်နှုန်းဖြင့် သစ်သားတိုင်အား ကုတ်ခြစ်လိုက်၏။ ထို့နောက် ၎င်းကို ပျင်းရိပျင်းတွဲ မှီလိုက်ချေသည်။ “ခိုင်ဧကရာဇ်က လီရုံလန် လို့ခေါ်တဲ့ လူချောလေးတစ်ယောက်ကို ခေါ်လာတယ်... သူက အရမ်းဖော်ရွေပြီး ချစ်စရာကောင်းတော့ ငါ့နန်းတော်က မိန်းကလေးတွေရဲ့ အသည်းစွဲပေါ့... ‌ဒီသတ္ထုမီးဖိုတွေက သူကိုယ်တိုင် ဒီဇီုင်းရေးဆွဲခဲ့တာတွေပဲ... နဂါးသွဲ့ရေကန်မှာ သတ္ထုမီးဖိုတွေ မရှိသင့်ဘူးလို့ ငါပြောတော့ အဲဒီကောင်မလေးတွေက ကန့်ကွက်ကြတယ်လေ... ဒါကြောင့် ငါ သူတို့ကို လိုက်လျောခဲ့ရတာ”

သူမမှာ ကူကယ်ရာမဲ့နေသောအမူအရာ ရှိသည်။ “အနောက်၀င်ရိုးစွန်းမှာ နတ်သတ္ထုတွေ၊ ကျောက်စိမ်းကောင်းတွေ အများကြီးရှိတယ်. ပြီးတော့ ငါက စစ်နတ်ဘုရား... ဒီ သတ္ထုမီးဖိုတွေ ဆောက်တာက မကောင်းတာတော့ မဟုတ်ပါဘူး... အသုံးတည့်တဲ့နေရာတွေတော့ ရှိတယ်... ချင်ယဲ့က အဲဒီလီရုံလန်ဆိုတဲ့လူ ငါ့ရဲ့ သတ္ထုကျိုနည်းတွေ၊ သတ္ထုသွန်းနည်းတွေ သင်နိုင်အောင် ငါ့‌ဆီလွှတ်လိုက်တာ... ဒါပေမဲ့ ငါ့နည်းလမ်းက ရွှေချီကို စုပ်ယူတာဆိုတော့ သူ အဲဒါကို မသင်ယူနိုင်ဘူး... ငါကတော့ သူ့ဆီကနေ နတ်လက်နက်သွန်းလုပ်နည်းတချို့ သင်ခဲ့ရတယ်... ဒါပေမဲ့ သူ့လောက်တော့ မကျွမ်းကျင်သေးဘူး”

လီရုံလန်သည် သိကြားဗုဒ္ဓ၊ ခိုင်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်စစ်ဘုရင် ဖြစ်၏။

သူ၏အစွမ်းအစက ကောင်းကင်နတ်မင်းလေးပါးထဲတွင် အသန်မာဆုံးမဟုတ်ဘဲ အားအနည်းဆုံးဟုပင် သတ်မှတ်နိုင်ပေသည်။ သို့သော် ကောင်းကင်စစ်ဘုရင်ဟူသည့် နာမည်ကိုတော့ ထိုက်တန်စွာ ရရှိထားခြင်းဖြစ်သည်။

ရွှေအနေဖြင့် သူ့အား ပန်းပဲပညာတွင် ကျော်တက်ရန် ‌အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် ရွှေအနှင့် မျက်ကန်းသည် ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများကို ပေါင်းစည်း၍ အဏုစိတ်ပန်းပဲနည်းလမ်းများ ဖန်တီးရန် အတူတူကြိုးစားနေကြ၏။

သူတို့၏စမ်းသပ်မှုသာ အောင်မြင်ပါက လီရုံလန်အား ပန်းပဲပညာတွင် ကျော်တက်နိုင်လိမ့်မည်။

ကောင်းကင်နဂါး ရတနာရထားလှည်းကို ပြုပြင်ရန် ထွက်သွားသော အမျိုးသမီးစက်မှုလက်မှုလုပ်သားများက ရထားလှည်းအား ပြန်ဆွဲလာကြသည်။ သူတို့က လှည်းကို နဂါးသွဲ့ရေကန်ဘေးတွင် ချပြီး တိုင်းထွာလေ့လာရင်း ရထားလှည်း၏ ဖွဲ့စည်းတည်ဆောက်ပုံအား ရေးဆွဲနေကြ၏။

