ချင်းလင်လက်ဖက်ရည်ကိုဝန်းရံခြင်း! ဘယ်သူ့ကိုအထင်သေးနေတာလဲ? ၄
Vol. 25 Ch. 365
တစ်ခဏချင်း မှတ်ချက်နေရာတွင် အသက်ဝင်သွားသည်။
''ငါသိတယ်... ဒီ'လူခုတ်ဓား' ID ကို ရင်းနှီးနေပါတယ်လို့... သူက ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့အလှအပဥအကြောင်းသိခဲ့တဲ့တစ်ယောက်ပဲ!''
''သေစမ်း... ဥက္ကဌဓားက ချင်းလင်လက်ဖက်ရည်ရဲ့အလှကို လုံးဝသိသွားပြန်ပြီပေါ့''
''ငါချင်းလင်လက်ဖက်ရည်လေးငါးပုလင်းသောက်ပြီးပြီ... ဒီလိုအသုံးဝင်တာ လုံးဝမသိဘူး''
''အထင်ကြီးစရာပဲ... ကျေးဇူး... ဥက္ကဌဓား''
''ရှန်ဟိုင်းကပါ... ချင်းလင်လက်ဖက်ရည်ကို ဘယ်မှာဝယ်လို့ရမလဲ?''
''ဒီကကွမ်ကျိုးက... ငါလည်း ချင်းလင်လက်ဖက်ရည်ကိုဘယ်မှာဝယ်ရမလဲသိချင်နေတာ''
''မင်စီရင်စုကလုတွေပြောတာတော့ သူတို့မိန်းမတွေနဲ့အခုချက်ချင်းစမ်းကြည့်မယ်တဲ့... အောက်ထပ်ကစူပါမားကတ်မှာရောင်းတယ်''
“…”


ဝမ်ရန်ကမှတ်ချက်များကိုကြည့်ရင်း ပြုံးလိုက်သည်။ ဟိုဘရန်းတွေက ချင်းလင်လက်ဖက်ရည်ရဲ့ရူးလောက်စရာကို ခံစားမိလောက်ပြီ။
မကြာမီ_
ချင်းလင်လက်ဖက်ရည်၏ရောင်းစျေးသတင်းပြန့်သွားသည်။
ချန်ချွမ်းကျန်းက ကျန်းလင်းလင်းဆီမှဖုန်းလက်ခံရလိုက်သည်။ စျေးက ၁၀ ယွမ်ဖြစ်သွားပြီဟုသိရသောအခါ သူနည်းနည်းအံ့ဩမိသည်။
ချင်းလင်လက်ဖက်ရည်က ဘရန်းသုံးခုဝိုင်းခံရသဖြင့် သေချာပေါက်တန်ပြန်တိုက်ခိုက်မည်ဟု သူသိထားသော်လည်း စျေးတက်မည်မထင်မိ။
အလုပ်ဖြစ်ပါ့မလား?
သိပ်မကြာမီ ချန်ချွမ်းကျန်းက စူပါမားကတ်ထဲလူတစ်ယောက်ဝင်လာသည်ကိုတွေ့လိုက်ရသည်။ သူကမေးမည်အပြု ထိုလူကစင်များဘက်သို့လျှောက်သွားပြီး ချင်းလင်လက်ဖက်ရည် ၁၀ ပုလင်းကျော်ကျော်ကို ကောင်တာဆီမလာကာ_ ''အားလုံးထုပ်ပေးပါ''
ချန်ချွမ်းကျန်းက အလျင်စလိုနှင့်_ ''လူကြီးမင်း... ထုတ်လုပ်ရေးအခက်အခဲကြောင့် စက်ရုံကစျေးတက်လိုက်ပါတယ်... အခုလက်လီစျေး ၁၀ ယွမ်ဖြစ်သွားပါပြီ''
ထိုစကားကြားလျှင် ထိုလူကစိတ်မရှည်ပုံနှင့်_ ''ဆိုင်ရှင်... ကျွန်တော်က ၁၀ ယွမ်ကိုဂရုစိုက်မယ်ထင်လို့လား? မြန်မြန်လေးတွက်ပေးပါ... ကျွန်တော့်မိန်းမအိမ်မှာစောင့်နေပြီ''
''အာ!'' ချန်ချွမ်းကျန်းမှာ မြန်မြန်သာတွက်ပေးလိုက်ရသည်။
ဒီလူက လူတော်ပဲ။ သူ့မိန်းမသောက်ဖို့ သက်သက်ထွက်လာပြီးဝယ်ပေးတယ်။ စောင့်နေရမှာလည်းစိုးသေးတယ်။
သို့သော် မကြာမီ လူတွေတစ်ယောက်ပြီးတစ်ယောက်လာဝယ်မှန်း ချန်ချွမ်းကျန်းသိလိုက်ရသည်။ သူတို့ကဝင်လာသည်နှင့် ချင်းလင်လက်ဖက်ရည်ကိုသိမ်းကျုံးယူပြီး ကောင်တာပေါ်လာတင်ကြ၏။ နောက်တော့ ပစ္စည်းမရှိတော့ချေ။
သို့သော် ခဏအကြာ နောက်တစ်ယောက်ရောက်လာသည်။ သူကစူပါမားကတ်ထဲဝင်လာပြီးမေးသည်_ ''ချင်းလင်လက်ဖက်ရည်ရှိသေးလား?''
