ချင်းလင်လက်ဖက်ရည်ကိုဝန်းရံခြင်း! ဘယ်သူ့ကိုအထင်သေးနေတာလဲ?
Vol. 25 Ch. 362
ချန်လီလည်း စိတ်လှုပ်ရှားမှုအပြည့်ဖြစ်သွား၏။
ပြီးခဲ့သောရက်ပိုင်းအတွင်း သူတို့က ချင်းလင်ဓာတ်ခွဲခန်းအပေါ် လုံးဝအာရုံစိုက်ထားကြသည်။ ဘာပဲဖြစ်ဖြစ် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်၏ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားမှုခြင်း၊ ဖရဲမျိုးအသစ်မြှင့်တင်ရေးနှင့်ဆက်စပ်နေသောဓာတ်ခွဲခန်းဖြစ်ခြင်းကြောင့် မဖြစ်မနေအလေးအနက်ထားရသည်။
မထင်မှတ်ဘဲ ချင်းလင်အစားအသောက်ကုမ္ပဏီက နောက်ထပ်ချင်းလင်လက်ဖက်ရည်ကိုတိတ်တဆိတ်ထုတ်နေခဲ့၏။
ရေပန်းစားရှာဖွေမှုတွင်ပါသောအာနိသင်အရ နောက်ထပ်နာမည်ကြီးထုတ်ကုန်ဆိုတာ အသေအချာပင်။
နောက်ပြီး ဖျော်ရည်စျေးကွက်က ဆော့စျေးကွက်ထက်ပိုကြီးသည်။
သူဌေးချင်ကိုအမြန်ဆုံးဆက်သွယ်ရမည်။ မဟုတ်ရင် တခြားစီရင်စုကလူတွေ သေချာပေါက်လာလုကြလိမ့်မည်။
စွန်းရှန်က ချက်ချင်းချန်လီကိုညွှန်ကြားလိုက်သည်_ ''အခုချက်ချင်းသွားပြီး သူဌေးချင်နဲ့ဆက်သွယ်ပါ... ဖျော်ရည်စက်ရုံအတွက် စက်ရုံနေရာလိုတာဖြစ်ဖြစ် ချေးငွေဖြစ်ဖြစ် ငါတို့စီရင်စုကထောက်ပံ့ပေးမယ်''
''ကောင်းပါပြီ'' ချန်လီကချက်ချင်း ချင်းလင်စံအိမ်သို့ထွက်လာသည်။
သို့သော် ချင်းလင်စံအိမ်ရောက်ရောက်ချင်း တန့်ကွမ်းနှင့်သက်လတ်ပိုင်းအမျိုးတစ်ဦးလမ်းလျှောက်ထွက်လာသည်ကိုတွေ့လိုက်ရ၏။
တန့်ကွမ်းနှင့်ခဏခဏဆုံဖူး၍ သူ့ကိုသိသည်။


အရေးအကြီးဆုံးက ထိုသက်လတ်ပိုင်းအမျိုးသားကိုလည်း သူသိသည်။ သူကလျန်မြို့တော်က နင်းမြို့တော်စီရင်စုလက်ထောက်မဟုတ်လား?
