← Chapters

ကျူးကျူးကျော်ကျော်! ဝမ်ရန်၏အကွက်လှလှ! ၃

Vol. 25 Ch. 361

ကျူးကျူးကျော်ကျော်! ဝမ်ရန်၏အကွက်လှလှ! ၃

Vol. 25 Ch. 361

မကြာမီ နှစ်ဆိုင်းခွဲထုတ်နိုင်သော ထုတ်လုပ်ရေးလမ်းကြောင်း ၁၅ ခုရှိလာလိမ့်မည်။ အစားအသောက်ကုမ္ပဏီလည်း ချင်းလင်လက်ဖက်ရည်ကြော်ငြာကိုတိုးမြှင့်ရမည်။

သို့သော် ချင်လင်က လင်းလန်ဇီအားကြော်ငြာအစီအစဉ်လုပ်ခိုင်းရုံရှိသေး၊ ရုတ်တရက်ချင်းလင်လက်ဖက်ရည်က နာမည်ကျော်သွားပြီး ရေပန်းစားခေါင်းစဉ်တောင်ဖြစ်လာသည်။

ထို့ကြောင့် ချင်လင်နှင့်လင်းလန်ဇီကြောင်သွား၏။

ချင်လင်က လင်းလန်ဇီ၏တင်ပြချက်ကိုရသောအခါ ရေပန်းစားအွန်လိုင်းသတင်းကိုကြည့်ရင်း နည်းနည်းအံ့ဩသွားသည်။ ခေါင်းစဉ်က: 'အလှလေးနှင့်ချင်းလင်လက်ဖက်ရည်'တဲ့။

''ဘယ်လိုဖြစ်တာလဲ သိပြီလား?'' ချင်လင်က လင်းလန်ဇီကိုမေးလိုက်သည်။

လင်းလန်ဇီက_ ''ပေါက်နေတဲ့ဗီဒီယိုတွေအားလုံး ပြည်နယ်မြို့တော်ကပါ... နောက်ပြီး ဗီဒီယိုအကုန်ပေါက်တယ်... အရမ်းလည်းနာမည်ကြီးနေတယ်''

ဝမ်ရန်၏လက်ချက်မှန်း ချင်လင်သိလိုက်သည်။ သူကရေပန်းစားသတင်းမှဗီဒီယိုများကိုကြည့်လိုက်သည်။

ပထမဗီဒီယိုမှာ သဘာကျကျအနက်ရောင်ပိုးသားဝတ်စုံဝတ်ထားသော ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်မိန်းမလှလေးတစ်ဦးဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ထိုအမျိုးသမီး၏ကိုယ်လုံးကိုယ်ပေါက်နှင့်ပုံစံက အရမ်းကောင်းသည်။ လုံးဝပြည့်စုံပြီး သူမအပြုံးက အလွန်နှစ်သက်စရာကောင်း၍ဆွဲဆောင်မှုရှိသည်။

ဒီလိုအလှလေးက သာမန်လူတွေမျက်စိနဲ့ကြည့်ရင် သေချာပေါက်နတ်ဘုရားမပဲမဟုတ်လား?

သူမက ဘတ်စကတ်ဘောကွင်းဆီသွားရာ ဘတ်စကတ်ဘောကစားနေသောလူငယ်များ၏အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။ ထို့နောက် ချင်းလင်လက်ဖက်ရည်ကို လူမြင်ကွင်းမှာစတင်ကြော်ငြာတော့၏။

ဗီဒီယိုထဲတွင် ချွေးတလုံးလုံးနှင့်လူငယ်များက ချင်းလင်လက်ဖက်ရည်သောက်နေကြသည်ကိုတွေ့နိုင်သည်။ သူတို့အားလုံးက လက်ဖက်ရည်၏အာနိသင်ကိုအံ့ဩသွားပြီး ဘယ်မှာဝယ်လို့ရလဲဟုတောင်မေးနေကြသည်။

