← Chapters

နိုင်ငံ့အသင်းအသိအမှတ်ပြုဖျော်ရည်: ချင်းလင်လက်ဖက်ရည်!

Vol. 25 Ch. 366

နိုင်ငံ့အသင်းအသိအမှတ်ပြုဖျော်ရည်: ချင်းလင်လက်ဖက်ရည်!

Vol. 25 Ch. 366

ထိုသတင်းကြားလျှင် ရှစ်လဲ့၊ ယွီဖေးနှင့် ဖန်းစန်တို့မှာ စားချင်စိတ်မရှိတော့။

ဒီမူမမှန်ဖြစ်ရပ်က သူတို့ကိုစိတ်ဓာတ်ကျစေသည်။

ဖန်းစန်က စိုးရိမ်သံနှင့်မေးလိုက်၏_ ''ဘာတွေဖြစ်နေတာလဲ? ဒီလူတွေရူးနေတာလား? သုံးယွမ်စျေးတက်လိုက်တာကို အပြေးအလွှားဝယ်နေကြတယ်ပေါ့?''

လက်ထောက်က ထူးဆန်းသောမျက်နှာထားနှင့် သူ့ဖုန်းပေးပြီး_ ''ဒီဗီဒီယိုကြောင့်ပဲ... ချင်းလင်လက်ဖက်ရည်မှာ ထူးခြားတဲ့အာနိသင်ရှိတယ်ဆိုတာ သိသွားတဲ့လူရှိတယ်''

ယွီဖေးနှင့်တခြားနှစ်ယောက်က သူတို့ဖုန်းများကိုချက်ချင်းကြည့်လိုက်ကြသည်။

ချင်းလင်လက်ဖက်ရည်အကြောင်း ရေပန်းစားနေသောဗီဒီယိုပင်။

ဝမ်ရန်၏ဗီဒီယိုပေါက်သွားပြီး သတင်းမီဒီယာအကောင့်အတော်များများက သူ့ဗီဒီယိုကိုပြန်တင်ကြသည်။

သူတို့သုံးယောက်က ရေပန်းစားရှာဖွေမှုထဲမှဖော်ပြချက်ကိုတွေ့သောအခါ သုံးယောက်သား၏မျက်နှာထားမှာ ရှုံ့မဲ့သွားကြသည်။





အရင်က ဒီဖျော်ရည်ကိုသက်လုံပြန်ဖြည့်ပေးနိုင်သောအာနိသင်ရှိကြောင်းသူတို့ပြောကြသည်မှာ သူတို့ကိုယ်စားလှယ်လုပ်သောထုတ်ကုန်အတွက် လေလုံးထွားရုံသက်သက်ဟုထင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် သေခါနီးလူက တစ်ပုလင်းနှင့် မီတာ ၁၀၀ ကျော်လျှောက်နိုင်သည်လေ။ ကိုယ်စားလှယ်တွေအတွက်တော့ ဒါမျိုးက လုံးဝအတုအယောင်ဟုခံစားရသည်။

ဒါပေမဲ့ ချင်းလင်လက်ဖက်ရည်က ဘယ်လိုဖြစ်တာလဲ? ကြည့်ရတာ အာနိသင်ကတကယ်ရှိပုံရသည်။

ယွီဖေးက လက်ထောက်ကိုအလောတကြီးပြောလိုက်သည်_ ''ချင်းလင်လက်ဖက်ရည်တစ်ပုလင်းသွားဝယ်ချေ''

လက်ထောက်ကချက်ချင်းထွက်သွားပြီး အချိန်တစ်ခုအကြာ ချင်းလင်လက်ဖက်ရည်သုံးပုလင်းနှင့်ပြန်ရောက်လာ၏_ ''ဥက္ကဌယွီ... ကျွန်တော်တစ်ပုလင်းမှဝယ်မရဘူး... စျေးကွက်ထဲမှာ ချင်းလင်လက်ဖက်ရည်က ပစ္စည်းပြတ်သလောက်ပဲ... သူများတွေဆီက သုံးပုလင်းဝယ်ရဖို့ကို သုံးလေးဆပေးဝယ်ရတယ်''

ချင်းလင်လက်ဖက်ရည်မှာ အချိန်တိုအတွင်း အပြတ်အသတ်ရောင်းလိုက်ရသည်။ ဒါသူတို့ကိုယ်စားလှယ်လုပ်နေသောထုတ်ကုန်အတွက်တော့ လုံးဝသတင်းဆိုးပင်။

သူတို့သုံးယောက်က ချင်းလင်လက်ဖက်ရည်တစ်ပုလင်းစီနှင့်ချက်ချင်းထွက်လာကြသည်။ တစ်ယောက်က ဟိုတယ်၊ တစ်ယောက်က ကလပ်ရုံ၊ တစ်ယောက်ကအိမ်ပြန်သွားသည်။