နှစ်တိုင်းနှစ်တိုင်း နှစ်စတွင် စီရင်စုကသူတို့စိတ်ကူးကိုအစည်းအဝေးတွင်တင်ပြရန် မြို့တော်သို့လူတစ်ယောက်လွှတ်လေ့ရှိသည်။ အများအားဖြင့် စီရင်စုလက်ထောက်ကသွားရသည်။
စွန်းရှန်က ဒီနှစ်သူ့ကိုရုံချန်းစီရင်စုမှာနေဖို့စီစဉ်ခဲ့ပြီး လျန်မြို့တော်က နင်းမြို့တော်ထဲမှာရှိသည်။
လျန်မြို့တော် ဒီနေ့ချင်းလင်စံအိမ်ကိုလာစရာတခြားအကြောင်းမရှိ။ သူကိုယ်တိုင် ချင်လင်ဆီအခွန်ကင်းလွတ်ခွင့်စာဖိုင်လာပို့ပြီး နင်းမြို့တော်ကသူ့ကိုဘယ်လောက်တန်ဖိုးထားကြောင်းပြသရန် လက်မှတ်လာထိုးစေခြင်းသာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့တန်ဖိုးထားရမည်။
စက်ရုံတရားဝင်မဆောက်ရသေးခင် ချင်းလင်အစားအသောက်ကုမ္ပဏီက နင်းမြို့တော်အတွင်း မြို့နယ်အသီးသီး၌ ဖျော်ရည်ပုလင်းသန်းချီထုတ်နိုင်သောကုန်ကြမ်းများကိုဝယ်ယူထားပြီးဖြစ်သည်။
ချန်လီမှာ တန့်ကွမ်းနှင့်လျန်ချန်က ကားတစ်စီးတည်းအတူထွက်သွားသည်ကိုမြင်လျှင် ရင်တုန်သွားသည်။ သူတို့မုန့်အလုခံရပြီလား?
ထိုအချိန်တွင် ချင်လင်ကိုရှာဖို့စိတ်မပါတော့။ အရင်ဆုံးပြန်ပြီး အခြေအနေကိုပုံဖော်ကြည့်ရမည်။
ချန်လီကချက်ချင်း စွန်းရှန်ရုံးခန်းထဲပြန်သွားသည်။
''ဘာလို့ ဒီလောက်မြန်မြန်ပြန်ရောက်လာတာလဲ?'' စွန်းရှန်ကမေးလိုက်သည်။
ချန်လီက ချက်ချင်းပြန်ဖြေလိုက်၏_ ''စွန်းရှန်... နင်းမြို့တော်ကလူကို ချင်းလင်စံအိမ်မှာတွေ့ခဲ့တယ်... သူတို့ကြည့်ရတာ အခြေအနေကောင်းပုံပဲ... ငါတို့အရင်ဆုံး နင်းမြို့တော်ရဲ့အခြေအနေကိုစုံစမ်းရမယ်''
စွန်းရှန်ကသဘောပေါက်ပြီး ချက်ချင်းသူ့ဖုန်းထုတ်ကာ ဖုန်းဆက်လိုက်သည်။ နင်းမြို့တော်ကတစ်ယောက်ကိုသူသိသဖြင့် မေးစမ်းကြည့်ဖို့အလွန်လွယ်သည်။
ဖုန်းချပြီးခဏအကြာ သူ့ဖုန်းတွင်စာတစ်စောင်ရလိုက်သည်။ ထိုစာကိုကြည့်ရင်း သူကသက်ပြင်းချကာ_ ''ဟူး... ကိုယ့်အိမ်ထဲကအသားကို သူများကျွေးလိုက်ရပြီ''
ချန်လီကဇဝေဇဝါနှင့် စွန်းရှန်နားလျှောက်လာကာ ဖုန်းထဲမှစာအကြောင်းအရာကိုဖတ်လိုက်သည်: ''ချင်းလင်အစားအသောက်ကုမ္ပဏီက နင်းမြို့တော်မှာ ဖျော်ရည်စက်ရုံထောင်ထားပြီ... ချင်းလင်စံအိမ်အတွက် နင်းမြို့တော်ရဲ့အဖွဲ့အစည်းကြီးကြပ်ရံပုံငွေကိုအစီရင်ခံထားပြီ''
မမြန်လွန်းဘူးလား?
တစ်နည်းပြောရရင် သူတို့အာရုံက ချင်းလင်ဓာတ်ခွဲခန်းအပေါ်ရောက်နေတုန်း နင်းမြို့တော်က ကြက်သားလာခိုးသွားပြီလား?
ရုံချန်းစီရင်စုမှာ လက်ဖက်ရည်နာမည်မကြီးခင်ကတည်းက မုန့်ကိုအောင်အောင်မြင်မြင်လုယူသွားပြီပေါ့လေ?