ထိုရေပန်းစားဗီဒီယိုက ချင်းလင်လက်ဖက်ရည်ကိုလူစိတ်ဝင်စားအောင် လုံးဝလုပ်နိုင်ခဲ့သည်။

ဒီလိုနာမည်ကြီးနေတဲ့ဗီဒီယိုမျိုးက ပုံမှန်အတိုင်းဆို ချင်းလင်လက်ဖက်ရည်ကိုရေပန်းစားအောင်၊ ကျော်ကြားအောင်၊ ပေါက်သွားအောင်လုပ်ဖို့မဖြစ်နိုင်။

ဒါပေမဲ့ ဒီလိုဗီဒီယိုတွေ ၁၀ ပုဒ် ဒါမှမဟုတ် ၁၀ ပုဒ်မကရှိလာမယ်ဆိုရင်ရော? ပြီးတော့ အလှလေးတစ်ယောက်စီက အမျိုးမျိုးသောဘတ်စကတ်ဘောကွင်းတွေ၊အားကစားရုံတွေမှာ ကြော်ငြာမယ်ဆိုရင်ရော?

ပြောစရာမလိုအောင် လုံးဝပေါက်ပြီပေါ့။ ဒါကြောင့်လည်း 'အလှလေးနှင့်ချင်းလင်လက်ဖက်ရည်'ခေါင်းစဉ်ဖြင့် ပေါက်နေရခြင်းပင်။

ချင်လင်သက်ပြင်းချလိုက်ပြန်သည်။

ဒီဝမ်ရန်က တကယ်သောက်ရမ်းတော်တဲ့ကောင်။ ဒီလောက်မိန်းမလှတွေအများကြီးကို တစ်ခါတည်းရှာနိုင်တယ်ပေါ့။

ကုမ္ပဏီကြီးတွေက အမျိုးသမီးအရောင်းမြှင့်တင်ရေးသမားသီးသန့်ခေါ်မယ်ဆိုရင်တောင် သူတို့အကုန်လုံးကိုခန့်နိုင်မှာမဟုတ်။ ဒီလိုဆွဲဆောင်မှုရှိတဲ့အပြုံးနှင့်အရှိန်အဝါကို အဲဒီကုမ္ပဏီတွေမယှဉ်နိုင်တာပြောစရာမလို။





အသေးစိတ်တချို့တော့ သူသိသည်။

ဝမ်ရန်ရှာထားတဲ့မိန်းကလေးတွေအားလုံးက ကြေးစားတွေပဲ။

အမှန်ပင်။

အားလုံးက ဝမ်ရန်၏လက်ချက်။ သူစုကျွမ်နှင့် ဘတ်စကတ်ဘောကွင်းသွားစဉ်ကစိတ်ကူးကိုယူထားခြင်းဖြစ်သည်။ အမာခံစျေးကွက်အတွက် သူ့မှာအစီအစဉ်တွေရှိသည်။

စာချုပ်လက်မှတ်ထိုးပြီးနောက် ထိုအစီအစဉ်အားလုံးကိုအပြီးသတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ရေပန်းစားလာသည်က အမှတ်တမဲ့ပင်။

မင်စီရင်စု၌_

အနီရောင်စကတ်တိုတို၊ဇကာကွက်စတော့ကင်နှင့်အမျိုးသမီးတစ်ဦးသည် ကွင်းပြင်ထဲမှဘတ်စကတ်ဘောကွင်းဆီလျှောက်သွားနေ၏။ ထိုအမျိုးသမီးမှာလုံးဝပြီးပြည့်စုံပြီး သေချာပေါက် လူငယ်တွေအကြိုက်ဖြစ်သည်။

သူမက ဝမ်ရန်၏နိုက်ကလပ်မှအစ်မလင်းလင်းပင်။ ဝမ်ရန်အတွက် သူမဘိုးတော်ဆီမှ ချင်းလင်လက်ဖက်ရည်ပုလင်း ၃၀၀၀၀၀ အော်ဒါရထားတာ မကြာသေး။ သူနှင့်အစားထိုးစာချုပ်လေးတောင် လက်မှတ်ထိုးထားသည်။