ချင်မူနှင့် အနောက်နတ်မင်းလည်း ရှေ့တက်ကြည့်လိုက်သည်။ ထိုတောင့်တောင့်တင်းတင်း အမျိုးသမီးတို့သည် နည်းစနစ်များ ကျွမ်းကျင်ပြီး လက်သွက်ကြောင်း တွေ့မြင်ရသည်။ သိကြားဗုဒ္ဓလီရုံလန် လေ့ကျင့်ပေးထားသည်မှာ သိသာလှသည်။

ချင်မူ အလွန်စိတ်ကျေနပ်သွားသည်။ ‘ဘိုးဘိုးရွှေအတော့ သူတို့နဲ့ တွေ့ရင် အတော်လေး သဘောကျမှာပဲ'

“အနောက်နတ်မင်း၊ အခု ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ပန်းပဲပညာကို အင်ပါယာရဲ့ အခြေခံလမ်းစဉ်တွေထဲက တစ်ခုအဖြစ် ခွဲထုတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ ဒီကောင်းကင်စက်မှုလက်မှုလုပ်သားတွေကို လိုအပ်ပါတယ်... အနောက်နတ်မင်းသာ အနောက်၀င်ရိုးစွန်းရဲ့ စက်မှုလက်မှုအလုပ်သမားတချို့ ငှားပေးနိုင်မယ်ဆိုရင် ဒီကျေးဇူးကို မှတ်ထားပေးပါ့မယ်”

ချင်မူမှာ ထိုမိန်းကလေးများကို ကြည့်လေလေ သဘောကျလေလေ ဖြစ်နေသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ပန်းပဲပညာမှာလည်း အတော်လေး အောင်မြင်မှုရထားပါတယ်... ကျွန်တော်တို့ဆီမှာ သိပ်ထူးချွန်တဲ့ စက်မှုလက်မှုပညာသည်တွေ ရှိပြီးသားပါ... အနောက်နတ်မင်းသာ အမျိုးသမီးစက်မှုလက်မှုပညာသည်တွေကို ငှားပေးလိုက်မယ်ဆိုရင် သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီကြပါလိမ့်မယ်”

အနောက်နတ်မင်းက ခေါင်းခါရင်း ရယ်သည်။

“နင် ငါ့ကို လှည့်စားဖို့ ကြိုးစားပြန်ပြီ... ငါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအကြောင်း ကြားဖူးသားပဲ... နင်တို့က ကောင်းကင်နတ်ဘုံအတွက် နတ်လက်နက်တွေ ဖန်တီးပေးနေတာ မဟုတ်လား... ငါ့ရဲ့ လုပ်သားတွေကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ပေးလိုက်ရင် ကောင်းကင်နတ်ဘုံ အင်အားကြီးလာအောင် ကူညီသလိုဖြစ်နေမှာပေါ့... ဒါက ရန်သူကို ထောက်ပံ့တာနဲ့ ဘာကွာတော့မလဲ”

ချင်မူက ရယ်လိုက်မိသည်။ “ဒီနေရာမှာ အနောက်နတ်မင်း အတွေးတိမ်သွားပြီဗျာ... ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းတဲ့ အချိန်ကစပြီး အခုထက်ထိ နှစ်ပေါင်း နှစ်သောင်း ကြာခဲ့ပြီ... ဒါပေမဲ့ အနောက်၀င်ရိုးစွန်းရဲ့ ပန်းပဲပညာက တိုးတက်မလာခဲ့ဘူး .... အတိုင်းအတာအရဆို အနောက်၀င်ရိုးစွန်းရဲ့ သတ္ထုမီးဖိုတစ်လုံးက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကုန်ထုတ်စက်ရုံသုံးရုံနဲ့ ညီမျှတယ်... ကျင့်ကြံနည်းတွေမှာဆိုရင်လည်း သိသိသာသာ တိုးတက်လာတာမရှိဘူး၊ ခိုင်ဧကရာဇ်ခေတ်က ဆက်ခံခဲ့ရတာတွေကို ဆက်ပြီး ကျင့်ကြံနေတာပဲ... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်ဘုံအတွက် နတ်လက်နက်တွေ ထုတ်လုပ်ပေးနိုင်ပေမယ့် ကိုယ့်အတွက်ကိုလည်း ထုတ်လို့ရတာပဲဟာ.... အမြဲတစေ တိုးတက်မှုရှိနေသရွေ့ အင်အားက ကြီးမားလာလိမ့်မယ်... နည်းစနစ်တွေလည်း ပိုမိုအားကောင်းလာလိမ့်မယ်”