ဒါလုံးဝကြံစည်ထားတာပဲ။
စွန်းရှန်နှင့်ချန်လီက တိတ်တဆိတ်သက်ပြင်းချလိုက်ပြန်သည်။


ဘယ်သူ့ကိုအပြစ်တင်ရမလဲ?
အပြည့်အဝအလေးမထားတဲ့အတွက် သူတို့ကိုယ်သူတို့သာအပြစ်တင်ရတော့မည်။
ဖျော်ရည်ထွက်လာကတည်းက အာရုံစိုက်ထားခဲ့ရင် နင်းမြို့တော်ဆိုတာ ဘယ်လိုလုပ်ရှိလာမှာလဲ?
သို့သော် ချင်းလင်ဓာတ်ခွဲခန်းအပေါ် လုံးဝအာရုံစိုက်ထားသည်။
စွန်းရှန်ကသက်ပြင်းထပ်ချလိုက်ပြီး_ ''ချင်းလင်ဓာတ်ခွဲခန်းကိုသေချာစိုက်ကြည့်ထားပါ... ဘယ်သူမှထပ်ပြီး အမြတ်မထုတ်စေနဲ့''
ချန်လီခေါင်းညိမ့်လိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းမှာ ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားသည်။ ဖရဲမျိုးအသစ်ရှိမှန်းသိသွားလျှင် လုယူမည့်သူတွေသေချာပေါက်ရှိလာလိမ့်မည်။ အထူးသဖြင့် နင်းမြို့တော်လုယူတာခံရပြီးနောက် အန္တရာယ်အငွေ့အသက်ပြင်းထန်လာသည်ကို ရုတ်တရက်ခံစားမိသည်။
ဖျော်ရည်စက်ရုံအတွက်တော့ ရှိစေတော့။ ရလဒ်ကိုဆုံးဖြတ်ပြီးသွားပြီ။
နောက်ရက်များ၌ တန့်ကွမ်းက နင်းမြို့တော်ဖျော်ရည်စက်ရုံတွင်အလုပ်သမားအသစ်ခေါ်ပြီး လေ့ကျင့်ပေးရန်နှင့်ကိစ္စအဝဝဖြေရှင်းရန် သူ့လူများကိုအထိုင်ချထားလိုက်သည်။
နင်းမြို့တော်မှဝယ်လိုက်သောဖျော်ရည်စက်ရုံငယ်သုံးရုံကိုလည်း နင်းမြို့တော်စက်မှုဇုံသို့ရွှေ့လိုက်သည်။
ထုတ်လုပ်ရေးလိုင်း ၁၅ ခုကို တရားဝင်စတင်ပြီး အပြည့်အဝထုတ်လုပ်သည်။
နင်းမြို့တော်က လုံးဝပွင့်လင်းသည်။ အတည်ပြုပြီးသောအဖွဲ့အစည်းကြီးကြပ်ရံပုံငွေကိုလည်း သူတို့ဆီအမြန်ဆုံးလွှဲပေးသည်။ စက်ရုံတိုးချဲ့ရန် ထုတ်လုပ်ရေးလိုင်းအသစ်ကိုလည်းမှာထား၏။ ၁၀ ရက်မပြည့်ခင် နောက်ထပ်ထုတ်လုပ်ရေးလိုင်း ၄၀ ကို တပြိုင်တည်းစတင်နိုင်တော့မည်။
ဝမ်ရန်၏မင်စီရင်စုပြည်နယ်မြို့တော်အတွင်း အော်ဒါများလည်းလျင်လျင်မြန်မြန်တက်လာသည်။ ဒီတော့ သူ့ရဲ့မိန်းမလှတပ်က သူ့အတွက်မြန်မြန်ဆန်ဆန်နယ်ချဲ့ပေးပြီး အော်ဒါတွေပိုပိုရလာတယ်ဆိုတဲ့သဘောပေါ့။