အခုတော့ ချင်းလင်လက်ဖက်ရည်ရဲ့ကိုယ်စားလှယ်လေးအဖြစ်သတ်မှတ်နိုင်ပြီ။

ထိုလူငယ်များ၏အာရုံကိုဖမ်းစားနိုင်မှန်းသိသောအခါ ကျန်းလင်းလင်းက ချင်းလင်လက်ဖက်ရည်ကြော်ငြာရန် တူညီသောနည်းကိုပင်အသုံးချသည်။

ရလဒ်က ထိုဗီဒီယိုများထဲကအတိုင်း။ ထိုလူငယ်များမှာ စမ်းသပ်မှုတွင်ပါဝင်ပြီး ချင်းလင်လက်ဖက်ရည်၏အာနိသင်ကိုခံစားရသည်။ သူတို့အားလုံးက ဘယ်မှာဝယ်လို့ရလဲမေးကြ၏။

ကျန်းလင်းလင်းလည်း ညုတုတုပြုံးလိုက်ကာ_ ''အားလုံးက ဒီနားမှာပဲကစားကြတာဟုတ်? ဒီအနီးအနားက ကုန်စုံဆိုင် စတိုးဆိုင်နဲ့ စူပါမားကတ်လေးတွေမှာ မကြာခင်ရောင်းတော့မှာပါ''

သည်လိုနှင့် သူမလည်း ဘတ်စကတ်ဘောကွင်းအပြင်လျှောက်ပြီး အထဲလှမ်းကြည့်နေသောအမျိုးသား ၁၀ ယောက်ကျော်ကျော်ဆီလျှောက်သွားကာ_ ''သူဌေးတို့... ဒီဘတ်စကတ်ဘောကွင်းကိုရွေးထားတာနော်... ကျွန်မမညာဘူး... ဒီချင်းလင်လက်ဖက်ရည်ရဲ့အာနိသင်ကိုသိပြီလား? အခုဒီဖျော်ရည်က ရေပန်းစားရှာဖွေမှုထဲရောက်နေပြီ... အရမ်းနာမည်ကြီးလာလိမ့်မယ်... အခုကြိုတင်မယူထားရင် စက်ရုံထုတ်လုပ်ရေးကအလျင်မီမှာမဟုတ်ဘူး''

ထိုသူဌေး ၁၀ ယောက်ကျော်ကျော်မှာ အနီးအနားမှ ကုန်စုံဆိုင်၊စတိုးဆိုင်နှင့်စူပါမားကတ်ငယ်များ၏ပိုင်ရှင်များဖြစ်သည်။

အစက သူတို့လည်း ထုတ်ကုန်ကြော်ငြာရန် သူတို့တံခါးဝရောက်လာသော ညုတုတုအမျိုးသမီး၏အလှကြောင့်ညှို့ယူခံလိုက်ရခြင်းဖြစ်သည်။ ဒီအလှလေးနောက်တစ်ချက်လိုက်ကြည့်ပြီး ပါးစပ်အရသာခံစကားပြောရရင် အလွန်စိတ်ဝင်စားစရာကောင်းမည်ဟုတွေးကြသည်။

သို့သော် အခုသူတို့လည်း ချင်းလင်လက်ဖက်ရည်၏အာနိသင်ကိုစိတ်ဝင်စားသွားကြသည်။ ဒီဖျော်ရည်အရမ်းရောင်းကောင်းမှာ အတပ်ပြောနိုင်သည်။

အဓိကအချက်မှာ တခြားဆိုင်တွင်နာမည်ကြီးထုတ်ကုန်ရှိပြီး ကိုယ့်မှာမရှိရင် လူဝင်ထွက်နှုန်းကိုထိခိုက်လာလိမ့်မည်။