ဒီချင်းလင်လက်ဖက်ရည်ရဲ့အာနိသင်ကို သူတို့ကိုယ်တိုင်စမ်းသပ်ရမည်ပေါ့။

အွန်လိုင်းပေါ်၌_

ဝမ်ရန်၏ဗီဒီယိုပေါက်သွားပြီး ဝမ်ရန်ပြောသောအာနိသင်ကို တစ်ယောက်ပြီးတစ်ယောက်အတည်ပြုကြသည်။ အွန်လိုင်းပေါ်တွင် မှန်ကန်ကြောင်းဗီဒီယိုတင်သူတွေ ပိုပိုများလာသည်။

တချို့က သူတို့ကောင်မလေးချောချော၊ မိန်းမချောချောကိုတောင်အတူတူတွဲပြီး သူတို့အတည်ပြုပြီးကြောင်းပြကြ၏။ ချင်းလင်လက်ဖက်ရည်အကြောင်းပြောနေမှန်းမသိ၊ ကောင်မလေးချောချော၊ မိန်းမချောချောကိုကြွားနေမှန်းမသိ။

နောက်ရက်ပိုင်းအတွင်း ချင်းလင်လက်ဖက်ရည်မှာ လွန်လွန်ကြူးကြူးဆိုသလောက်ပင်။ နေ့တိုင်း ချင်းလင်စံအိမ်တရားဝင်အကောင့်က ကန့်သတ်ထားသောအွန်လိုင်းအော်ဒါများမှလွဲ၍ တခြားဝယ်စရာလမ်းမရှိတော့ပေ။

ဝယ်ချင်ရင်တောင် မဝယ်နိုင်တဲ့သူတွေ တပုံကြီးဖြစ်လာသည်။

မင်စီရင်စုရဲ့ပြည်နယ်မြို့တော်ကိုထည့်မတွက်ဘူးပေါ့။

ဘာပဲဖြစ်ဖြစ် ချင်လင်နှင့်တန့်ကွမ်းက အစပိုင်းမှာ ဝမ်ရန်ကိုကိုယ်စားလှယ်လုပ်ခွင့်ပေးဖို့သဘောတူထားပြီး အရင်ဆုံးမင်စီရင်စု၏ပြည်နယ်မြို့တော်ထဲရှိ လူဦးရေ ၈ သန်းစျေးကွက်ကိုဖြိုချဖို့ဆုံးဖြတ်ထားသည်။

နောက်ပြီး မင်စီရင်စု၏ပြည်နယ်မြို့တော်စျေးကွက်တွင် ချင်းလင်လက်ဖက်ရည်ကလည်း အရှိန်ကောင်းကောင်းနှင့်ပြေးနေသောမြင်းလို တဟုန်ထိုးတက်လာသည်။

ကျန်းလင်းလင်းနှင့်တခြားအလှလေးများက ပိုပြီးစိတ်အားတက်ကြွလာသည်။ သူတို့မှာတစ်နေကုန်အော်ဒါများပတ်ရသည်။ သူတို့အကောင့်ထဲတွင် အမြတ်ငွေများတိုးလာသောအခါ နိုက်ကလပ်မှာတုန်းကထက် ပိုပျော်စရာကောင်းသည်ဟုခံစားရသည်။





သို့သော် ယွီဖေး၊ ဖန်းစန်နှင့် ရှစ်လဲ့တို့ဘဝမှာ မလွယ်ကူတော့။ သူတို့အော်ဒါကျဆင်းလာသည်ကို လက်မှိုင်ချကြည့်နေရသည်။

အထူးသဖြင့် စန်ဖန်း ၇ လမ်းကြားတဝိုက်တွင် စျေးကွက်ရှယ်ယာမှာ မူလ၏ ၅၀% သာထိန်းထားနိုင်တော့သည်။

ဒီအချက်က ဒီနယ်ပယ်မှာ သူတို့စျေးကွက်ရှယ်ယာတဝက်ကျော်ကျော်ကို ချင်းလင်လက်ဖက်ရည်ကလုယူသွားပြီဟုဆိုနိုင်သည်။

ဒါသူတို့အတွက် ကပ်ဘေးဆိုက်ခြင်းပင်။ ဒီနယ်ပယ်ကစပြီး မင်စီရင်စု၏ပြည်နယ်မြို့တော်တစ်ခုလုံးအတွက်စျေးကွက်ကိုကြိုမြင်နိုင်သည်။ နောက်ပြီး တခြားနယ်များ၏စျေးကွက်ရှယ်ယာကိုလည်း စတင်ဝင်ရောက်နေပြီ။

အဓိကအချက်မှာ ချင်းလင်လက်ဖက်ရည်၏အာနိသင်ကို သူတို့ကိုယ်တိုင်စမ်းသပ်ထားသောကြောင့်ပင်။ သူတို့ကိုယ်စားလှယ်လုပ်သောထုတ်ကုန်က ချင်းလင်လက်ဖက်ရည်ကိုယှဉ်နိုင်မည်မထင်။ တန်ပြန်တိုက်ခိုက်ရန်၊ စျေးကွက်ပြန်လုရန် သူတို့အရောင်းသမားများကိုခေါ်ပြီး အစည်းအဝေးအကြိမ်ကြိမ်လုပ်ရုံသာရှိသည်။