ထိုနိုက်ကလပ်အလှလေးတွေက ဒီရက်ပိုင်းနိုက်ကလပ်မှာနေပုံမပေါ်။ နေ့တိုင်း သူ့ရဲ့လုပ်ငန်းစဉ်အတိုင်း စိတ်အားတက်ကြွစွာနှင့် စျေးကွက်ကိုဖွံ့ဖြိုးအောင်လုပ်နေလိမ့်မည်။
နောက်ပြီး ရေပန်းစားရှာဖွေခံရပြီးနာမည်ကြီးပုံအရ ဒီနည်းရဲ့ထိရောက်မှုက ထူးထူးခြားခြားကောင်းနေသည်။
ဝမ်ရန်၏လှုပ်ရှားမှုများက ပြည်နယ်မြို့တော်အတွင်းရှိ တခြားအားဖြည့်ဖျော်ရည်များကိုကိုယ်စားလှယ်အမည်ခံထားသော လူတချို့၏အကျိုးစီးပွားကို ခြိမ်းခြောက်လာသည်။
မင်စီရင်စု၏ပြည်နယ်မြို့တော်အတွင်း နာမည်အကြီးဆုံးအားဖြည့်ဖျော်ရည်များမှာ Red Bull၊ East Roc နှင့် Pulse တို့ဖြစ်သည်။
ထိုထုတ်ကုန်သုံးမျိုးက ပြည်နယ်မြို့တော်ထဲရှိစျေးကွက်တိုင်းလိုလိုကို သိမ်းပိုက်ထားသည်။ တခြားအားဖြည့်ဖျော်ရည်များပေါင်းပြီး ထိုသုံးမျိုးထဲမှတစ်မျိုးလောက်သာရှိသည်။
ဒီဖျော်ရည်သုံးမျိုးက ပိုကောင်းတယ်လည်းမဟုတ်။ ထိုဘရန်းသုံးမျိုးကကြီးပြီး ပြည်နယ်မြို့တော်ကိုယ်စားလှယ်များက ပိုအစွမ်းထက်သောကြောင့်သာ။
အားဖြည့်ဖျော်ရည်များနာမည်ရခါစက ထိုကိုယ်စားလှယ်များမှာ စီရင်စုစျေးကွက်ထဲတွင် လူ ၈ သန်းကျော်နှင့်တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံးအနိုင်ရသောကိုယ်စားလှယ်သုံးယောက်၏အင်အားမှာ အတူတူဖြစ်နေသည်။ နောက်ဆုံးထိုအခြေအနေကို အပြန်အလှန်သဘောတူလိုက်ကြ၏။ တကယ်တော့ တခြားအားဖြည့်ဖျော်ရည်များက ထောင်တက်လာပြီဆိုတာနှင့် ထိုဖျော်ရည်များကိုတောက်ချရန် သူတို့ကအပြန်အလှန်အင်အားပေါင်းစည်းလိမ့်မည်။
တစ်နည်းပြောရရင် ပြည်နယ်မြို့တော်အတွင်း အားဖြည့်ဖျော်ရည်စျေးကွက်ရှယ်ယာမှာ ခိုင်မာနေသည်ဟုဆိုနိုင်သည်။ တခြားအားဖြည့်ဖျော်ရည်အသစ်ဝင်လာပြီး အတိုင်းအတာသေးလျှင်ကိစ္စမရှိ။ ပြည်နယ်မြို့တော်အတွင်း စျေးကွက်ရှယ်ယာကိုထိပါးလာပြီဆိုတာနှင့် ထိုထုတ်ကုန်သုံးမျိုး၏ကိုယ်စားလှယ်များက သေချာပေါက်အတိုက်အခံလုပ်ကြလိမ့်မည်။
ချင်းလင်လက်ဖက်ရည်ကြော်ငြာထားသောနေရာတွင် ဖျော်ရည်သုံးမျိုး၏ကိုယ်စားလှယ်များက သူတို့အော်ဒါကျဆင်းလာသည်ကိုသိရလိမ့်မည်။ အကြောင်းရင်းကိုအဖြေရှာဖို့မခက်ပေ။