သူက ခပ်ရေးရေး ပြုံးလိုက်သည်။ “ကျွန်တော် နတ်မင်းနဲ့ လောင်းကြေးထပ်မယ်ဗျာ.... ပန်းပဲပညာကို ပြုပြင်ပြောင်းလဲပြီး ဟင်းလင်းပြင်မှာ အရာထင်ကျန်တဲ့အထိ မဟာတာအိုအဖြစ် တည်တံ့သွားအောင် လုပ်ပေးနိုင်မယ့်လူက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက လူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်... လီရုံလန်ရော အနောက်၀င်ရိုးစွန်းက လူရော ဖြစ်လာမှာမဟုတ်ဘူး”

အနောက်နတ်မင်းက မယုံပေ။ “လီရုံလန်ရဲ့ ပန်းပဲလမ်းစဉ်က ပြိုင်ဘက်ကင်းတယ်...ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ဘာစွမ်းရည်တွေများ ရှိလို့လဲ”

ချင်မူ လက်ဆန့်ထုတ်လိုက်သည့်အခါ နတ်တူတစ်လက် ပျံသန်းလာသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပန်းပဲပညာက နတ်လက်နက်တွေ သွန်းလုပ်တာလောက် မရိုးရှင်းဘူး... ရူပဗေဒကိုပါ ခြယ်လှယ်ပြီး သိုင်းကွက်အဖြစ် ပြောင်းလဲနိုင်တယ်... အနောက်နတ်မင်း နတ်လက်နက်တစ်လက်လောက် ထုတ်ပေးကြည့်လို့ရမလား”

အနောက်နတ်မင်းက လက်ခုပ်တစ်ချက်တီးလိုက်ရာ အမျိုးသမီးစက်မှုပညာသည်တစ်ဦးက နတ်လက်နက်တစ်လက် သယ်ဆောင်လာသည်။

ချင်မူက သူ၏နတ်တူဖြင့် ထိုစက်မှုပညာသည်အပေါ် ထုချလိုက်သည်။ ထိုအမျိုးသမီးမှာ ကြောက်လန့်သွားပြီး နတ်လက်နက်ကို အလျင်အမြန် ဆွဲမြှောက်၍ ကာလိုက်၏။ ဒုန်းခနဲ မြည်သံကြီးကျယ်လောင်စွာ ထွက်ပေါ်လာကာ အလင်းရောင်များ တောက်ပဖြာထွက်သွားသည်။

ထိုအမျိုးသမီးမှာ အံ့အားသင့်နေသည်။ သူမမှာ အသိစိတ်ဝင်သည်နှင့် လက်နက်ကို ကပျာကယာ လွှတ်ချပြီး သူမကိုယ်သူမ ပြန်စမ်းကြည့်သည်။ ဒဏ်ရာမရမှန်း သိရတော့မှ သက်မချနိုင်၏။

အနောက်နတ်မင်း၏ မျက်နှာ လေးနက်သွားသည်။ သူမက ရှေ့ျသို့ လျှောက်သွားပြီး လွှင့်ပစ်ခံလိုက်ရ‌သော နတ်လက်နက်ကို ကောက်ယူလိုက်ရာ ထိုလက်နက်မှာ နတ်လက်နက်မဟုတ်တော့ဘဲ သာမန်သတ္ထုဖြင့် သွန်းလုပ်ထားသော လက်နက်တစ်လက်သာ ဖြစ်တော့ကြောင်း သိလိုက်ရသည်။

ချင်မူ့တူထံမှ ထုချက်က နတ်လက်နက်၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲသွားစေခဲ့ပြီး နတ်လက်နက်အဖြစ်မှ သာမန်လက်နက်တစ်ခုအဖြစ်သို့ ရောက်သွားစေခဲ့သည်

သူမမှာ ကြက်သီးမွေးညင်းများပင် ထလာသည်။ ကောင်းကင်စက်မှုလက်မှုပညာသည်တို့၏ အတိုက်အခိုက်စွမ်းရည်မှာ အားမနည်းသော်လည်း တိုက်ကွက်၊ ကောင်းကင်နတ်သိုင်း သို့မဟုတ် သိုင်းကွက်ပြောင်းလဲခြင်း ကျွမ်းကျင်သော နတ်ဘုရားများအား မယှဉ်နိုင်ပေ။