၁၀ ယောက်သောသူဌေးများမှာ တခြားဂရုမစိုက်နိုင်တော့ဘဲပြောလာကြသည်။

''မစ္စကျန်း... ကျုပ်စူပါမားကတ်က သိပ်မကြီးဘူး... ဒါပေမဲ့ ရောင်းအားအများကြီးရှိတယ်... အရင်ဆုံး ပါကင် ၅၀ လောက်စီစဉ်ပေးပါ''

''ငါ့ကုန်စုံဆိုင်အတွက်လည်း ၁၀ ပါကင်လိုချင်တယ်''

''ကျွန်တော့်စတိုးဆိုင်ကိုလည်း ပါကင် ၂၀ ပို့ပေး''

“…”

သူဌေးအားလုံးက သူတို့သဘောထားကိုပြောပြပြီး ကျန်းလင်းလင်းဆီအော်ဒါတင်လိုက်ကြသည်။

ဤသည်မှာ သူတို့ကိုအပြင်ထွက်ကြော်ငြာခိုင်းသော ဝမ်ရန်၏အစီအစဉ်နှင့်လှုပ်ရှားမှုဖြစ်သည်။

ထိုစကားများကြောင့် ကျန်းလင်းလင်း၏လှပသောမျက်နှာမှာ ပြုံးရိပ်သမ်းလာသည်။ သူမက အော်ဒါများကိုစတွက်တော့သည်။ ထို ၁၀ ယောက်သောသူဌေးများဆီမှ အော်ဒါစုစုပေါင်း ၂၃၅ ပါကင်၊ ပုလင်းရေ ၂၇၀၀ ဖြစ်သည်။

လက်လီရောင်းချသောပုလင်း၏အမြတ်မှာ သူတို့ဘိုးတော်ဆီတိုက်ရိုက်ရောင်းသောပုလင်းလောက်မမြတ်သော်လည်း ထပ်ပေါင်းရသည်ပင်။ ဤအော်ဒါမှာ ဒီနေ့သူမညှိနှိုင်းခဲ့သော ၄ ခုမြောက်အရောင်းအဝယ်ဖြစ်သည်။

အရောင်းအဝယ် ၄ ကြိမ်ဖြစ်ပြီးနောက် သူမကော်မရှင်ခမှာ ယွမ် ၇၀၀၀ ကျော်နေပြီ။ ဒီနေ့နောက်ထပ်နည်းနည်းပတ်ပြီး အော်ဒါများပိုရနိုင်သေးသည်ဟုတွေးမိသည်။





ပြည်နယ်မြို့တော်မှာ နေ့တိုင်းနေ့တိုင်းဝင်လာတဲ့သူတွေအများကြီးမဟုတ်လား?

ထို့ကြောင့် သူမစိတ်အားတက်လာသည်။

ဘိုးတော်ကိုသွားရှာရတဲ့အကြောင်းရင်းက ချမ်းချမ်းသာသာနေချင်သောကြောင့်ပင်။ သို့သော် သူမမှာပညာရေးနှင့်အရည်အချင်းမရှိ၍ သူမရုပ်ရည်နှင့်ဘာလုပ်ရမှန်းမသိပေ။ လူကောင်းသူကောင်းနှင့်တွေ့ဖို့သာစိတ်ကူးရှိပြီး ဒီလိုမဖြစ်သေးခင်တော့ ဘိုးတော်ဆီကမုန့်ဖိုးယူနေရဦးမည်။

အခုတော့ ဝမ်ရန်က သူမရှေ့ကိုအခွင့်အရေးချပေးလာပြီ။ သူမကိုယ်တိုင်ပိုက်ဆံရှာနိုင်လည်းမဆိုးဟု ခံစားရ၏။

ထိုသူဌေး ၁၀ ယောက်ကျော်ကျော်နှင့် စာချုပ်လက်မှတ်ထိုးပြီးနောက် ဝမ်ရန်ဆီယူသွားလိုက်သည်။ တစ်ချိန်တည်းမှာ စာချုပ်လက်မှတ်ကိုဓာတ်ပုံရိုက်ပြီး သူမအခိုက်အတန့်များတွင်တင်လိုက်သည်:

'ဟင်း... ကိုယ့်အားကိုယ်ကိုးရတဲ့အမျိုးသမီးလုပ်ရတာ အရမ်းခက်တာပဲ... ဒါပေမဲ့ စာချုပ်လက်မှတ်ထိုးရတာ အရမ်းပျော်တယ်'

သူမကိုယ်ကိုယ်သန်မာသောအမျိုးသမီးဖြစ်အောင်ကြိုးစားရင်း သူမကိုယ်ပိုင်မိတ်ဆွေအသိုင်းအဝိုင်းကိုစတင်ဖန်တီးလိုက်သည်။

ဒါသူမကိုယ်ပိုင်တန်ဖိုးကိုမြှင့်တင်ပေးနိုင်လိမ့်မည်။ ယောက်ျားတွေ Wechat မှာ လာ add ရင် သူမအခိုက်အတန့်များကိုအရင်ဆုံးကြည့်မှာ သေချာသည်။ ဒါလူတွေကိုကြိုတင်မှန်းဆနိုင်သောခံစားချက်ပေးလိမ့်မည်။

ထို့ကြောင့် အမျိုးသမီးတွေက သူတို့ကိုယ်ပိုင်မိတ်ဆွေအသိုင်းအဝိုင်းနှင့်လည်ပတ်နိုင်ဖို့ သင်ယူရမည်။ အတုအယောင်တွေဖြစ်နေရင်တောင် ယောက်ျားတွေမြင်ရင် အလွန်ထက်မြက်သည်ဟုခံစားရစေမည်။

ထိုမြင်ကွင်းမျိုး ပြည်နယ်မြို့တော်၏နေရာအတော်များများတွင် ဖြစ်သွားခဲ့သည်ပေါ့။

ချင်းလင်လက်ဖက်ရည်ကို ရေပန်းစားစာရင်းထဲချက်ချင်းခေါ်သွားပြီး ​ထိုမြို့ထဲတွင်မြန်မြန်ဆန်ဆန်နာမည်ကြီးလာကာ စျေးကွက်ကိုသိမ်းပိုက်လိုက်သည်။

ကျန်းလင်းလင်းက ရုံးအဆောက်အဦးတစ်ခုထဲ ခပ်သုတ်သုတ်ဝင်သွားသည်။

သုံးရက်အတွင်း ဝမ်ရန်မှာ ထိုနေရာတွင်ရုံးခန်းအလွတ်တစ်ခုငှားပြီး အားလုံးစီစဉ်နေသည်။ သူ့အရှိန်ကလည်း မြန်မြန်ပင်။

ကျန်းလင်းလင်းက ဝမ်ရန်၏ရုံးခန်းထဲဝင်ပြီး အော်ဒါအသစ်ပေးလိုက်သည်။

''အစ်မလင်းလင်း... မဆိုးဘူးပဲ... ပုလင်း ၃၀၀၀ နီးပါးရလာပြန်ပြီ'' ဝမ်ရန်ကစာချုပ်ကိုကြည့်ပြီး တွက်ချက်လိုက်သည်။ ထို့နောက် သူက_ ''ဒါနဲ့... အစ်မဘိုးတော်ရဲ့ပုလင်း ၃၀၀၀၀၀ ကို မနေ့ကပို့ပေးလိုက်ပြီ... ပိုက်ဆံကို ဒီမနက်ကုမ္ပဏီကိုလွှဲပေးထားတယ်... အစ်မဆီကိုလည်း ယွမ် ၃၀၀၀၀၀ လွှဲထားတယ်... ခဏနေ အစ်မကတ်ထဲရောက်လာလိမ့်မယ်''

''တကယ်?'' ကျန်းလင်းလင်းမှာ ဝမ်ရန်ကိုရွှန်းလက်နေသောမျက်လုံးများနှင့်ကြည့်ပြီး သူမ၏စိတ်လှုပ်ရှားမှုကိုချက်ချင်းဖော်ပြလိုက်သည်။

