← Chapters

ချင်းလင်လက်ဖက်ရည်ကိုဝန်းရံခြင်း! ဘယ်သူ့ကိုအထင်သေးနေတာလဲ? ၃

Vol. 25 Ch. 364

ချင်းလင်လက်ဖက်ရည်ကိုဝန်းရံခြင်း! ဘယ်သူ့ကိုအထင်သေးနေတာလဲ? ၃

Vol. 25 Ch. 364

ချန်ချွမ်းကျန်းက အချဉ်မဟုတ်။ ဒါချင်းလင်လက်ဖက်ရည်နာမည်ကြီးလွန်းသောကြောင့် ဒီဘရန်းသုံးခုကတားမြစ်နေခြင်းပင်။

တခြားမြို့များမသိသော်လည်း ပြည်နယ်မြို့တော်တွင်မူ ထိုဘရန်းသုံးခုမှာ ဖျော်ရည်စျေးကွက်ထဲ၌ လုံးဝဘရန်းကြီးများဖြစ်သည်။ ဒီလိုစုပေါင်းတားမြစ်ခြင်းမျိုးက ပထမဆုံးအကြိမ်မဟုတ်။

အရင်က သူတို့ထုတ်ကုန်များ၏အာနိသင်နှင့်အရသာမှာ ဆင်တူဖြစ်ပေမည်။ သူတို့တိုက်ခိုက်ချင်လျှင် တိုက်ခိုက်ရလိမ့်မည်။ သူတို့အကျိုးအမြတ်ပေးချင်လျှင် ပေးရလိမ့်မည်။ ဘယ်သူနိုင်နိုင်ရှုံးရှုံးကိစ္စမရှိ။ သူတို့ဘယ်ဖျော်ရည်ဘရန်းကိုရောင်းရောင်း ကိစ္စမရှိပေ။

သို့သော် ဒီတစ်ကြိမ်မတူ။ ချင်းလင်လက်ဖက်ရည်က Red Bull၊ East Roc အထူးဖျော်ရည်နှင့် Pulse လက်ဖက်ရည်တို့ထက် လုံးဝအဆင့်ပိုမြင့်သည်။ ဘရန်းသုံးခု၏ရောင်းအားက ကျဆင်းလာသည်။ သူတို့မရောင်းရရင် စျေးလျှော့ပေးလည်း ဘာထူးမလဲ?

ဒီဘရန်းသုံးခုက ဒါကိုအခုထိသဘောမပေါက်သေးတာလား?

ထိုအချိန်တွင် ချန်ချွမ်းကျန်းက ဆိုင်အပြင်ဘက်လမ်းမတွင် BMW 3 Series ကားတစ်စီးလာရပ်သည်ကိုတွေ့လိုက်ရသည်။

ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်း၊မျက်နှာလှလှနှင့်ကျန်းလင်းလင်းက BMW ကားပေါ်မှဆင်းလာသည်။ ဒီကားက သူမမှာယူထားသော ဝန်ဆောင်မှုအပြည့်အစုံနှင့်ကား။ အခုဒီကားကိုမှာပြီးမှ စိတ်ဓာတ်တက်ကြွမှုကပိုတောင်တက်လာသည်။ သူမရဲ့နောက်အစီအစဉ်က ဝမ်ရန်နောက်လိုက်ကာ ကြိုးကြိုးစားစားအလုပ်လုပ်ပြီး အိမ်တစ်လုံးဝယ်ဖို့ပင်။





ချန်ချွမ်းကျန်းက ကျန်းလင်းလင်းရောက်လာသည်ကိုမြင်လျှင် ချက်ချင်းအပြင်ထွက်ပြီး ကြိုဆိုလိုက်သည်_ ''မစ္စကျန်း... အချိန်ကောင်းရောက်လာတာပဲ... နောက်ထပ်ချင်းလင်လက်ဖက်ရည်ပါကင် ၁၀၀ မှာတော့မလို့... မစ္စကျန်းဘယ်အချိန်လောက်ပစ္စည်းပို့ပေးနိုင်မလဲ?''