အနောက်၀င်ရိုးစွန်း၏ အမျိုးသမီးစက်မှုလက်မှုပညာသည်တို့သည် အဖိုးတန်ရတနာများနှင့် တူ၏။ အနောက်နတ်မင်းအနေဖြင့် သူတို့အား မည်သည့်အခြေအနေတွင်ဖြစ်စေ တိုက်ပွဲထဲသို့ စေလွှတ်မည်မဟုတ်ချေ။

ယခုမူ ချင်မူ၏ တိုက်ခိုက်မှုကြောင့် စက်မှုလက်မှုပညသည်တို့၏ အစွမ်းအစအား သူမနားလည်သွားသည်။ ထိုအစွမ်းအစကား နတ်လက်နက်များကို သွန်းလုပ်နိုင်ရုံသာမက ရန်သူ၏နတ်လက်နက်ကိုလည်း တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်ချေသည်။

ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းခဲ့ချိန်က လီရုံလန်သည် ကောင်ကင်စက်မှုနတ်ဘုရားမျိုးနွယ်ကို ဦးဆောင်ကာ ပရမတ္တလှေ တည်ဆောက်၍ ရွှင်ပျော်ပျော်ကျေးရွာတွင် ခိုလှုံရန် ခရီးထွက်ခဲ့၏။ သို့သော် အဆုံးသတ်တွင် ကောင်းကင်နတ်ဘုံ၏ တိုက်ခိုက်ခြင်း ခံခဲ့ရကာ ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ်မှာ မျိုးတုံးလုနီးပါး ဖြစ်သွားခဲ့သည်။

ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ်တွင်သာ ချင်မူ့လို နည်းလမ်းများရှိခဲ့ပါက ထိုတိုက်ပွဲသည် တစ်ဖက်သတ်လူမျိုးသုဉ်းသတ်ဖြတ်ပွဲ ဖြစ်ခဲ့မည်မဟုတ်ချေ။

‘အနောက်၀င်ရိုးမှာ ကောင်းကင်စက်မှုပညာသည် စစ်တပ်ကြီးရှိရင် ပြိုင်ဘက်ကင်းသွားပြီး အားလုံးကို သိမ်းပိုက်နိုင်မှာပဲ... ကောင်းကင်ဘုံတွေကို စီးနင်းကျူးကျော်ရင် ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး

အနောက်နတ်မင်းက တိတ်တဆိတ် တွေးလိုက်မိသည်။

ချင်မူက တူကို လွှင့်ပစ်လိုက်ရင်း ပြောလေသည်။ “ဒါက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်ပါ... ဒီနည်းလမ်းကို ကျွန်တော်တို့မိသားစုအကြီးအကဲနှစ်ဦး ဖန်တီးခဲ့တာပေါ့... ပြည့်တော့ မပြည့်စုံသေးဘူး... အနောက်နတ်မင်း နတ်မင်းရဲ့လူတွေလည်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ သွားပြီး ဒီနည်းလမ်း ပြည့်စုံလာအောင် ကူညီပေးနိုင်ပါတယ်.... ဒါကမှ စစ်ပွဲကို အမှန်တကယ် ကြီးစိုးနိုင်တဲ့ ကောင်းကင်စစ်ဘုရင်အစစ်ပဲ”

အနောက်နတ်မင်းက တခဏ စဉ်းစားပြီးနောက် စိတ်မကောင်းစွာ ပြောသည်။ “ဒီပြောင်းလဲမှုက ငါတို့ ရှေးဟောင်းနတ်ဘုရားတွေကို လျော့နဘ်ူသွားစေလိမ့်မယ်...”

ရုတ်တရက် သူမမှာ မျက်ရည်များ တပေါက်ပေါက် ကျလာပြီး တဟင့်ဟင့် ရှိုက်လျက် ပြောသည်။ “ငါက ရှေးဟောင်းစစ်နတ်ဘုရားတစ်ပါးလေ... နင်တို့ ဖန်တီးထားတဲ့ ဒီပန်းပဲပညာက စစ်ပွဲတွေကို အုပ်စိုးနိုင်ရင် ငါက အရင်ဆုံးသတ်ခံရလိမ့်မယ်.... ငါ သေတော့မယ်ထင်တယ်...”