အခုဝမ်ရန်သာဆန္ဒရှိရင် ရုံးခန်းတံခါးပိတ်ပြီးသူမကိုတစ်ခုခုလုပ်မယ်ဆိုရင်တောင် လိုက်လိုက်လျောလျောနှင့် ကောင်းကောင်းပြုစုပေးဦးမည်ဟုစိတ်ကူးမိသည်။

ဘာပဲဖြစ်ဖြစ် သူနှင့်ကျန်းလင်းလင်းက အရင်နိုက်ကလပ်ကိုမရောက်ဖူးတာလည်းမဟုတ်။ တစ်ယောက်အကြောင်းတစ်​ယောက် ကောင်းကောင်းသိကြသည်။

''အစ်မလင်းလင်း... ​ပြန်ပြီးတော့ ဘယ်ကားယူချင်လဲ ကြိုတွေးထားလို့ရပြီ'' ဝမ်ရန်ကအပြုံးနှင့်ပြောလိုက်သည်။ ဒီကော်မရှင်ခကို သူလုံးဝကပ်တွက်မနေသလို ဘာမှလည်းမချုပ်ထားချင်။

သူ့ဘိုးတော်ဆီက ဒီအော်ဒါရဖို့ တန်ရာတန်ကြေးဘာပေးထားရလဲ သူကောင်းကောင်းသိသည်။ ဒီလိုပိုက်ဆံနှင့် သူကတိပျက်မည်မဟုတ်ပေ။

ကျန်းလင်းလင်းမှာ ဘယ်ကားရွေးရမလဲစဉ်းစားဖို့ မစောင့်နိုင်တော့သည့်အလားပြန်သွားပြီး ဝမ်ရန်လည်း သုံးရက်စာစာရင်းများကိုကြည့်လိုက်သည်။ အော်ဒါပုလင်းရေပေါင်း ၁.၄ သန်းကျော်ရှိနေပြီ။

အားလုံး ဒီမိန်းမလှတွေရဲ့ကျေးဇူးပင်။

သူကအော်ဒါအရေအတွက်ကို ဥက္ကဌချင်ဆီတန်းပို့လိုက်သည်။ ဒီနှုန်းအတိုင်းဆို တစ်ပတ်အတွင်းနောက်ထပ်ပုလင်းရေသုံးသန်းအော်ဒါရဖို့ ပြဿနာမရှိတော့။

ချင်လင်မှာ ဝမ်ရန်၏အော်ဒါကိုလက်ခံပြီး သက်ပြင်းချမိပြန်သည်။ ဒီလူက တကယ်အရည်အချင်းရှိတာပဲ။

ဒီနှုန်းထားအရ သူ့ကိုစီရင်စုတစ်ခုလုံးပေးဖို့ မဖြစ်နိုင်တာမဟုတ်ချေ။

ချင်းလင်လက်ဖက်ရည်မှာ ဝမ်ရန်ကြောင့်ပေါက်သွား၍ ရုံချန်းစီရင်စုတွင် သတင်းတက်လာသည်။

စွန်းရှန်ကရေပန်းစားသတင်းကိုတွေ့တွေ့ချင်း ချန်လီကိုဆွေးနွေးဖို့ခေါ်လိုက်၏။

ဝမ်းသာစရာက ချက်ချင်းလက်ငင်း။

ချင်းလင်ဓာတ်ခွဲခန်းကြောင့် အံ့ဩနေရုံရှိသေး၊ သူဌေးချင်က နောက်ထပ်နာမည်ကြီးထုတ်ကုန်တစ်ခုကိုဖန်တီးလိုက်ပြီ။

ဒီဖျော်ရည်က ချင်းလင်ဆော့စျေးကွက်ထက်မသေးကြောင်း သူအတပ်ပြောနိုင်သည်။ ဒီအတွက် ချန်လီကိုအမြန်ဆုံးဆက်သွယ်ခိုင်းပြီး အမြတ်ထုတ်မခံရအောင်လုပ်ရပေမည်။





All Chapters