သို့သော် သူတို့ဘယ်လောက်ပြန်လုလု လမ်းကြောင်းတစ်ခု ဒါမှမဟုတ် လုပ်ပိုင်ခွင့်မချပေးနိုင်။ သူတို့အရောင်းသမားများက လက်လီရောင်းချသူများကိုဖုန်းဆက်နေရုံသာရှိလေသည်။

စန်ဖန်း ၇ လမ်းကြား_

ချန်ချွမ်းကျန်းက ဧည့်သည်တချို့လိုက်ပို့ပြီးနောက် ချင်းလင်လက်ဖက်ရည်တချို့မြန်မြန်ထပ်ထုတ်ပြီး စင်ပေါ်တင်ထားလိုက်သည်။

ချင်းလင်လက်ဖက်ရည်မှာ အားချင်းရောင်းနေရသည်။

စင်ပေါ်တွင်ပစ္စည်းများပြန်ဖြည့်ပြီးနောက် သူ့ဖုန်းထုတ်၍မစ္စကျန်းနံပါတ်ကိုရှာကာ နောက်ထပ်မှာရန်ပြင်လိုက်သည်။

ဒီနှုန်းအတိုင်းဆို ပစ္စည်းထပ်ပြတ်မှာစိုးရသည်။

သို့သော် သူဖုန်းမဆက်ရသေးခင် တခြားဖုန်းဝင်လာသည်။ နံပါတ်က 'Red Bull ပစ္စည်းပို့'ပဲဖြစ်နေပြန်၏။

''ချင်းလင်လက်ဖက်ရည်ကိုရောင်းခွင့်မပြုဘူးလို့ထပ်ပြောမှာမဟုတ်ပါဘူးနော်? ရူးနေတာမလား?'' ချန်ချွမ်းမှာကိုင်တောင်မကိုင်။ 'ငြင်းပယ်သည်' ခလုတ်ကိုနှိပ်ပြီး ကျန်းလင်းလင်းဆီပစ္စည်းမှာရန်ဖုန်းဆက်လိုက်သည်။

Red Bull အရောင်းသမားက ဆက်ခေါ်နေသည်။ ဒီတစ်ကြိမ်တွင် သူတို့က နှစ်ခုထဲမှတစ်ခုရွေးဖို့ခြိမ်းခြောက်ခြင်းမဟုတ်တော့ဘဲ လက်လီရောင်းချသူများကိုပစ္စည်းပိုယူရန်တောင်းပန်ဖို့ဖြစ်လေသည်။

ဖြစ်ချင်တော့ ချန်ချွမ်းကျန်းလိုဖုန်းမကိုင်သူတွေအများကြီးရှိနေသည်။ ဖုန်းကိုင်သူများကလည်း Red Bull ထုတ်ကုန်တွေအလုံအလောက်ရှိကြောင်းပြောကြ၏။ သဘောက ဒါတွေအကုန်ရောင်းဖို့မလွယ်ဘူးပေါ့။

ယွီဖေးက ထိုသတင်းရသောအခါ ကိုယ်စားလှယ်တစ်ဦးအနေနှင့် သူ့အထက်ကိုယ်စားလှယ်ဖြစ်သော တောင်ပိုင်းခရိုင်အထွေထွေကိုယ်စားလှယ်ဆီ ထိုသတင်းကိုမဖြစ်မနေအစီရင်ခံရတော့သည်။

Red Bull ၏တောင်ပိုင်းခရိုင်အထွေထွေကိုယ်စားလှယ်မှာ ယွီရှန်းဖြစ်သည်။ ယွီဖေးနှင့်မျိုးရိုးချင်းတူပြီး ယွီဖေး၏ဝမ်းကွဲလည်းဖြစ်သည်။

တောင်ပိုင်းခရိုင်အထွေထွေကိုယ်စားလှယ်ဖြစ်သောယွီရှန်းက ယွီဖေး၏တင်ပြချက်ကိုရပြီးနောက် ချင်းလင်လက်ဖက်ရည်၏ခြိမ်းခြောက်မှုကိုမြင်လာသည်။

သူဒါကိုမဖြေရှင်းဘဲ ပြည်နယ်မြို့တော်စျေးကွက် ဒါမှမဟုတ် မင်စီရင်စုစျေးကွက်တစ်ခုလုံး သူများဆီလုံးဝပါသွားမှာစောင့်နေရင် တောင်ပိုင်းကိုဖြန့်တာ ဘာအဓိပ္ပါယ်ရှိတော့မလဲ?

ယွီရှန်းလည်း တခြားထုတ်ကုန်နှစ်ခု၏တောင်ပိုင်းခရိုင်အထွေထွေကိုယ်စားလှယ်ကိုဖုန်းဆက်လိုက်သည်။ အားလုံးရဲ့အကျိုးအမြတ်ကိုခြိမ်းခြောက်ခံရပြီဆိုတော့ လက်ချင်းတွဲရတော့မည်ပေါ့။





All Chapters