''အခုပဲကုန်သွားပါပြီ... လူကြီးမင်း Red Bull ထုတ်ကုန်တွေတစ်ချက်ကြည့်လို့ရပါတယ်'' ချန်ချွမ်းကျန်းမှာမတတ်သာ၍ Red Bull ထုတ်ကုန်များကိုကြော်ငြာလိုက်ရသည်။
''Red Bull ကို ဘယ်သူသောက်လို့လဲ?'' ထိုလူကပြောပြောဆိုဆို ထွက်သွားလေသည်။
“…” ချန်ချွမ်းကျန်း။
လုံးဝမှားနေပြီ။
ချန်ချွမ်းကျန်းမှမဟုတ်။ ဗီဒီယိုပေါက်သွားသည်နှင့် ချင်းလင်လက်ဖက်ရည်အော်ဒါမှာထားသော လက်လီဆိုင်အတော်များများတွင် ထိုမြင်ကွင်းမျိုးဖြစ်သွားခဲ့သည်။


ချင်းလင်လက်ဖက်ရည်စျေးတက်သည်ဆိုသောသတင်းကို ဘရန်းသုံးခုမှလူများသိသွားကြသည်။
ယွီဖေး၊ ဖန်းစန်နှင့် ရှစ်လဲ့တို့မှာ စားသောက်ဆိုင်တစ်ဆိုင်တွင်သီးသန့်အခန်းယူပြီး အစားအစာများ၊ဝိုင်များ တစ်ဝိုင်းမှာထားသည်။
''အခုလောက်ဆို အောက်ကလူတွေက လက်လီရောင်းချသူတွေကိုအသိပေးပြီးလောက်ပြီ''
''ပြီးရင် ချင်းလင်လက်ဖက်ရည်ရဲ့ကိုယ်စားလှယ်က တို့နဲ့အပြိုင် ငွေဘယ်လောက်သုံးနိုင်မလဲ ကြည့်ကြတာပေါ့''
''ဟိုလူမတတ်နိုင်လောက်ဘူး''
သူတို့သုံးယောက်စကားပြောနေစဉ် ဖန်းစန်၏လက်ထောက်ပြေးလာပြီး_ ''သူဌေး... ချင်းလင်လက်ဖက်ရည်က လှုပ်ရှားမှုရှိပါတယ်''
ဖန်းစန်က အမှတ်တမဲ့မေးလိုက်သည်_ ''လက်လီရောင်းချသူတွေကို ငွေဝင်ထားပြီလား? ကြည့်ရတာ သူ့မှာရံပုံငွေရှိလို့ တို့နဲ့တိုက်ချင်တဲ့ပုံပဲ''
လက်ထောက်က ချက်ချင်းခေါင်းခါလိုက်ကာ_ ''ဝင်တာမဟုတ်ဘူး... ချင်းလင်လက်ဖက်ရည်စျေးတက်သွားတာ... တစ်ပုလင်း ၁၀ ယွမ်ဖြစ်သွားပြီ''
''ဘာ?'' ဖန်းစန်ကြောင်သွားသည်။ ထို့နောက် ရယ်ရမှန်းမသိ ငိုရမှန်းမသိဖြစ်သွားပြီး_ ''အဲဒီကိုယ်စားလှယ်ရူးနေတာလား? တို့မိသားစုသုံးခုပေါင်းပြီး သူ့ကိုဝိုင်းထားတာလေ... တကယ်စျေးတက်လိုက်တာလား?''
ယွီဖေးက နောက်လိုက်သည်_ ''စတန့်ထွင်ချင်တာမလား? အတော်များများက အောက်လုံးတွေကို စတန့်လိုသဘောထားကြတာ''
ရှစ်လဲ့လည်းပြုံးပြီး_ ''အခုလောက်ဆို ချင်းလင်လက်ဖက်ရည်ဝယ်တဲ့သူတွေ ဆန္ဒပြနေလောက်ပြီ ဟုတ်တယ်မလား? အင်တာနက်တစ်ခုလုံးက ခေါင်းပုံဖြတ်စားတဲ့လုပ်ရပ်ကိုဆန့်ကျင်တာတွေ စိတ်ကုန်နေပြီမလား?''
''ငါတို့လှုပ်ရှားလိုက်ရင် သူ့ကိုခေါင်းပုံဖြတ်တဲ့ပုံစံဖြစ်အောင်လုပ်လို့ရတယ်... ဒါဆိုရင် ချင်းလင်လက်ဖက်ရည်ကို လူတွေလုံးဝကြိုက်မှာမဟုတ်တော့ဘူး ဟုတ်တယ်မလား?''
သို့သော် လက်ထောက်ကစိုးရိမ်တကြီးပြောလိုက်သည်_ ''ချင်းလင်လက်ဖက်ရည်စျေးတက်ပြီးတော့ ဝယ်သူတွေဆန္ဒမပြရုံတင်မကဘူး... အလုအယက်တောင်ဝယ်နေကြတယ်... အခုပဲသတင်းရတာ... စျေးကွက်ထဲမှာ ချင်းလင်လက်ဖက်ရည်ပစ္စည်းပြတ်နေပြီထင်တယ်''
''မဖြစ်နိုင်တာ'' ယွီဖေးမှာ ခဏလောက်ကြောင်သွားသည်။ သူကိုယ်စားလှယ်လုပ်နေတဲ့ Red Bull စျေးနှုန်းက တစ်ယွမ်တက်ထားတာကြာပြီမှန်းသိကြသည်။
ချင်းလင်လက်ဖက်ရည်က ဘယ်လိုဖြစ်ပြီးသုံးယွမ်တက်လိုက်တာလဲ?
“???” ဖန်းစန်။
“???” ရှစ်လဲ့။
သူတို့နှစ်ယောက်လည်း ကြောင်သွားသည်။
ဒါသူတို့ထင်ထားသည့်အတိုင်း လုံးဝမဟုတ်။
ဒီလောက်ယုတ္တိမရှိတာတွေ ဘယ်လိုလုပ်ဖြစ်နေတာလဲ?