ရှင်းသည်။ ဘရန်းသုံးခုကဖုန်းဆက်ထားသည်ကို သူမေ့လိုက်ပြီ။

ကျန်းလင်းလင်းက ထိုသတင်းကြားသောအခါ ပြုံးပြီး_ ''သူဌေးချန်... ကျွန်မကလည်း စက်ရုံရဲ့ထုတ်လုပ်ရေးအင်အားတက်လာပြီဆိုတဲ့အကြောင်း သတင်းလာပေးတာ... အခုပစ္စည်းအလုံအလောက်ရှိပါတယ်''

ဘာမှပြောစရာမလိုဘဲ အော်ဒါ ၁၀၀ ထပ်တိုးပေးခြင်းကြောင့် သူမလုံးဝစိတ်ကျေနပ်သွားသည်။

ထိုအချိန်တွင် ချန်ချွမ်းကျန်းက_ ''မစ္စကျန်း... Red Bull Pulse လက်ဖက်ရည်နဲ့ East Roc အထူးဖျော်ရည်ကိုယ်စားလှယ်တွေက အခုပဲဖုန်းဆက်တယ်... ကျုပ်ကိုအကျိုးအမြတ်ပေးမယ်တဲ့... ချင်းလင်လက်ဖက်ရည်ကိုရောင်းခွင့်မပေးဘူးလို့တောင်ပြောသေးတယ်''

Red Bull၊ Pulse လက်ဖက်ရည်နှင့် East Roc ကိုယ်စားလှယ်တွေက ဒီလောက်လွယ်လွယ်ရောင်းရမည်မထင်ပေ။

ကျန်းလင်းလင်းက ထိုစကားကြားလျှင် မျက်မှောင်ကြုတ်ပြီး တခြားလက်လီကိုယ်စားလှယ်များကိုနှုတ်ဆက်လိုက်သည်။ သူဌေးအတော်များများက အမှန်ပင်ထိုသတင်းအကြောင်းပြောကြ၏။

ထို့ကြောင့် သူမလျစ်လျူမရှုထားရဲ။ အမြန်ပြန်လာပြီး ဝမ်ရန်ကိုပြောပြလိုက်သည်။

''ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ လာပြီးအပေးအယူလုပ်နေပြီလား?'' ဝမ်ရန်က ဒါကိုမျှော်လင့်ထားပြီးသား။ သူသာ ကိုယ်စားလှယ်သုံးယောက်ဖြစ်မယ်ဆိုရင်လည်း သူ့ကိုလာရှုပ်ချင်လိမ့်မည်။

သို့သော် တစ်ဖက်လူက သာမန်ဖျော်ရည်တွေကိုဖြေရှင်းတဲ့နည်းလမ်းမျိုးသုံးတာ သူတို့ကိုလျှော့တွက်ထားပုံရသည်။ သူ့ရဲ့အနိုင်ပိုင်းတိုက်ကွက်ကိုထုတ်မသုံးရသေး။

ထိုအတွေးနှင့် ဝမ်ရန်က ချင်လင်ကိုဖုန်းဆက်ပြီး ဒီကိစ္စကိုတင်ပြလိုက်သည်။

ချင်လင်ကထိုသတင်းရသောအခါ မျက်မှောင်နည်းနည်းကြုတ်လိုက်သည်။

ပွင့်ပွင့်လင်းလင်းပြောရရင် သူဒါကိုမျှော်လင့်ပြီးသား။

ချင်းလင်လက်ဖက်ရည်နာမည်ကျော်လာပြီးနောက် တခြားဘရန်းတွေက လုံးဝလက်ပိုက်ပြီးထိုင်ကြည့်နေမည်မဟုတ်ပေ။