ချင်မူက သူမကို တည်ငြိမ်စွာ ကြည့်၍ ‌စိတ်ရှည်လက်ရှည် ရှင်းပြ၏။ “မမကြီး... စောစောကတင် မမကြီး ကောင်းကင်နတ်အရှင်ဟုန်ရဲ့ လက်ထဲမှာ သေရတော့မှာကို ကျွန်တော်ကယ်ခဲ့တာမလား... ကျွန်တော်သာ မမကြီးကို အန္တရာယ်ပေးချင်ရင် ကယ်ခဲ့ပါ့မလား”

‌အနောက်နတ်မင်းမှာ သူမအမြှီးကို ဖက်ရင်း ငိုနေသည်။

ချင်မူမှာ အကြပ်ရိုက်လာသဖြင့် အော်လိုက်သည်။ “မငိုပါနဲ့တော့”

အနောက်နတ်မင်းက အမြီးကို ဖက်ထားလျက် မျက်ရည်အဝိုင်းသားဖြင့် ချင်မူ့အား မော့ကြည့်လာ၏။ ချင်မူလည်း ချက်ချင်း စိတ်ပျော့သွားပြီး နူးညံ့ညင်သာစွာ ချော့လိုက်ရသည်။ “စိတ်မပူပါနဲ့... ကျွန်တော်က ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင်လေ... မမကြီး သေသွားရင်တောင် ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်..... စိတ်အေးအေးထားပါ... ဘယ်သူပြောနိုင်မှာလဲ... သေသွားပြီးရင် ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်သွားနိုင်တာပဲ...အဲ့ဒီအချိန်ရောက်ရင် ပန်းပဲပညာ လေ့လာလို့ရပြီလေ.. အဲ့အချိန်ကျ ဘယ်သူမှ မမကြီးကို သတ်နိုင်တော့မှာမဟုတ်ဘူး”

“ကျိန်”

“မြေအောက်ဘုံအရှင်သခင်ကို တိုင်တည်ပြီး ကျိန်ပါတယ်”

အနောက်နတ်မင်းက ၀မ်းနည်းနေရာမှ ချက်ချင်း ပျော်ရွှင်သွားပြီး သွက်သွက်လက်လက် ထရပ်လိုက်သည်။

နတ်ဘုရင်လန်ဝူသည် ဘေးတွင် ရပ်နေရာမှ အေးစက်စက် ပြုံးလိုက်၏။ ထို့နောက် အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။ “အထွတ်အမြတ်က‌လေးငယ်က မိန်းကလေးတွေကို ချော့တဲ့နေရာမှာ တော်သားပဲ”

ချင်မူက နူးညံ့သောအသံလေးဖြင့် ခေါ်လိုက်သည်။ “မမကြီးလန်ဝူ...”

“ငါ့အပေါ်တော့ အလုပ်မဖြစ်ဘူး”

နတ်ဘုရင်လန်ဝူက ချာခနဲ လှည့်ထွက်ကာ အဝေးသို့ လျှောက်သွားသည်။ “ရှေးဟောင်းနတ်ဘုရား နတ်မင်းတစ်ပါးမှာ ဒီလောက်ရိုးရှင်းနေတဲ့ အတွေးတွေပဲ ရှိနေမယ်ဆိုတာ ငါ မယုံဘူး”

ချင်မူ ရင်ထဲ တင်းကြပ်သွားသည်။ ရှေးဟောင်းနတ်ဘုရားများနှင့် ဖန်ဆင်းရှင်တို့ အကြားရှိ ပဋိပက္ခသည် သူ့အတွက် အကြီးမားဆုံး ပြဿနာဖြစ်၏။

ကောင်းကင်နတ်အရှင်ဆယ်ပါးအကြားတွင် ပဋိပက္ခများ ရှိသော်လည်း ရှေးဟောင်းနတ်ဘုရားများနှင့် ဖန်ဆင်းရှင်များအကြားရှိ ရန်ငြိုးလောက် မပြင်းထန်ပေ။

ချင်မူမှာ ပါးလွှာသော ရေခဲပြင်ထက်၌ လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေသည်။ သူသာ ဂရုမစိုက်လျှင် ထာဝရ ဘဝပျက်သွားလိမ့်မည်။

All Chapters