အခုကပြည်နယ်မြို့တော်မှာသာရှိသေးသော်လည်း ဝမ်ရန်ကို ပြည်နယ်မြို့တော်ရှိထိုဘရန်းသုံးခု၏ကိုယ်စားလှယ်များက ဝိုင်းထားကြပြီ။ လုံးဝပြန့်သွားပြီဆိုလျှင် ထိုဘရန်းများကိုယ်တိုင်ရှေ့ထွက်ပြီး သူ့ကိုဝိုင်းကြလိမ့်မည်။





အမှန်အတိုင်းပြောရလျှင် အရင်ချင်းလင်ဆော့ပေါက်သွားတာ ချွန်းချွန်းကိုကျေးဇူးတင်ရမည်။ နောက်ဆုံး ချင်းလင်ဆော့က ထိပ်တန်းဘရန်း ၁၀ ခုထက်ပိုကောင်းသည်ဆိုသောအချက်ကို အတည်ပြုပေးလိုက်သည်။

အခုချင်းလင်လက်ဖက်ရည်က ဆော့နှင့်လုံးဝမတူ။

ချင်းလင်လက်ဖက်ရည်၏အာနိသင်ကို ချင်လင်ကလုံးဝယုံကြည်ထားသော်လည်း ဝမ်ရန်ကိုမေးလိုက်သေးသည်_ ''ကျွန်တော့်ကိုပြောပါဦး... အခုဒီကိစ္စကို ခင်ဗျားဘယ်လိုဖြေရှင်းမလဲ?''

ဝမ်ရန်က ချက်ချင်းဖြေလိုက်သည်_ ''ဥက္ကဌချင်... သူတို့က လက်လီရောင်းချသူတွေကို အမြတ်ပေးနေတာ... ဒီတော့ ကျွန်တော်တို့ပေါ့လို့မရဘူး... စျေးကို ၁၀ ယွမ်တင်လိုက်ပါ... ကျွန်တော်တို့လည်း လက်လီရောင်းချသူတွေနဲ့အမြတ်ဝေစားလို့ရတယ်''

''တစ်ခါတည်း သုံးယွမ်တက်လိုက်ရင် ဖောက်သည်တွေကန့်ကွက်မှာ မစိုးရိမ်ဘူးလား?'' ချင်လင်ကမငြင်းဘဲမေးလိုက်သည်။

သူတို့ဖျော်ရည်၏ထုတ်လုပ်နိုင်စွမ်းနှင့်ကုန်ကျစရိတ်အရ ၁၀ ယွမ်မှာ စီရင်စုကထိန်းချုပ်ထားသောဖျော်ရည်ရောင်းစျေးအတွင်းသာရှိသည်။ စည်းမျဉ်းကိုဖောက်ဖျက်ရာမကျ။

ဝမ်ရန်ကအလျင်စလိုနှင့်_ ''မပူပါနဲ့ ဥက္ကဌချင်... ရောင်းစျေးကန့်သတ်ချက်ကြောင့်မဟုတ်ရင် ၁၀ ယွမ်ကနည်းသေးတယ်လို့ထင်တယ်... အဲဒီကောင်တွေ ကြောင်သွားလိမ့်မယ်''

''ကောင်းပြီလေ!'' ဝမ်ရန်ဘယ်လောက်ယုံကြည်ချက်ရှိလဲသိရသဖြင့် ချင်လင်က သူဘာလုပ်မလဲကြည့်ချင်မိသည်။

အမြတ်ငွေသုံးယွမ်တက်ခြင်းအတွက် ပြန်လည်ဖြန့်ချီရလိမ့်မည်။ ထုတ်လုပ်သူများ၊ ကိုယ်စားလှယ်များနှင့် လက်လီရောင်းချသူများက အမြတ်ငွေကိုမျှယူရမည်။

ပြည်နယ်မြို့တော်၌_

ဝမ်ရန်ကဖုန်းချပြီးနောက် ကျန်းလင်းလင်းကိုညွှန်ကြားလိုက်သည်_ ''အစ်မလင်းလင်း... လက်လီရောင်းချသူတိုင်းကိုအသိပေးလိုက်ပါ... ချင်းလင်လက်ဖက်ရည်ရဲ့လက်လီစျေးနှုန်းက ၁၀ ယွမ်ဖြစ်သွားပြီလို့''

''စျေးတက်သွားတယ်?'' ကျန်းလင်းလင်းနည်းနည်းအံ့ဩသွားသည်။ သို့သော် ဝမ်ရန်၏ယုံကြည်ချက်ရှိနေပုံကိုကြည့်ပြီး ခေါင်းညိမ့်လိုက်ကာ တခြားသူများကိုအသိပေးရန်ထွက်လာခဲ့သည်။

သို့ရာတွင် ဝမ်ရန်မှာမူ သူ့ရုံးခန်းထိုင်ခုံတွင်ထိုင်၍ သူ့ဖုန်းထုတ်ပြီး ဗီဒီယိုရိုက်နေသည်။ ဒါသူ့ရဲ့နောက်ဆုံးလှုပ်ရှားမှု။

''ဟယ်လို အားလုံးပဲ... ကျွန်တော်က လူခုတ်ဓားပါ... အခုချင်းလင်လက်ဖက်ရည်အရမ်းနာမည်ကြီးနေတာ အားလုံးသိမယ်ထင်ပါတယ်... ချင်းလင်လက်ဖက်ရည်က ခင်ဗျားတို့ရဲ့ခွန်အားကိုပြန်ဖြည့်ပေးနိုင်တာလည်း သိပါလိမ့်မယ်''

''ဒီတော့ ဘတ်စကတ်ဘောကွင်းတွေ အားကစားရုံတွေ gym တွေက လူတွေအတော်များများ အလုပ်သမားတွေအတော်များများက ချင်းလင်လက်ဖက်ရည်တစ်ပုလင်းကို အသင့်ဆောင်ထားကြပါလိမ့်မယ်... ဒါပေမဲ့ အဓိကအချက်ကိုဘယ်သူမှ သတိထားမိပုံမပေါ်ဘူး... အလုပ်လုပ်တာ ဘတ်စကတ်ဘောကစားတာ လေ့ကျင့်ခန်းလုပ်တာ အားကစားတွေကပဲ ခန္ဓာကိုယ်ခွန်အားဆုံးရှုံးတာလား?''

''ခင်ဗျားတို့ကောင်မလေးတွေ မိန်းမတွေနဲ့ချစ်ရည်လူးတဲ့အချိန်မှာ ခန္ဓာကိုယ်စီးဆင်းမှုအများဆုံးဆိုတာ အားလုံးမေ့နေပုံရတယ်... တစ်ကြိမ်ပြီးတာနဲ့ တစ်ပုလင်းသောက်လိုက်ရင် ဘာဖြစ်မယ်ထင်လဲ? ကိုယ်တိုင်စမ်းသပ်ကြည့်ရင် အတော်ထိရောက်ပါလိမ့်မယ်... အများကြီးတော့မသောက်နဲ့... ခန္ဓာကိုယ်အတွက်မကောင်းဘူး...''

ဗီဒီယိုရိုက်ပြီးနောက် ဝမ်ရန်က ညာဘက်ထောင့်မှ Dou+ ကိုတန်းဆွဲချလိုက်သည်။

ပိုက်ဆံသုံးပြီးတော့ နာမည်ကြီးဖို့လွယ်သွားပြီ။ လက်ရှိချင်းလင်လက်ဖက်ရည်မှာ ရေပန်းစားရှာဖွေမှုထဲဝင်နေသဖြင့် ဝမ်ရန်၏ဗီဒီယိုကခဏအတွင်းပေါက်သွားပြီး လူပေါင်းများစွာမြင်သွားကြလေသည်။





All Chapters